07/06/2026
💛ချစ်ရတဲ့ အသီးချစ်သူတို့ရှင့်💛
မင်မင်ခြံ သမားတွေရဲ့အကြောင်းကို ပြောပြချင်ပါတယ်ရှင့်
💛မင်မင်တို့ခြံသမားတွေကလေ အသီးအနှံရာသီအတွက် အလုပ်လုပ်ဖို့ဆိုရင် ကိုယ်ပိုင်ခြံမရှိသူက ခြံပိုင်တွေဆီကနေ သီးစားဆိုပြီး တစ်မိုးတွင်းစာ ဝယ်ရပါတယ်ရှင့်။ အဲ့လိုဝယ်တဲ့အခါ အသီးမဖွင့်ခင်တည်းက အရွက်နဲ့အပင်ပဲကြည့်ပြီး ဈေးဖြတ်ကြပါတယ်။ အဲ့တော့ အပွင့်လှိုင်ပြီး အသီးအောင်တဲ့နှစ်ဆိုခြံသမားတွေအတွက်အဆင်ပြေပေမယ့် ခုလိုနှစ်မျိုးဆို အသီးကတော်တော်ပါးတယ်။ မင်မင်တို့ခြံက မင်းဂွတ်သီးဆိုရင် အရင်နှစ်တွေတုန်းက တစ်မိုးတွင်းကို ခြင်းအရေအတွက် ၆၀၀ ကျော်ထွက်တယ်။ ဒီနှစ်ဆိုရင် အခြင်း 50 လောက်ပဲထွက်သေးတယ်။ အပင်ပေါ်မှာ အသီးတွေက မရှိသလောက်ကိုဖြစ်နေပြီ။ဒူးရင်းဆိုလည်းပွင့်တဲ့ရာသီမှာ အပွင့်တွေခဲနေရော။ အပွင့်ချတဲ့အချိန်ကျတော့ အပွင့်မတရားချလိုက်တာ အသီးဆိုတော်တော်နည်းတယ်။ အဲ့အပြင် ရာသီဥတုကြောင့် အသီးတွေကမကြီး။ အပင်ပေါ်ကနေ တစ်လုံးတစ်သောင်းနှုန်းတဲ့ မှန်းဝယ်ထားတဲ့ခြံကအသီးတွေက တစ်လုံး ၃၀၀၀ နှုန်း အသီးအရွယ်တွေပဲသီးကြ၊မှည့်ကြတော့တယ်။ ဆိုတော့ကာ ခြံပိုင်သမားတွေအတွက်က ဝင်ငွေနည်းသွားတာပဲရှိမယ်။ သူများခြံကို တစ်မိုးတွင်းစာ (တစ်သီးစား) ဝယ်စောင့်တဲ့သူတွေက ဒီနှစ်က တော်တော် အရှုံးကြီးတဲ့နှစ်ပဲ။ ပြီးရင် ရှဉ့်၊ကြွက် စတဲ့အကောင် ပြဿနာက ရှိသေးတယ်။ ရှဉ့်တွေမတအားဖောက်တော့ အသီးတွေက အကောင်းတွေနည်း၊ရှဉ့်ဖောက်တွေများ။ ရှုံးတာပေါ့ ပက်ပက်စက်စက်ကို။
💛ဒါမယ့်လေ ကုန်သည်တွေက ခြံသမားတွေကိုဆိုတအားဈေးနှိမ်၊ စားသုံးသူကျတော့ ဈေးကြီးပေးဝယ်စားရနဲ့။ အဲ့တော့ ခြံသမားတွေက အရင်းအနှီးရသလောက် ကြံဖန်ပြန်။ ရှဉ့်ဖောက်နည်းအောင် အစိမ်းခူး။ အုပ်မှည့်။ ရင့်မမှန်တော့အရသာ မကောင်း။အာ့နဲ့ ဈေးကွက်ပျက်။ သံသရာကိုလည်ေနတာ။
💛အာ့ကြောင့် မင်မင်က ကိုယ့်ခြံက ထွက်တဲ့ အသီးတွေကို ကိုယ့်ခြံသမားရဲ့ လုပ်အားခလည်း ပိုရအောင် စားသုံးသူတွေအတွက်လဲ ပေးရတဲ့ဈေးနဲ့စားရတာ တန်အောင်ဆိုပြီး ဒီနှစ်တော့ အသီးကို ကိုယ်တိုင်ရောင်းဖို့ လုပ်လိုက်တာ။ အသီးတွေက အပင်ကနေမှည့်မှ ကြွေကျလာတဲ့ပင်ကြွေသီးစစ်စစ်ပဲရောင်းတယ်။ တစ်ချို့ အလုံးတွေဆို ပင်ကြွေပေမယ့် လေနာလို့ကြွေတာလည်းရှိတယ်။သေချာရွေးပြီး စားသမားဆီတိုက်ရိုက်ရောင်းတယ်။ ဗမာသီး၊ အရိုင်းသီးမို့လို့ အသား ထူဖို့က အာမခံလို့မရ။ အမှည့်စစ်စစ်ဖြစ်ကြောင်းသာ အာမခံတယ်။ ခုရာသီဆို ပိုဆိုး။ မိုးလည်းများပြီ။ မှိုလည်းပေါက်နေတယ်။ ဒီအချိန်က အသီး မကောင်းတဲ့အချိန်မို့လို့ အဲ့လိုအခြေအနေကို လက်ခံနိုင်ရင်တော့ ဝယ်ယူအားပေးတာ တကယ်ကျေးဇူးတင်ရပါတယ်။
🍍မင်းဂွတ်ရော၊ဒူရင်းရော၊နာနတ်ရော ဘယ်လောက်ပင်ပင်ပန်းပန်း လုပ်ရတဲ့အလုပ်လဲဆိုတာ ခြံသမားတွေကို နားလည်ပေးေစလိုပါတယ်ရှင့်။ အာ့မို့ အကြီးအသေး နည်းနည်း ကွာနေတာ ဈေးကတော့တူတူပဲလားဆိုတာမျိုးတော့ မထင်စေချင်ပါရှင့်။ စက်ရုံထုတ်မဟုတ်တာမို့ နားလည်ပေးစေလိုပါတယ်ရှင့်။
Online ကနေ ယုံယုံကြည်ကြည်နဲ့ ဝယ်ယူအားပေးတဲ့ သူများကို တကယ်ကျေးဇူးတင်ပါတယ်ရှင့်။
🍍နာနတ်သီး
လက်လီ 4000၊ 3500၊ 3000၊ 2500၊ 2000
လက်ကား 2000၊ 1500၊ 1000၊ 500
✅ဒူးရင်းသီး 20000, 18000, 15000,1000,5000
✅မင်းဂွတ်သီး
ဂေါင်1000, အကြီး 800, အလတ် 600, အသေး 300
#ကျိုက္ကော်
#ခြံထွက်သီးနှံများ
#ဒူးရင်းသီး
#မင်းဂွတ်သီး
#နာနတ်သီး
09650801272