Loi Saung Htot Co.,Ltd

Loi Saung Htot Co.,Ltd လယ်ယာသုံးစက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း

ထွန်စက်မော်ဒယ်အသစ်လေး YM358R            မြင်းကောင်ရေ ၅၈ ကောင်တောင်သူဦးကြီးများရဲ့ အကြံပြုချက်တွေနဲ့ အတူ အကောင်းဆုံးအရာတွ...
08/12/2025

ထွန်စက်မော်ဒယ်အသစ်လေး YM358R
မြင်းကောင်ရေ ၅၈ ကောင်

တောင်သူဦးကြီးများရဲ့ အကြံပြုချက်တွေနဲ့ အတူ အကောင်းဆုံးအရာတွေနဲ့ ဖန်တီးထားတဲ့ ဒီထွန်စက်လေးမှာဆိုရင်တော့ ....
Yanmar Engine 4TN98S ကို အသုံးပြုထားခြင်းကြောင့် စက်စွမ်းအားမြင့်မားစွာဖြင့် အမြင့်မားဆုံးရုန်းအားဆွဲအားများကို ထုတ်ပေးနိုင်ပြီး ဆီစားနှုန်း သက်သားခြင်း
ဟိုက်ဒရောလစ် မတင်နိုင်စွမ်းအား ကောင်းမွန်သောကြောင် သီးနှံမျိုးစုံအတွက် အသုံးပြုလိုသော နောက်တွဲ အမျိုးမျိုး အသုံးပြုနိုင်ခြင်း
စက်မောင်းနေသည်ဖြစ်စေ၊ ရပ်ထားသည်ဖြစ်စေ PTO စနှစ် ပိတ်/ဖွင့် ပြုနိုင်ခြင်း
နေရာဒေသ၊ စိုက်ပျိုးသီးနှံ ပေါ်မူတည်၍ လမ်းမောင်းခွင် ကျဉ်း/ကျယ် အား လိုအပ်သလို ချိန်ညှိနိုင်ခြင်း (နောက်တာယာအား အဆင့် ၄ ဆင့်ထိ ချိန်ညှိနိုင်သည်)
ထွန်စက်နောက်ဘီး တာယာဆိုဒ်အား 13.6 - 26 မှ 13.6 - 28 သို့ တာယာဆိုဒ် ကြိးပေးထားခြင်း
ထွန်စက်အမိုးကိုင်း အား ခေါက်သိမ်းထားနိုင်သောကြောင့် စက်ထားသည့်နေရာတွင် အဆင်ပြေစွာ သိမ်းဆည်းနိုင်ခြင်းနှင့် သယ်ယူပို့ဆောင်ရာတွင် လွယ်ကူစေခြင်း
Fully Synchronize ဂီယာဘောက်ကို အသုံးပြုထားခြင်းကြောင့် လမ်းမောင်းဂီယာထိုးရာတွင် ပိုမိုလွယ်ကူစေသလို လယ်ယာလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း မိမိဆန္ဒရှိသလို (မြန်/နှေး) မောင်းနှင်နိုင်ခြင်း
အချိူး၊ အကွေ့များတွင် ရှေ့ဘီးဝင်ရိုးအား ၅၅ ဒီဂရီ အထိ ကွေ့ဝိုက်ကာ မောင်းနှင်နိုင်သောကြောင့် လယ်ယာမြေများတွင် အကွေ့အဝိုက်တိုကာ အချိန်ကုန်သက်သာစေခြင်း
မောင်းနှင်သူအား သက်တောင့်သက်သာဖြစ်စေသော ပစ္စည်းများ အသုံးပြုထားခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ လွယ်ကူစွာဆောင်ရွက်နိုင်ခြင်း
စသည့် ပိုကောင်းဖို့ ဖြစ်လာတဲ့အရာတွေ ကို ဒီထွန်စက်လေးမှာ
တပ်ဆင်အသုံးပြုထားခြင်းတို့ကြောင့် လူကြီးမင်းတို့ရဲ့ လယ်ယာလုပ်ငန်းများအား
အဆင်ပြေစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်….

ဆက်သွယ်ရန်
Loi Saung Htot Co.,Ltd
4 miles Taunggyi

#လွိုင်ဆောင်ထောဝ်ကုမ္ပဏီလိမိတက်
၄ မိုင် ၊ တောင်ကြီးမြို့

☎️ 095210280
09788224567
09796546644




05/11/2025

🙏🙏 မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ 🙏🙏"ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အရာတွေကို YANMAR နဲ့ပဲ ရိတ်သိမ်းမယ်... ဘာလို့လဲဆိုတေ...
05/11/2025

🙏🙏 မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ 🙏🙏

"ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အရာတွေကို YANMAR နဲ့ပဲ ရိတ်သိမ်းမယ်... ဘာလို့လဲဆိုတော့" 🌾

✅ Maru စတီယာရင် လက်ကိုင် တပ်ဆင်ထားတာကြောင့် မည်သည့်လယ်ကွင်းမျိုးမဆို မောင်းသူစိတ်ကြိုက်ကွေ့ကောက်၍ ကားမောင်းသကဲ့သို့ လွယ်ကူစွာ ရိတ်သိမ်းနိုင်ပါတယ်။

✅ YANMAR အင်ဂျင် တပ်ဆင်ထားပြီး ၁၆ ဘား အပြည့် တိုက်ရိုက်ဆီဖြန်းစနစ် အသုံးပြုထားတာကြောင့် ဆီစားနှုန်းသက်သာပြီး စွမ်းအင်ထုတ်လုပ်မှုမြင့်တက်ပါတယ်။

✅ ၁၁၅ လီတာ (၂၅ ဂါလံ) ဆံ့တဲ့ ဆီတိုင်ကီကြောင့် တစ်နေ့တာ (၁၂ နာရီမှ ၁၅ နာရီအထိ) ဆီထပ်ဖြည့်စရာမလိုပဲ ဆက်လက်မောင်းနှင်နိုင်ပါတယ်။

✅ စပါးအလေအလွင့်နည်းပြီး စပါးပင်ရှည်/ပင်လဲ မျိုးစုံကို ရိတ်သိမ်းနိုင်ပါတယ်။

✅ တောင်သူအကြိုက် စပါးသန့်စင်မှုအဆင့်မြင့်၊ စပါးဝယ်လက်လည်း စိတ်ကျေနပ်စေပါတယ်။

✅ မြေအညီအမျှ မညီညာ/ပျော့မြေများတွင်လည်း အလိုလျှောက်ထိန်းညှိစနစ် ပါဝင်တာကြောင့် စက်ကိုယ်ထည်နဲ့ စပါးရိတ်ငမ်း တိမ်းစောင်းမသွားဘဲ အကောင်းဆုံးရိတ်သိမ်းနိုင်ပါတယ်။

✅ ကောက်ရိုးများကို နွားစာအဖြစ် သို့မဟုတ် စိုက်ပျိုးရေးအခြားလုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်ခြင်း။

✅ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း။

ဒီလိုအကျိုးကျေးဇူးများစွာကို ရရှိစေတဲ့အတွက် YANMAR စက်များဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို ခေတ်မီအောင် တိုးတက်ဖို့ အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါတယ်။

🌾 YANMAR စက်များ အသုံးပြု၍ —
ထွန်ပါ... စိုက်ပါ... ရိတ်သိမ်းပါ... ခေတ်မီစွာ တောင်သူအောင်မြင်ရေးကို တက်ကြွစွာ လုပ်ဆောင်ကြပါစို့! 🌾




---

သီတင်းကျွတ်လပြည့်‌နေ့ (အဘိမ္မာအခါတော်နေ့) #သီတင်းကျွတ်လပြည့်နေ့ သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို...
06/10/2025

သီတင်းကျွတ်လပြည့်‌နေ့ (အဘိမ္မာအခါတော်နေ့)

#သီတင်းကျွတ်လပြည့်နေ့
သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။
တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။
မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားရှင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။
မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။ မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။
သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ရာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။
အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်

သီတင်းကျွတ်မီးထွန်းပွဲတော်က သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပတဲ့ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ပွဲတော်တစ်ခုဖြစ်ပြီး သင်္ကြန်ပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယမြောက် အကျော်ကြားဆုံး ပွဲတော်တစ်ခုလဲဖြစ်ပါတယ်။

မီးထွန်းပွဲတော်၊ သီတင်းကျွတ်ပွဲတော်ကို အောက်တိုဘာလမှာ ကျင်းပလေ့ရှိပြီး နေအိမ်များ၊ လမ်းများနဲ့ လုပ်ငန်းများကို မီးရောင်များဖြင့် အလှဆင်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဝါတွင်းကာလ ကုန်ဆုံးချိန်လဲဖြစ်ပါတယ်။ ဤပွဲက မယ်တော်သုတိတာနတ်သားအပါအဝင် နတ်ဗြဟ္မာတို့အား ဓမ္မတရားတော်များ ဟောကြားပြီးရာ မြတ်စွာဘုရားရှင် လူပြည့်သို့ ပြန်လည် ကြွလာတော်မူသည့် အထိမ်းအမှတ်ပွဲပဲဖြစ်ပါတယ်။ မိဘများ၊ ဆရာများ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများအပါအဝင် သက်ကြီးရွယ်အိုများအ‌ ပေါ်တွင် မိမိကျူးလွန်မိခဲ့တဲ့ အပြစ်များကို ခွင့်လွှတ်‌ပေးဖို့ဝန်ချတောင်းပန်ရတဲ့ အချိန်လဲဖြစ်ပါတယ်။ မကြာခင်မှာ ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ပွဲတော်ကို ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

🚜 YANMAR EF725T – တောင်သူဦးကြီးတို့အတွက် အမှန်တကယ် အသုံးဝင်မည့် ထွန်စက်! 🌾“တောင်ပေါ်မှ မြေပြင်အထိ – လယ်ကွင်းသုံးစွဲနိုင်...
11/09/2025

🚜 YANMAR EF725T

– တောင်သူဦးကြီးတို့အတွက် အမှန်တကယ် အသုံးဝင်မည့် ထွန်စက်! 🌾

“တောင်ပေါ်မှ မြေပြင်အထိ – လယ်ကွင်းသုံးစွဲနိုင်မှုအပြည့်အဝ”

YANMAR EF725T သည် လယ်ယာလုပ်ငန်းများတွင် တာဝန်ယူစွမ်းဆောင်နိုင်သော မြန်မာ့လယ်သမားများအတွက် အထူးပြု ထုတ်လုပ်ထားသော ထွန်စက်တစ်စင်းဖြစ်ပါတယ်။ စွမ်းဆောင်ရည်၊ ခံနိုင်ရည် နှင့် အသုံးပြုရလွယ်ကူမှု စသည့်အချက်များမှာ တောင်သူဦးကြီးတို့၏ လယ်ကွင်းအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်စေပါသည်။

💥 EF725T ရဲ့ ထူးခြားချက်များ

🔧 YANMAR 4TNV98 အင်ဂျင် (72 HP) – တောင်ပေါ်၊ ရွှံ့နွံ မရွေး ထိထိရောက်ရောက် တိုးဖောက်နိုင်သည်။
⛽ တိုက်ရိုက်ဆီဖျနစနစ် (၁၆ ဘား) – စွမ်းအင်အပြည့်နဲ့ ဆီစားသက်သာခြင်း။
🚜 5၅ ဒီဂရီ ချိုးကွေ့နိုင်သောရှေ့ဘီး – တောင်ပေါ်မှာပင် အလွယ်တကူအထိန်းအချုပ်။
⚙️ 8 ရှေ့ဂီယာ + 8 နောက်ဂီယာ – လုပ်ငန်းလိုအပ်ချက်အမျိုးမျိုးအတွက် ချော့မှုတ်နိုင်မှု။
🛠️ ကလစ်ဖွင့်ဖြင့် လွယ်ကူစွာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း – စက်သက်တမ်းရှည်စေသည်။
💧 ရေဖျော်အေးစနစ် – အင်ဂျင်အပူထိန်းသိမ်းမှုကောင်းမွန်။
🔁 Auto Lift စနစ်ပါဝင်မှု – ထယ်ထွန်မြင့်-နိမ့် ထိန်းချုပ်မှု လွယ်ကူ။
🪑 သက်တောင့်သက်သာရှိသောမောင်းသူထိုင်ခုံ + Power Steering – နာမည်ကျော်ကားလို စီးနင်းခံစားမှု။

---

🎯 Customer အတွက် အကျိုးကျေးဇူးများ

✅ မည်သည့်မြေမျက်နှာသွင်ပြင်မျိုးမဆို တင်သွင်းနိုင်ခြင်း
✅ မောင်းသူအတွက် အနားယူချင်စရာ ခံစားမှု
✅ ဆီစားနည်းပြီး စွမ်းအားထုတ်သန်
✅ တစ်နှစ်နှင့်တစ်နှစ် ဆက်လက်အသုံးပြုနိုင်သော Quality
✅ ရောင်းပြီးနောက် ဝန်ဆောင်မှု၊ အပိုပစ္စည်း ပံ့ပိုးမှုစုံလင်

--
📌 ယန်းမာမြန်မာ၏ တရားဝင်အရောင်းကိုယ်စားလှယ် – Loi Saung Htot Co.,Ltd
📍 တောင်ကြီးမြို့၊ ရှမ်းပြည်နယ်

📞 ဆက်သွယ်ရန် –
📱 09788224567 | 095210280 | 09796546644

---

🎁 ယနေ့ဝယ်ယူပါ – သင့်လယ်ယာအတွက် အနာဂတ်ရင်းနှီးမြှုပ်နှံမှု
“မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ”

#ထွန်စက်မြန်မာ #တောင်သူအတွက်စွမ်းအင်

သစ်သွားဆွဲမလို့တဲ့သိပ်ရတာပေါ့လွိုင်ဆောင်ထောဝ် ကို ယုံကြည်ရင်Yanmar ကိုယုံကြည်တာနဲ့ အတူတူပဲမလို့အဆင်ပြေအောင် ပံ့ပို့ပေးပါ...
06/07/2025

သစ်သွားဆွဲမလို့တဲ့
သိပ်ရတာပေါ့

လွိုင်ဆောင်ထောဝ် ကို ယုံကြည်ရင်
Yanmar ကိုယုံကြည်တာနဲ့ အတူတူပဲမလို့

အဆင်ပြေအောင် ပံ့ပို့ပေးပါ့မယ် …..

#နမ့်စန်သို့ ပို့မည့်
EF725T

🚜 YANMAR EF725T – တောင်သူဦးကြီးတို့အတွက် အမှန်တကယ် အသုံးဝင်မည့် ထွန်စက်! 🌾“တောင်ပေါ်မှ မြေပြင်အထိ – လယ်ကွင်းသုံးစွဲနိုင်...
25/06/2025

🚜 YANMAR EF725T

– တောင်သူဦးကြီးတို့အတွက် အမှန်တကယ် အသုံးဝင်မည့် ထွန်စက်! 🌾

“တောင်ပေါ်မှ မြေပြင်အထိ – လယ်ကွင်းသုံးစွဲနိုင်မှုအပြည့်အဝ”

YANMAR EF725T သည် လယ်ယာလုပ်ငန်းများတွင် တာဝန်ယူစွမ်းဆောင်နိုင်သော မြန်မာ့လယ်သမားများအတွက် အထူးပြု ထုတ်လုပ်ထားသော ထွန်စက်တစ်စင်းဖြစ်ပါတယ်။ စွမ်းဆောင်ရည်၊ ခံနိုင်ရည် နှင့် အသုံးပြုရလွယ်ကူမှု စသည့်အချက်များမှာ တောင်သူဦးကြီးတို့၏ လယ်ကွင်းအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်စေပါသည်။

💥 EF725T ရဲ့ ထူးခြားချက်များ

🔧 YANMAR 4TNV98 အင်ဂျင် (72 HP) – တောင်ပေါ်၊ ရွှံ့နွံ မရွေး ထိထိရောက်ရောက် တိုးဖောက်နိုင်သည်။
⛽ တိုက်ရိုက်ဆီဖျနစနစ် (၁၆ ဘား) – စွမ်းအင်အပြည့်နဲ့ ဆီစားသက်သာခြင်း။
🚜 5၅ ဒီဂရီ ချိုးကွေ့နိုင်သောရှေ့ဘီး – တောင်ပေါ်မှာပင် အလွယ်တကူအထိန်းအချုပ်။
⚙️ 8 ရှေ့ဂီယာ + 8 နောက်ဂီယာ – လုပ်ငန်းလိုအပ်ချက်အမျိုးမျိုးအတွက် ချော့မှုတ်နိုင်မှု။
🛠️ ကလစ်ဖွင့်ဖြင့် လွယ်ကူစွာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း – စက်သက်တမ်းရှည်စေသည်။
💧 ရေဖျော်အေးစနစ် – အင်ဂျင်အပူထိန်းသိမ်းမှုကောင်းမွန်။
🔁 Auto Lift စနစ်ပါဝင်မှု – ထယ်ထွန်မြင့်-နိမ့် ထိန်းချုပ်မှု လွယ်ကူ။
🪑 သက်တောင့်သက်သာရှိသောမောင်းသူထိုင်ခုံ + Power Steering – နာမည်ကျော်ကားလို စီးနင်းခံစားမှု။

---

🎯 Customer အတွက် အကျိုးကျေးဇူးများ

✅ မည်သည့်မြေမျက်နှာသွင်ပြင်မျိုးမဆို တင်သွင်းနိုင်ခြင်း
✅ မောင်းသူအတွက် အနားယူချင်စရာ ခံစားမှု
✅ ဆီစားနည်းပြီး စွမ်းအားထုတ်သန်
✅ တစ်နှစ်နှင့်တစ်နှစ် ဆက်လက်အသုံးပြုနိုင်သော Quality
✅ ရောင်းပြီးနောက် ဝန်ဆောင်မှု၊ အပိုပစ္စည်း ပံ့ပိုးမှုစုံလင်

---

💰 ဈေးနှုန်း – 1288 သိန်း (စက် + ဂေါ်)
📌 ယန်းမာမြန်မာ၏ တရားဝင်အရောင်းကိုယ်စားလှယ် – Loi Saung Htot Co.,Ltd
📍 တောင်ကြီးမြို့၊ ရှမ်းပြည်နယ်

📞 ဆက်သွယ်ရန် –
📱 09788224567 | 095210280 | 09796546644

---

🎁 ယနေ့ဝယ်ယူပါ – သင့်လယ်ယာအတွက် အနာဂတ်ရင်းနှီးမြှုပ်နှံမှု
“မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ”

#ထွန်စက်မြန်မာ #တောင်သူအတွက်စွမ်းအင်

Yanmar ကိုချစ်တဲ့ တောင်သူဦးကြီးများအတွက် Yanmar အမှတ်တံဆိပ် နောက်တွဲကိရိယာများ ရောက်ရှိလို့ လာပါပြီရှင့် …. 🤗🤗✅Paddy Rid...
24/06/2025

Yanmar ကိုချစ်တဲ့ တောင်သူဦးကြီးများအတွက်

Yanmar အမှတ်တံဆိပ် နောက်တွဲကိရိယာများ
ရောက်ရှိလို့ လာပါပြီရှင့် …. 🤗🤗

✅Paddy Ridger (လယ်ကန်သင်း ဘောင်တင်ခုံ)
✅Corn Seeder ( ပြောင်းအစေ့ချစက် သို့ ပြောင်းစိုက်ပုံး)

♥️သိလိုသော စျေးနှုန်းများ ကို
အားမနာတမ်း ဖုန်းဆက်မေးလိုက်ပါ …..♥️♥️

📞 Hello LSH ( Loi Saung Htot Co.,Ltd)
4 Miles- Taunggyi

☎️
09-5210280
09-788224567
09-796546644
09-250485296

12/06/2025

**🌾 တောင်သူများအတွက် အထူးအခွင့်အလမ်း! နည်းပညာမြင့် လယ်ထွန်စက်အသစ်များ ရောက်ရှိပြီ**

Loi Saung Htot Co.,Ltd မှ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းများအတွက် **အရည်အသွေးပြည့်၊ ဈေးနှုန်းသက်သာ** သည့် လယ်ထွန်စက်အသစ်များကို မိတ်ဆက်ပေးနေပါပြီ။

# # # **🛒 လက်ရှိရောင်းချနေသော စက်များ**
- **မော်ဒယ်အမျိုးမျိုး** (လယ်ကွင်းအရွယ်စားနှင့် ကိုက်ညီအောင် ဒီဇိုင်းပြုလုပ်ထားခြင်း)
- **မြန်မာ့မြေအခြေအနေနှင့် ကိုက်ညီမှု** (အခက်အခဲမရှိ အသုံးပြုနိုင်သော စနစ်)
- **အာမခံနှင့်အတူ** (ဝယ်ယူပြီးနောက် ပြုပြင်ထိန်းသိမ်းမှု အပြည့်အစုံရရှိမည်)

# # # **✔️ ကျွန်ုပ်တို့၏ အားသာချက်များ**
1. **အရည်အသွေးနှင့် စျေးနှုန်း မျှတမှု**
2. **ဝယ်ယူပြီးနောက် အကူအညီ** (စက်အသုံးပြုနည်း လက်တွေ့သင်ကြားပေးခြင်း)
3. **အချိန်မရွေး ဆက်သွယ်နိုင်မှု** (Messenger, ဖုန်း စသည်ဖြင့်)
4. **ရောင်းပြီးဝန်ဆောင်မှု** (စက်ပြုပြင်မှုများအတွက် အဆင်သင့်ဖြေရှင်းပေးခြင်း)

# # # **📞 ဆက်သွယ်ရန်**
- **ဖုန်း**: 09788224567, 095210280, 09796546644
- **လိပ်စာ**: တောင်ကြီးမြို့၊ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ မြန်မာနိုင်ငံ

**💡 စိုက်ပျိုးရေးအတွက် အရည်အသွေးမြင့် စက်ယန္တရားများကို ယခုပဲ ဆက်သွယ်ဝယ်ယူလိုက်ပါ!**

လယ်ယာသုံးစက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း

မင်္ဂလာပါ ခင်ဗျ🙏🙏🙏တောင်ပေါ်မှာရော မြေပြန့်မှာပါ အသုံးပြုနှိုင်မည့် အရည်အသွေးမြင့်မားပြီး ဘက်စုံအသုံးပြုနိုင်သော စွမ်းဆော...
04/06/2025

မင်္ဂလာပါ ခင်ဗျ🙏🙏🙏

တောင်ပေါ်မှာရော မြေပြန့်မှာပါ အသုံးပြုနှိုင်မည့်
အရည်အသွေးမြင့်မားပြီး ဘက်စုံအသုံးပြုနိုင်သော စွမ်းဆောင်ရည်ပြည့် Yanmar EF725T ထွန်စက်

စက်၏ ပင်မအင်္ဂါရပ်များ
✅ တိုက်ရိုက်လောင်စာဖြန်းစနစ်သုံး အင်ဂျင်
အမြင့်မားဆုံး စွမ်းဆောင်ရည်၊ သက်သာသောဆီစားနှုန်းနှင့် အစွမ်းထက်ဆုံးသော အင်ဂျင်အားအသုံးပြုထားပါသည်။
နည်းပညာမြင့်မားစွာဖြင့် တီထွင်ဖန်တီးထားပြီး လုပ်ငန်းခွင်ပေါင်းများစွာတွင် အသုံးပြုနိုင်သော Yanmar အင်ဂျင်ဖြစ်ပါသည်။
အင်ဂျင်လည်ပတ်အရေအတွက် အနှေးဆုံးမှာပင်ရုန်းအား အရမ်းကောင်းမွန်သည်ဟု ထိတွေ့ခံစားရနိုင်မည့် အမြင့်ဆုံးစွမ်းအင်တွေကို ထုတ်လွှတ်နိုင်သော အင်ဂျင် ဖြစ်သည်။

✅လွယ်ကူရိုး ရှင်းစွာ မောင်းနှင် နိုင် ခြင်း
ရှေ့ဘီး ဝင်ရိုးအား ၅၅ ဒီဂရီအထိ ချိုးကွေ့နိုင်ပြီး လိုအပ်သော အတိမ်းစောင်းရရှိရန် အထူး ပြုလုပ်ထားသည့်အတွက် အကွေ့အဝိုက်တိုတောင်းစွာဖြင့် မောင်းနှင် နိုင်ပြီး ရွှံ့နွံများကို ဖယ်ရှားရန် မလိုဘဲ ဆက်လက်မောင်းနှင် နိုင်သည့်အတွက် အချိန်ကုန်သက်သာစေမှာ ဖြစ်ပါသည်။

✅ ပါဝါစတီယာရင်
ဟိုက်ဒရောလစ် သိုလှောင်နိုင်မှု မြင့်မားသော ဆလင်ဒါ တပ်ဆင်ထားသည့်အတွက် အချိုးအကွေ့များတွင် ညင်သာစွာချိုးကွေ့နိုင်သည့် အပြင် အလုပ်ပိုမို တွင်ကျယ်စွာ လုပ်နိုင်သည့် စွမ်းအားရှိသည်။
စက်မောင်းနေစဉ် အချိန်အတွင်း စက်မောင်းသူကိုင်ထားသော လက်မှ စတီယာရင် တုန်ခါမှုအား လျော့ချ ပေးထားသည့်အတွက်သက်တောင့်သက်သာ ဖြစ်စေသည်။

✅ စွမ်းအင်ပြည့် ထရန်စမစ်ရှင်း
ဒီဇိုင်း အသစ်ဖြင့် ကြာရှည် အသုံးပြုနိုင်သေ ာထရန်စမစ်ရှင်းတပ်ဆင်ထားသည်။ ရှေ့ဂီယာ ၈ ချက် နောက် ဂီယာ ၈ ချက် အသုံးပြုနိုင်သော ထရန်စမစ်ရှင်း၏ အသွင် ပြင်နှင့် စွမ်းဆောင်ရည်တို့သည် လယ်ကွင်းနှင့် ကောက်ပဲသီးနှံကွင်းစသည် တို့တွင် Yanmar အင်ဂျင်နှင့်တွဲဖက်ပြီး ကောင်းသည် ထက်ကောင်းအောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။

✅ ပြုပြင် ထိန်းသိမ်းရ လွယ်ကူခြင်း
စက်ဖုံးကလစ်တချက် ဆွဲကာဖွင့်ရုံဖြင့် နေ့စဉ်သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းမှုတို့ကို လွယ်ကူစွာပြုလုပ်နိုင်သည့်အတွက် စက်သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။

ဝယ်ယူသုံးစွဲလို သောတောင်သူဦးကြီးများ အနေဖြင့်အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်စုံစမ်း ဝယ်ယူနှိုင်ပါသည် ခင်ဗျာ။
Hot Line 📞☎️📱- Sale 09788224567 , 09250485296, 09957100627, 09787545375.

အပိုပစ္စည်း ဝယ်ယူလိုပါကအောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်ဝယ်ယူနိုင်ပါသည် ခင်ဗျ
For Spare Part📱☎️📞 Ph - 09796546644 , 09428366467




#ထွန်စက်
#လယ်ယာသုံး

ကဆုန်လပြည့်နေ့သည် ဂေါတမမြတ်စွာဘုရားရှင် ဗျာဒိတ်တော်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊  ပရိနိဗ္ဗာန်...
11/05/2025

ကဆုန်လပြည့်နေ့သည် ဂေါတမမြတ်စွာဘုရားရှင် ဗျာဒိတ်တော်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံလွန်တော်မူသောနေ့တို့ ဖြစ်သောကြောင့် ကဆုန်လပြည့်နေ့ကို "ဗုဒ္ဓနေ့" ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။

ယနေ့ကျရောက်တဲ့ ကဆုန်လပြည့် နေ့ထူးနေ့မြတ် အခါသမယမှာ မြန်မာပြည်သူ၊ ပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး ကောင်းမှုကုသိုလ်ဘာဝနာများ ပွားများနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

မင်္ဂလာပါခင်ဗျ🙏🙏🙏🙏🙏လွိုင်ဆောင်ထောက် ကုမ္မဏီမှ ဖြန့်ဖြူးရောင်းချလျှက်ရှိသော ယန်းမာ ၇၂ ကောင် လေးဘီးထွန်စက် EF725Tအား ဝယ်ယူ...
04/05/2025

မင်္ဂလာပါခင်ဗျ🙏🙏🙏🙏🙏

လွိုင်ဆောင်ထောက် ကုမ္မဏီမှ ဖြန့်ဖြူးရောင်းချလျှက်ရှိသော ယန်းမာ ၇၂ ကောင် လေးဘီးထွန်စက် EF725Tအား ဝယ်ယူအားပေးသွားသော ခိုလမ်မြို့နယ်မှတောင်သူဦးကြီးအား ကျေးဇူးတင်ရှိပါသည်ခင်ဗျ။
စက်ဝယ်ယူပြီးသည့်နေ့မှစ၍ လုပ်ကိုင်စီးပွားများဖြစ်ထွန်းအောင်မြင်ပါစေခင်ဗျ။
ယန်းမာထွန်စက် နှင့် အပိုပစ္စည်းများကို လွိုင်ဆောင်ထောက် ကုမ္ပဏီ၌ စိတ်ချယုံကြည်စွာ ဖြင့် ဝယ်ယူနိုင်ကြပါပြီခင်ဗျာ။
အားပေးမှုများအား အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ။🙏🙏🙏

ဝယ်ယူသုံးစွဲလို သောတောင်သူဦးကြီးများ အနေဖြင့်အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်စုံစမ်း ဝယ်ယူနှိုင်ပါသည် ခင်ဗျာ။
Hot Line 📞☎️📱- Sale 09788224567 , 09250485296, 09957100627, 09787545375.

အပိုပစ္စည်း ဝယ်ယူလိုပါကအောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်ဝယ်ယူနိုင်ပါသည် ခင်ဗျ🙏🙏🙏
For Spare Part📱☎️📞 Ph - 09796546644 , 09428366467


#လယ်ယာသုံး #ထွန်စက်

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Loi Saung Htot Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category