Htet Kaung Car Rental Service

  • Home
  • Htet Kaung Car Rental Service

Htet Kaung Car Rental Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Kaung Car Rental Service, Grocers, Toungoo/Thandaung Main Road, .

HONDA FIT အကြောင်းသိကောင်းစရာHonda Fit ဟာ 2001 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုဆိုရင် သက်တမ်းအားဖြင့်  နှစ်(၂၀)တိ...
16/08/2024

HONDA FIT အကြောင်းသိကောင်းစရာ

Honda Fit ဟာ 2001 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုဆိုရင် သက်တမ်းအားဖြင့် နှစ်(၂၀)တိုင်ခဲ့ပြီဖြစ်သလို Generation (၃) ဆက်အထိ ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်.။ ကမ္ဘာအနှံကို တင်ပို့ရောင်းချခဲ့တဲ့ Honda Fit ကားတွေဟာ Honda Jazz အနေနဲ့လဲ ဈေးကွက်တင်ခဲ့ပြီး နိုင်ငံ (၈) နိုင်ငံမှာ ရှိတဲ့ စက်ရုံ (၁ဝ) ရုံမှ ထုတ်လုပ်တာဖြစ်ပါတယ်.။ တံခါး (၅) ပေါက် Hatchback ကားအမျိုးအစားဖြစ်ပြီး ရှေ့အင်ဂျင်၊ ရှေ့ယက်အမျိုးအစား ကားတစ်စီးဖြစ်ပါတယ်.။

Honda ဟာ Fit Hybrid အမျိုးအစားကိုလဲ ထုတ်လုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ 2010 နဲ့ ဥရောပမှာ 2011 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်.။ Honda Fit EV လို့ခေါ်တဲ့ လျှပ်စစ်ကားတစ်မျိုးကိုလဲ အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့ဖူးပြီး အမေရိကန်နဲ့ ဂျပန်တို့မှာ 2012 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်.။ အမည်နှစ်မျိုးအနက် "Jazz" ဆိုတဲ့အမည်ကို ဥရောပ၊ သမုဒ္ဒရာပိုင်းဒေသ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ သြစတေးလျနဲ့ အာရှအချို့ဒေသတွေမှာ အသုံးပြုခဲ့ပြီး "Fit" အမည်ကိုတော့ ဂျပန်၊ အမေရိကန်နဲ့ တရုတ်တို့မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်.။ ကျွန်တော်တို့နိုင်ငံမှာတော့ ဂျပန်မှကားများကို အများဆုံးတင်သွင်းတဲ့အတွက် "Fit" အမည်နဲ့ ကားတွေပဲ တွေ့ရတာဖြစ်ပါတယ်.။

Honda Fit ရဲ့ Generation (၃) ဆက်အနက် 1stGeneration ကို 2001 မှ 2008 အထိ ထုတ်လုပ်ခဲ့ပါတယ်.။ ဂျပန်နိုင်ငံအတွက် ထုတ်လုပ်တဲ့ 1st Gen Honda Fit တွေဟာ 1.3 i-DSI နဲ့ 1.5 VTEC အင်ဂျင် အမျိုးအစား (၂) မျိုးနဲ့ ရရှိနိုင်ပါတယ်.။ ဒီကားတွေကို ဈေးကွက်မှာ chassis code GD1 ကို အစွဲပြုပြီး GD1 လို့ခေါ်ကြပါတယ်.။ GD1 တွေမှာ 4WD တွေ၊ ဂီယာ (၅) ချက် Manual တွေ အစရှိသဖြင့် အခွဲငယ်များ မျိုးစုံရှိပါတယ်.။ Original TV နဲ့ Navigation တွေကတော့ ထပ်တိုးပြီး ဝယ်လို့ရတဲ့ Optional တွေ ဖြစ်ပါတယ်.။

2nd Generaion Honda Fit တွေကိုတော့ 2007 မှာ စတင်ပြသခဲ့ပြီး Car of the Year Japan ဆု ရရှိခဲ့ပါတယ်.။ ဒီကားတွေကိုတော့ Chassis Code GE6 ကိုအစွဲပြုပြီး GE6 လို့ ခေါ်ကြပါတယ်.။ အင်ဂျင် (၂) မျိုးနဲ့ ရရှိနိုင်ပြီး 1.3 L အင်ဂျင်ဟာ မြင်းကောင်ရေ 98 ကောင်အား ထုတ်လုပ်ပေးနိုင်ပြီး 1.5 L အင်ဂျင်ကတော့ 117 ကောင်အားအထိ ရရှိနိုင်ပါတယ်.။ ဂီယာ (၅) ချက် Manual, ဂီယာ (၅) ချက် Auto (4WD) နဲ့ CVT Transmission တွေ ရရှိနိုင်ပါတယ်.။

GE6 ကို အကြမ်းအားဖြင့် Modification / Grade ခွဲချင်တယ်ဆို G, G F package, L package ဆိုပြီး (၃)မျိုးခွဲခြားလို့ ရပါတယ်.။ G Grade မှာ မှန်ကာလာမပါခြင်း၊ ဘေးမှန်မှာ မီးတန်းမပါခြင်း၊ မှန်ချိုးမှန်ခေါက် မရခြင်း စတဲ့အချက်တွေ ရှိပါတယ်.။ GF ကတော့ G ထက် အနည်းငယ် Grade ပိုမြင့်ပြီး G မှာ မပါဝင်တဲ့ အချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်.။ အမြင့်ဆုံး L Package မှာတော့ Button Type နဲ့ Digital Aircon ဖြစ်ပါတယ်.။ GE6 ရဲ့ ၂ဝ၁ဝ ခုနှစ် ၁ဝ လပိုင်းနောက်ပိုင်း ထုတ်လုပ်တဲ့ကားတွေမှာ ရှေ့ဘန်ဘာနဲ့ နောက်မီးခွက်ဒီဇိုင်း ကွဲပြားသွားပါတယ်.။ ရှေ့ဘန်ဘာ ရုပ်ပြောင်းသွားပြီး နောက်မီးမှာလဲ အဖြူတစ်တန်းဖြစ်သွားပါတယ်.။

3rd Generation တွေကိုတော့ 2013 ကနေ ယနေ့အထိ ထုတ်လုပ်နေပါတယ်.။
Honda Fit မှာ အခြားမော်ဒယ်များအဖြစ် ပိုပြီးကြီးတဲ့ Fit Shuttle နဲ့ ဆီစားသက်သာတဲ့ Hybrid ကားတွေလဲ ရှိပါသေးတယ်။

ဒီလောက်ဆိုရင်တော့ HONDA FIT အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏

Credit: original writer

02/08/2024

💦လို အပ် သူ များ သုံး

ဆီသွားထည့်လို့ ကုန်တာနဲ့ကြုံရင်
ဆီကားလာပြန်ဖြည့်ချိန်၊ ဆီရမရကြိုမေးလို့ရ
ဆိုင်တွေက ဖုန်းဆက်မေးလို့ရပါတယ်တဲ့
ဒါကြောင့် နံပါတ်တွေရသလောက်
ပြန်စုပေးထားပါတယ်။

ဆီဆိုင်ဖုန်းနံပါတ်များ
(ရန်ကုန်တိုင်းဒေသကြီး)

💚Max ‌ဆီဆိုင်ဖုန်းနံပါတ်များ
========
1-ဗဟန်း 09 891755004, 01 555292
2-ကျွန်းတော 09 891755002, 01 532181
3-ဆင်မလိုက် 09 891755016
4-အလုံ 09 891755003, 01 218455
5-ပိတောက်ချောင်း 09 891755001, 01 531181
6-သိမ်ဖြူ 09 891755006, 01 399330
7-တာမွေ 09 891755005, 01 401525
8-သာကေတ 09 891755008, 01 450767
9-သုဝဏ္ဏ 09 891755007, 01 8550750
10-ကမာကြည် 09 891755051
11-တောင်ဥက္ကလာ 09 891755015, 01 8500660
12-မြောက်ဒဂုံ 09 891755050
13-လေးထောင့်ကန် 09 891755014, 09 8636189
14-အောင်မဂ်လာ 09 891755009, 01 637592
15-ဒဂုံဧရာ 09 891755012, 09 73164103
16-လှည်းကူး 1 09 891755013, 01 629011
17လှည်းကူး 2 -
18-မှော်ဘီ 1 09 891755017
19-မှော်ဘီ 2 09 891755018
20-ရွှေပြည်သာ 09 891755011
21-ဒလ 09 891755048
22-ကော့မူး 09 891755175
23-နွယ်ခွေ 09 891755178
24-တွံတေး 09 891755182
25-မင်္ဂလာဒုံ 09 891755046

💚DENKO ဆီဆိုင်များ
=========
ကုန်းတလပေါင် DENKO ဆီဆိုင် 09 940549225
တောင်ဒဂုံ DENKO ဆီဆိုင် 09 940549238
ထန်းတပင် DENKO ဆီဆိုင် 09 940549230
ဒဂုံဆိပ်ကမ်း DENKO ဆီဆိုင် 09 940549241
ဗဟန်း DENKO ဆီဆိုင် 09 940549231
ဗိုလ်တထောင် DENKO ဆီဆိုင် 9940671409
မြောက်ဒဂုံ - ၁ DENKO ဆီဆိုင် 09 940549234
မြောက်ဒဂုံ - ၃ (ပင်လုံ) DENKO ဆီဆိုင် 09 940549236
မြောက်ဒဂုံ -၂ DENKO ဆီဆိုင် 09 940549235
မြောက်ဥက္ကလာပ DENKO ဆီဆိုင် 09 940549353
မှော်ဘီ DENKO ဆီဆိုင် 9940671412
ရွှေပြည်သာ DENKO ဆီဆိုင် 09 940549242
လှည်းကူး DENKO ဆီဆိုင် 09 940549226
လှိင်သာယာ - ၁ DENKO ဆီဆိုင် 09 940549227
လှိင်သာယာ - ၂ DENKO ဆီဆိုင် 09 940549228
လှိင်သာယာ - ၃ DENKO ဆီဆိုင် 09 940549229
သန်လျင် - ၁ (မြိုမ) DENKO ဆီဆိုင် 09 940549239
သန်လျင် - ၂ (အောင်ချမ်းသာ) DENKO ဆီဆိုင် 09 940549240
အင်းစိန် DENKO ဆီဆိုင် 09 940549233
အောင်ဆန်း ဆီဆိုင်09 940549232crd

💚ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်များ
(ရန်ကုန်တိုင်းဒေသကြီး)
=======
1.အင်းစိန်အရောင်းဆိုင်တွင် 92 Ron ရပါသည်။
ဖုန်းနံပါတ် - 09740099947
2.မင်္ဂလာဒုံအရောင်းဆိုင်တွင် Diesel / 92 Ron ရပါသည်။
ဖုန်းနံပါတ် - 09740099945
3.ဒဂုံဆိပ်ကမ်းအရောင်းဆိုင်တွင် 92 Ron / Diesel / Pre Diesel ရပါသည်။
ဖုန်းနံပါတ် - 09740099952
4.သာကေတအရောင်းဆိုင်တွင် 92 Ron / Diesel / Pre Diesel ရပါသည်။
ဖုန်းနံပါတ် - 09740099946

💚Yangon Patrol (YP) ဆီဆိုင်များ
======
Yangon Petrol (YP)
Yadanar Rd
Open 24 hours
+95 9 966 124912

Yangon Petrol (YP)-3
Number 2 Main Rd
Closes 9 pm
+95 9 692 253832

Yangon Petrol (YP)-2
Bago River Rd
Open 24 hours
+95 9 966 124906

Yangon Petrol-4 (Ayarwoon)
Open 24 hours
+95 9 683 015354

YP ဆီဆိုင်များ
မြောက်ဒဂုံ 09-423457766
ဒဂုံဆိပ်ကမ်း 09-966124906
သာကေတ 09-966124912, 09-448034069

💚PT power ဆီဆိုင်များ
=========
PT Power (Thaketa)
Shukhinthar Mayopat Rd, Yangon
Open 24 hours
+95 1 450 758

မဂ်လာဒုံ 09-421068003, 09-781593568
ရွှေပြည်သာ (zone 1) 01-3612778, 09420031017
သန်လျင် 09-457154791, 09-778708801
သာကေတ 09-780540598, 09-452228385
တောင်ဒဂုံ ၁ (ward 26) 09-457154781
တောင်ဒဂုံ ၂ (ward 62) 09-457154780, 09-788818913
တောင်ဒဂုံ ၃ (ward141) 09-457755008

💚New Day ဆီဆိုင်များ
=======
Between 55 and 56 St.,
Maha Bandula Road
Closes 11 pm
+95 1 291 904

New Day
70 Wai Za Yan Tar Rd
Closes 10 pm
+95 1 564 042

မဂ်လာတောင်ညွန့် 01-290310,09765421004
ပုဇွန်တောင် 095089373,09765421002
တောင်ဉက္ကလာ 01-8564042,09-765421003
မရမ်းကုန်း 01-658205
စမ်းချောင်း 01-534997

💚မြတ်မေတ္တာမွန် ဆီဆိုင်များ
=========
လှိုင်(ဘုရင့်နောင်) 09-798833938
6မိုင်ခွဲ 09-786595366,09-420247846
လှိင်သာယာ 09-893310476
ကြည်မြင်တိုင် 01-537071,09-777004226,09-777004234
မြောက်ဒဂုံ 09-788461906
တာမွေ. 09-255055565
သက်န်းကျွန်း 09-793758607

💚❝ 360 Degree Petro ❞
ရန်ကုန်ဆိုင်ခွဲများ
--------------------------
❛ မင်္ဂလာတောင်ညွန့်မြို့နယ် ❜ (09-772558950)
❛ သာကေတမြို့နယ် ❜ (09-789366895)
❛ သင်္ကန်းကျွန်းမြို့နယ် ❜ (09-786409959)
❛ မြောက်ဒဂုံမြို့နယ် ❜ (09-775117578)
❛ အင်းစိန်မြို့နယ် ❜ (09-773043497)
❛ လှိုင်မြို့နယ် ❜ (09-764610408)
❛ နေပြည်တော် ❜ (09-786387505)

🌿မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ********************************ဆန့်ကျင်ဘက်မြို့များ၁။ ကျောက်ဖြူ  X ကျောက်မဲ၂။ မ...
29/07/2024

🌿မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ
********************************

ဆန့်ကျင်ဘက်မြို့များ

၁။ ကျောက်ဖြူ X ကျောက်မဲ
၂။ မိုးကောင်း X မိုးနဲ
၃။ တောင်ကြီး X တောင်ကုတ်
၄။ အလုံ X ပေါက်
၅။ အမြင့် X မြေထဲ
၆။ မေမြို့ X မောင်တော

အက္ခရာပူးမြို့များ
===========
၁။ ကိုကိုးကျွန်း ၂။ ကျောက်ကြီး ၃။ ကျောင်းကုန်း ၄။ ဂန့့်ဂေါ ၅။ ဆီဆိုင် ၆။ တံတား ၇။ တွံတေး ၈။ မြောင်းမြ ၉။ မြင်းမူ ၁၀။ မိုးမိတ် ၁၁။ မိုးမောက် ၁၂။ မောက်မယ် ၁၃။ တီးတိန် ၁၄။ လောင်းလုံ ၁၅။ လွိုင်လင် ၁၆။ ဟဲဟိုး ၁၇။ မေမြို့

နာမည်တစ်လုံးရှိမြို့များ
==============
၁။ ချောက် ၂။ ဂွ ၃။ ဆော ၄။ ဆွာ ၅။ ပေါက် ၆။ ပေါင် ၇။ ပြည် ၈။ ဖြူး ၉။ မြိတ် ၁၀။ မြိုင် ၁၁။ မြောင် ၁၂။ ရေး ၁၃။ လှိုင် ၁၄။ ဝေါ ၁၅။ အမ်း

ဂဏန်းသင်္ချာ ပါတဲ့မြို့များ
================
၁။ ထန်းတစ်ပင် ၂။ ဘုရားသုံးဆူ ၃။ သုံးခွ ၄။ ညောင်လေးပင် ၅။ လေးမျက်နှာ ၅။ ငါးသိုင်းချောင်း ၆။ ကိုကိုးကျွန်း ၇။ မူဆယ် ၈။ သုံးဆယ် ၉။ အထောင် ၁၀။ ဗိုလ်တထောင် ၁၁။ ကော့သောင်း

ဖားမြို့များ
======
၁။ ဖားကန့် ၂။ ဖားဆောင်း

စစ်မြို့များ
======
၁။ စစ်ကိုင်း ၂။ စစ်တွေ ၃။ စစ်တောင်း

ဆင်မြို့များ
=======
၁။ ဆင်ဘို ၂။ ဆင်ပေါင်ဝဲ ၃။ ဆင်ဖြူကျွန်း

မြင်းမြို့များ
=======
၁။ မြင်းခြံ ၂။ မြင်းမူ ၃။ မြင်းလွှတ်

ဆိပ်မြို့များ
=======
၁။ ဆိပ်ကမ်း ၂။ ဆိပ်ကြီးခနောင်တို ၃။ ဆိပ်ဖြူ

ခန္ဓာကိုယ်အစိပ်အပိုင်းပါတဲ့မြို့
===================
၁။ ပေါက်ခေါင်း ၂။ ပျဉ်းမနား ၃။ ဝက်လက် ၄။ ဝမ်းတွင်း ၅။ ဟားခါး ၆။ ပေါင် ၇။ ကျော (ဂန့်ဂေါခရိုင်) ၈။ မြေဒူး ၉။ မအူပင် ၁၀။ ဆင်ပေါင်ဝဲ ၁၁။ ပေါင်းတလည်

တပ်မြို့များ
=======
၁။ ဗထူးတပ် (ရှမ်း) ၂။ ရဲမွန်တပ် (ရန်ကုန်) ၃။ ဘုရင့်နောင်တပ် (ကရင်)
၄။ တပ်ကုန်း

အကျဉ်းအကြပ်ဆုံးမြို့
=============
၁။ ဝမ်းတွင်း

ရွာအမည်ရှိမြို့များ
============
၁။ ရွာငံ ၂။ မုံရွာ ၃။ ရွာသစ် (မိုးညင်း
ခရိုင်) ၄။ ရှမ်းရွာသစ် (ကရင်)

တောအမည်ရှိ မြို့များ
==============
၁။ ရှားတော ၂။ အင်တော ၃။ ငပုတော ၅။ ပေါက်တော ၆။ မောင်တော

ရေးအမှန် ဖတ်အသံမြို့များ
=================
၁။ ကျောက်ပန်းတောင်း ၂။ ငါန်းဇွန် ၃။ တန့်ဆည် ၄။ တံတား ၅။ တံတားဦး ၆။ ထားဝယ် ၇။ နွားထိုးကြီး ၈။ ပုဂံ ၉။ ပုဇွန်တောင် ၁၀။ ပုလဲ ၁၁။ ပုသိမ် ၁၂။ ပုလော ၁၃။ ပဲခူး ၁၄။ ပြည် ၁၅။ ဗန်းမောက် ၁၆။ ဗန်းမော် ၁၇။ ဘားအံ ၁၈။ မြိတ် ၁၈။ သံလျင်

ပါဠိမြို့
====
၁။ ကရသူရိ ၂။ ကေတုမတီ ၃။ ကောလိယမြို့ဟောင်း ၄။ စေတုတ္တရာ ၅။ ဇေယျဝတီ ၆။ တောင်ဥက္ကလာ ၇။ ဒက္ခိဏသီရိ ၈။ ပုဗ္ဗသီရိ ၉။ မတ္တရာ ၁၀။ မိတ္ထိလာ ၁၁။ မေတ္တာ ၁၂။ မေရဉ္စရာမြို့ဟောင်း ၁၃။ မြောက်ဥက္ကလာ ၁၄။ လပွတ္တာ ၁၅။ ဝေသာလီ ၁၆။ သက္ကလ ၁၇။ သာကေတ ၁၈။ သာဝတ္ထိ ၁၉။ သုဝဏ္ဏဝတီ ၂၀။ ဟင်္သာတ ၂၁။ ဟံသာဝတီ ၂၂။ အင်္ဂပူ ၂၃။ အမရပူရ ၂၄။ ဥတ္တရသီရိ

လောကနဲ့ ပြောင်းပြန်ဖြစ်တဲ့မြို့ (ကလော)

လူကြီးမဟုတ်တဲ့မြို့ (ကလေး)

ငယ်တုံးက မပိန်တဲ့မြို့ (ကလေးဝ)

မပူပင်ရတဲ့မြို့ (ကံမ)

ပူရှိန်းပူရှိန်းမြို့ (ငရုပ်ကောင်း)

ထွက်ပေါက်မရှိသောမြို့ (အလုံ)

ကြောက်စရာ ကောင်းသောမြို့ (ဘီလူး)

မင်းမရှိတဲ့မြို့ (မင်းကင်း၊)

အချမ်းသာဆုံးမြို့ (ရွှေတောင်)

မျက်နှာများတဲ့မြို့ (လေးမျက်နှာ)

ကြည့်ပေါင်းရသောမြို့ (သာပေါင်း)

မသေသောမြို့ (အမရပူရ)

ဒဏ်ရာရှိတဲ့မြို့ (အရာတော်)

အိမ်တွေ တရောင်တည်း ရှိတဲ့မြို့ (အိမ်မဲ)

ခေတ်စကားအရ သွက်လက်သောမြို့ (ဖလမ်း)

ဗိုလ်များတဲ့မြို့ (ဗိုလ်တထောင်)

လက်ရွံစရာကောင်းတဲ့မြို့ (လောက်ကိုင်)

အခိုင်မာဆုံးမြို့ (သံတောင်၊ သံတောင်ကြီး)

မိန်းမမြို့ (မေမြို့)

ယောက်ျား ဘသားမြို့ (တောင်ကြီး၊ ပြွန်တန်ဆာ)

မစိုပြေတဲ့မြို့ (ချောက်၊ မိုးနဲ)

ရွာမလို လာမလိုလိုမြို့ (မိုးညို)

လှသလားလို့ မေးစရာမလိုတဲ့မြို့ (မြို့လှ)

တမြို့လုံး ချိုတဲ့မြို့ (ကြံခင်း)

လုံခြုံသောမြို့ (ကျောက်တံခါး)

ဘုန်းဘုန်းတွေဆွမ်းမဝတဲ့မြို့ (သပိတ်ကျဉ်း)

တရုတ်ကြီး သူ့မိန်းမရဲ့ ညီမကိုခေါ်တဲ့မြို့ (ဝါးခယ်မ)

နှာခေါင်းပိတ်ရမည့်မြို့ (ပေါက်တော)

ဆီပေါတဲ့မြို့ (ဆီဆိုင်)

ရန်မရှိတဲ့မြို့ (ရန်ကုန် ၊ ရန်ကင်း)

အလုပ်ကြမ်းမြို့ (ကျောက်ထု)

ဖြောင့်မတ်သောမြို့ (မကွေး)

အရင်ဆုံးပေါ်တဲ့မြို့ (မြို့ဟောင်း)

နောက်ဆုံးပေါ်တဲ့မြို့ (မြို့သစ်)

အသားမဲတဲ့ ဓနုမရှိတဲ့မြို့ (ဓနုဖြူ)

နာမည်ပြောင်းပြန်ဖြစ်တဲ့ မြို့
၁။ ညောင်ရွှေ >< ရွှေညောင်

နာမည်တူမြို့
* မင်းလှ (မကွေးတိုင်း သရက်ခရိုင်၊ အထက်မင်းလှ)
* မင်းလှ(ပဲခူးတိုင်း သာယာဝတီခရိုင်၊ အောက်မင်းလှ)

* ထန်းတပင် (ရန်ကုန်တိုင်း)
* ထန်းတပင် (အင်းစိန်ခရိုင် လှိုင်မြစ်အရှေ့)
* ထန်းတပင် (ပဲခူးတိုင်း တောင်ငူခရိုင်)

ကာမြို့များ
၁။ ကာလိ ၂။ ကာမိုင်း ၃။ မိုင်းကာ

ကျိုက်အမည်ရှိမြို့များ
၁။ ကျိုက္ခမီ ၂။ ကျိုက်ဒုံ ၃။ ကျိုက်ထို ၄။ ကျိုက်မရော ၅။ ကျိုက်လတ် ၆။ ဇင်းကျိုက်

ကျိုင်းမြို့များ
၁။ ကျုင်းတုံ ၂။ ကျိုင်းတောင်း ၃။ ကျိုင်းလပ်

ကျောက်အမည်ရှိမြို့များ
၁။ ကျောက်ကြီး ၂။ ကျောက်စရစ်မြို့ဟောင်း ၃။ ကျောက်ဆည် ၄။ ကျောက်တလုံး ၅။ ကျောက်တန်း ၆။ ကျောက်တော် ၇။ ကျောက်တံတား ၈။ ကျောက်တံခါး ၉။ ကျောက်ထု ၁၀။ ကျောက်ပန်းတောင်း ၁၁။ ကျောက်ဖြူ ၁၂။ ကျောက်မဲ ၁၃။ ကျောက်မြောင်း

တောင်အမည်ရှိမြို့များ
၁။ တောင်ကုတ် ၂။ တောင်ကြီး ၃။ တောင်ငူ ၄။ တောင်တွင်းကြီး ၅။တောင်ပြိုလက်ဝဲ ၆။ တောင်သာ ၇။ တောင်ဥက္ကလာပ ၈။ ရွှေတောင် ၉။ သံတောင် ၁၀။ သံတောင်ကြီး ၁၁။ ဗူးသီးတောင် ၁၂။ ရသေ့တောင်

စမြို့များ
၁။ စကု ၂။ စလင်း

စဉ့်မြို့များ
၁။ စဉ့်ကူး ၂။ စဉ့်ကိုင်

တာမြို့များ
၁။ တာချီလိတ် ၂။တာမိုးညဲ ၃။ တာလေ ၄။ တုံတာ ၅။ ပူတာအို ၆။ လပွတ္တာ

တန့်မြို့
၁။ တန့်ယန်း ၂။ တန့်ဆည်

နမ့်မြို့များ
၁။ နမ့်ခမ်း ၂။ နမ့်စန် ၃။ နမ့်ဆန် ၄။ နမ့်တစ်

နောင်မြို့များ
၁။။ နောင်ခစ် ၂။ နောင်ချို ၃။ နောင်တရား ၄။ မိုင်းနောင် ၅။ နောင်မွန်း

ပင်မြို့များ
၁။ ပင်လောင်း ၂။ ပင်လုံ ၃။ ပင်လယ်ဘူး ၄။ ဟိုပင် ၅။ ယင်းမာပင် ၆။ညောင်လေးပင် ၇။ ထန်းတပင် ၈။ ဥသျစ်ပင် ၉။ အောင်ပင်လယ် ၁၀။ သနပ်ပင်

ပေါင်းမြို့များ
၁။ ပေါင်းတလည် ၂။ ပေါင်းတည် ၃။ သာပေါင်း

ပန်မြို့
၁။ ပန်ဝါ ၂။ ပန်နန်းဒင် ၃။ ပန်ခမ့် ၄။ ပန်ယန်း ၅။ ပန်လုံ ၆။ ပန်ဝိုင် ၇။ မိုင်းပန် ၈။ ပန်ဆန်း

ပန်းမြို့
၁။ ပန်းတနော် ၂။ အောင်ပန်း ၃။ ကျောက်ပန်းတောင်း ၄။ ပန်းပဲတန်း

မိုးအမည်ရှိသောမြို့များ
၁။ မိုးကုတ် ၂။ မိုးကောင်း ၃။ မိုးညို ၄။ မိုးညှင်း ၅။ မိုးနဲ ၆။ မိုးဗြဲ ၇။ မိုးမောက် ၈။ မိုးမိတ်

မော်မြို့
၁။ မော်လမြိုင် ၂။ မော်လမြိုင်ကျွန်း ၃။ ဗန်းမော် ၄။ ဝိုင်းမော် ၅။ မော်ထိုက် ၆။။ မော်လိုက်

မောက်မြို့များ
၁။ မောက်မယ် ၂။ မိုးမောက် ၃။ ဗန်းမောက် ၄။ နတ်မောက်

မင်းမြို့များ
၁။ မင်းကင်း ၂။ မင်းကွန်း ၃။ မင်းတပ် ၄။ မင်းတုန်း ၅။ မင်းပြား ၆။ မင်းဘူး ၇။ မင်းရဲလှမြို့ဟောင်း ၈။ မင်းလှ

မိုင်းအမည်ရှိမြို့များ
၁။ မိုင်းကာ ၂။ မိုင်းကိုင် ၃။ မိုင်းခတ် ၄။ မိုင်းခုတ် ၅။ မိုင်းငေါ့ ၆။ မိုင်းစံ ၇။ မိုင်းဆတ် ၈။ မိုင်တုံ ၉။ မိုင်းနောင် ၁၀။ မိုင်းပန် ၁၁။ မိုင်းပွန် ၁၆။ မိုင်းပေါက် ၁၇။ မိုင်းပျဉ်း ၁၈။ မိုင်းဖျန် ၁၉။ မိုင်းဖြတ် ၂၀။ မိုင်းမော ၂၁။ မိုင်းယန်း ၂၂။ မိုင်းယု ၂၃။ မိုင်းယောင်း ၂၄။ မိုင်းရယ် ၂၅။ မိုင်းရှူ း ၂၆။ မိုင်းလား ၂၆။ မိုင်းလုံ ၂၇။ ကာမိုင်း ၂၈။ လမိုင်း

မြိုင်မြို့များ
၁။ မြိုင် ၂။ မော်လမြိုင် ၃။ မော်လမြိုင်ကျွန်း ၄။ မြိုင်ကြီးငူ ၅။ ဝေါလေမြိုင်

ရေမြို့များ
၁။ ရေကြည် ၂။ ရေစကြို ၃။ ရေဇွာ ၄။ ရေတာရှည် ၅။ ရေနံချောင်း ၆။ ရေဖြူ ၇။ ရေဦး

ရန်မြို့များ
၁။ ရန်ကင်း ၂။ ရန်ကုန်

ရွှေအမည်ရှိမြို့များ
၁။ ရွှေကူ ၂။ ရွှေကျင် ၃။ ရွှေညောင် ၄။ ရွှေပေါ်ကွန်း ၅။ ရွှေပြည်သာ ၆။ ရွှေဘို ၇။ ရွှေသောင်ယံ ၈။ ညောင်ရွှေ ၉။ ချင်းရွှေဟော်

လားမြို့များ
၁။ လားရှိူး ၂။ မိုင်းလား

လင်မြို့များ
၁။ လွိုင်လင် ၂။ လင်ဟော် ၃။ ဘုတလင်

လွိုင်မြို့များ
၁။ လွိုင်ကော် ၂။ လွိုင်လင်

ဟိုမြို့များ
၁။ ဟိုတောင်း ၂။ ဟိုပင် ၃။ ဟိုပန် ၄။ ဟိုပုံး ၅။ ဟိုမိန်း

ဦးတို့ရဲ့မြို့များ
၁။ ခင်ဦး ၂။ ချောင်းဦး ၃။ ညောင်ဦး ၄။ တံတားဦး ၅။ ဒိုက်ဦး ၆။ ပြင်ဦးလွင် ၇။ မြောက်ဦး ၈။ ရေဦး

အောင်မြို့များ
၁။ အောင်ပန်း ၂။ အောင်လံ ၃။ မြန်အောင် ၄။ မာန်အောင်

အကောင်နာမည်ပါသောမြို့များ
၁။ ဆင်ဘို ၂။ ဖားကန့် ၃။ ဖားဆောင်း ၄။ လိပ်သို ၅။ ဆင်ပေါင်ဝဲ ၆။ ဆင်ဖြူကျွန်း ၇။ ဆိပ်ဖြူ ၈။ ငါန်းဇွန် ၉။ မြင်းခြံ ၁၀။ မြင်းလွတ် ၁၁။ ပုဇွန်တောင် ၁၂။ မိုင်းလား ၁၃။ လောက်ကိုင် ၁၄။ ငသိုင်းချောင်း ၁၅။ ဟင်္သာတ ၁၆။ ကျိုင်းတုံ ၁၇။ ကျိုင်းတောင်း ၁၈။ ကျိုင်းလပ် ၁၉။ နွားထိုးကြီး ၂၀။ ဝက်လက်

Crd -

29/07/2024
🤣🤣🤣
28/07/2024

🤣🤣🤣

22/06/2024

***BREAKING NEWS***

The 2025 European Championships in Men's and Women's Artistic Gymnastics will be held in the German city of Leipzig, from 26 to 31 May 2025

Congratulations Deutscher Turner-Bund

22/06/2024

Address

Toungoo/Thandaung Main Road

08144

Telephone

+959962024243

Website

Alerts

Be the first to know and let us send you an email when Htet Kaung Car Rental Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Grocery Store?

Share