07/11/2025
https://www.facebook.com/share/p/17HeS4xRh8/
ရွှေသဇင် စိုက်ပျိုးရေးဆေးဆိုင်မှာ ဝယ်ယူအားပေးနိုင်ပါပြီ
ဖုန်း-09793136831
အပင်သန် အသီးအပွင့်ဖြိုင်လို့ အထွက်နှုန်းတိုးဖို့ .....
“ကြွယ်ဝ ပြည့်စုံ” ကို ပက်ဖျန်းကြစို့ .....
🌱🌼🌱🌼🌱🌼🌱🌼🌱🌼🌱
↗️ ယခုကာလတွင် ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူဦးကြီးတို့အတွက် ပဲစိုက်ပျိုးရာသီတွင် ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲမျိုးစုံသီးနှံများ အောင်မြင်စွာပွင့်သီးကြ၍ မြင့်မားသော အရည်အသွေး နှင့် အထွက်နှုန်းရရှိစေရေး ကူညီပေးမည့် “ကြွယ်ဝ ပြည့်စုံ” ရွက်ဖျန်းအားဆေးအတွဲကို ဝိစာရမှ ထုတ်လုပ်ထားပါသည်။
↗️ “ကြွယ်ဝ ပြည့်စုံ” ရွက်ဖျန်းအားဆေးအတွဲတွင် …..
✔️ နိုက်ထရိုဂျင်၊ ဖော့စ်ပရပ် နှင့် ဘိုရွန်၊ မဂ္ဂနီစီယမ်၊ မန်ဂနိစ်၊ မိုလီဒီနမ်၊ ဇင့်(သွပ်) စသည့် သက်စောင့်အာဟာရဓာတ်များပါဝင်သော “ကြွယ်ဝ” ရွက်ဖျန်းအားဆေး နှင့်
✔️ နိုက်ထရိုဂျင် နှင့် ဖော့စ်ပရပ်ဓာတ်များ အချိုးညီပါဝင်သော “ပြည့်စုံ” ရွက်ဖျန်းအားဆေး တို့ ပါဝင်ပါသည်။
↗️ “ကြွယ်ဝ ၊ ပြည့်စုံ” ရွက်ဖျန်းအားဆေးကို စပါး၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန်ပင်များ ရှင်သန်ကြီးထွားမှုအားကောင်းပြီး သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်၍ အသီးအပွင့်များ များပြား အထွက်နှုန်းကောင်းများရရှိစေဖို့ ရောစပ်ပက်ဖျန်းပေးရန် ဖြစ်ပါသည်။
↗️ ပဲမျိုးစုံတွင် အဖူးအပွင့်ဝင်ချိန်မှစတင်ပက်ဖျန်းပေးခြင်းဖြင့် အဖူးအပွင့်များပြားခြင်း၊ ပန်းပွင့်ညီညာခြင်း၊ အစေ့အဆံပြည့်ဝ၍ သီးတောင့်အရည်အသွေး ကောင်းမွန်ခြင်းတို့အတွက် လိုအပ်သောအာဟာရဓာတ် များကို လုံလောက်စွာဖြည့်ဆည်းပေးနိုင်ပါသည်။ ထို့အပြင် ပဲမျိုးစုံသီးနှံအတွက် အပွင့်၊ အသီး၊ သီးတောင့်နှင့် အစေ့အဆံဖွံ့ဖြိုးကြီးထွားမှုကိုအားပေးပြီး အထွက်နှုန်းနှင့်အရည်အသွေးကို အမြင့်ဆုံးရရှိစေနိုင်ပါသည်။
↗️ “ကြွယ်ဝ ၊ ပြည့်စုံ” ရွက်ဖျန်းအားဆေးများကို ပဲမျိုးစုံ နှင့် သီးနှံပင်အမျိုးမျိုးအတွက် သီးနှံပင် ( ၁၅ - ၂၀) ရက်သားခန့်မှစ၍ သီးနှံ ခူးဆွတ်ရိတ်သိမ်းချိန်အထိ (၁၅)ရက်တစ်ကြိမ်ပက်ဖျန်းပေးရပါမည်။
↗️ အသုံးပြုရမည့်ဆေးနှုန်းထားမှာ ရေ(၂၀)လီတာဝင်ဆေးဖျန်းပုံးအတွက် ကြွယ်ဝဆေးရည် (၄၀-၅၀) စီစီ နှင့် ပြည့်စုံဆေးရည် (၄၀-၅၀)စီစီ နှုန်း ရောစပ်ပက်ဖျန်းပေးရပါမည်။
↗️ ဦးကြီးတို့အသုံးပြုရန် “ကြွယ်ဝ ၊ ပြည့်စုံ” ရွက်ဖျန်းအားဆေးများကို (၅၀၀)စီစီ နှင့် (၁)လီတာ ဆေးဗူးဆိုဒ်များဖြင့် ထုတ်လုပ်ထားပါသည်။
✔️ အတိတ်ကောင်းနမိတ်ကောင်းကိုဆောင်လို့ သီးနှံတွေ အထွက်နှုန်းတိုးဖို့ “ကြွယ်ဝ ပြည့်စုံ” ကို ပက်ဖျန်းကြစို့ .....
🌼စစ်မှန် ပြည့်ဝ ဝိစာရ🌼
#ရွက်ဖျန်းမြေဩဇာ #ကြွယ်ဝပြည့်စုံ #ဝိစာရ