Thaysayepaw from Myanmar

Thaysayepaw from Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thaysayepaw from Myanmar, Yangon.

14/12/2024

🎄Merry Chrismas 🎄

Singer: Saw Lkiah Wah
Lyrics: Gari
Composer: Day Naw Naw
Band: Magic Strings
Mixing: Bomalit

“𝚆𝚎𝚕𝚌𝚘𝚖𝚎, 𝙳𝚎𝚌𝚎𝚖𝚋𝚎𝚛! 𝚆𝚒𝚜𝚑𝚒𝚗𝚐 𝚢𝚘𝚞 𝚊 𝚠𝚘𝚗𝚍𝚎𝚛𝚏𝚞𝚕 𝚖𝚘𝚗𝚝𝚑 𝚏𝚒𝚕𝚕𝚎𝚍 𝚠𝚒𝚝𝚑 𝚕𝚘𝚟𝚎 𝚊𝚗𝚍 𝚑𝚊𝚙𝚙𝚒𝚗𝚎𝚜𝚜.”
01/12/2022

“𝚆𝚎𝚕𝚌𝚘𝚖𝚎, 𝙳𝚎𝚌𝚎𝚖𝚋𝚎𝚛! 𝚆𝚒𝚜𝚑𝚒𝚗𝚐 𝚢𝚘𝚞 𝚊 𝚠𝚘𝚗𝚍𝚎𝚛𝚏𝚞𝚕 𝚖𝚘𝚗𝚝𝚑 𝚏𝚒𝚕𝚕𝚎𝚍 𝚠𝚒𝚝𝚑 𝚕𝚘𝚟𝚎 𝚊𝚗𝚍 𝚑𝚊𝚙𝚙𝚒𝚗𝚎𝚜𝚜.”

There are approximately 10,000 three-leaf clovers for every “lucky” four-leaf clover. ... The leaves of four-leaf clover...
11/10/2021

There are approximately 10,000 three-leaf clovers for every “lucky” four-leaf clover. ... The leaves of four-leaf clovers are said to stand for faith, hope, love, and luck. It's often said that Ireland is home to more four-leaf clovers than any other place, giving meaning to the phrase “the luck of the Irish.”

https://sctlandtrust.org
Mar 17, 2020

🍀Clover leaves နဲ့ မှိုနတိုပင် ဆင်တယ်နော် တူတယ်ရော ထင်ကြလား?🍀တချို့ကလည်း ရေပေါ်ပေါက်တာက မှိုနတိုပင် (အရွက်ဝိုင်းလေးတွေ)က...
12/08/2021

🍀Clover leaves နဲ့ မှိုနတိုပင် ဆင်တယ်နော် တူတယ်ရော ထင်ကြလား?
🍀တချို့ကလည်း ရေပေါ်ပေါက်တာက မှိုနတိုပင် (အရွက်ဝိုင်းလေးတွေ)
ကုန်းပေါ်ပေါက်တာဆိုရင် clover 🍀 တဲ့( အသည်းပုံရွက်ကလေးတွေ)
🍀 Clover ကလည်းစားလို့ရတယ်တဲ့နော်

မှိုနတို၏ ဆေးဖက်၀င် အသုံးများ

မှိုနတိုပင် သည် ရေစပ်စပ် ရှိသောနေရာများတွင် ပေါက်ရောက်ပြီး အရွက်ပုံစံထူးခြားသော အပင်လေးများ အဖြစ် တွေ့မြင်နိုင်ပါ တယ်၊၊ သေးငယ်သော အရွက်လေးများသည် ရွက်လွာနှစ်ခု ကပ်လျက် မျက်နှာချင်းဆိုင်ထွက်နေတာတွေ့ရတယ်၊၊ ပျော့ပြီးသေးငယ်သော ရိုးတံလေးများပေါ်တွင် အမြစ်မွားလေးများ ရှိပါတယ်၊၊ ရေတွင်တွားကာပေါက်သော အပင်မျိုး ဖြစ်ပြီ ပုံစံ ထင်ရှားပြီး လူတိုင်းသိနိူင်သော အပင်လေးများ ဖြစ်ပါတယ်။ မှိုနားတိုပင် ကို အချိုမျိုး နှင့် အချဉ်မျိုး ဆိုပြီး ၂ မျိုးခွဲခြားထားပေမယ့် အပင်ပုံစံမှာ အတူတူပင် ဖြစ်ကြောင်း တွေ့ရပါတယ် ။
မှိုနားတိုပင်သည် ရုက္ခဗေဒပညာအရ MARSHILEACEAE မျိုးရင်းတွင် ပါ၀င်ကာ ရုက္ခဗေဒ အမည် Marsiales quardrifolia Linn လို့အမည်ပေးထားကြောင်း တွေ့ရပါတယ်၊၊ အင်္ဂလိပ်လို a kind of creeper , water plant ဟု ခေါ်ကာ ပါဠိလို ၀ဂ်ရီ ၊ သွတ္တိက လို ခေါ်ပါတယ်၊၊

မြန်မာနိုင်ငံအနှံ ရေစပ်စပ်ရှိသော နေရာများတွင် သဘာ၀ အလျောက် ပေါက်ရောက်ပြီး အထူးသဖြင့် အောက်မြန်မာပြည်တွင် ပိုမိုပေါက်ရောက်ကြောင်း တွေ့ရပါတယ်၊၊
မှိုနားတို အမျိုးမျိုးကို မြန်မာပြည်တွင် တို့မြုပ်ပြီး စားသုံးကြပါတယ်၊၊ ဟင်းချက်ပြီးလည်း စားသုံးကြကြောင်း တွေ့ရပါတယ်၊၊
မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာ သဘော အရ မှို နားတို အရွက်သည် ချိုဖန်သော အရသာ ရှိသည်၊၊ ကြေကျက်သောအခါလည်း ချိုသည်၊၊ ၀မ်းမီးတောက်စေသည်။ အစာကို ကြေကျက်စေသည်။ လေကို သက်စေသည် ။ အနည်းငယ် ဖန်သော အရသာရှိသောကြောင့် ဆီး ၊ ၀မ်း ၊ သွေး တို့ကို အနည်းငယ် ချုပ်စေသည် ။ ဓါတ်ကြီး ငါးပါး သဘောအရ ပထဝီ ဓါတ်စာဖြစ်သောကြောင့် ချာချာလည်အောင်မူးဝေသော ရောဂါ၊ သွေးပုပ်ကျန်သော ရောဂါ ၊ ခံတွင်းပျက်ခြင်း၊ ခလေးများ လေဆန်နာ နှင့် ရင်ပြည့် ရင်ကယ် ဖြစ်သော ရောဂါတို့ကို ပျောက်ကင်းစေသော သိတ္တိ ရှိကြောင်း တွေ့ရပါတယ် ။ အသုံးပြုရာတွင် ပင်စည် အရွက် အမြစ် အသီး အပွင့် စသော ပဉ္စငါးပါးလုံးကို အသုံးပြုကြပါတယ် ။
သိပ္ပံပညာ အရ ဓါတ်ခွဲ ကြည့်ပါက - Vitexin – isovitexin, 2- heptenal, 2 – Penty lfuran, trans – phytol, စတဲ့ ဓာတု ဓါတ်ပေါင်းတွေ ပါ၀င်ကြောင်း တွေ့ရပါတယ် ၊၊

မှို နားတို အချိုပင်အား ဆေးဝါး အဖြစ်အသုံးပြုပုံများမှာ-
(၁) ချာချာလည်အောင် မူးဝြေခင်း
မှိုနားတို အချိုပင် အရွက်ကို ပြုတ်ကာ အကြမ်းပန်းကန်တလုံးစာတွင် သကြား ကို လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီးသောက်ပါက လေကို အကြောင်းပျြု၍ မူးဝြေခင်း ရောဂါကို ပျောက်ကင်းစေပါတယ်၊၊
(၂) သွေးပုပ်ကျန် ရောဂါ
မှိုနာတို အပင်ကလေးများ ၁၀ ကျပ်သားခန့်ကို ရှောက်ရည် အကြမ်းပန်းကန် တလုံးစာခန့်နှင့်စိမ်ထားပါ၊ (၁)ရက် (၂)ရက် ထားပြီးမှ ဆယ်ယူကာ ကြက်သွန်ဖြူ ၊ နှမ်းဆီချက် နှင့် လက်သုပ်သုပ် စားပါက အမျိုးသမီး များ ဓမ္မတာ သွေးပုပ်ကျန် ရောဂါကို သက်သာပျောက်ကင်းစေကြောင်း တွေ့ရပါတယ်၊၊
(၃) ကလေးများ လေဆန်နာ
မှိုနားတိုအချိုပင်အရွက်ကို ပြုတ်ပြီး လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာတွင် ဆား ၂ပွင့်ခန့်ခပ်ပြီး တိုက်ကျွေးနိုင်ပါတယ် ။
(၄) ကလေးများ ရင်ပြည့်ရင်ကယ်ခြင်း
မှိုနားတို ပင် အချိုရွက် ကို ကွမ်းရွက်၊ နနွင်းမှုန့်တို့ဆတူရောကြိုတ်ကာ မိခင်နို့ရည်နှင့် ဆတူ ရော ပြီး လက်ဖက်ရည်ဇွန်ူး နှင့် (၁) ဇွန်း တိုက်ပေးနိုင်ပါတယ်။

မှိုနားတို အချဉ်ပင် ရဲ့ အာနိသင် နဲ့ အသုံးပြုပုံ -
အချိုပင်ကဲ့သို့ပုံစံတူပြီး အရသာ မှာ ချဉ်သေ အရသာရှိသည် ။ ဆေးဝါးအဖြစ် အသုံးများကြပြီး အဟာရအဖြစ် စားသုံးမှု နည်းပါးကြပါတယ်၊၊
အချဉ်ပင်သည် တိုင်းရင်ဆေးပညာ သဘောအရ ချဉ်သောအရသာရှိ ကာ အေးသည်၊ အပူကို ငြိမ်းစေ သည်။ ၀မ်းမီးတောက်စေသည်၊ နှုတ် ခံတွင်း ကိုမြိန်စေသည်။ နှလုံးကို အားပေးသည်။ သွေးကို ချုပ်စေသည်။ အရွတ်ကို ညစ်သော အရည်(သတ္တူရည်)သည် အကြောများကို တွန့်ရှုံ့စေသည်၊။ ချဉ်ပြီး အေးသော သတ္တိရှိ ကာ စအို ကျခြင်း၊ ပဒိုင်းသီးစားမိကာ မူးဝြေခင်း၊ ရောင်ရမ်းခြင်း၊ အစာမကြေခြင်း၊ သွားဖုံးရောင်ခြင်း၊ ရင်ပတ်နာ ခြင်း၊ တို့ကို ပျောက်ကင်းစေသည်။ အထူးသဖြင့် မျက်စီရောဂါကို ပိုမို အကျိုးပြုကြောင်း တွေ့ရပါတယ် ။

ရောဂါဝေဒနာ အလိုက်မှိုနားတို ချဉ်ကို အသုံးပြုပုံများ-
(၁) စအိုကျ- စအိုလျှော - စအိုထွက် ခြင်း
မှိုနားတို အချဉ်ရွက် ကို ထောင်းပြီး ညစ်သော အရည်ကို ထောပတ်နှင့် ချက်ပါ၊ စအိုတွင်းမှ ထွက်ကျနေသော အူကို လိမ်းပေးပါက သက်သာပျောက်ကင်းစေနိုင်ပါတယ်၊၊
(၂) ပဒိုင်းသီးစားမိပြီး မူးဝေနေသော လူနာကို ပဒိုင်း အဆိပ်ပြေစေရန် ပေးခြင်း
မှိုနားတို အချဉ်ရွက်ကို ထောင်းပြီး ညစ်သောအရည်ကို တိုက်ပေးပါက ပဒိုင်း အဆိပ်ပြေစေပြီး မူးဝေနေမှု သက်သာပျောက်ကင်းစေပါတယ်။
(၃) ရောင်ရမ်းခြင်း
ထိခိုက်ဒဏ်ရာရကာ ရောင်ရမ်းခြင်း ၊၊ အနာများ ငန်းမန်းလိုက်ကာ ရောင်ရမ်းခြင်း ကို မှိုနားတို အချဉ်ရွက် ကို ကြိတ်ပြီး ရောင်သောနေရာကို အုံပေးလျင် အရောင်ကျ ပြီး သက်သာပျောက်ကင်းစေပါတယ်၊၊
(၄) အစာမကြေရောဂါ နှင့် ၀မ်းကိုက်ရောဂါ
မှိုနားတို အချဉ်သည် ၀မ်းမီးကို တောက်စေသောကြောင့့် ၀မ်းမီးနုံ ပြီး ဖြစ်တတ်သော အစာမကြေခြင်းနဲ့ ၀မ်းကိုက်၀မ်းပျက်ခြင်း ရောဂါတွင် အရွက်ကို ကြက်သွန်ဖြူ ၊ နှမ်းဆီ နှင့် သုပ်စားပါက သက်သာပျောက်ကင်းစေသည်၊၊
(၅) မျက်စေ့ နာရောဂါ
မျက်စေ့နာ ပါက မှိုနားတိုအချဉ်အရွက်ကို ကြိတ်ပြီး ညစ်ရသော အရည်(သတ္တုရည်) ကို မျက်စဉ်းခပ်ပေးနိုင်ကြောင်း တွေ့ရတယ်၊၊ မျက်ကွင်းဆေး အနေနဲ့ဖော်စပ်အသုံးပြုလိုသူတို့အတွက် ဆေးနည်း လက်ဆောင်ပေးလိုက်ပါတယ်၊၊ (၁) ငါးကြင်းသည်းခြေ ။ (၂) ငရံ့သည်းခြေ (၃) မှိုနာတိုချဉ် (၄)နနွင်းစိမ်း အားလုံး ကို အလေးချိန် ဆတူ ရောစပ်ပြီး ကျောက်ချဉ်သွေးရည်နဲ့ကြိတ်ကာ အတောင့်ပြုလုပ် ထားပါ။ ဆေးတောင့်ကို သွေးကာ မျက်စေ့ ဘေးပတ်လည်ကို ကွင်းပေးနိုင်ပါတယ်၊။ မျက်စေ့နာ မျက်စေ့ရောင် ခြင်း ကိုက်ခြင်း အောင့်ခြင်း ကိုသက်သာပျောက်ကင်းစေသော ဆေးနည်း တခုပါ၊၊ ထိုဆေးတောင့်ကို ပင် အမှုန့်ပြုကာ မီးခဲတွင်ဖြူးပြီး အငွေ့ကို ရှုပေး ပါက မျက်စေ့ ၊မျက်ရိုး ၊နားထင် ၊ခေါင်းများကိုက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ် ။
(၆) သွားဖုံးရောင် ရောဂါ
မှိုနားတို အချဉ် အရွက်ကို ထောင်းပြီး အရည်ညစ်ကာ ငုံဆေးအဖြစ် အသုံးပြု နိုင်ပါတယ်။ အချိုနှင့်အချဉ် အရွက်များကို နေရိပ်တွင် လှမ်းကာ အမှုန့် ပြုပြီး ရောစပ် ကာ သွားဖုံးရောင်သောနေရာကို သိပ်ပေးပါကလဲ သက်သာပျောက်ကင်းစေနိုင်ပါတယ်၊၊
(၇) မန်းဆေးများတွင် ထည့်သွင်းအသုံးပြုခြင်း
မှိုနားတိုချဉ် သည် အနာ ငန်းမန်း ကို နိုင်သဖြင့် မန်းဆေးများတွင် ထည့်သွင်း ဖော်စပ်ကြပါတယ်၊၊
(၈) အဆုတ် လေပြွန်ရောင်ပြီးချောင်းဆိုးခြင်း
အဆုတ်လေပြွန်ရောင်ပြီးချောင်းဆိုးခြင်း ရောဂါတွင်လည်း အသုံးပြုကြပါတယ်၊၊
(၉) ဆီးချို သွေးချို ရောဂါတွင် အသုံးပြုခြင်း
ဆီးချိုသွေးချို ရောဂါသည် တိုင်းရင်းဆေးပညာ သဘောအရ ၀မ်းမီးပျက်ခြင်းမှ စတင်ကြောင်း တွေ့ရပါတယ် ၊၊ မှိုနတို ချဉ် ရဲ့ ၀မ်းမီးတောက် အစာကြေခြင်း သတ္တိ ကြောင့် ဆီးချိုသွေးချို ဝေဒနာရှင်များ ကို ဓါတ်စာအဖြစ် ပေးနိုင်ပါတယ်။
အပင် ရဲ့ပုံစံ ထူးခြားသလို အစာအဟာရ အနေနဲ့သာမက ဆေးဝါးအဖြစ် ပါသုံးစွဲ နိုင်သော မှိုနားတိုပင် ရဲ့ အကြောင်းကို လက်လှမ်းမှီ သမျှ စုဆောင်း ရေးသားပါတယ်။ နောက်ထပ်မံသိရှိပါကလဲ ဖြည့်စွတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်၊၊

Credit to ၀င်းသူရညွန့် @ ဆေးစွမ်းထက် နွယ်မြက်သစ်ပင်များ

Clover 🍀🍀ချစ်စရာအရွက်လေး​တွေနဲ့မို့ငယ်ငယ်ကတည်းကသတိထားမိတဲ့အပင်လေး သူ့အကြောင်းလေးသိချင်လို့ရှာရင်းသိရသလောက်ပြောပြမယ်နော် ...
09/08/2021

Clover 🍀🍀
ချစ်စရာအရွက်လေး​တွေနဲ့မို့
ငယ်ငယ်ကတည်းကသတိထားမိတဲ့အပင်လေး
သူ့အကြောင်းလေးသိချင်လို့
ရှာရင်းသိရသလောက်ပြောပြမယ်နော် 💙

ဒီအပင်လေးတွေကိုတော့
လူတိုင်းလိုလိုမြင်ဖူးကြမှာပါ....
ဆေးဖက်လည်းဝင်သတဲ့...
သူ့ပုံစံက အသည်းပုံ အရွက်လေးသုံးရွက်နဲ့
ဖွဲ့စည်းထားတာပါ ...
Clover ပင်ပေါင်းတစ်သောင်းမှာ
တစ်ပင်လောက်သာအရွက်လေးရွက်
(four-leaf clover) ကိုတွေ့ရတယ်တဲ့
လေးရွက်ပါတဲ့ Clover 🍀 လေးက
အရမ်းကိုရှားပါးသတဲ့.....
ဒါကြောင့်လေးရွက်ပါတဲ့ Clover 🍀 လေးကို
တွေ့ရင်ကံကောင်းတယ် တွေ့တဲ့သူက
ကံကောင်းခြင်းတွေယူဆောင်ခြင်း
ခံရတယ်လို့ Irish နိုင်ငံ
ရိုးရာအရယံုကြည်ကြတယ်တဲ့.....
Clover leaf ကို lucky plant လို့ U.Sမှာ
ခေါ်ကြပါတယ်

ရိုးရိုး သုံးရွက်ပါတဲ့ Clover leaf တစ်ခုခြင်းရဲ့
အဓိပ္ပာယ်ကတော့ hope, faith, love လို့
ဆိုလိုပါတယ်
လေးရွက်မြောက်အရွက်ကိုတော့ luck လို့
သတ်မှတ်ကြပါတယ်တဲ့ 🍀

ဂျပန်မှာတော့ Clover 🍀 ကို ဖံုးကွယ်ထားတဲ့
ချစ်ခြင်း💙💙လို့ သတ်မှတ်ထားတယ်တဲ့

ကဲ.....Clover 🍀🍀 ပင်လေးတွေတွေ့ရင်
ကံကောင်းခြင်းတွေ ယူဆောင်လာပေးတဲ့
လေးရွက်ပါတဲ့ Clover 🍀🍀 လေးတွေ
ရှာကြရအောင်.....🍀

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thaysayepaw from Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share