Shifu Dim Sum Myanmar

  • Home
  • Shifu Dim Sum Myanmar

Shifu Dim Sum Myanmar Flavors of Tradition, Made Fresh.

🥟🥢 Shifu Dimsum ကို ဘယ်လိုပေါင်းစားကြမလဲဆိုတာကိုဖော်ပြပေးလိုက်တယ်နော်။Step 1 - ပထမဆုံးအနေဖြင့် အိုးတစ်အိုးထဲသို့ရေထည့်ပြ...
20/02/2025

🥟🥢 Shifu Dimsum ကို ဘယ်လိုပေါင်းစားကြမလဲဆိုတာကိုဖော်ပြပေးလိုက်တယ်နော်။

Step 1 - ပထမဆုံးအနေဖြင့် အိုးတစ်အိုးထဲသို့ရေထည့်ပြီး ဆူအောင်တည်ပါ။

Step 2 - အိုးထဲသို့ ပေါင်းခံစကာ (သို့) ဖန်ဇလုံခွက်တစ်ခွက် က်ုမှောက်ထည့်ပါ။

Step 3 - ပေါင်းခံစကာ (သို့) ဖန်ဇလုံခွက် မှောက်ထားတဲ့ အပေါ်တွင် Shifu Dimsum ဗူးကို အဖုံးဖွင့်ပြီး ထည့်၍ အိုး အဖုံးကို လုံအောင်ပိတ်ပြီး (၁၅)မိနစ် ခန့်ပေါင်းပါ။

Step 4 - ဗူးထဲတွင် ရေအနည်းငယ်ဝင်ပါက အနည်းငယ်လောင်းချ၍ Shifu Dimsum ကို အရသာရှိစွာ သုံးဆောင်နိုင်ပါသည်။

Shifu Dimsum မှာယူလိုပါက Page Messenger ကနေမှာယူနိုင်သလို ဖုန်း 09798030677 ကိုတိုက်ရိုက်ဆက်သွယ် မှာယူနိုင်ပါသည်။


🥟 Shifu Frozen Dimsum များကိုတော့ ဒီနေ့မှ စပြီး ရောင်းချပေးနေပါပြီ။  Shifu Dimsum မှရရှိသည့် Menu Item များကိုအောက်မှ ဖေ...
17/02/2025

🥟 Shifu Frozen Dimsum များကိုတော့ ဒီနေ့မှ စပြီး ရောင်းချပေးနေပါပြီ။ Shifu Dimsum မှရရှိသည့် Menu Item များကိုအောက်မှ ဖော်ပြပေးလိုက်ပါတယ်နော်။

🥢 Signature Set ဟာဆိုရင် Shifu ရဲ့ product အကုန်လုံးကို တစ်ခါတည်းစားနိုင်မည့် Set
🥢 Siumai Set ကတော့ လူတိုင်းပါးစပ်ထဲမှာစွဲကျန်စေမည့် Pork Siumai နှင့် Chicken Siumai
🥢 Seaweed Shumai Set ကတော့ Shifu ရဲ့ main signature dimsum
🥢 Shrimp Dumpling (Har Gow) Set ကတော့ ပုဇွန် နှင့် home made နိုင်လွန်ပေါင်းစပ်မှု
🥢 Seaweed Fish Roll Set မှာတော့ ရေညှိထဲမှာ ငါးအပြင် ပုဇွန်နှင့် ပေါင်းစပ်ထားသော Set
🥢 Mixed Set ကတော့ Sh*take, Sausage, ဘဲဥအငံ,ဆားဘဲဥ တို့ နှင့်အတူ အရသာများစွာ ခံစားရမည့် Set
🥢 Steamed Chicken Feet ကတော့ ကိုယ်တိုင်လုပ် Charsiew Sauce အရသာ နှင့်အတူ ကြက်ခြေထောက်ပေါင်း
🥢 Steamed Pork Rib မှာဆိုရင် အရသာရှိတဲ့ ပဲငပိနှင့်ပေါင်းစပ်မှုဆိုပြီး Set 8 မျိုး ကိုမိတ်ဆက်ပေးလိုက်ပါတယ်နော်။ Set တိုင်းမှာ အချိုမှုန့်လုံးဝ မသုံးထားတာကြောင့် ဘေးဥပါဒ် မဖြစ်စေဖို့စိတ်ချရပြီပေါ့နော်။ Set တိုင်း အကုန်လုံးက Frozen ဖြစ်ပြီး စားသုံးဖို့ဆိုရင် ရေနွေးငွေ့ဖြင့် ၁၅ မိနစ်ပေါင်းရုံဖြင့် အလွယ်တကူသုံးဆောင်နိုင်ပါသည်

စျေးနှုန်းလေးတွေကတော့
Seaweed Siumai Set, Shrimp Dumpling (Har Gow) Set, Seaweed Fish Roll Set တို့ကတော့ 17,000 Kyats

Signature Set, Siumai Set and Mixed Set တို့ကတော့ 15,000 Kyats

Steamed Chick Feet and Steamed Pork Rib တို့ကတော့ 4,000 Kyats ပဲဖြစ်ပါသည်။

Shifu Dimsum မှာယူလိုပါက Page Messenger ကနေမှာယူနိုင်သလို ဖုန်း 09798030677 ကိုတိုက်ရိုက်ဆက်သွယ် မှာယူနိုင်ပါသည်။


"🥟 Dim Sum: သမိုင်းကြောင်းနှင့် ချစ်ခြင်းမေတ္တာဖြင့် ပြင်ဆင်ထားသော အရသာ 🥢လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က၊ တရုတ်နိုင်ငံ...
04/02/2025

"🥟 Dim Sum: သမိုင်းကြောင်းနှင့် ချစ်ခြင်းမေတ္တာဖြင့် ပြင်ဆင်ထားသော အရသာ 🥢

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က၊ တရုတ်နိုင်ငံ Guangdong ဒေသရှိ လက်ဖက်ရည်ဆိုင်များတွင် ခရီးသည်များသည် လက်ဖက်ရည်သောက်ရင်း သေးငယ်သော မုန့်လေးများကို စားသုံးခဲ့ကြသည်။ ထိုမုန့်လေးများကို ‘dim sum’ (點心) ဟုခေါ်ပြီး ၎င်း၏ အဓိပ္ပာယ်မှာ ‘နှလုံးသားကို ထိတွေ့စေသည်’ ဖြစ်ပါသည်။ ထိုအစားအစာလေးများသည် စားရုံသက်သက်မဟုတ်ဘဲ သက်သောင့်သက်သာ၊ ဆက်သွယ်မှုနှင့် ဘဝ၏ ခရီးရှည်ကြီးအတွက် ခဏတာ အနားယူမှုတစ်ခုကို နှလုံးသားဖြင့် ခံစားသည်ဟု အဓိပ္ပါယ်ဖွင့်လို့ရပါသည်။

တန်မင်းမင်းဆက် (၆၁၈–၉၀၇ CE) အရောက်တွင် dim sum သည် ဧကရာဇ်နှင့် သူ့မိသားစုအတွက် သီးသန့် စားသောက်ခြင်း ဓလေ့တစ်ခုဖြစ်လာခဲ့သည်။ ထို့နောက် ချမ်းသာသော မိသားစုများအတွက် လည်း ဂုဏ်ယူဖွယ်ရာ အစားအသောက်တစ်ခုဖြစ်ပါသည်။ ထို့နောက် ပိုးလမ်းမတစ်လျှောက် အနားယူတဲ့ လမ်းတစ်လျှောကတ်တွင် လက်ဖက်ရည်ဆိုင်များမှ Dim Sum ကို သရေစာဖြင့် စတင်ရောင်းချကာ အခုချိန်ထိ နာမည်ကြီး သရေစာ အဖြစ် လူတိုင်းစားသောက်နေကြဆဲဖြစ်ပါသည်။ ကျွန်တော်တို့ ရောင်းမည့် Dim Sum တိုင်းတွင် အဓိပ္ပာယ်တစ်ခုစီ ရှိသည် အနက် တစ်ချို့ Dim Sum ရဲ့ အဓိပ္ပါယ်ကိုပါဖော်ပြပေးလိုက်ပါသည်။

* 🥟 Har Gow (Shrimp Dumbling) သည် ရွှေဒင်္ဂါးများကို ကိုယ်စားပြုပြီး ကြွယ်ဝမှုကို ရည်ညွှန်းသည်။
* 🥢Siu Mai Dim Sum သည် ရွှေရောင်အဆင်းဖြင့် ကြွယ်ဝမှုကို ကိုယ်စားပြုသည်။
* 🐓 Chicken Feet (ကြက်ခြေထောက်) သည် ကျန်းမာရေးနှင့် ရှည်လျားသော သက်တမ်းကို ရည်ညွှန်းသည်။
* 🍖 Steamed Pork Ribs (ဝက်သားနံရိုးပေါင်း) သည် စည်းလုံးမှုနှင့် မိသားစုတွင် ခိုင်မာသော ဆက်ဆံရေးကို ဖော်ပြသည်။

Shifu Dim Sum တွင် ကျွန်ုပ်တို့သည် ဤသမိုင်းကြောင်းကို လက်ဆင့်ကမ်းထားသော နည်းလမ်းများဖြင့် ပြင်ဆင်ထားပါသည်။ ကျွန်ုပ်တို့၏ Dim Sum ဖန်တီးသော chef သည် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းခဲ့သော နည်းလမ်းများဖြင့် မုန့်တစ်ခုစီကို အသေးစိတ် ဓါတုဆေးဝါးမပါဘဲ fresh ဖြစ်အောင် ပြုလုပ်ထားပါသည်။ ဘာကြောင့်လဲဆိုတော့ dim sum သည် ဗိုက်ဝဖို့အတွက်သာမဟုတ်ဘဲ ကျန်းမာခြင်း နှင့် သင့်နှလုံးသားကို အမှတ်တရများဖြင့် ဖြည့်ပေးဖို့အတွက်လည်း ဖြစ်ပါသည်။ ❤️
“အရသာထဲက ရိုးရာ ဖြင့် လတ်လတ်ဆတ်ဆတ် ပြင်ဆင်ပါတယ်” ဆိုသော စာရိုးအတိုင်း Shifu Dim Sum ဟာ မကြာခင်မှာ မိတ်ဆက်ဖို့ရှိတယ်လို့ ပြောရင်း ဒီစာလေးကို နိဂုံးချုပ်လိုက်ပါသည်။

"

🎉✨ **Happy Chinese New Year from Shifu Dim Sum!** ✨🎉  As we welcome the Year of the Snake, we wish you and your loved on...
28/01/2025

🎉✨ **Happy Chinese New Year from Shifu Dim Sum!** ✨🎉

As we welcome the Year of the Snake, we wish you and your loved ones prosperity, joy, and good fortune. 🧧🍊 May your year be filled with love, laughter, and delicious moments. 🎊🥟

🥢 Something Delicious is Steaming 🥢 🥟 Experience the art of premium handcrafted dim sum—perfectly frozen for our conveni...
23/01/2025

🥢 Something Delicious is Steaming 🥢

🥟 Experience the art of premium handcrafted dim sum—perfectly frozen for our convenience. From our hands to your table, Shifu Dim Sum is launching soon! 🥟

Address

Yae Kyaw Road

11171

Telephone

+959885153234

Website

Alerts

Be the first to know and let us send you an email when Shifu Dim Sum Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shifu Dim Sum Myanmar:

  • Want your business to be the top-listed Grocery Store?

Share