KO SAI

KO SAI Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KO SAI, Grocers, Taungdwingyi.

06/10/2024

မောနင်း ကလေး ...
အိပ်ယာထ နောက်ကျတဲ့
ရက်တွေ မဟုတ်ဘူးကလေးရဲ့
နောက်ကျမှ ပို့ဖြစ်တဲ့
Message လေးပါ ။
ဒီအချိန်ဆို
အိပ်နေလောက်ဦးမှာ ဆိုတဲ့
အတွေးနဲ့
အလိုက်သိပေးခဲ့တဲ့ မနက်ပေါ့
မနေ့က
အဲ့ဒီကလေးက
ညနက်နေတာတောင်
အိပ်လို့ မရသေးပဲလေ
ခေါင်းကော ကြည်ရဲ့လား ကလေးရဲ့
နေလို့ကော အဆင်ပြေရဲ့လား
ကော်ဖီတွေက စျေးတက်ကုန်ပြီလို့ ညည်းပြီး
​ကော်ဖီခါးခါးတစ်ခွက်ကို
သေချာပေါက် သောက်ဦးမယ့် ကလေးပါပဲ
သာယာတဲ့ မနက်ခင်းလေး ဖြစ်ပါစေဆိုတဲ့
ဆု့လေး
မင်း အတွက် ​ပြည့်ပါစေ။

#ကျေးကို

06/10/2024

ကိုယ် ချစ်ရတဲ့ လူတွေရဲ့
မျက်နှာတွေကို ငေးပြီး
မျက်လုံးလေး ညှိုးနေရင်
ဘာအဆင်မပြေတာများ ရှိလို့လဲ
ငါ ရှိနေတယ်နော် ဆိုတဲ့
စကားလေး အမြဲ သုံးခဲ့တာ ...
ဒီနေ့ ဒီရက်မှာတော့
ကိုယ်ရှိနေတယ်နော် ဆိုပြီး
အားပေးနှစ်သိမ့်မယ့်
စကားလုံးလေး
ကိုယ်လိုနေပါတယ် ။

#ကျေးကို

23/04/2024

ကြွေကျလို့ မြေခသည်ပဲ ဖြစ်စေ
မကြွေခင်မှာ ဝေဆာသည်ပဲဖြစ်စေ။

အောက်ကပဲ ကောက်ကောက်
အပင်မြင့်ကပဲ ခူးခူး

တန်ဖိုးထားတတ်တဲ့ လူနဲ့တွေ့ရင်
ဘယ် ပန်းမဆို မွှေးပါတယ်။ ။

#နေမင်းခ..🖤🍂

Photo Crd.

မလှည့်ဖြစ်ဖို့ %များသွားပီ
23/11/2023

မလှည့်ဖြစ်ဖို့ %များသွားပီ

တချို့အရပ်တွေကို
ကျွန်တော်တို့ ဘယ်တော့မှ ခြေဦးလှည့်ဖြစ်တော့မှာ မဟုတ်ဘူး ။

အချိန်အကြာကြီး ရပ်ခဲ့သလောက် ကိုယ့်ဖက် ပြန်ငဲ့ကြည့်ဖို့ မေ့နေတဲ့ အရပ်တွေကို ပြန်ငေးကြည့်လို့လဲ ပြန်လွမ်းစရာရယ်လို့ လောက်လောက်လားလားမှ ရှိမနေတော့တာ ။

ကိုယ့်ဖက်က တတ်နိုင်တာထက် ကိုယ်ပေးခဲ့သလောက်
ကိုယ့်အတွက်ရယ်ဆိုပြီး
ဘာ တုန့်ပြန်မှုမှ ရှိမနေခဲ့တာ ။

အချိန်တွေက လွန်သွားခဲ့ပြီးပါပြီ
အတိတ်တွေကို ကျွန်တော်တို့ ပြန်ပြင်လို့ရမနေတော့ဘူး

ဒါပေမယ့် ...

ရှေ့ဆက်မယ့် အနာဂတ်တွေမှာတော့
ကျွန်တော်တို့က ဆင်ခြင်လို့ ရတယ် မဟုတ်လား ။

လွမ်းလောက်စရာ မရှိပါဘူးဆိုတဲ့
စကားကို သုံးပြီး

ဘယ်တော့မှ ခြေဦးလှည့်ဖြစ်တော့မှာမဟုတ်တဲ့
အရပ်တွေဟာ
ကျွန်တော်တို့အတွက် ရှိတတ်ပါတယ် ။

အဲ့ဒီအရပ်က
နောင်တရယ်
နာကျင်စရာရယ်
သင်ခန်းစာတွေရယ် လုံလောက်တာထက် ပို ပေးတယ် ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

တကယ်တမ်းကျ စိတ်ကူးနဲ့ လက်တွေ့ဆိုတာ ရေနဲ့ဆီလိုပါပဲ တခြားစီပါ စိတ်ကူးယဥ်ဆန်ဆန် စိတ်ကူးလို့ရတယ် (သို့) လက်တွေ့စီစဥ်တဲ့အချိန...
23/11/2023

တကယ်တမ်းကျ စိတ်ကူးနဲ့ လက်တွေ့ဆိုတာ ရေနဲ့ဆီလိုပါပဲ တခြားစီပါ စိတ်ကူးယဥ်ဆန်ဆန် စိတ်ကူးလို့ရတယ် (သို့) လက်တွေ့စီစဥ်တဲ့အချိန်မှာ တခုခုတော့လွဲစမြဲပါပဲ 😅😅😅
( မှတ်ချက် - ကျနော်ကတော့ စိတ်ကူးနဲ့လက်တွေ့မှာ အမြဲတမ်းလွဲနေခဲ့တဲ့လူပါ )

26/06/2023

အလိုလိုက်ပါများရင် ...

အစပိုင်းနှစ်တွေမှာ ... တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုတွေနဲ့ ဆက်ဆံရေးလေးတစ်ခုက အရမ်းကို ပျော်ဖို့ ကောင်းခဲ့တယ် ... အဆင်မပြေလို့နော်ဆိုတဲ့ စကားတွေ ပြောစရာမလိုပဲ ... တစ်ယောက်ကိုတစ်ယောက် နားလည်ခဲ့ကြတာ ။ အဲ့ဒီ ဘ၀လေးမှာလေး သိပ်ပျော်ခဲ့တာပဲ ။ ပြီးတော့ သူက ငါ့ကိုသိပ်ချစ်တာပဲဆိုတဲ့ ခံစားချက်တွေနဲ့ ဘယ်တော့မှ ဝေးကြမှာ မဟုတ်ဘူးဆိုပြီး ယုံကြည်ချက်တွေနဲ့ အချစ်က အေးမြလွန်းလှတယ် ...

အဲ့ဒီအချိန်တွေမှာ ကိုယ်က ပိုချစ်ပြလိုက်ဖို့ တွေးခဲ့တယ် အရင်ကထက် အလိုက်တွေသိပြီး အရင်ကထက် အလိုတွေ လိုက်ရင် ဒီထက်ပိုချစ်လာမယ်လို့ ထင်ခဲ့တာ ...ဒီထက်ပိုပြီးတော့ နီးလာလိမ့်မယ်လို့တွေးခဲ့တာ ... ကိုယ့်အတွေးနဲ့ကိုယ် အများကြီး အလိုလိုက်မိသွားတယ် ထင်တယ် ... ဖုန်းတွေ မအားရင် အလုပ်များနေတာနေမှာပါလို့ ဖြည့်တွေးရင်း ဖြည့်တွေးရင်းက ကိုယ့်အတွက် အချိန်တွေက တဖြေးဖြေးရှားလာခဲ့တယ် ။ အဆင်မပြေတာတွေ ကြုံလာတဲ့အခါ ကိုယ့်စိတ်နဲ့ဆို သူ့ကို အရာရာ ပြောခဲ့ပေမယ့် သူကျတော့ တစ်ယောက်တည်းအေးဆေးနေပါရစေဆိုတဲ့ စကားမှာ အလိုက်သိပေးခဲ့မိတယ် ။ တဖြေးဖြေးချင်း အဆင်မပြေတာတွေ များလာမယ်မှန်း ဘယ်ထင်ပါ့မလဲ ...

အချိန်မရွေး ဆက်လို့ရတဲ့ဖုန်းတွေ တဖြေးဖြေးချင်း သူခေါ်မှ ကိုင်ရတဲ့ အခြေအနေတွေအဖြစ် ပြောင်းလာသလို ဘယ်လောက်ပဲ စိတ်ပူနေ စိတ်ပူနေ ဘယ်အရာကိုမှ အကြောင်းပြချက် ပေးစရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ တစ်ခါတစ်လေ ကိုယ်က ဘယ်နေရာမှန်းမသိ ဖြစ်လာတယ် ။ Balance ညီခဲ့တဲ့ ချိန်ခွင်လေးက တဖြေးဖြေးချင်း ကိုယ့်ဖက်ကို စောင်းမှန်းမသိ စောင်းလာခဲ့တာ တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာခဲ့တယ် ။

အရင်ကဆိုလေ ... အိပ်မက်ဆိုးတွေမက်လို့ဆိုပြီး ဆက်လို့ရတဲ့ ဖုန်းလေးက Good Night ပြောဖို့တောင် ပျက်ကွက်လာတာ ကြာရောပေါ့ ... အရင်ကဆိုလေ ဒီနေ့လေ ဘာလုပ်တယ် ဘာဖြစ်သေးတယ်ဆိုပြီး ပြောတတ်တဲ့ message တွေက ပျောက်လို့ပေါ့ ... လွမ်းလို့ဆိုပြီး အရဲစွန့်ပြီး ဆက်ခဲ့မိတဲ့ ဖုန်းကိုတောင် ဒေါသတွေ ထွက်တတ်လာတဲ့အထိ ဘယ်အရာတွေကများ ပြောင်းလဲသွားစေခဲ့သလဲ တွေးမိတဲ့အခါ ကိုယ်ပဲ မှားခဲ့တာဆိုတဲ့ အဖြေတွေပဲ ရတယ် ။

အဆင်မပြေလို့ပါ ... တစ်ယောက်တည်း နေချင်လို့ပါဆိုတဲ့ စကားတွေနဲ့ နွေးထွေးခဲ့ဖူးတဲ့ ဆက်ဆံရေးက တစ်နေ့ထက်တစ်နေ့ ပိုအေးလာပြီး တစ်နေ့နီးကြမယ်ဆိုတဲ့ မျှော်လင့်ချက်တွေက တဖြေးဖြေး ပိုဝေးလာခဲ့ပါပြီ ... အလိုလိုက်ပါများရင် ဒီလိုပဲ တစ်ဖက်ကတည်းက ချစ်နေရတဲ့ ပုံစံမျိုး ဖြစ်သွားတတ်သလား ဒါမှမဟုတ် ငါ မင်းကို ဘယ်လောက်ချစ်တာဆိုပြီး ပြောခွင့်မရတော့တဲ့အခြေအနေတွေအထိ ဂရုစိုက်ဖို့ မေ့သွားတတ်သလား ...ပိုချစ်လာမယ်အထင်နဲ့ ပိုချစ်ပြခဲ့တာ ... အပြန်အလှန်လေး ရှိမယ်အထင်နဲ့ ဘယ်အရာကိုမဆို နားလည်ပေးခဲ့မိတာ ။ အရင်ကထက် ပိုနီးလာမယ်အထင်နဲ့ အများကြီး အလိုလိုက်ခဲ့တာပါ ...

ကိုယ့်အတွေးတွေဟာ ... ကိုယ်တို့ ဝေးရလောက်တဲ့အထိ မှားသွားခဲ့တယ် ... မင်းကို အလိုလိုက်တာ များသွားခဲ့တယ် ။

#ကျေးကို

26/06/2023

ဖုန်းတစ်လုံးကို
Blacklist လုပ်ထားရင်
နောက်တစ်လုံးနဲ့ ခေါ်လို့ရမှန်း
ကိုယ်သိတာပေါ့ ...

ဒါပေမယ့်
ကိုယ်နဲ့ မပြောချင်လို့
တမင်တကာ ရှောင်နေတဲ့
လူတစ်ယောက်ကို
မရမက ဆက်သွယ်တော့ကော
ဘာရမယ် ထင်လို့လဲ ...

ကိုယ်မှန်းသိရင်
နောက်ထပ် ဖုန်းနံပါတ်တစ်လုံးကို
Blacklist လုပ်လိုက်တာပဲ
အဖတ်တင်မှာပါ ...

ကိုယ်ဖြစ်နေလို့
မအားတဲ့ ဖုန်းလေးကို
အလွှတ်ရနေတဲ့ အတိုင်းပဲ ထားလိုက်ပါတယ် ...

မနှောင့်ယှက်ဖြစ်တော့ပါဘူး ။

#ကျေးကို

Address

Taungdwingyi
100200

Telephone

+959781034762

Website

Alerts

Be the first to know and let us send you an email when KO SAI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KO SAI:

Share

Category