Nyo Chaw Online Shop

Nyo Chaw Online Shop Online Shop

27/05/2024

အရွယ်ရောက်လာတော့
တောင်းတဲ့ဆုက တစ်ခုတိုးလာတယ်။
"ရောက်လေရာမှာ စိတ်သဘောထားပြည့်ဝပြီး
အမှန်ကို အမှန်၊ အမှားကိုအမှား ခွဲခြားသိမြင်ပြီး
မျှမျှတတတွေးတတ် ပြုမူတတ်တဲ့ လူတွေနဲ့သာ
တွေ့ဆုံရပါလို၏" ပေါ့။
ဆုပဲတောင်းရတာမဟုတ်ဘူး ကိုယ်တိုင်လည်း
အဲ့လိုဖြစ်အောင် အမြဲသတိကပ် ကြိုးစားနေထိုင်ရတယ်။

14/05/2024

❝ အရေးအကြီးဆုံးက စာဖတ်ပါ ❞

(၁) ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။
ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ
ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။

(၂) ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ။
ဘယ်နေရာရောက်ရောက် ရိုးသားပါ။
ဘာလုပ်လုပ် ရိုးသားပါ။
ဘာပြောပြော ရ်ိုးသားပါ။
ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ။
ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့
ရိုးသားမှုမရှိလျှင် လူဟာ တန်ဖိုးမရှိပါဘူး။
ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့
ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ။

(၃) ဘာမှမသ်ိရင် အောက်ကျို့ရတယ်။
ဒါကြောင့် သိအောင် လေ့လာပါ။
ဘာမှမရှိရင် မျက်နှာငယ်ရတယ်။
ဒါကြောင့် ရှိအောင် ကြိုးစားပါ။ငွေရှာပါ။ပိုက်ဆံစုပါ။
ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ
မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။

(၄) တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်။
ဒါပေမဲ့ အဲဒီအထဲမှာ ကိုယ်ကျင့်တရားမပါစေနဲ့။
ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့။
မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်
မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက
ပိုများပါတယ်။

(၅) လိုအပ်နေမှန်းသိရင် တစ်ချို့က
ထွက်သွားချင်တယ်။
လွယ်လွယ်နဲ့ရရင်တန်ဖိုးမထားကြတော့ဘူး။
ဒါကြောင့် အများကြီးဖက်တွယ်မနေပါနဲ့။
တချို့က အများကြီးချစ်တာနဲ့ လုံးဝမတန်ပါဘူး။

(၆) တစ်ခါတလေမှာ
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။
လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့
တချို့အရာတွေက ကိုယ်ထင်ထားသလောက်
အရေးမကြီးမှန်း အရေးမပါမှန်းသိလာပါလိမ့်မယ်။

(၇) ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ
ကိုယ်ကိုယ်တိုင် ရှာယူရတာပါ။

10/05/2024

ချစ်တဲ့မျက်စိနဲ့ကြည့်ရင် ဘယ်လိုနေနေ
ချစ်ဖို့ကောင်းပါတယ်။ ဟုတ်တယ်။

သူ့ဘာသာ အပြင်အဆင်မတတ်လို့
အဝတ်အစားကို ပုံစံတကျမဝတ်တတ်လို့
မျက်နှာမှာ ဝက်ခြံတွေထွက်နေလို့..
အဆီဖုတွေရှိနေလို့ ဘယ်လိုပဲဖြစ်ဖြစ်
ချစ်တဲ့သူကတော့ ချစ်နေမှာပဲ။ ❤

ဒူးတွေ တံတောင်ဆစ်နေရာတွေမည်းနေလို့..
အကြောပြတ်ရာတွေရှိနေလို့ ..ဝလို့
ခန္ဓာကိုယ်အချိုးအစားက ပုံမကျလို့
ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းမကျနေလို့
ဘယ်လိုတွေပဲဖြစ်နေပါစေကွာ..
ချစ်တဲ့သူကတော့ မင်းကိုချစ်နေမှာပဲ။ ❤

တကယ်တော့ မင်းရဲ့ဖြစ်တည်မှုတွေ
အားနည်းချက်တွေ မပြည့်စုံမှု‌တွေက
အရေးမကြီးပါဘူး။ မင်းကိုချစ်တဲ့သူက
မင်းကို ဘယ်လိုမျက်စိနဲ့ကြည့်ပေးလဲဆိုတာကပဲ
တကယ့်တကယ် အရေးကြီးတယ်။
အဲ့တော့ ကိုယ့်ရဲ့ဖြစ်တည်မှုကို
အားမလိုအားမရဖြစ်မနေဘဲ ယုံကြည်မှုရှိရှိနဲ့
အရှိကိုအရှိတိုင်း‌လေးပဲနေကြည့်။

တခြားသူရဲ့မျက်စိထဲမှာ
ကိုယ်တကယ်ချစ်ဖို့ကောင်းနေဖို့ဆိုတာကလည်း
ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်ကိုယ်တိုင်က
အရှိတိုင်း အရင်လက်ခံဖို့လိုတယ် ..
အဲ့လိုမျိုးကမှ တကယ်ချစ်ဖို့ကောင်းတာ ..။

Address

WunDwin
Wundwin

Alerts

Be the first to know and let us send you an email when Nyo Chaw Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category