Arr Lyo မွေးမြူရေးဆေး နှင့် ခြံသုံးပစ္စည်းဖြန့်ချိရေး

  • Home
  • Myanmar
  • Taunggyi
  • Arr Lyo မွေးမြူရေးဆေး နှင့် ခြံသုံးပစ္စည်းဖြန့်ချိရေး

Arr Lyo မွေးမြူရေးဆေး နှင့် ခြံသုံးပစ္စည်းဖြန့်ချိရေး မွေးမြူရေးဆေးနှင့် ခြံသုံးပစ္စည်းဖြန့်ချိရေး

16/06/2026

#ဝက်ဆေးထိုးတဲ့ Auto Syringe(5ml)
*အားလျို မွေးမြူရေးဆေးနှင့်ခြံသုံးပစ္စည်းဖြန့်ချီရေး*
🏡 တောင်ကြီးမြို့
☎️09262862599/ 09951189030

🌧️ နေပူပူ၊ မိုးရွာရွာ သင့်ခြံက ကြက်/ဝက်တွေအတွက် အမြဲဆောင်ထားရမယ့် "ဓာတ်ဆားရည်" (Electrolytes) 🛡️မွေးမြူရေးလုပ်ငန်းရှင်တိ...
18/05/2026

🌧️ နေပူပူ၊ မိုးရွာရွာ သင့်ခြံက ကြက်/ဝက်တွေအတွက် အမြဲဆောင်ထားရမယ့် "ဓာတ်ဆားရည်" (Electrolytes) 🛡️
မွေးမြူရေးလုပ်ငန်းရှင်တို့ရေ... ရာသီဥတု အပြောင်းအလဲက သင့်ခြံထဲက တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးနဲ့ ကုန်ထုတ်လုပ်မှုကို တိုက်ရိုက်သက်ရောက်မှု ရှိစေတာ သတိပြုမိပါသလား?

☀️ နွေရာသီမှာ - အပူရှိန်ပြင်းထန်မှုကြောင့် ကြက်/ဝက်တွေ အပူဒဏ်ကြောင့် မောဟိုက်ခြင်း (Heat Stress) ဖြစ်ပြီး ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ အလွန်အမင်း ဆုံးရှုံးရတတ်ပါတယ်။
🌧️ လာမယ့် မိုးရာသီမှာ - စိုထိုင်းဆမြင့်မားလာပြီး အစာအာဟာရနဲ့ ရေထုကတစ်ဆင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ပိုမိုအဖြစ်များလာနိုင်ပါတယ်။

ဒါကြောင့် သင့်ခြံက အကောင်တွေ ရေဓာတ်ခမ်းခြောက်ပြီး အားအင်ကုန်ခမ်းမှုကို အချိန်မှီ တားဆီးနိုင်ဖို့ "အရည်အသွေးမြင့် တိရစ္ဆာန်သုံး ဓာတ်ဆားထုတ်များ" ကို မဖြစ်မနေ ကြိုတင်ဆောင်ထားဖို့ လိုအပ်ပါတယ်ခင်ဗျာ။

💡 ဓာတ်ဆား (Electrolytes) တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးများ

ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း: ဝမ်းပျက်ဝမ်းလျှောခြင်း သို့မဟုတ် အပူဒဏ်ကြောင့် ကုန်ခမ်းသွားတဲ့ ရေဓာတ်နဲ့ သတ္တုဓာတ်တွေကို ချက်ချင်းပြန်လည် ဖြည့်တင်းပေးပါတယ်။

စိတ်ဖိစီးမှု (Stress) လျှော့ချပေးခြင်း: ရာသီဥတုအပြောင်းအလဲ၊ ဆေးထိုးဆေးတိုက်ချိန် သို့မဟုတ် နေရာရွှေ့ပြောင်းချိန်တွေမှာ ဖြစ်တတ်တဲ့ Stress တွေကို သက်သာစေပါတယ်။

ကိုယ်ခံအားနှင့် အစာစားနှုန်း မြှင့်တင်ပေးခြင်း: အားအင်ကုန်ခမ်းမှုကို သက်သာစေလို့ အစာပြန်စားချင်စိတ်ကို လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကို ပြန်လည်ကောင်းမွန်စေပါတယ်။

သေပျောက်နှုန်း လျှော့ချပေးခြင်း: အထူးသဖြင့် ကူးစက်ရောဂါဖြစ်ပွားချိန်မှာ အမောဖောက်ပြီး ရုတ်တရက် သေဆုံးနိုင်ခြေကို အများကြီး လျော့ကျစေပါတယ်။

🛒 သင့်ခြံအတွက် အကောင်းဆုံး ရွေးချယ်စရာ ဓာတ်ဆား (၄) မျိုး

ကျွန်တော်တို့ဆိုင်မှာ သင့်ခြံရဲ့ လိုအပ်ချက်အလိုက် ယုံကြည်စိတ်ချစွာ ရွေးချယ်ဝယ်ယူနိုင်တဲ့ အရည်အသွေးမြင့် ဓာတ်ဆား ၄ မျိုး အသင့်ဝယ်ယူရရှိနိုင်ပါပြီ။

၁။ Premium Lyte Compound (အပူဒဏ်နှင့် Stress ဒဏ်အတွက် အထူးထုတ်လုပ်ထားသော ဓာတ်ဆားဗူး)
၂။ Plustolytes (သတ္တုဓာတ် အစုံအလင်ပါဝင်ပြီး ရေဓာတ်ကို အမြန်ဆုံးဖြည့်ပေးမည့် ဖော်မြူလာ)
၃။ U-Lite (ယူလိုက်) (ကြက်/ဝက်များ အကြိုက်တွေ့စေမည့် ဘက်စုံသုံး အရည်အသွေးမြင့် ဓာတ်ဆား)
၄။ I-Lyte (ဝမ်းပျက်ဝမ်းလျှောချိန်နှင့် အားအင်ကုန်ခမ်းချိန်များအတွက် အထူးသင့်လျော်သော Electrolyte supplement)

"ရောဂါကျမှ ကုသတာထက်... ဓာတ်ဆားရည် မှန်မှန်တိုက်ပြီး ကြိုတင်ကာကွယ်ထားတာက သင့်ခြံရဲ့ ရင်းနှီးမြှုပ်နှံမှုကို စိတ်ချရဆုံး ကာကွယ်နည်းပဲ ဖြစ်ပါတယ်။"

#အားလျိုမွေးမြူရေးဆေးနှင့်ခြံသုံးပစ္စည်းဖြန့်ချီရေး

🏡အမှတ်(၂၆၅)၊ အရှေ့မြို့ပတ်လမ်း၊ မင်္ဂလာဦးရပ်ကွက်၊ တောင်ကြီးမြို့။

☎️09262862599/ 09951189030

#ကြက်မွေးမြူရေး

💥Happy 1 Year Anniversary 💥✅ ဒီလဆို *အားလျို မွေးမြူရေးဆေးနှင့် ခြံသုံးပစ္စည်းဖြန့်ချီရေး* ဖွင့်လာတာ တစ်နှစ်ပြည့်ပါပြီ…🥰...
10/05/2026

💥Happy 1 Year Anniversary 💥

✅ ဒီလဆို *အားလျို မွေးမြူရေးဆေးနှင့် ခြံသုံးပစ္စည်းဖြန့်ချီရေး* ဖွင့်လာတာ တစ်နှစ်ပြည့်ပါပြီ…🥰

👆တစ်နှစ်အတွင်းမှာ ဖောက်သည်တွေရဲ့အားပေးမှုကြောင့် မျှော်မှန်းထားတဲ့ Target ထက် ပိုတိုးတက်လာခဲ့တယ်

🐷🐓 မှတ်မှတ်ရရ တစ်နှစ်ပြည့်တဲ့လမှာပဲ ကြက်၊ဝက် ကာကွယ်ဆေးထည့်တဲ့ ရေခဲပုံးက 80L ပုံး တစ်ပုံးကနေ 200L ပုံးတစ်ပုံး ထပ်တိုးဝယ်ထည့်လိုက်ရတယ် 🤗 (ပြောချင်တာက မသိသေးတဲ့ ဖောက်သည်တွေ ဆိုင်မှာ ကြက်၊ ဝက်ကာကွယ်ဆေးတွေ လာဝယ်ကြပါလို့…😁/ အကြောင်းသိတဲ့သူတွေတော့ အားပေးကြလွန်းလို့ တစ်ပုံး မနိုင်လို့ နောက်ထပ်ပုံးကြီးပါ ထပ်ထည့်ပြီး ဆေးတွေဖြည့်နေရပါပြီလို့…🤩)

✅ မင်မင်တို့ကိုယ်တိုင်လည်း ကြက်၊ ဝက် မွေးထားပြီး ဆေးညွှန်းတဲ့နေရာမှာ ခြံကလက်တွေ့ အတွေ့အကြုံနှင့် 2018-2025 ထိ CP Company ရဲ့ အစာနှင့်ကြက်ပေါက်အရောင်းဌာနမှာ ခြံပတ်ခဲ့တဲ့ 7နှစ်တာ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး မွေးမြူရေးသမားတို့ရဲ့ အခက်အခဲကို အနီးစပ်၊ အမှန်ကန်ဆုံး လမ်းညွှန်ပေးနိုင်ဖို့ ဆက်လက်ကြိုးစားနေပါတယ်ရှင့်…🥰

👉မင်မင်တို့ဆိုင်လေး တစ်နှစ်ပြည့်ချိန်မှာ အဖက်ဖက်က တိုးတက်အောင် အားပေးခဲ့ကြတဲ့ ဖောက်သည်တိုင်း၊ ဆိုင်ကိုညွှန်ပေးကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆရာဝန် တိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်…🙏

🔑 ဆိုင်အတွက်ဆိုရင် ဝန်ထမ်းလိုသာမက ညီအမလိုရော မိတ်ဆွေလိုရော ပိုင်ရှင်လိုရော အစဉ်မပြတ်ကြိုးစားပေးတဲ့ စာရေးမကိုလည်းကျေးဇူးတင်ပါတယ်ရှင့် ❤️

✅ ရှေ့လျောက် ဖောက်သည်တွေကို စျေးအသက်သာဆုံးနှင့် အထိရောက်ဆုံးဆေးတွေ ညွှန်းပေးနိုင်ဖို့ရယ်၊ လိုအပ်တဲ့ဆေးတွေ အမြဲရနိုင်ဖို့ရယ် ပိုကြိုးစားသွား #အုံးမှာမို့ ဆိုင်ကို မြင်ပဲမြင်ပြီး လာမဝယ်ဖူးသေးတဲ့ မွေးမြူရေးသမားတွေလည်း ဆိုင်မှာ ဘာအားသာချက်ရှိလဲဆိုတာသိဖို့ ဝင်လာခဲ့တော့နော် …🤭

🙏✌️😍😊🤩🤗

🛡️ သင့်ခြံရဲ့ ဇီဝလုံခြုံရေးအတွက် ခိုင်မာသော တံတိုင်း - Virkon S (သို့) Virucid’Sမွေးမြူရေးလောကမှာ "ကြိုတင်ကာကွယ်ခြင်းသည်...
09/05/2026

🛡️ သင့်ခြံရဲ့ ဇီဝလုံခြုံရေးအတွက် ခိုင်မာသော တံတိုင်း - Virkon S (သို့) Virucid’S

မွေးမြူရေးလောကမှာ "ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်" ဆိုတဲ့စကားအတိုင်း ရောဂါမဝင်ခင် တားဆီးနိုင်ဖို့က အဓိကကျပါတယ်။ အထူးသဖြင့် အပြင်းစားကူးစက်ရောဂါတွေ ကျရောက်ချိန်မှာ ရောဂါပြင်းအားကို လျှော့ချပြီး ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အရည်အသွေးမြင့် ပိုးသတ်ဆေးတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။

✨ ဘာကြောင့် Virkon S (သို့) Virucid’S ကို ရွေးချယ်သင့်သလဲ?

၁။ ဇီဝလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှု (Biosecurity Routine):

👉 ပုံမှန်အချိန်တွေမှာ ခြံပတ်ဝန်းကျင်၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ခြံအဝင်ဝတွေကို ဒီဆေးတွေနဲ့ စနစ်တကျ ဖျန်းပေးခြင်းဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ မှိုပိုးမွှားတွေ ခြံထဲဝင်မလာအောင် အထိရောက်ဆုံး တားဆီးပေးနိုင်ပါတယ်။

၂။ အပြင်းစားကူးစက်ရောဂါ ကျရောက်ချိန်တွင် ရောဂါပြင်းအားလျှော့ချခြင်း:

👉 ကြက်ခြံ၊ ဝက်ခြံတွေမှာ ကူးစက်ရောဂါတွေ ဖြစ်ပွားနေတဲ့အချိန် (Outbreak period) မှာ ခြံတွင်း/ခြံပြင်သာမက တိရစ္ဆာန်တွေရဲ့ အပေါ်ကနေပါ ဆေးဖျန်း (Misting/Spraying) ပေးခြင်းဖြင့် -

👉 လေထဲမှာ ပျံ့နှံ့နေတဲ့ ပိုးမွှားတွေကို သေစေပါတယ်။

👉 ရောဂါပိုးရဲ့ ပြင်းအား (Viral Load) ကို သိသိသာသာ လျော့ကျစေလို့ ကူးစက်မှုနှုန်းကို ထိန်းချုပ်ပေးပါတယ်။

👉 ရောဂါဖြစ်နေတဲ့ တိရစ္ဆာန်တွေရဲ့ ဒုတိယအဆင့် ဘက်တီးရီးယားဝင်ရောက်မှုကို ကာကွယ်ပေးပါတယ်။

၃။ တိရစ္ဆာန်များပေါ် တိုက်ရိုက်ဖျန်းနိုင်ခြင်း:

👉 ပညာရှင်များ ထောက်ခံထားတဲ့ အချိုးအစားအတိုင်း အသုံးပြုမယ်ဆိုရင် ကြက်၊ ဝက်တွေရဲ့ ခန္ဓာကိုယ်ပေါ် တိုက်ရိုက်ဖျန်းပေးခြင်းအားဖြင့် ဘေးဥပါဒ်မရှိဘဲ ရောဂါပိုးမွှားတွေကို သန့်စင်ပေးနိုင်ပါတယ်။

💥 အသုံးပြုနိုင်သည့် နေရာများ

✅ ကြက်ခြံ၊ ဝက်ခြံများ၏ အဆောက်အဦအတွင်း/အပြင် ဖျန်းရန်။

✅ မွေးမြူရေးသုံး ကိရိယာများနှင့် ကားဘီးများ ပိုးသတ်ရန်။

✅ ဖိနပ်ဆေးကန် (Footbaths) များတွင် အသုံးပြုရန်။

ရောဂါဆိုးတွေရဲ့ ရန်ကနေ သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ Virkon S (သို့) Virucid’S ကို အမြဲဆောင်ထားပါ။

ဆက်သွယ်မှာယူရန် *

*အားလျိုမွေးမြူရေးဆေးနှင့် ခြံသုံးပစ္စည်းဖြန့်ချီရေး*

🏡 အမှတ်(၂၆၅)၊ အရှေ့မြို့ပတ်လမ်း၊ မင်္ဂလာဦးရပ်ကွက်၊ တောင်ကြီးမြို့။

☎️ 09262862599/ 09951189030

မွေးမြူရေးသမားတို့အကြိုက် Mybaflox (EN) ရပါပြီရှင့်…🥰လိုအပ်တဲ့သူတွေ ဆိုမှာ အပြေးလာဝယ်လိုက်တော့နော်…✌️ဆက်သွယ်မှာယူရန် 👇*အ...
09/05/2026

မွေးမြူရေးသမားတို့အကြိုက် Mybaflox (EN) ရပါပြီရှင့်…🥰

လိုအပ်တဲ့သူတွေ ဆိုမှာ အပြေးလာဝယ်လိုက်တော့နော်…✌️

ဆက်သွယ်မှာယူရန် 👇

*အားလျို မွေးမြူရေးဆေးနှင့်ခြံသုံးပစ္စည်းဖြန့်ချီရေး*

🏡 အမှတ် (၂၆၅)၊ အရှေ့မြို့ပတ်လမ်း၊ မင်္ဂလာဦးရပ်ကွက်၊ တောင်ကြီးမြို့။

☎️ 09262862599/ 09951189030

22/04/2026

#ကြက်ခြံရေပိုက်လိုင်းဆေးတဲ့ ကြိုးခွေတွေ ကျိုးရင် / ပြတ်ရင် ဆိုင်မှာ လာပြင်/ ဆက်လို့ရပြီရှင့် 😍

👉Brush(ရှည်)-50cm တွေလည်း ပြန်ရောက်ပြီနော်

Brush (50cm) စျေးနှုန်း

တစ်ချောင်းစျေး- 9000mmk
#
***5ချောင်းဝယ်ရင် တစ်ချောင်း လက်ဆောင်ယူနော်***

ပိုက်လိုင်းဆေးခွေတွေတော့ မကြာခင်ဝင်မယ်ရှင့်

ဆက်သွယ်မှာယူရန်

*အားလျို မွေးမြူရေးဆေးနှင့် ခြံသုံးပစ္စည်းဖြန့်ချီရေး*

🏡 အမှတ်(၂၆၅)၊ အရှေ့မြို့ပတ်လမ်း၊ မင်္ဂလာဦးရပ်ကွက်၊ တောင်ကြီးမြို့။

☎️ 09262862599/ 09951189030

19/04/2026

Watch, follow, and discover more trending content.

“မွေးမြူရေးခြံထဲမှာ ချွဲသံ တရှူးရှူးတရှဲရှဲ ကြားရပြီး မျက်နှာတွေရောင်၊ မျက်ရည်တွေကျနေလို့ စိတ်ပူနေရပြီလား? မျက်လုံးတွေရေ...
08/04/2026

“မွေးမြူရေးခြံထဲမှာ ချွဲသံ တရှူးရှူးတရှဲရှဲ ကြားရပြီး မျက်နှာတွေရောင်၊ မျက်ရည်တွေကျနေလို့ စိတ်ပူနေရပြီလား? မျက်လုံးတွေရောင်ပြီး အစာစားနှုန်းကျသွားပြီဆိုရင်သတိထားတော့နော်! ⚠️"

ဒီလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေကို အမြန်ဆုံး ထိန်းချုပ်ပေးနိုင်ဖို့ Agrimycin ရှိပါတယ်ဗျ။

✅ ဘာကြောင့် Agrimycin ကို ရွေးချယ်သင့်တာလဲ?

ရောဂါနှစ်မျိုးကို တစ်ပြိုင်နက်နှိမ်နင်းခြင်း👉 မျက်နှာရောင်၊ နှာစေး (Coryza) နှင့် အသက်ရှူလမ်းကြောင်းရောဂါ (CRD) တွေအပြင် အူလမ်းကြောင်းရောင်ရမ်းတာတွေကိုပါ ထိထိရောက်ရောက် ကုသပေးနိုင်လို့ပါ။

🫣 ဆေးအာနိသင် နှစ်ဆ 👉Erythromycin နှင့် Chlortetracycline နှစ်မျိုးပေါင်းစပ်ထားလို့ ရောဂါပိုးတွေကို အမြန်ဆုံး သေစေနိုင်ပါတယ်။

🐖 ဝက်များအတွက်လည်း အစွမ်းထက်: ဝက်တွေမှာဖြစ်တတ်တဲ့ အဆုတ်ရောင်ရောဂါနဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ရောဂါတွေအတွက်လည်း အရမ်းကောင်းပါတယ်။

#အားလျိုမွေးမြူရေးဆေးနှင့်ခြံသုံးပစ္စည်းဖြန့်ချီရေး

🏡 အမှတ်(၂၆၅)၊ အရှေ့မြို့ပတ်လမ်း၊ မင်္ဂလာဦးရပ်ကွက်၊ တောင်ကြီးမြို့။

📲 09262862599/ 09951189030

#မွေးမြူရေးဆေး #ကြက်မျက်နှာရောင် #ဝက်အဆုတ်ရောင် #နှာစေးပျောက်ဆေး

ပစ္စည်းပြန်ဝင်ပြီနော်... ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူးဗျ! 📣"မွေးမြူရေးခြံပိုင်ရှင်တို့ အားကိုးရတဲ့ Neomentin 500 အခုပဲ ...
08/04/2026

ပစ္စည်းပြန်ဝင်ပြီနော်... ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူးဗျ! 📣"

မွေးမြူရေးခြံပိုင်ရှင်တို့ အားကိုးရတဲ့ Neomentin 500 အခုပဲ ပြန်ရောက်ပါတယ်။ ဒီတစ်ခေါက် Stock က နည်းနည်းလေးပဲ ရထားတာမို့ အမြန်ဆုံး လက်ဦးထားမှ စိတ်ချရမယ်နော်။ 👋

✅ ဘာအတွက် သုံးတာလဲ?

ကြက်၊ ဘဲ၊ ဝက်၊ နွား တို့မှာ ဖြစ်တတ်တဲ့ အူရောင်၊ ဝမ်းကိုက် ရောဂါအမျိုးမျိုးအတွက်။

ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေကို အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။

📦 ထုပ်ပိုးမှု - ၅၀၀ ဂရမ်
အမြန်လိုချင်ရင်တော့ အခုပဲ Chat Box မှာ လိပ်စာနဲ့ ဖုန်းနံပါတ် ချန်ပေးခဲ့ပါခင်ဗျာ။ အရင်မှာတဲ့သူ အရင်ရပါမယ်။

#အားလျိုမွေးမြူရေးဆေးနှင့်ခြံသုံးပစ္စည်းဖြန်းချီရေး

🏡 အမှတ်(၂၆၅)၊ အရှေ့မြို့ပတ်လမ်း၊ မင်္ဂလာဦးရပ်ကွက်၊ တောင်ကြီးမြို့။

📲 09262862599/ 09951189030

Address

အမှတ်(၂၆၅)၊ အရှေ့မြို့ပတ်လမ်း၊ မင်္ဂလာဦးရပ်ကွက်၊ တောင်ကြီးမြို့။
Taunggyi
10134

Website

Alerts

Be the first to know and let us send you an email when Arr Lyo မွေးမြူရေးဆေး နှင့် ခြံသုံးပစ္စည်းဖြန့်ချိရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category