Min Htet Office

Min Htet Office Welcome back from M•H office Page��

29/11/2024

#မိုးစဲသမခွဲမရတွဲကချင်ယေ😍

အံ့သြစရာကောင်းသော ရခိုင်လူမျိုးများ__________________________________(၁) ကြေးသွန်းအတတ်ပညာကို ကမ္ဘာ့ပထမဆုံး တတ်မြောက်သည်ဟ...
29/11/2024

အံ့သြစရာကောင်းသော ရခိုင်လူမျိုးများ
__________________________________

(၁) ကြေးသွန်းအတတ်ပညာကို ကမ္ဘာ့ပထမဆုံး တတ်မြောက်သည်ဟု ဆိုကြသည်။

(၂) ငှက်ဖျားရောဂါကုသနည်းကို မြောက်ဦးခေတ်တွင် ရခိုင်များ တတ်မြောက်ကြသည်ဟု မှတ်သားဖူးသည်။

(၃) မြန်မာနိုင်ငံတွင် မြို့ပြနိုင်ငံတည်ထောင်ကာ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး များကို ပထမဆုံးရိုက်နှိက်သုံးစွဲသည့် လူမျိုးဖြစ်သည်။

(၄) မြန်မာနိုင်ငံတွင် ပထမဆုံး ဘဏ်တည်ထောင်သူမှာ ရခိုင်လူမျိုးဖြစ်သည်။

(၅) မြန်မာနိုင်ငံ၏ ပထမဆုံးသော ကိုယ်ပိုင်ရေပြင် လျှပ်တိုက်လေယဉ်စီးသော လူမျိုးသည် ရခိုင်ပင်ဖြစ်သည်။

(၆) အောက်စ်ဖို့တက္ကသိုလ်တွင် မြန်မာနိုင်ငံမှ ပထမဆုံး အသင်းတည်ထောင်သူများမှာ ရခိုင်များပင်ဖြစ်သည်။

(၇) ကိုယ့်လူမျိုးထဲကသစ္စာဖောက်လို့ မြောက်ဦးထီးနန်းကျဆုံးရသောလူမျိုးသည် ရခိုင်ပင်ဖြစ်သည်။

(၈) ရခိုင်နိုင်ငံကျဆုံးပြီး ဗုဒ္ဓဘာသာ အမြစ်ပြတ်ချေမှုန်းခံရသော်လည်း ထိုဘာသာသည် ယနေ့ထိပင် စည်ကားနေသည်မှာလည်း ရခိုင်ပြည်ပင်ဖြစ်သည်။

(၉ ) စာပေ၊ ဘာသာစကား၊ ဂီတ စသည်များ လုံး၀ ချေမှုန်းခံရသော်လည်း ယနေ့ထိ ကိုယ့်ဘာသာစကား ကိုယ်ပြောကာ ကိုယ်ပိုင်ဂီတ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် နေထိုင်နေသည့်လူမျိုးသည် ရခိုင်ပင်ဖြစ်သည်။ ရခိုင်ပြည်ရှိ အစိုးရကျောင်းများတွင် ရခိုင်စကားနှင့်သာ သင်ကြားပို့ချပါသည်။

(၁၀) နိုင်ငံမှ ပြည်နယ်အဖြစ်သို့ အသားနားခံလက်ဖြန့်တောင်းသော လူမျိုးသည် ရခိုင်ပင်ဖြစ်သည်။

(၁၁) အခါတစ်ရာ အလိမ်ခံရသော်လည်း နောက်တစ်ခါ လိမ်ပါက ယုံတတ်သော လူမျိုးသည် ရခိုင်ပင်ဖြစ်ပါသည်။

(၁၂) မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်သည် ရခိုင်ပြည်ဖြစ်သည်။

(၁၃) မြန်မာတစ်နိုင်ငံလုံးကိုဘယ်သူတွေအာဏာရှင်လည်းဆိုတာ ပွင့်ပွင့်ကွင်းကွင်းမြင်သာအောင် ဖော်ပြခဲ့ပြီး မိမိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွတ် ဘယ်လိုစံနမူနာယူသင့်လဲဆိုတာ တစ်နိုင်ငံလုံးကို ပထမဆုံးဥပမာ ပြလိုက်တဲ့ လူမျိုးသည် ရခိုင်ပင်ဖြစ်သည်။

(၁၄) ဘာသာရေး၊ ယဉ်ကျေးမှု နှင့်ဆိုင်သော ပွဲတော်များကို ရခိုင်ပြည်ပြင်ပတွင် တခမ်းတနားကျင်းပသည့် လူမျိုးသည် ရခိုင်ပင်ဖြစ်သည်။ (ရခိုင်သင်္ကြန်သည် ရခိုင်ပြည်ထက် ပြည်ပတွင် ထူးဆန်းစွာပင် ပိုစည်ကားသည်။ ရခိုင်စတိတ်ရှိုးများသည် ရခိုင်ပြည် ပြင်ပတွင် ပိုစည်ကားသည်)

(၁၅) အစည်းအဝေးများတွင် တစ်ယောက်တစ်ပေါက်ပြောဆိုကြသော်လည်း မိမိလူမျိုး၊ နိုင်ငံ သမိုင်းကြောင်းများ ပြောဆိုပါက ထူးဆန်းစွာပင် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်တတ်သော လူမျိုးသည် ရခိုင်ပင်ဖြစ်သည်။

(၁၆) ဖြစ်လာသော ဘေးဒုက္ခအမျိုးမျိူး ဥပမာ ရေဘေး၊ မီးဘေး၊ စစ်ဘေး စသည်တို့မှ ဘေးဒုက္ခသည်အပေါင်းတို့အား မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံမှ အကူအညီမပါဘဲ နလန်ထူနိုင်လာအောင် လုပ်နိုင်သော လူမျိုးမှာ ရခိုင်ပင်ဖြစ်ကြောင်း တွေ့ရှိရသည်။(အများအားဖြင့်)

(၁၇) စည်းရုံးကြပါဟု နှစ်ပေါင်း ၃၀၀ နီးပါးပြောဆိုကြသော်လည်း ယနေ့ထိ မစည်းရုံးနိုင်သော လူမျိုးသည် ရခိုင်ပင်ဖြစ်ကြောင်း ထူးဆန်းစွာ သိရှိရပါသည်။(ရခိုင်လူမျိုးများ စည်းရုံးကြသည်မှာ ရာခိုင်နှုန်းအပြည့်မရှိသေးပေ)

မူရင်းရေးသူ အားလေးစားလျက်>

29/11/2024

#ဘဂချေခြားလို့ဝီးနီကေလဲ့🤩

 -စာတို  #ဦးအောင်သန်း   #စာတို
28/11/2024

-စာတို
#ဦးအောင်သန်း

#စာတို

Address

Rakhine State
Taungup

Alerts

Be the first to know and let us send you an email when Min Htet Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category