20/08/2023
. " ငါ့ပစ္စည်းက လေထိုးတံမဟုတ်ဘူးဟ "
*************************************
လူပျိုကြီး ကိုချစ်တယောက်
လေးဆယ်ကျော်မှ
ကံပေါ်ဆိုသလို
လေးဆယ့်နှစ်နှစ်မှ အိမ်ထောင်ကျခဲ့ပါတယ် ၊ ... 👨❤️👨
ဒါပေမဲ့ဗျာ တစ်နှစ်နဲ့လည်း
ကလေးမရ
နှစ်နှစ်နဲ့လည်း ကလေးမရ
ဖြစ်နေပါရော ၊ ... 👫
ကလေး
လိုချင်တာ တစ်ပိုင်းသေလို့ပါဗျာ --- 👶
အဲ့ တနေ့တော့ ကိုချစ်
ပက်လက်ကုလားထိုင်မှာ
ထိုင်နေစဉ် မိန်းမက
ဘေးကဖြတ်အသွား
လှမ်းကြည့် လိုက်တော့ --
" ဟာ ဟေ့ မိန်းမ မင်းဗိုက်
ကလေးပူလာသလားလို့ " ... 🤰
" ဟုတ်တယ် နဲနဲပူလာတယ် " ... 🤰
" ဟာ အဲ့ဒါဆိုကိုယ်ဝန်များ
ရှိပြီလားမသိဘူး ၊ ညနေ
ဆေးခန်းသွားပြရအောင် "
ဒါနဲ့ညနေခင်းရောက်တော့
မိန်းမနဲ့အတူဆေးခန်းကို
သွားပြတော့တာပေါ့ ၊
ဆေးခန်းမှာ ဆေးခန်းအကူ
ကောင်မလေးက ခဏထိုင်
ခိုင်းထားပြီး များမကြာမှီ
မှာ
ဆရာဝန်နဲ့ဝင်တွေ့ရပါတော့တယ် --- 👨⚕
" အင်း ကိုချစ် ခင်ဗျားမိန်းမမှာ
ကိုယ်ဝန် မရှိသေးပါဘူး ၊
လေဗိုက်ပါ ဆေးပေးလိုက်မယ်လေ
အဲ့ဒါ
ဆေးလေးသောက်လိုက်ပါ "
ဆရာဝန်ပေးလိုက်တဲ့
ဆေးလေး သုံးကြိမ်လောက်
သောက်လိုက်တော့
ဗိုက်ကလေးက
ပြန်ချပ်သွားပြန်ရောဗျာ ၊
နှစ်လလောက်ကြာတော့
ဗိုက်ကလေးက
ပြန်ထွက်လာပြန်တယ်
ဒါနဲ့ ဆေးခန်းသွားပြတော့ ၊
လေဗိုက်ပါတဲ့ဗျာ ၊
ကလေးလိုချင်ပါတယ်ဆိုမှ
ဗိုက်ထဲကို ဒီလေတွေက ဘယ်လိုရောက်ရောက်လာလည်း
မသိတော့ဘူး ။
ဒီလိုနဲ့သုံးလလောက်ကြာတော့
ဗိုက်ကလေး ပြန်ပူလာပြန်ရော ၊
ဒီတခါတော့ ကိုချစ်တယောက်
ချက်ချင်းဆေးခန်း
သွားမပြဖို့ မိန်းမကိုပြောရတာပေါ့ ။
" မိန်းမရေ မင်းဗိုက်ပူလာတာ
တော့မှန်တယ်
ဒါပေမဲ့
ဆေးခန်းသွားမပြသေးဘူးကွာ ၊
နောက်နှစ်လလောက်မှာ
သွားပြမယ်
တို့စောင့်ကြည့်ကြတာပေါ့ " ... 🤰
" အင်း ဟုတ်ကဲ့ပါ
ကိုကို့သဘောပဲလေ "
ဒီလိုနဲ့ နှစ်လလောက်ကြာတော့
မိန်းမဗိုက်က ပိုပူလာ
တယ်ဗျ ၊
မိန်းမကလည်းပြောတယ် ၊
ဗိုက်ထဲကလှုပ် တယ်တဲ့ ။
" ဒါဆိုရင်သေချာပြီမိန်းမရေ ၊
ဆေးခန်းသွားပြရအောင် " ... 🤰
ဒီလိုနဲ့ညနေခင်း ဆေးခန်း
သွားပြတော့
ဆေးခန်းထဲဝင်ဝင်ချင်းပဲ
ဆေးခန်းအကူ စာရေးမလေးက --
" အကိုကြီး လေဗိုက်လာပြတာလား "
ကျုပ်အတော်လေး
စိတ်တိုသွားပြီး
ပြန်ပြောလိုက်မိတယ်
" ဘာ လေဗိုက်ဟုတ်လား ?
အမြဲတန်းလေဗိုက်
ဖြစ်ရအောင် ငါ့ပစ္စည်းက
လေထိုးတံမဟုတ်ဘူးဟ " ... 😏 😕
" တိန် "
😁
😜
... ကိုရွှေဥ
📷 Photo 📸Credit