24/08/2024
အခုချိန် မှာ ဝယ်မထားရင် နောင်တချိန်မှာ စျေးကြီးပေးရလိမ့်မယ်။
အခုချိန်မှာ ဝယ်မထားရင် နောင်တချိန်မှာ စျေးကြီးပေးရမယ့် Financial Product အမျိုးအစားကတော့ Life Insurance (အသက်အာမခံ) ဖြစ်ပါတယ်။
အသက်အာမခံထားတယ်ဆိုတာ အသက်အာမခံထားမည့်သူရဲ့ သေဆုံးနိုင်ခြေ အပေါ်မှာ သက်ရောက်မှုရှိစေသည့် အချက်အလက်များကို ထည့်သွင်းစဥ်းစားပြီး ပရီမီယံကြေးပမာဏ တွက်ချက်ပေးသွင်းစေ၍ အသက်အာမခံငွေကြေး အကာအကွယ် ရယူခြင်းဖြစ်ပါတယ်။
အသက်သေဆုံးနိုင်ခြေ ကို သက်ရောက်မှု ရှိစေတဲ့ အကြောင်းရင်းများစွာထဲမှ အဓိက အကြောင်းရင်းများကတော့
အာမခံထားမည့်သူရဲ့
1 အသက် (Age)
2 ကျား၊မ (Gender)
3 အလုပ်အကိုင် (Occupation)
4 အရပ်အမြင့်၊ ကိုယ်အလေးချိန် နှင့် ကျန်းမာရေးအခြေအနေ (Height, Weight and Health Status)
5 ဘဝနေထိုင်မှုပုံစံ (ဆေးလိပ်၊အရက် နှင့် မူးယစ်ဆေးဝါးကဲ့သို့သော -Habits or Life Style)
6 မိသားစု ကျန်းမာရေး ( Family Health History)
ယေဘုယျအားဖြင့် ငယ်ရွယ်ပြီး ကျန်းမာသော ပုဂ္ဂိုလ်များအတွက် cost of insurance (အာမခံကုန်ကျစရိတ်သည် နည်းပါးသက်သာပြီး အသက်အရွယ် ကြီးမြင့်လာမှုနှင့်အတူ ကျန်းမာရေး အားနည်းလာပါက အာမခံကုန်ကျစရိတ် တိုးမြင့်ကုန်ကျလာပါတယ်။
AIA ရဲ့ အသက် (၁၀၀)နှစ်အထိ ထားရှိလို့ရတဲ့ Universal Life Insurance Product အမျိုးအစားကတော့ စဝယ်တဲ့နှစ်က Premium နှုန်းထားအတိုင်း အသက် (100)အထိ မပြောင်းလဲဘဲ ပေးသွင်းလို့ရနိုင်တဲ့အတွက် ပေးသွင်းရမယ့် ပရီမီယံကြေး သက်သာတဲ့ အသက်ငယ်တုန်း၊ ကျန်းမာနေတုန်း အမိအရ ဖမ်းဆုပ်ထားရှိနိုင်ဖို့ အကြံပြုလိုက်ရပါတယ်ရှင်
: Foster Financial Services