25/03/2026
🙂 FB ပေါ်မှာ ကိုယ်တင်ထားတဲ့ statusကို
တစ်စုံတစ်ယောက်က like ပေးတယ်ဆိုတာက
အသိမိတ်ဆွေ အချင်းချင်း လမ်းမှာဆုံလို့
ခေါင်းလေးဆတ် အသိမှတ်ပြုတာနဲ့ တူပါတယ်။
ကိုယ်တင်ထားတဲ့ status ထဲ တစ်စုံတစ်ယောက်က comment ဝင်ပေး တယ်ဆိုတာ
ကိုယ့်အိမ်ကို အလည်လာတာနဲ့တူပါတယ်။
တစ်စုံတစ်ယောက်ပေးတဲ့ commentကို
ကိုယ်က like ပြန်ပေးတယ်ဆိုတာ
အပြုံးလေးနဲ့ ကြိုဆိုတာနဲ့ တူပါတယ်။
တစ်စုံတစ်ယောက်ရဲ့ comment ကို
reply ပြန်တယ်ဆိုတာ
စားသောက်ဖွယ်ရာ တည်ခင်းပြီး
ဧည့်ခံတာနဲ့ တူပါတယ်။
အပြိုင်အဆိုင် comment ပေးတယ်ဆိုတာ
အချင်းချင်း စကားလက်ဆုံ
ကျနေတာနဲ့ တူပါတယ်။
တစ်စုံတစ်ယောက်က ကိုယ့်ကိုtagပြီး
status တင်တယ်ဆိုတာ
အမှတ်တရ လက်ဆောင်ပေးတာနဲ့တူပါတယ်။
အခုလို FB သုံးတဲ့အခါမှာလည်း
ကိုယ်က သူတစ်ပါးရဲ့ ပို့စ်လေးကို
Like, Comment ပေးတဲ့အခါမျိုးမှာ
သူတပါး စိတ်အနှောက်အယှက်ဖြစ်စေမယ့်
အပြုအမူမျိုး ရေးခြင်း ပြောခြင်း ...
လူချင်း မမြင်ရဘူးဆိုပြီး
တစ်ဖက်လူသိက္ခာကျစေမယ့် Comment, Stickers
ပုံများဖြင့် Comment ပေးခြင်းကို
ရှောင်ရှားသင့်ပါတယ်။
ဒါ့ကြောင့် ကိုယ်ကသူများအိမ်
အလည်လာပြီ ဆိုကတည်းက
မဝင်ခင် ဖိနပ်ချွတ်ထားခဲ့ပါ။
ဖိနပ်စီးပြီး အိမ်ထဲဝင်လာရင်
အိမ်ရှင်က ဘာမှမပြောပေမယ့်
ငြိုငြင်ပါတယ်။
အဲ ဒီလိုပဲ သူများပိုစ်မှာ
အညံ့စား comment တွေ ဝင်မန့်တာလည်း..
အတူတူပါပဲ ...
ကို့ ရေးလိုက်တဲ့စာသားက ကိုယ့်ရဲ့အဆင့်အတန်းနဲ့ ကိုယ်ကျင်လည်ရာ အသိုင်းအဝိုင်းရဲ့ influence ဖြစ်ကြောင်းကိုပြသတာနဲ့အတူတူပဲခင်ဗျ...
သတိပြု ဆင်ခြင်နိုင်ကြပါစေ....
ကြိုက်လို့ယူတင်ပါသည် နဲနဲ ဖြည့်စွက်ပြီးရေးလိုက်ပါသည် ....
မဂ်လာအပေါင်းနဲ့ ပြည့်စုံတဲ့နေ့လေးဖြစ်ကြပါစေခင်ဗျ .....☺
Credit uploader