ဆေးအိမ်ကြီးဆေးဆိုင် နှင့် လူသုံးကုန်စတိုး

  • Home
  • Myanmar
  • Yangon
  • ဆေးအိမ်ကြီးဆေးဆိုင် နှင့် လူသုံးကုန်စတိုး

ဆေးအိမ်ကြီးဆေးဆိုင် နှင့် လူသုံးကုန်စတိုး "စစ်မှန်ခြင်းရဲ့အရသာ ဆေးအိမ်ကြီးကို သတိရပါ"
ဆေးနှင့် လူသုံးကုန်ပစ္စည်းများကို ☎️ 09 78888 9328 ☎️ 09 89000 9328 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျ

Pharmacy and medical health

ကျောက်ကပ်ကိုထိခိုက်စေသော အလေ့အထ(10)မျိုး1️⃣အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ သောက်ခြင်း          အကိုက်အခဲပျောက်ဆေးတွေက ...
23/07/2026

ကျောက်ကပ်ကိုထိခိုက်စေသော အလေ့အထ(10)မျိုး

1️⃣အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ သောက်ခြင်း

အကိုက်အခဲပျောက်ဆေးတွေက ကိုက်တာ၊ နာတာတွေကို သက်သာစေနိုင်ပေမယ့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောဂါ ရှိသူတွေမှာ ပိုဆိုးပါတယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေး သောက်တဲ့အကျင့်ရှိရင် တတ်နိုင်သမျှ လျှော့ချပါ။ ပြီးတော့ သောက်ရမယ့်ပမာဏထက် ဘယ်တော့မှ ပိုမသောက်ပါနဲ့။

2️⃣ဆား အသုံးများခြင်း

ဆားပါဝင်မှုများတဲ့ အစားအစာတွေက သွေးတိုးစေပြီး ကျောက်ကပ်ကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ဆားအစား ဆေးဖက်ဝင်အပင်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ သုံးပါ။ အချိန်ကြာလာတာနဲ့အမျှ ဆားလျှော့သုံးတဲ့အကျင့် ရလာပါလိမ့်မယ်။

3️⃣အသင့်ပြုလုပ်ထားသော အစားအစာများ စားခြင်း

အသင့်ပြုလုပ်ထားတဲ့ အစားအစာတွေမှာ ဆိုဒီယမ်နဲ့ ဖော့စ်ဖရပ်ပါဝင်မှု မြင့်မားပါတယ်။ ကျောက်ကပ်ရောဂါရှိတဲ့လူ အများအပြားက ဖော့စ်ဖရပ်ဓာတ်ကို ကန့်သတ်ပြီး စားဖို့လိုပါတယ်။ အသင့်ပြုလုပ်တဲ့ အစားအစာတွေမှာ ပါဝင်တဲ့ ဖော့စ်ဖရပ်စားသုံးမှု များပါက ကျောက်ကပ်ရောဂါ မရှိိသူတွေမှာလည်း ကျောက်ကပ်နဲ့ အရိုးထိခိုက်နိုင်ချေ များပါတယ်

4️⃣ရေ လုံလောက်စွာ မသောက်ခြင်း

ရေဓာတ် ပြည့်ဝခြင်းက ခန္ဓာကိုယ်တွင်းရှိ ဆိုဒီယမ်နဲ့ အဆိပ်ဓာတ်တွေကို ကျောက်ကပ်ကနေ ဖယ်ရှားတဲ့နေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ရေများများ သောက်ခြင်းက ကျောက်ကပ် ကျောက်မတည်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်ပြဿနာ ရှိသူတွေ၊ ကျောက်ကပ် ပျက်စီးနေသူတွေမှာ အရည်သောက်တဲ့ပမာဏကို ကန့်သတ်ထားဖို့ လိုပေမယ့် လူအများစုအတွက် တစ်နေ့ကို 1.5 - 2 လီတာလောက် ရေသောက်ဖို့ လိုပါတယ်။

5️⃣ အိပ်ရေးပျက်ခြင်း

ညဘက် ကောင်းကောင်း အိပ်ပျော်ခြင်းက တစ်ကိုယ်လုံး ကျန်းမာရေးကို ကောင်းမွန်စေသလို ကျောက်ကပ် ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေကို အိပ်စက်ခြင်း-နိုးထခြင်း စည်းချက်တွေက ထိန်းချုပ်ပေးထားပါတယ်။။ ဒါက ကျောက်ကပ်ကို အလုပ်တွေ မပိစေဖို့အတွက် ထိန်းညှိပေးပါတယ်။

6️⃣အသား အလွန်အကျွံ စားသုံးခြင်း

တိရစ္ဆာန်ကရတဲ့ အသားဓာတ်က သွေးတွင်းမှာ အက်ဆစ်ဓာတ်ကို မြင့်တက်စေပြီး ကျောက်ကပ်ကိုလည်း အန္တရာယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်က အက်ဆစ်တွေကို မြန်သင့်သလောက် မြန်မြန်မဖယ်ရှားနိုင်တဲ့ အခြေအနေဖြစ်တဲ့ acidosis ဆိုတဲ့ အခြေအနေကို ဖြစ်စေပါတယ်။ ကြီးထွားဖို့၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပြုပြင်ဖို့၊ ထိန်းသိမ်းဖို့အတွက် အသားဓာတ် လိုတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ အသားတွေကို မျှတအောင်စားဖို့ လိုပါတယ်။


7️⃣သကြားဓာတ်များသော အစားအစာများ အလွန်အကျွံစားခြင်း

သကြားက အဝလွန်ခြင်းကိုဖြစ်စေပြီး အဝလွန်ခြင်းက ကျောက်ကပ်ရောဂါ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းနှစ်မျိုးဖြစ်တဲ့ သွေးတိုးနဲ့ ဆီးချိုရောဂါကို ဖြစ်စေပါတယ်။ မချိုဘူးလို့ထင်တဲ့ အစားအစာတွေမှာတောင် သကြားပါ,ပါတယ်။ ဒါကြောင့် ပြုပြင်ထားတဲ့ သကြားတွေပါတဲ့ ပေါင်မုန့်ဖြူတွေ၊ အသင့်လုပ်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ အစားအစာတွေ ဝယ်တဲ့အခါမှာလည်း ဘာတွေပါလဲဆိုတာ သေချာဖတ်ပြီး ဝယ်ပါ။ သကြား ပါဝင်မှုများတာတွေကို ရှောင်ပါ။

8️⃣ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာက အဆုတ်နဲ့ နှလုံးအတွက် မကောင်းဘူး ဆိုတာကတော့ သိပြီးသားဖြစ်မှာပါ။ ကျောက်ကပ်အတွက်လည်း မကောင်းဘူးဆိုတာကိုတော့ အသိနည်းကြမယ် ထင်ပါတယ်။ ဆေးလိပ်သောက်သူတွေရဲ့ ဆီးထဲမှာ အသားဓာတ်ပါဝင်မှု ပိုများပြီး ဒါက ကျောက်ကပ်ပျက်စီးတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

9️⃣အရက် အလွန်အကျွံ သောက်ခြင်း

အရက်ကို အမြဲအလွန်အကျွံသောက်ခြင်း (တစ်နေ့ကို လေးခွက်ထက် ပိုသောက်ခြင်း) က နာတာရှည် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို 2 ဆ မြင့်တက်စေပါတယ်။ အရက်လည်း အရမ်းသောက်၊ ဆေးလိပ်လည်း သောက်သူတွေက ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ အလွန်ပိုများပါတယ်။ ဆေးလိပ်မသောက်သူ (သို့) အရက် အလွန်အကျွံ မသောက်သူတွေနဲ့ယှဉ်ရင် ဆေးလိပ်သောက်တဲ့ အရက်အလွန်အကျွံ သောက်သူတွေက နာတာရှည် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ 5 ဆ ပိုများပါတယ်။

🔟အထိုင်များခြင်း

အချိန်အကြာကြီး ထိုင်တာကလည်း ကျောက်ကပ်ရောဂါနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု များခြင်းက ကျောက်ကပ်ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တွေဖြစ်တဲ့ သွေးပေါင်ချိန်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်း ဂလူးကို့စ်ဖြစ်စဉ်ကိုလည်း ကောင်းမွန်စေပါတယ်။

ကျန်းမာရေးဗဟုသုတများရရှိစေရန် ဆေးအိမ်ကြီးဆေးဆိုင် မှတဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်

; မူရင်း‌ေရးသားသူDr. Mya Myo Myo Swe (www.drmyanmar)အား
လေးစားလျက်
Crd

22/07/2026

🌱 ကျန်းမာရေးကို ဂရုစိုက်ချင်သူတိုင်းအတွက် အကောင်းဆုံး Superfood 💚

🌱 Fiber ကြွယ်ဝ • Omega-3 ပါဝင် • အားပြည့်စေတယ်•ဝိတ်ကျစေတယ်
•အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာစေတယ်။
•နှလုံးကျန်းမာရေးအတွက် အရမ်းကောင်းသော😍
•အရိုးနဲ့သွားတွေကို သန်မာစေတယ်
•ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဝမ်းမှန်စေတယ်
•ရေဓာတ်ပြည့်ဝစေပြီး skin လေးတွေ glowစေမယ့် chia seeds☺️

smoothie / yogurt / juice ထဲ ထည့်ပြီး သောက်လို့ရပါတယ် ✨

တနေ့ကို ၃/၄ခွက်ထက် ပိုမသောက်သင့်တဲ့ ရေနွေးကြမ်းရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း..................ရေနွေးကြမ်းက မြ...
16/07/2026

တနေ့ကို ၃/၄ခွက်ထက် ပိုမသောက်သင့်တဲ့ ရေနွေးကြမ်း

ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း..................

ရေနွေးကြမ်းက မြန်မာလူမျိုး တော်တော်များများ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလေ့ရှိတဲ့ သောက်စရာ တစ်ခုပါ။ ဧည့်သည် လာလာ၊ နေ့ခင်း အပျင်းပြေ တစ်ခုခု စားရင်းဖြစ်ဖြစ်၊ မိသားစု စကားဝိုင်းဖွဲ့ကြတဲ့အခါမှာဖြစ်ဖြစ် ရေနွေးကြမ်းကို သောက်လေ့ရှိပါတယ်။

ဒီတစ်ခေါက်တော့ ရေနွေးကြမ်း အများကြီး သောက်တာက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း
ရေနွေးကြမ်းသောက်တာက အသားအရေကစလို့ ခန္ဓာကိုယ်ကို နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတယ်ဆိုတာကို တော်တော်များများ သိထားပြီး ဖြစ်မှာပါ။

ဒီလို ကျန်းမာရေးအတွက် အကျိုးများတဲ့ ရေနွေးကြမ်းကို ⚠️လိုတာထက် ပိုသောက်မယ်ဆိုရင်တော့⚠️ကျန်းမာရေးအပေါ်မှာ အခုလို သက်ရောက်မှုလေးတွေ ရှိလာနိုင်ပါတယ်။

✅နှလုံးခုန် မြန်စေမယ်။

ရေနွေးကြမ်းက ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်တို့ထက် ကဖင်း ပါဝင်မှု နည်းတယ်ဆိုပေမယ့် အလွန်အကျွံ သောက်သုံးမိမယ်ဆိုရင်တော့ နှလုံးခုန် မြန်တာကို ခံစားရနိုင်သလို သွေးတိုးတာကိုပါ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေက နှလုံးရောဂါ အခံရှိသူတွေမှာ အန္တရာယ်များတဲ့ အခြေအနေ တစ်ရပ်ပါ။

ဒါ​ကြောင့် သွေးတိုးရောဂါရှိမယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါ ရှိမယ်။ နှလုံးရောဂါ တစ်ခုခုကို ခံစားနေရမယ်ဆိုရင် အများကြီး မသောက်တာက အကောင်းဆုံးပါ။

✅စိတ်ဖိစီးစေမယ်။ စိုးရိမ်စိတ် များစေမယ်။

ရေနွေးကြမ်း တစ်ခွက်လောက် သောက်တာက စိတ်ဖိစီးမှုကို ပြေလျော့စေတယ်ဆိုပေမယ့် တစ်နေ့ကို ရေနွေးကြမ်း ၂ အိုးလောက် ကုန်အောင် သောက်သုံးတာကတော့ စိတ်ဖိစီးမှု ပိုများစေပြီး စိုးရိမ်ပူပန်စိတ်တွေ ပိုခံစားရစေနိုင်ပါတယ်။

အကြောင်းကတော့ သွေးကြောထဲမှာ ကဖင်းဓာတ် လွန်ကဲတာက အက်ဒရီနယ် ဂလင်းတွေကို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ norepinephrine၊ adrenaline နဲ့ cortisol ဟော်မုန်းတွေ ပိုမို ထွက်ရှိစေတာကြောင့်ပါ။

✅သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းမယ်။

ရေနွေးကြမ်း အများကြီး သောက်သုံးတာက ခန္ဓာကိုယ်ရဲ့ အစားအစာတွေမှာပါတဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတား ဖြစ်စေပြီး သွေးနီဥဆဲလ် ဖြစ်ပေါ်မှု နည်းပြီး မလုံလောက်မှုကြောင့် သွေးအားနည်းရောဂါ ဖြစ်စေနိုင်ပါတယ်။

အစားစားပြီးချိန်မှာ ရေနွေးကြမ်း သောက်တာက အူနံရံတွေက သံဓာတ် မစုပ်ယူနိုင်အောင် ဖြစ်စေတာကြောင့် သွေးအားနည်းစေနိုင်ပါတယ်။ သံဓာတ် ချို့တဲ့မှုကြောင့် သွေးအားနည်းတဲ့အခါ ညီးစီစီ ဖြစ်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသားအရောင် ဖျော့တော့တာ၊ ခြေဖျားလက်ဖျားတွေအေးတာ၊ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာ၊ ရင်ဘတ်အောင့်တာ၊ နှလုံးခုန် မြန်တာတွေ ခံစားရနိုင်ပါတယ်။

✅ဝမ်းပျက်ဝမ်းလျှော ဖြစ်မယ်။

ရေနွေးကြမ်း အလွန်အကျွံ သောက်သုံးတဲ့အခါ ကိုယ်ထဲမှာ tannins လို့ခေါ်တဲ့ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေ များတာကြောင့် ခံတွင်းခြောက်တာ၊ အော့အန်တာ၊ ဗိုက်အောင့်တာ၊ မအီမသာ ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ကဖင်းမှာ ဝမ်းပျော့စေတဲ့ အာနိသင်ရှိတာကြောင့် အလွန်အကျွံ သောက်မိတဲ့အခါ ဝမ်းပျက်ဝမ်းလျှောတာမျိုး ခံစားရနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကြောင့် ကိုယ်တွင်းက ရေဓာတ် ဆုံးရှုံးမှုက ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။

✅အိပ်မပျော်တာမျိုး ဖြစ်မယ်။

ကဖင်း လွန်ကဲမှုက အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ရေနွေး​ကြမ်း သောက်မိတာက ဆီးခဏခဏ ထသွားရစေနိုင်တာကြောင့် အိပ်ရေးပျက်စေနိုင်ပါတယ်။

ကဖင်းကလည်း အိပ်စက်မှုကို ထိခိုက်စေနိုင်ပြီး နေ့စဉ် လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။

✅အသည်း ထိခိုက်စေမယ်။
ရေနွေးကြမ်းက အလွန်အကျွံသောက်သုံးမယ်ဆိုရင် အသည်းထိခိုက်တာ၊ အသည်းရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ အသည်းမှာ ကဖင်းတွေ စုပုံလာတာက အသည်းကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် တစ်နေ့တာမှာ ရေနွေးကြမ်း ၄ ခွက် ထက် ပိုမသောက်သင့်ပါဘူး။

✅အရိုး ထိခိုက်စေမယ်။
ရေနွေးကြမ်း အလွန်အကျွံသောက်တာက အရိုးပွတာ၊ အရိုးကျိုးလွယ်တာတွေ ခံစားရစေနိုင်ပါတယ်။ အကြောင်းကတော့ ရေနွေးကြမ်းမှာပါတဲ့ ဒြပ်ပေါင်းတွေက ကယ်လ်ဆီယမ် စုပ်ယူမှုကို ဟန့်တားနေတာကြောင့်ပါ။

♦️♦️♦️တစ်နေ့တာမှာ ရေနွေးကြမ်း ၄ ခွက် ထက် ပိုသောက်မယ်ဆိုရင် အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း အခုလိုမျိုး ထိခိုက်မှုတွေ ရှိစေနိုင်တာကြောင့် သတိထား သောက်သုံးစေချင်ပါတယ်။
ရေနွေးကြမ်းကို ကျန်းမာရေး အထောက်အကူပြုစေပြီး ကျန်းမာရေးကို ထိခိုက်မှု မရှိစေဖို့ဆိုရင် တစ်နေ့ကို ရေနွေးကြမ်း ၃ ခွက် အများဆုံး ၄ ခွက်အထိ ပဲ သောက်သင့်ပါတယ်။

ရောဂါအခံ တစ်ခုခုရှိမယ်ဆိုရင်တော့ တစ်နေ့ကို ၁ ခွက် ဒါမှမဟုတ် ၂ ခွက်လောက်ပဲ သောက်သုံးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ကတော့ တစ်နေ့ကို ၂ ခွက်ပဲ သောက်သင့်ပါတယ်။

ကျန်းမာရေးဗဟုသုတများ ရရှိစေရန်
ဆေးအိမ်ကြီးဆေးဆိုင် မှတဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်

; မူရင်း‌ေရးသားသူအား လေးစားလျက်
Crd

ဖျားနာနေချိန်မှာ ဘာတွေသောက်ရပြီး ဘာတွေ ရှောင်ရမလဲဖျားနေချိန်မှာ စားတာ သောက်တာ တော်တော်လေး သတိထားရပါတယ်။ကိုယ်စားသောက်တဲ့ ...
08/07/2026

ဖျားနာနေချိန်မှာ ဘာတွေသောက်ရပြီး
ဘာတွေ ရှောင်ရမလဲ

ဖျားနေချိန်မှာ စားတာ သောက်တာ တော်တော်လေး သတိထားရပါတယ်။

ကိုယ်စားသောက်တဲ့ အစားအစာ၊ သောက်စရာတွေဆီကနေ အာဟာရတွေ ရနေသလို အခန့်မသင့်ရင် ကိုယ့်ရဲ့ ဖျားနာမှုတွေကို ပိုဆိုးစေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ ၊ ဘာတွေ ရှောင်သင့်လဲဆိုတာ သိထားသင့်ပါတယ်။

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

⚠️ဖျားနာနေချိန်နဲ့ ရေဓာတ်

ဖျားတဲ့အခါ ခန္ဓာကိုယ်က နည်းအမျိုးမျိုးနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်ပါတယ်။ ဥပမာ

ဖျားတဲ့အခါ အပူချိန်တက်တာကြောင့် အရေပြားနဲ့ အသက်ရှူလမ်းကြောင်းကနေ ရေငွေ့ပျံ ဆုံးရှုံးတာ
‌ချွေးထွက်တာ
အန်တာ၊ ဝမ်းလျှောတာ
အစားအသောက်ပျက်ပြီး အစာနဲ့ ရေ ဝင်တာနည်းသွားတာ စတဲ့ အကြောင်းအရာတွေကြောင့် ခန္ဓာကိုယ်က ရေဓာတ်ကို ပိုပြီး ဆုံးရှုံးရပါတယ်။

တကယ်က ဖျားနာနေချိန်ဆို အပေါ်က အကြောင်းရင်းတွေနဲ့ ရေဓာတ်ပိုဆုံးရှုံးနေတာကြောင့် နေကောင်းချိန်ထက်တောင်မှ ရေဓာတ်ဖြည့်ပေးဖို့ လိုပါတယ်။

ရေဓာတ်ပြည့်ဝမှ ခန္ဓာကိုယ်က သွေးလည်ပတ်မှုကောင်းသလို ခုခံအားစနစ်အပါအဝင် ကိုယ်တွင်းက အင်္ဂါရပ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်တာကြောင့် ဖျားနာတာ မြန်မြန်သက်သာပါလိမ့်မယ်။

✅✅ဒါကြောင့် ဖျားတဲ့အချိန်ဆို ရေပိုသောက်ဖို့ လိုပါတယ်။ တစ်နေ့ကို ရေ၈ဖန်ခွက်အပြင် ခန္ဓာကိုယ်က လိုရင် လိုသလို ပိုသောက်ဖို့ လိုပါတယ်။

ရေဓာတ်ချို့တဲ့အခါ

ဆီးသွားနည်းတာ
ဆီးအရောင်ရင့်တာ
အာခြောက်တာ
ကိုယ်အပူရှိန်တက်တာ
ရေဆာတာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။
ဒီလက္ခဏာတွေ ရှိနေပြီဆိုရင် ကိုယ်ရေသောက်တာ မလုံလောက်သေးဘူး။ ထပ်သောက်ဖို့ လိုတယ်ဆိုတဲ့ သဘောပါပဲ။ ဖျားနာနေချိန်မှာ ရေဓာတ်ပြည့်ဝဖို့ ရေပဲ သောက်ရမှာတော့ မဟုတ်ပါဘူး။ ရေအပြင် တခြားသောက်လို့ရတာတွေလည်း ရှိပါသေးတယ်။

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

✅ရိုးရိုးရေ

ဘာသောက်ရမှန်း မသိရင် ရိုးရိုးရေသာ သောက်ပါ။ အလုပ်ရှုပ်သက်သာသလို ကုန်ကျစရိတ်လည်း နည်းပါတယ်။ သတိထားရမှာက ရေက ရေကောင်းရေသန့်ဖြစ်ရပါမယ်။ မဟုတ်ရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပါလိမ့်မယ်။ ဒီတော့ ရေကို ကျိုချက်ပြီးသောက်ပါ။ ဒါမှမဟုတ် ရေသန့်သောက်ပါ။

✅ဓာတ်ဆားအားဖြည့်အချိုရည်

ဓာတ်ဆားအားဖြည့်အချိုရည်ကလည်း ရေသောက်ရတာ ရိုးနေလို့ မသောက်ချင်သူတွေအတွက် နောက်ထပ်ရွေးစရာတစ်ခုပါ။ ခံတွင်းလည်း ပျက်နေလို့ အစားလည်း သိပ်မဝင်ဘူးဆိုရင် ဂလူးကို့စ်နဲ့ electrolytesတွေ ပါဝင်တဲ့ ဓာတ်ဆားအားဖြည့်အချိုရည် သောက်နိုင်ပါတယ်။

✅အုန်းရည်

ဒါကလည်း ပိုတက်ဆီယမ် ကြွယ်ဝတဲ့သောက်စရာတစ်ခုပါ။ အထူးသဖြင့်တော့ ဖျားပြီး ဝမ်းလျှောနေချိန်ဆို သင့်တော်ပါတယ်။

ရေပဲ သောက်ဆိုရင် အရသာ မရှိတဲ့အတွက် များများသောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ရေထဲကို သံပုရာသီးစိတ်လေးတွေ၊ ပူဒီနံလေးတွေ ထည့်ပြီး သောက်ချင်စဖွယ်ဖြစ်အောင် ဖန်တီးလို့ ရပါတယ်။ ဒါကိုပဲ infused waterလို့ ခေါ်တာပါ။

✅စွပ်ပြုတ်

ဖျားတဲ့အချိန် လူတိုင်းသောက်ကြတဲ့ သောက်စရာတစ်မျိုးပါ။ စွပ်ပြုတ်က ရေဓာတ်ရတယ်ဆိုပေမယ့် ဒီနေရာမှာ အကြံပေးချင်တာက အသားကိုပါ စားပါ။ ဥပမာ ကြက်စွပ်ပြုတ်ဆို စွပ်ပြုတ်အရည်ရော ကြက်သားရောစားပါ။ ဒါမှ အာဟာရလည်းပြည့်၊ ရေဓာတ်လည်း ပြည့်မှာပါ။

✅နွားနို့

နေမကောင်းရင် နွားနို့ မသောက်ရဘူးဆိုတာ မဟုတ်ပါဘူး။ နွားနို့က ချွဲထတယ်ဆိုတာလည်း မဟုတ်ပါဘူး။ နွားနို့က အာဟာရပြည့်ဝတဲ့ အရည်ဖြစ်တာကြောင့် ဖျားနာနေချိန်နဲ့ အင်မတန်မှ သင့်တော်ပါတယ်။ သွေးတွင်းအဆီဓာတ်များသူ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ရှိသူတွေကတော့ အဆီထုတ်ထားတဲ့ နို့ကို သောက်နိုင်ပါတယ်။ နို့သောက်တဲ့အခါ သန့်ရှင်းမှုနဲ့ ပွက်ပွက်ဆူအောင် ကျိုဖို့ လိုပါတယ်။ မဟုတ်ရင် ဝမ်းလျှောတတ်ပါတယ်။

⚠️⚠️⚠️ဖျားနာနေချိန် ဘာတွေ မသောက်သင့်ဘူးလဲ

အဓိကကတော့ ကိုယ်သောက်တဲ့ ဆေးနဲ့ ဓာတ်ပြုနိုင်တာတွေ၊ အာဟာရမရှိတာတွေ၊ ခုခံအားစနစ်ကို ဝန်ပိစေတဲ့ အရည်တွေကို ရှောင်သင့်ပါတယ်။ ဥပမာ

❌အရက်၊ ဘီယာ
အရက်၊ ဘီယာသောက်လိုက်ရင် ကိုယ်ထဲမှာ နွေးသွားတယ်ဆိုပေမယ့် ဒါက အဖျားကျသွားတာတော့ မဟုတ်ပါဘူး။ အရက်သောက်လိုက်တာကြောင့် အသည်းက အလုပ်ပိုလုပ်ရတဲ့အပြင် ခေါင်းကိုက်တာလည်း ခံစားရနိုင်ပါတယ်။ ဖျားလို့ သောက်ရတဲ့ ဆေးတွေနဲ့လည်း ဓာတ်ပြုနိုင်ပါတယ်။

ကော်ဖီ၊ လက်ဖက်ရည်

❌ကဖင်းပါဝင်တဲ့ ဒီလို‌သောက်စရာက လူကို လန်းစေတာကြောင့် အိပ်စက်အနားယူမှုကို အ‌နှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ရင်တုန်စေပါတယ်။ အလွန်အကျွံ သောက်မယ်ဆိုရင် ခန္ဓာကိုယ်ကို ရေဓာတ်ဆုံးရှုံးစေပါတယ်။ ဆေးတွေရဲ့ စုပ်ယူမှုကိုလည်း တားဆီးနိုင်ပါတယ်။

❌ရေနွေးကြမ်း
ပုံမှန်ဆိုရင် ရေနွေးကြမ်းက ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် နေမကောင်းနေချိန်တော့ ခဏနားထားပါ။ ဆေးတွေ (အထူးသဖြင့် အားဆေး)ရဲ့ စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်နိုင်တာကြောင့်ပါ။

❌အားဖြည့်အချိုရည်
အားဖြည့်အချိုရည်ဆိုပေမယ့် ဖျားနေချိန်မှာ ထူးထွေပြီး အားရှိစေမှာတော့ မဟုတ်ပါဘူး။ ဗီတာမင်တွေ ပါတယ်ဆိုပေမယ့် ကဖင်းက ပြဿနာပါ။ လူကို လန်းစေတာကြောင့် အိပ်မပျော်တာ၊ ရင်တုန်တာတွေ ဖြစ်နိုင်သလို အာဟာရဓာတ်လည်း မယ်မယ်ရရ မပါဝင်ပါ။ ပါတဲ့ ဗီတာမင်တွေ ဆိုတာကလည်း နေ့စဉ်စားတဲ့ အစားအစာတွေကနေ ရနိုင်တာကြောင့် ဗီတာမင်လိုချင်ရုံသက်သက်နဲ့တော့ သောက်စရာမလိုပါ။

❌အချိုရည်
ဂတ်စ်ပါတဲ့ အချိုရည်၊ အအေးတွေက သကြားဓာတ်တွေများပြီး အာဟာရဓာတ်မယ်မယ်ရရ မပါဝင်တာကြောင့် ဖျားနေတဲ့သူအတွက် ကောင်းကျိုးမရှိပါ။ ဒါကြောင့် ရှောင်ထားတာ ကောင်းပါတယ်။

ဖျားနေချိန်မှာ ရေဓာတ်ဖြည့်ဖို့ လိုအပ်တယ်ဆိုပေပမယ့် ကိုယ်သောက်တာက ကျန်းမာရေးကိုမထိခိုက်စေတာမျိုး ဖြစ်ဖို့တော့ လိုပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့အပြင် ကျန်းမာရေးကို အထောက်အကူပြုတဲ့ သောက်စရာကို‌ ရွေးချယ်မှသာ အဖျားဝေဒနာကနေ မြန်မြန်သက်သာလာမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီး ဆေးဆိုင်မှ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်

; မူရင်း‌ေရးသားသူအား လေးစားလျက်
Crd

08/07/2026

မုယောစပါးလေး ပြန်ရောက်ပါပြီခင်ဗျာ

ကုန်ကျစရိတ်သက်သာပြီး ကိုယ်ခန္ဓာ တကယ် အဆီကျတယ်ဆိုယုံမလား ??

စျေးသင့်ပြီး တစ်ကယ်အဆီ လက်တွေ့ ကျတဲ့သဘာဝ မုယောစပါး အဆီကျ​ရေနွေးကြမ်းကိုသောက်ပြီး အဆီချရအောင်ပါ

အနံ့လေးကလဲ မုယောစပါးအနံ့သင်းသင်းလေးနဲ့ ဆိုတော့စိတ်ကိုကြည်လင်စေပြီး တစ်နေကုန် လန်းဆန်းစေကာ အနံအရသာ ကောင်းလွန်းလို မုယောစပါး အဆီကျ ရေနွေး ကြမ်းလေးက သင့်ရဲ့ လက်စွဲတော် ဖြစ်လာမှာ အသေအချာပါပဲ

မုယောစပါး ရေနွေးကြမ်းသောက်သုံးခြင်းဖြင့်ရရှိနိုင်သောကျန်းမာရေးကောင်းကျိုးများကတော့ ..

♦သွေးတိုး ၊ ဆီးချို သွေးချို သွေးအားနည်းရောဂါ ကင်ဆာရောဂါနှင့်ဆီးကြိတ်ရောဂါများကို ကာကွယ်နိုင်ပါသည်။

♦အစာအိမ်အူလမ်းကြောင်းကိုကောင်းမွန်စေခြင်း၊အစာကြေအားကောင်းမွန်စေခြင်း၊ခံတွင်းအနံကိုကောင်းမွန်စေပြီး သွားဖုံးသွေးထွက်ခြင်းကိုသက်သာနိုင်ပါသည်။

♦အဝလွန်သူများအတွက်အဆီကျပိန်စေခြင်း၊သွေတွင်းအဆီများသူအတွက် သွေးတွင်းအဆီကျစေခြင်း၊သွေးလည်ပတ်အားကောင်းမွန်စေပြီး ရေနွေးကြမ်း ကဲ့သို အလွယ်တကူ ခဏခဏသောက်သုံးပေးနိုင်ပါသည်။

♦ကိုယ်ခန္ဓာအတွင်းအပူကျစေခြင်း၊ပင်ပန်းနွမ်းနယ်မူကိုလျော့ကျစေ ပြီးစိတ်ကိုကြည်လင်လန်းဆန်းစေခြင်း၊အိုမင်းရင့်ရော်မူကိုကာကွယ်ပေးခြင်း၊မျက်စိအားကောင်းမွန်စေခြင်း ဝမ်းကောင်းစေခြင်း စသောအကျိုးကျေးဇူးများကိုလည်းရရှိနိုင်ပါသည်။

♦သဘာဝမုယောစပါးရေနွေးကြမ်းသည်

သံဃာတော်အရှင်သူမြတ်များ၊ရဟန်းသံဃာတော်များ၊သီလရှင်ယောဂီများနှင့်ဥပုသ်သီလဆောက်တည်ကြသူများအတွက်လည်း သောက်သုံးရန်အထူးသင့်‌ေလျာ်ပါသည်။

သောက်သုံးရန်အညွန်း >>>>

ရေနွေးတစ်ခွက်စာ သို့မဟုတ် ရေနွေးကြမ်း တစ်အိုးစာ အတွက် မုယောစပါးကို ထမင်းစားဇွန်းတစ်ဇွန်းခန့် သို့မဟုတ် မိမိလိုအပ်သလောက် ထည့်ကာ ရေနွေးဆူဆူ
ထည့်၍ နှစ်မိနှစ်မှ သုံးမိနှစ်ခန့် စိမ်ထားပြီးပါက အရသာရှိသော သဘာဝမုယောစပါးရေနွေးကြမ်းကို အသင့်သောက်သုံးနိုင်ပါသည်။

ရေနွေးဖြူထပ်လောင်းဖြည့်ပြီးနှစ်ကြိမ်မှ သုံးကြိမ်ထိလဲ သောက်သုံးနိုင်ပြီး
လူမျိုးဘာသာမရွေး ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါသည်။

မုယောစပါး အဆီကျဆေးတစ်ဘူး - 13000 ကျပ်

♦️♦️♦️ဆေးမှာယူရရှိနိုင်သော ဆိုင်လိပ်စာ

အမှတ် (၈၅/၈၆) ၊ အခန်း (၁၈)မြေညီထပ် ဘုရင့်နောင်လမ်းမပေါ် ၊ Silver Moon Hotel မျက်နှာချင်းဆိုင် ရွာမကွေ့မှတ်တိုင်အနီး (၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်း။

Phone & Viber , Page Messenger, Telegram -

☎09 89000 9328 ph&Viber ☎09 78888 9328 ph

တို့မှ ဆက်သွယ် မှာယူလို့ရသလို အိမ်အရောက် ပို့ပေးဆိုလည်း ပို့ပေးပါတယ်ဗျ Ninja Van Myanmar ရောက်တဲ့ ဘယ်မြို့မဆို လိပ်စာ ဖုန်း အပြည့်အစုံ ပေးထားရင် အိမ်ရောက်မှ ငွေချေလို့ရပါတယ်ခင်ဗျာ။

30/06/2026
ဆီးချိုသမားတွေနဲ့ အထူးသင့်တော်တဲ့ မက်မွန်သီးမက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများအနံ့လေးမွှေးပြီး အရ...
16/06/2026

ဆီးချိုသမားတွေနဲ့ အထူးသင့်တော်တဲ့ မက်မွန်သီး
မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

အနံ့လေးမွှေးပြီး အရောင်အသွေးက ပြောစရာမရှိအောင် ချစ်ဖို့ကောင်းတဲ့ မက်မွန်သီးလေးက အဆင်းလှရုံတင်မဟုတ်ဘဲ အချင်းနဲ့ပါပြည့်စုံပါတယ်။ မက်မွန်သီးလေးက

✅ဆီးချိုသမားတွေနဲ့ သင့်တော်တယ်

လေ့လာမှုတွေအရ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

မက်မွန်သီးစားတာက အမျိုးအစား ၁ ဆီးချိုသမားတွေမှာရော အမျိုးအစား ၂ ဆီးချိုသမာတွေမှာပါ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ပမာဏကို တိုးစေနိုင်ပါတယ်။

✅ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ အာဟာရကြွယ်ဝတဲ့ မက်မွန်သီး

မက်မွန်သီးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အခြားအကျိုးပြုဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

✅အစာခြေစနစ်ကျန်းမာစေနိုင်တယ်

မက်မွန်သီးမှာ အမျှင်ဓာတ်ပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး အစာတွေကို ကြေညက်စေနိုင်သလို အူနံရံကို အာဟာရဓာတ်တွေ စုပ်ယူနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဝမ်းမမှန်တာနဲ့ အစာခြေစနစ် ပြဿနာတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ အူမကြီးကို ကျန်းမာစေနိုင်တဲ့ သစ်သီးလေးတစ်မျိုးပေါ့။

✅နှလုံးကျန်းမာစေနိုင်တယ်

တစ်နေ့ကို မက်မွန်သီးတစ်လုံးစားပေးတာက နှလုံးကျန်းမာရေးကို စောင့်ရှောက်နေတာပါပဲ။ မက်မွန်သီးမှာ နှလုံးကျန်းမာစေတဲ့ ဓာတ်တွေများစွာပါဝင်နေပါတယ်။

မက်မွန်သီးက နှလုံးရောဂါခံစားရနိုင်ခြေကိုတင် နည်းစေတာမဟုတ်ပါဘူး။ သွေးတိုးနဲ့ သွေးတွင်းကိုလက်စထရော မြင့်တက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

သွေးတိုးနဲ့ သွေးတွင်းကိုလက်စထရောကျပြီး နှလုံးကျန်းမာချင်တယ်ဆိုရင်တော့ မက်မွန်သီးလေးက အဆင်ပြေစေမှာပါ။

✅အသားအရေကို ကျန်းမာစေနိုင်တယ်

မက်မွန်သီးက အရေပြားကို ကျန်းမာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ မက်မွန်သီးမှာပါတဲ့ ဒြပ်ပေါင်းက အရေပြားကို အစိုဓာတ်ထိန်းပေးပြီး အသားအရေကို တင်းရင်းစေနိုင်သလို အရေပြားပြဿနာကင်းပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေပါတယ်။ အသားအရေကို ခရမ်းလွန်ရောင်ခြည် ကြောင့် ပျက်စီးမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

✅ကင်ဆာကာကွယ်ပေးတယ်

မက်မွန်သီးကလည်း အခြားအသီးတွေလိုပဲ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဒြပ်ပေါင်းများစွာပါဝင်နေသလို ကင်ဆာတိုက်ဖျက်နိုင် တဲ့ ပရိုတင်းလည်း ပါဝင်နေပါတယ်။

မက်မွန်သီးရဲ့ အသားလွှာမှာ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ကာရိုတီးနွိုက် နဲ့ caffeic အက်ဆစ်တို့ပါဝင်နေပါတယ်။ လေ့လာမှုတစ်ရပ်အရ လေဒီလေးတွေအနေနဲ့
✨တစ်နေ့ကို မက်မွန်သီး ၂ လုံးပုံမှန်စားပေးတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၄၁ ရာခိုင်နှုန်းအထိလျော့ကျစေနိုင်ပါတယ်တဲ့။

✅ဓာတ်မတည့်မှုကို သက်သာလျော့ပါးစေနိုင်တယ်

ခန္ဓာကိုယ်က ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ ထိတွေ့တဲ့အခါ ဓာတ်မတည့်မှုကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က histamines လို့ခေါ်တဲ့ ဓာတုပစ္စည်းကို ထုတ်လွှတ်ပါတယ်။ ဒီလိုထုတ်လွှတ်ခုခံတဲ့အခါ ခန္ဓာကိုယ်က နှာချေတာ၊ ယားယံတာနဲ့ ချောင်းဆိုးတာလိုမျိုး ဓာတ်မတည့်မှုလက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။

လေ့လာမှုတွေအရကတော့ မက်မွန်သီးက ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဓာတ်မတည့်ဖြစ်တတ်သူလေးတွေအနေနဲ့ မက်မွန်သီးက စားပေးသင့်တဲ့ အသီးတစ်မျိုးပေါ့။

✅အနာကျက်စေနိုင်တယ်

နူးညံ့ပြီး စားကောင်းတဲ့ မက်မွန်သီးမှာ ဗီတာမင် C က ၁၅ ရာခိုင်နှုန်းပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေနိုင်သလို အနာတွေကိုလည်း မြန်မြန်ကျက်စေနိုင်ပါတယ်။ ဆဲလ်တွေထိခိုက် ပျက်စီးမှုမရှိအောင် ကာကွယ်ပေး ပါတယ်။

✅အမြင်အာရုံ ကောင်းစေနိုင်တယ်

မက်မွန်သီးမှာ ဘီတာကယ်ရိုတင်းလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ မက်မွန်သီးကို စားလိုက်တဲ့အခါ ဒီဓာတ်က ခန္ဓာကိုယ်အတွင်းမှာ ဗီတာမင် A အဖြစ်ပြောင်းလဲပြီး အမြင်အာရုံကျန်းမာစေဖို့ အထောက်အပံ့ပေးပါတယ်။ မက်မွန်သီးက အမြင်အာရုံတင်မဟုတ်ဘဲ ကိုယ်ခံအားစနစ်အပါအဝင် ခန္ဓာကိုယ်ကို အများကြီး အထောက်အပံ့ပေးပါတယ်။

⚠️⚠️⚠️ဘာတွေ သတိထားရမလဲ
မက်မွန်သီးက ကျန်းမာရေးအတွက် ကောင်းတာမှန်ပေမယ့် အလွန်အကျွံ မစားဖို့တော့ လိုပါမယ်။❌❌❌

⚠️⚠️⚠️ဘယ်သူတွေ မစားသင့်ဘူးလဲ
ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန် သောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။

ကျန်းမာရေး ဗဟုသုတရစေရန် ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး မှ တဆင့် ပြန်လည်မျှဝေပေးတာဖြစ်ပြီး ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော ဆေးဖက်ဝင် ကမ်းဇော်ဆီနှင့် တခြားဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

မူရင်းရေးသားသူအား လေးစားစွာ crd ပေးပါတယ်ခင်ဗျာ

Address

No 85/86 Room (18), Ground Floor, Bayint Naung Road( Near YwarMa Gway Bus Station) 2 Quarter Hlaing Township Ph/09 89000 9328
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959788889328

Website

Alerts

Be the first to know and let us send you an email when ဆေးအိမ်ကြီးဆေးဆိုင် နှင့် လူသုံးကုန်စတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဆေးအိမ်ကြီးဆေးဆိုင် နှင့် လူသုံးကုန်စတိုး:

Shortcuts

Share