29/01/2023
တရားထိုင်ဖို့
မလှုပ်မပြင်ပဲ ထိုင်လိုက်တာနဲ့
ကာယကံသီလကုသိုလ် ရနေပါပြီ။
နုတ်ကို ဘာမှမပြောပဲ
ဆိတ်ဆိတ်နေတာနဲ့
၀စီကံသီလကုသိုလ် ရနေပါပြီ။
စိတ်ကို
၀င်လေသိ,ထွက်လေ သိထားတာနဲ့
မနောကံသီလကုသိုလ် ရနေပါပြီ။
၀င်လေသိထွက်လေသိနေအောင်
ဝီရိယစိုက်နေတာဟာ
သမ္မာဝါယမဂ္ဂင်ကုသိုလ် ရနေပါပြီ။
၀င်လေထွက်လေကို
အမြဲသိနေတာ က,
သမ္မာသတိမဂ္ဂင်ကုသိုလ် ရနေပါပြီ။
၀င်လေထွက်လေမှာ
စိတ်တည်နေတာက,
သမ္မာသမာဓိမဂ္ဂင်ကသိုလ် ရနေပါပြီ။
အဲ့ဒီသမာဓိနဲ့
ခန္ဓာ မှာဖောက်ပြန်ပေါ်လာတာကရုပ်,
သိလိုက်တာကနာမ်,ကို မြင်နေတာ
သမ္မာဒိဌိမဂ္ဂင်ကုသိုလ်ရနေပါပြီ။
အဲ့ဒီရုပ်နာမ်ဟာ
ပျက်သွားပါလားလို့ သိကြံလိုက်တာက,
သမ္မာသင်္ကပ္ပမဂ္ဂင် ကုသိုလ်ရနေပါပြီ။
ပျက်သွားပြီ
ပြန်အစားထိုးပြန်ပြီ
ပျက်ပြန်ပြီ
ကြိမ်ဖန်များစွာ
ဖြစ်ပျက်နေတာဟာ,
ဒုက္ခသစ္စာ ဆိုက်နေတာပါ။
အဲ့ဒီ,ဒုက္ခသစ္စာ ဖြစ်လာအောင်
ပျက်သွားအောင် ငါမလုပ်ဘဲ
သူ့သဘောသူဆောင် ဖြစ်ပျက်နေတဲ့
ရုပ်နာမ် ဒုက္ခသစ္စာသဘော သိသွားချိန်မှာ,
ဖြစ်ပျက်မုန်းလာပြီး ဖြစ်ပျက် မရှိတာကို မြင်သွားရင်,
ကောင်းစွာပြောဆိုတဲ့
သမ္မာဝါစာမဂ္ဂင်ကုသိုလ်ရနေပါပြီ။
ကောင်းစွာပြုလုပ်တဲ့
သမ္မာကမ္မန္တ ကုသိုလ်ရနေပါပြီ။
ကောင်းစွာအသက်မွေးတဲ့
သမ္မာအာဇီ၀မဂ္ဂင်ကုသိုလ်ရနေပါပြီ။
တရားထိုင်တဲ့ပုဂ္ဂိုလ်တိုင်းမှာ
မဂ္ဂင်ရှစ်ပါးကုသိုလ်နဲ့
ပြည့်စုံတော့တာပါပဲ။
ပစ္စုပ္ပန်တည့်တည့်ကိုသာ
မြင်အောင်ရှုပါ
ပြုပြီးသည့် အကုသိုလ်..
မပြုရသေးသည့် ကုသိုလ်အပေါ်
ပူပန်ကြောင့်ကြ ကုက္ကုစ္စဝင်ခြင်းသည်
မဂ်တားဖိုရ်တားထဲမှ တစ်ခု
ဖြစ်သည်။
တရားမှတ်စဉ်
သတိ အသိ သဒ်ဓါ ပညာ
ဝီရိယ ညီမျှစွာ အားထုတ်ပါ..
လွန်လျှင်မရပါ..
မဇ္ဈိမပဋိပဌာ အလယ်လမ်းဖြစ်ရပါမည်။
အာရုံပြန့်လွင့်မှု
တတ်နိုင်သမျှ နည်းစေရန်နှင့်
အမှတ်ကြား ကိလေသာမဝင်ရန်မှာ
တရားရှုသူ၏ အရေးအကြီးဆုံး
တာဝန်သာ ဖြစ်ပါသည်။
🙏🙏🙏ဝိပဿနာဆရာကြီးဦးဂိုအင်ကာ🙏🙏🙏