Loi’s Locals

Loi’s Locals အရည်အသွေးနှင့်အရသာကောင်းမွန်ပြီး သန့်ရှင်းလတ်ဆတ်သော ဒေသထွက်စားသောက်ကုန်အမျိုးမျိုး။

အသေးစားနှင့်အလတ်စား အိမ်တွင်းမှုလုပ်ငန်းများမှထုတ်လုပ်သည့် တောင်ပေါ်ဒေသထွက် စားသောက်ကုန်အမျိုးမျိုး။

“ပျော်ရွှင်မှုတွေကို လက်ဆင့်ကမ်းချင်တဲ့အခါ အဝါရောင်တွေကို ရှာပါနေကြာတွေကို သတိရပါ” ဆိုတဲ့  #ရွယ်ရည် ရဲ့ကဗျာစာသားလေးအတိုင...
01/12/2025

“ပျော်ရွှင်မှုတွေကို လက်ဆင့်ကမ်းချင်တဲ့အခါ
အဝါရောင်တွေကို ရှာပါ
နေကြာတွေကို သတိရပါ” ဆိုတဲ့

#ရွယ်ရည် ရဲ့ကဗျာစာသားလေးအတိုင်း Loi’s Locals ရဲ့ ချစ်ခင်ရတဲ့ ကော်ဖီချစ်သူတွေဆီကို တောင်ပေါ်ဒေသရဲ့ အဝါရောင်တောင်နေကြာတွေကတစ်ဆင့် ပျော်ရွှင်မှု နွေးထွေးမှုတွေ ကြည်လင်စွာ ဆိုက်ရောက်ပါစေကြောင်း …
💛💛💛🌻🌻🌻

’sLocals📸
#လွိုင်ကော်ဖီ #သဘာဝကော်ဖီစစ်စစ်သောက်ပါ

သက်တမ်းတလျှောက်မှာအိပ်မက်သေးသေးလေးတွေပဲ မက်ခဲ့လမ်းငယ်လေးတွေပဲ ရွေးခဲ့သီချင်းအေးအေးလေးတွေပဲ ကြိုက်ခဲ့ကမ္ဘာကို ချုံ့နိုင်သ...
25/10/2025

သက်တမ်းတလျှောက်မှာ
အိပ်မက်သေးသေးလေးတွေပဲ မက်ခဲ့
လမ်းငယ်လေးတွေပဲ ရွေးခဲ့
သီချင်းအေးအေးလေးတွေပဲ ကြိုက်ခဲ့
ကမ္ဘာကို ချုံ့နိုင်သမျှ ချုံ့ခဲ့
ဘေဘီရေ
ချစ်ခြင်းမေတ္တာတစ်ခုပဲ
စိတ်ထဲကရည်ရင်း
ကြယ်တွေဆီအထိ သွားချင်ခဲ့တယ်
မှားမိသမျှ သိပ်ကိုလှခဲ့တာပါပဲ။

#ခွန်းညိုသွေး၏ ကဗျာစာသားအားမြတ်နိုးမှုဖြင့် ပြန်လည်မျှဝေပါသည်။

’sLocals 📸
#လွိုင်ကော်ဖီ #သဘာဝကော်ဖီစစ်စစ်သောက်ပါ

ပန်းတွေမှာ ဘာသာစကားရှိရင် အသက်ကလေးပိုရှည်ဖို့ ဒီကိုကြည့်ပါ ။ ရနံ့ကြည်စွာရဖို့ ဒီကိုလာပါ ။ ချစ်စကားတွေမျှဝေတဲ့အခါ ချည်နှေ...
09/07/2025

ပန်းတွေမှာ ဘာသာစကားရှိရင် အသက်ကလေးပိုရှည်ဖို့ ဒီကိုကြည့်ပါ ။ ရနံ့ကြည်စွာရဖို့ ဒီကိုလာပါ ။
ချစ်စကားတွေမျှဝေတဲ့အခါ ချည်နှောင်ဖွဲ့ပြီး လက်ဆင့်ကမ်းပါ ။ ဒီလိုတဖွဖွ ပြောနေနိုင်တယ် ။
အချစ်ရေ ဘဝမှာပန်းတွေအများကြီး ကိုယ်ကြည့်မသွားနိုင်ဘူး ။ ဒါကြောင့် မင်းက အနားမှာနေပါ ။

#စစ်တည်နိုင်၏ကဗျာစာသားအားမြတ်နိုးမှုဖြင့်ပြန်လည်မျှဝေပါသည်။

’sLocals📸
#လွိုင်ကော်ဖီ #သဘာဝကော်ဖီစစ်စစ်သောက်ပါ

မိုးတွေသိပ်ရွာနေရင် ခဏရပ်ပြီးကြည့်ရတယ်ပျော်ရွှင်ဟန်ဆောင်တာ , လျစ်လျူရှုတာ ,ထွက်ပြေးချင်ခဲ့တာ အားလုံးရပ်ပြီးကြည့်ရတယ်သတိရ...
01/06/2025

မိုးတွေသိပ်ရွာနေရင် ခဏရပ်ပြီးကြည့်ရတယ်
ပျော်ရွှင်ဟန်ဆောင်တာ , လျစ်လျူရှုတာ ,
ထွက်ပြေးချင်ခဲ့တာ အားလုံးရပ်ပြီးကြည့်ရတယ်

သတိရတာကို ရည်ညွှန်းဖို့
စကားအများကြီး ရှာမရတဲ့အခါ
မိုးတွေရွာနေပြီလို့ ပြောမိတာပဲ

ဒီနေ့ရွာတဲ့မိုးက မနေ့ကထက် ပိုရွာတယ်
မနက်ဖြန်ရွာမယ့်မိုးကတော့ ဒီနေ့ကထက်ပိုနိုင်တယ် ။

#စစ်တည်နိုင်၏ ကဗျာစာသားအား မြတ်နိုးမှုဖြင့် ပြန်လည်မျှဝေပါသည်။

’sLocals📸
#လွိုင်ကော်ဖီ #သဘာဝကော်ဖီစစ်စစ်သောက်ပါ

အချစ်ရေပန်းတွေရဲ့ ဘာသာစကားမှာမုန်းတယ်ဆိုတာ မရှိဘူး ....ပန်းတွေရဲ့ ဘာသာစကားမှာဆဲရေးတိုင်းထွာတာ မရှိဘူး ...အငြှိုးအတေးထားတ...
24/05/2025

အချစ်ရေ
ပန်းတွေရဲ့ ဘာသာစကားမှာ
မုန်းတယ်ဆိုတာ မရှိဘူး ....

ပန်းတွေရဲ့ ဘာသာစကားမှာ
ဆဲရေးတိုင်းထွာတာ မရှိဘူး ...
အငြှိုးအတေးထားတာ မရှိဘူး ...

ကမ္ဘာဟာ
ပန်းဘာသာစကားကို
သင်ယူစရာအဖြစ် မတွေ့ရှိခဲ့တာဟာ
ဝမ်းနည်းစရာ။

#နွေအိမ်မောင်ဝင်း ၏ ကဗျာစာသားအား မြတ်နိုးမှုဖြင့် ပြန်လည်မျှဝေပါသည်။

’sLocals📸
#လွိုင်ကော်ဖီ #သဘာဝကော်ဖီစစ်စစ်သောက်ပါ

နှစ်ကာလတွေကတော့ ခံနိုင်ရည်ရယ်၊ အနာတရတွေကို သိုဝှက်ကုစားနိုင်ခြင်းတွေကို ပေးခဲ့တာပါပဲ။ ပန်းတွေ မပွင့်တော့လည်း စိမ်းစိမ်းစ...
12/04/2025

နှစ်ကာလတွေကတော့ ခံနိုင်ရည်ရယ်၊ အနာတရတွေကို သိုဝှက်ကုစားနိုင်ခြင်းတွေကို ပေးခဲ့တာပါပဲ။
ပန်းတွေ မပွင့်တော့လည်း စိမ်းစိမ်းစိုတဲ့ မြက်ခင်းတွေ ကိုယ်တို့ မြင်တွေ့နိုင်သေးတာပါပဲ။
ဒီလိုနဲ့ ခံနိုင်ရည်ကို တဖြေးဖြေးတိုးရင်း အနာတရတွေ အမာရွတ်ဖြစ်ချိန်ကို စောင့်ရင်း စိမ်းစိုတဲ့ မြက်ခင်းပြင်မှာ တိမ်ပြာပြာတွေငေးရင်း လာမယ့် နှစ်ကာလတွေကို ကျော်လွှားကြမှာပေါ့

၏ ကဗျာစာသားအားမြတ်နိုးမှုဖြင့်ပြန်လည်မျှဝေပါသည်။

’sLocals 📸
#လွိုင်ကော်ဖီ

အချိန်အကြာကြီးအထိ အတူတူရှိနေနိုင်တာဟာ ကံကြမ္မာမဟုတ်ဘူး။ ချစ်ခြင်းမေတ္တာပဲ။ တစ်ယောက်ဟာ တစ်ယောက်ရဲ့ အမိုးအကာ။ အနှစ်သာရပဲ။က...
14/02/2025

အချိန်အကြာကြီးအထိ အတူတူရှိနေနိုင်တာဟာ ကံကြမ္မာမဟုတ်ဘူး။ ချစ်ခြင်းမေတ္တာပဲ။ တစ်ယောက်ဟာ တစ်ယောက်ရဲ့ အမိုးအကာ။ အနှစ်သာရပဲ။
ကံကောင်းတဲ့လူတစ်ယောက်ဆိုတာထက် ကံဆိုးတာတွေကို ခံနိုင်မယ့် ဂါထာပဲ။ ရင်ထဲမှာရှိရင် အဲ့ဒီစကားကို အခုထုတ်ပြောလိုက်တာ လူသားချင်း စာနာတာပဲ။
ပန်းတွေအများကြီးပွင့်နေတဲ့ လမ်းကြားလှလှလေးပဲ တစ်ချို့လူတွေရဲ့ ဖြစ်တည်မှုက။ ပျော်ရွှင်ခြင်းကဒ်လေးပဲ။ ဘယ်နေရာရောက်ရောက် အပြေးပြန်လာချင်တဲ့ အိမ်နွေးနွေးလေးပဲကွယ့် အချစ်ကလေးရဲ့။

#အလ်နီ ၏ကဗျာစာသားအားမြတ်နိုးမှုဖြင့် ပြန်လည်မျှဝေပါသည်။

’sLocals 📸

စာအုပ်တွေ အနည်းငယ်ယုံကြည်မှုအနည်းငယ်မိတ်ဆွေအနည်းငယ်ပြီးတော့ ချစ်ခြင်းမေတ္တာ အနည်းငယ်ဆိုရင်ကမ္ဘာဟာ လုံလောက်ပါပြီ ဘေဘီရေမလ...
07/02/2025

စာအုပ်တွေ အနည်းငယ်
ယုံကြည်မှုအနည်းငယ်
မိတ်ဆွေအနည်းငယ်
ပြီးတော့ ချစ်ခြင်းမေတ္တာ အနည်းငယ်ဆိုရင်
ကမ္ဘာဟာ လုံလောက်ပါပြီ ဘေဘီရေ
မလိုအပ်ဘဲ ပြုံးပြရတာ လေထုညစ်ညမ်းပါတယ်။

#ခွန်းညိုသွေး ၏ #နှလုံးသားဓာတ်စာ ကဗျာစာသားအား မြတ်နိုးမှုဖြင့်ပြန်လည်မျှဝေပါသည်။

’sLocals📸
#လွိုင်ကော်ဖီ #သဘာဝကော်ဖီစစ်စစ်သောက်ပါ

ပြတင်းတံခါးလေး ဖွင့်ရမယ်။စာမျက်နှာတွေ ဖွင့်ရမယ်။စိတ်ကလေး လင်းပွင့်ဖို့။နွေးမြကြည်သာမှုဆီ ခရီးဆန့်ဖို့။  book shop page မ...
02/02/2025

ပြတင်းတံခါးလေး ဖွင့်ရမယ်။
စာမျက်နှာတွေ ဖွင့်ရမယ်။

စိတ်ကလေး လင်းပွင့်ဖို့။
နွေးမြကြည်သာမှုဆီ ခရီးဆန့်ဖို့။

book shop page မှ စာသားအားမြတ်နိုးမှုဖြင့်ပြန်လည်မျှဝေပါသည်။

’sLocals📸
#လွိုင်ကော်ဖီ #သဘာဝကော်ဖီစစ်စစ်သောက်ပါ

သူ့အမှိုက် ကိုယ့်အမှိုက်အပြန်အလှန် သွန်ချနေတဲ့ ခေတ်ထဲအတိတ်၊ ပစ္စုပန်၊ အနာဂါတ် ကာလသုံးပါးဆပ်ပြာပူဖောင်းလေးလို ဖျတ်ကနဲ ပျေ...
22/01/2025

သူ့အမှိုက် ကိုယ့်အမှိုက်
အပြန်အလှန် သွန်ချနေတဲ့ ခေတ်ထဲ
အတိတ်၊ ပစ္စုပန်၊ အနာဂါတ်
ကာလသုံးပါး
ဆပ်ပြာပူဖောင်းလေးလို
ဖျတ်ကနဲ ပျောက်ကွယ်မသွားခင်
အချစ်ရေ______________________
ချစ်ခြင်းမေတ္တာတွေသာ သွန်ချပါ။ ။

page မှ ကဗျာစာသားအား မြတ်နိုးမှုဖြင့်ပြန်လည်မျှဝေပါသည်။

’sLocals📸
#လွိုင်ကော်ဖီ #သဘာဝကော်ဖီစစ်စစ်သောက်ပါ

တစ်ရစ်ပြီးတစ်ရစ် ဆွဲဖြုတ်ခံရသလိုတစ်လွှာပြီးတစ်လွှာ ခွာချခံရသလိုတစ်ချိန်ထက်တစ်ချိန် ပိုပိုသေးငယ်သွားသလိုသင်ယူရခြင်းဟာ နာက...
18/01/2025

တစ်ရစ်ပြီးတစ်ရစ် ဆွဲဖြုတ်ခံရသလို
တစ်လွှာပြီးတစ်လွှာ ခွာချခံရသလို
တစ်ချိန်ထက်တစ်ချိန် ပိုပိုသေးငယ်သွားသလို

သင်ယူရခြင်းဟာ နာကျင်စေတယ်
မငိုပါနဲ့။

#အိုင်းဒီး၏ကဗျာစာသားအား မြတ်နိုးမှုဖြင့် ပြန်လည်မျှဝေပါသည်။

’sLocals📸
#လွိုင်ကော်ဖီ #သဘာဝကော်ဖီစစ်စစ်သောက်ပါ

Address

Yangon

Telephone

+959444925093

Website

Alerts

Be the first to know and let us send you an email when Loi’s Locals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share