04/09/2023
ဘူဖေးကို ၁၃၉၀၀ ကျပ်တည်းနဲ့ စားမယ် 🤤🤤🤤
ချစ်တို့ရေ ချမ်းမြေ့ Pay Day တုန်းက BBQ လေးသွားစားခဲ့တာ Review လေးပြောပြမယ်နော်...
ဆိုင်လေးကတော့ Willys Korea BBQ ဆိုတဲ့ဆိုင်လေးပါ 🥰🥰🥰
ချမ်းမြေ့စားခဲ့တာ buffet ကိုမှ 13900 ကျပ်တည်းရယ် ရန်ကုန်မှာ အတန်ဆုံး ဘူဖေးဆိုင်လို့တောင်ပြောလို့ရတယ် အသားလေးတွေကတော့ နည်းနည်းပေါ့တယ် အရသာမနယ်ထားတော့လေ ဒါပေမယ့် side dish တွေလည်း ရမ်းဆုံတယ်ဆိုတော့ အဆင်ပြေတယ်လို့တော့ပြောလို့ရတယ်ပေါ့နော် 🥰 သူက အချိန် ၁ နာရီခွဲရတယ် အဲ့အချိန်တွင်းအကြိုက်စားပဲ 🥰
Willys Korea BBQ Fb Link
https://www.facebook.com/willysfamily
ချမ်းမြေ့တွက်တော့ 7 out of 10 ပါ မစားကြည့်ဖူးတဲ့ သူတွေ သွား Try ကြည့်ကြနော် 🥰
ချမ်းမြေ့ကတော့ ကောင်လေးနဲ့သွားတာမို့ ကောင်လေးကင်ပေးတာ အဝကြိတ်ခဲ့တယ် စင်ဂယ်လေးတွေသွားစားမယ်ဆိုရင်တော့ ကွကိုကင်ပေါ့ ဘယ်တတ်နိုင်မလဲနော့် 🤭🤭
အစားအသောက် ပုံလေးတွေတင်ပြီး ဘယ်ဆိုင်ကဘယ်လို ကောင်းတယ်ဆိုတဲ့ Blog လေးတွေ အားပေးကြပါအုံး...