Aung Khant266 ခန့်

Aung Khant266 ခန့် ကဗျာစာစုတိုနဲ့ LGBT Fictionများစွာရေးချင်သေးတယ်

Wattpad Author

ပန်းစကားအင်းနှင့်မောင့်ချစ်ခြင်းOneshot #အောင်ခန့်" ချစ်တယ်။ "ရင်ခွင်ထဲ ခိုဝင်ဖက်တွယ်ထားတဲ့ သူရဲ့လက်ဖမိုးကို ခပ်တင်းတင်း...
11/02/2026

ပန်းစကားအင်းနှင့်မောင့်ချစ်ခြင်း
Oneshot
#အောင်ခန့်

" ချစ်တယ်။ "

ရင်ခွင်ထဲ ခိုဝင်ဖက်တွယ်ထားတဲ့ သူရဲ့လက်ဖမိုးကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်းကနေ ရင့်ချစ်စကားဆိုလိုက်မိသည်။ ဖြေသံမကြားရသေးတဲ့ ရင်ခွင်ထဲက ချစ်ရသူလေးကို ရင့်ငုံ့မိုးကာကြည့်လိုက်မိ၏။

ဦးပိန်တံတားပေါ်မှာ ကောင်လေးနှစ်ယောက်အတူယှဥ်တွဲကာ နေဝင်အလှညနေဆည်းဆာကိုငေးကြည့်နေကြသည်။ ပုစွန်ဆီရောင် ညနေခင်းသည် ခါတိုင်းထက်ပိုပြီး အထီးကျန်ဆန်နေသည်။ ရင့်တစ်ယောက် စကားလုံးတိုင်းက အက်ကွဲစွာနဲ့ထွက်ပေါ်လာပေမယ့် ဝမ်းနည်းစိတ်နဲ့မျက်ရည်မကျမိအောင်တော့ အတက်နိုင်ဆုံးထိန်းထားရသည်။ ရင်ခွင်ထဲက ဤလူသားလေးက သူငိုလျှင်စိတ်မကောင်းဖြစ်တက်ပြီး "မောင်နဲ့အတူလိုက်ငိုမိလိမ့်မယ်" ဆိုတဲ့စကားတစ်ခွန်းကြောင့်ဖြစ်သည်။
ဦးပိန်တံတားအောက်တွင် လှေငယ်လေးများက ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေကြသည်။ တဖျတ်ဖျတ်လူးလွန့်နေတဲ့ရေကို
လေ၏တိုက်ခတ်မှု့ကြောင့် လှေငယ်လေးများမယိမ်းယိုင်အောင် ထိန်းကိုင်ပြီး တစ်ဖက်ကမ်းကိုကပ်ရန်မောင်းနှင်နေကြသည်။

လှပလွန်းတဲ့ ညနေဆည်းဆာနေဝင်ချိန်ကို သဘောတကျရှိလှတဲ့ သူ၏ချစ်ရသူလေး။ ညနေခင်းတိုင်း ဆည်းဆာနေဝင်ချိန်ကိုလာလာကြည့်တက်တဲ့ ကောင်လေးကို ချစ်မိသွားတဲ့သူ။ အခြားယောကျ်ားလေးတွေနဲ့မတူညီစွာရှိနေတဲ့ ကောင်လေးကို သူချစ်မိခဲ့တာမထူးဆန်း။

" မောင် အချစ်ကိုသီချင်းဆိုပြလေ။ "

" ချစ်ကဘာသီချင်းနားထောင်ချင်တာလဲ။ "

" လင်းနစ်ရဲ့ နေညိုရင်ဆိုတဲ့သီချင်းလေ။ ခုတလောချစ်နားထောင်ဖြစ်နေတဲ့ သီချင်းလေး။ အရမ်းလဲကြိုက်တယ်။ "

" ဟင်။ "

ချစ်ရသူတောင်းဆိုတဲ့ သီချင်းဟာ သူတို့နှစ်ယောက်ရဲ့ အဖြစ်အပျက်နဲ့တိုက်ဆိုင်လှသည်။ ရင့် အချိန်တွေဆွဲမနေတော့ ချစ်ရသူလေးတောင်းဆိုတဲ့ သီချင်းကိုဆိုရန် နောက်မှာထားတဲ့ သူ၏လက်ဆွဲတော် ဂစ်တာလေးကိုဆွဲကိုင်လိုက်သည်။ ထို့နောက်သူ၏လက်ချောင်းကလေးများကို ဂစ်တာကြိုးပေါ်သို့ ခပ်ဖွဖွထိတွေ့လိုက်သည်။ ထိုနောက်သံစဥ်တွေကို စတင်တီးခတ်ကာ သူ၏နှုတ်ကလဲ စာသားများထွက်ပေါ်လာတော့သည်။

🎵🎵🎵နေဝင်ရင် ဒို့ဝေးရမှာသိထားလဲ နောက်ဆုံးစကားတွေ ငါမပြောချင်။
အလှဆုံးမင်းရဲ့မျက်ဝန်းက မိုးတွေစွေအုံးမလား။

တူညီစွာရင်ထဲရှိတဲ့စိတ်ကူးများ နင်မြိုသိပ်လိုက်ပါအချစ်ဆုံးရာ။ အလှဆုံးမင်းရဲ့နှုတ်ခမ်းက လွှင့်ပျံလာမယ့်စကား။

နာရီသံပုံမှန်လည်တာကြောက်ရွံ့လို့နေပြီ...ဒီလိုသာနာကျင်စွာ အဆုံးသတ်ရမှာလား....
မတွေးရဲတယ်။ နေညိုရင်ငါတို့ခွဲရမယ်။ အချိန်တွေကို ရပ်ဆိုင်းထားချင်လဲ။ ပြင်ဆင်နိုင်ခွင့်မရှိလေသော ဘဝတွေရယ်...

ဆွေးရတယ် ယုံကြည်ပါငါပြောခဲ့ပါရစေ။ တစ်ချိန်ချိန်မှာ ဆုံဆည်းရမယ်လို့ နာကျင်စွာနှုတ်ဆက်ရသော ခနတွေကို.....ငါ....🎵

သီချင်းသံက မောင့်နှုတ်ဖျားဝကနေ ထွက်ပေါ်မလာတော့။ ပြတ်ရှသွားတဲ့သီးချင်သံ၊ ရပ်တန့်သွားတဲ့တေးသွားတွေကြောင့် မောင်ဘယ်လောက်တောင်စိတ်မကောင်းဖြစ်လိုက်မလဲ။ သူကမောင့်ကိုအမြဲ စိတ်ညစ်စိတ်မကောင်းအောင် အမြဲလုပ်တက်သူပင်ဖြစ်နေသည်။

" မောင်"

" အင်း...ပြောလေ။ "

" ဒီနေ့ရဲ့နေဝင်ချိန်က အသက်မပါလိုက်တာ။ ကောင်းကင်ကြီးက ညို့မှိုင်းနေတာလား။ ဝမ်းနည်းနေတာလားဟင်။ "

" မဟုတ်ပါဘူးအချစ်ရာ။ ကောင်းကင်ကြီးက သိပ့်ကိုလှပလွန်းနေတာ။ မောင်နဲ့အချစ်မြင်နေကြတွေ့နေကြကောင်းကင်ကြီးပါ။"

မောင်ကတော့ ကျွန်တော်တို့ကြည့်နေကြ ကောင်းကင်ကြီးတဲ့လေ။ ဟုတ်မှာပါ။ မောင်ကမလိမ်တက်ဘူးဆိုတာကို သူသိပြီးသားလေ။ မောင်ကသူ့အပေါ်အမြဲရိုးသားခဲ့သူဖြစ်သည်။

အချစ်လို့အခေါ်ခံရတဲ့ကောင်လေးသည် သူ၏ချစ်သူရင်ခွင်ထဲကနေ တိတ်တိတ်ကလေးကြိတ်ကာမျက်ရည်ကျနေမိသည်။ သူ၏အမြင်အာရုံထဲတွင် အရာအားလုံးက မည်းမှောင်လို့နေသည်။ မောင်ကတော့ သူစိတ်မကောင်းဖြစ်မှာဆိုးလို့ထင်သည် ကောင်းကင်ကြီးက သိပ့်ကိုလှပနေတယ်"တဲ့။ မောင်ပြောသလို ကောင်းကင်ကြီးကလှပနေမှာပါ။ သူ့ရဲ့နောက်ဆုံးချိန်ကို သူသိနေပြီလေ။

သို့ပေမယ့် သူတို့ချစ်သူနှစ်ယောက်ဘဝကတော့ မလှပခဲ့ပါချေ။မောင်ကလေသူ့ကိုအမြဲအလိုလိုက်အကြိုက်ဆောင်တက်သူပင်။ ဒါ့ကြောင့်လဲသူကမောင့်ကိုမောင့်ထက်ပိုချစ်ရသည်။ မောင့်ကိုသူစတင်သတိထားမိတာက တစ်ခုသောညနေခင်းမှာပေါ့။
*********

" ပန်းစကား ဘယ်ကိုလဲသား။ "

ပုသိမ်ထီးလေးကိုလက်တစ်ဖက်ကကိုင်ကာ အိမ်ထဲကနေထွက်လာတဲ့ သူ့ကိုမယ်မယ်ကလှမ်းမေးလိုက်သည်။

" ဦးပိန်တံတားကိုပါ မယ်မယ်။ "

" ညနေခင်းဆိုတော့ လေတွေအရမ်းတိုက်တယ်လေကွယ်။ နေမကောင်းဖြစ်နေပါ့မယ်။ "

" ဘာမှမဖြစ်ပါဘူးမယ်မယ်ကလဲ။ သားအရင်ကလဲသွားနေကြပါ။ ဟုတ်တယ်မလား မသူဇာ။ "

" ဟုတ်ပါတယ် မယ်မယ်ကြီးကလဲ။ ပန်းကလေးက ဦးပိန်တံတားပေါ်ကနေ ညနေဆည်းဆာကိုကြည့်ရတာ သိပ့်သဘောကျတာ။ "

သူဇာဆိုတဲ့အမျိုးသမီးလေးသည် သွက်လင်ချက်ချာစွာနဲ့ မယ်မယ်ကြီးဆိုသူကို ရှင်းပြနေမိသည်။

" တိတ်စိမ်းမိသူဇာ။ ညည်းကဘာသိလို့လဲ။.ငါတို့မှာက ဒီသားလေးတစ်ယောက်ပဲရှိတော့တာ။ သူ့ကို ငါ့တို့ကပိုးမွေးသလို မွေးထားရတာ။ ညည်းမသိလို့လား။ "

သူဇာဆိုတဲ့အမျိုးသမီးကလေးဟာ မယ်မယ်ကြီး၏စကားကြောင့် ဇက်ကလေးပုကာ လျှာတစ်လစ်ထုတ်မိတဲ့အထိ။ စူးရှတောက်ပလွန်းတဲ့ မယ်မယ်ကြီး၏မျက်ဝန်းတွေကို သူမတွေ့လိုက်ရချိန်မှာတော့ သူမ၏ကျောပြင်တစ်လျှောက် စိမ့်ခနဲဖြစ်သွားရသည်။ မယ်မယ်ကြီးသည် တိကျပြတ်သားပြီး တစ်အိမ်လုံးမှာသြဇာအာဏာအရှိဆုံးပင်။ မယ်မယ်ကြီး၏စကားကို ဘယ်သူမှမလွန်ဆန်ရဲပါ။ ဒီအိမ်၏အရှင်သခင် အိမ်ထောင်ဦးစီးဖြစ်တဲ့ မယ်မယ်ကြီး၏ခင်ပွန်းဖြစ်သူ ဦးဗညားဒီပတောင်မလွန်ဆန်ရဲပါ။ ထိုအထဲမှာတော့ ပန်းကလေးလို့ သူတို့အမြတ်တနိုးခေါ်ဝေါ်တဲ့ ပန်းစကားဆိုတဲ့ကောင်လေးတော့မပါဝင်ချေ။ ပန်းစကားဆိုတဲ့အမည်နဲ့လိုက်ဖက်လွန်းအောင် နူးညံ့သိမ်မွေ့ခဲ့ဖူးတဲ့ကောင်လေးဟာ လွန်ခဲ့တဲ့တစ်နှစ်ကဆိုသော အချိန်တွေနဲ့လားလားမှမသက်ဆိုင်တော့သလိုပင်။ မယ်မယ်ကြီးက ဟိုမသွားနဲဆိုလျှင် သွားဖြစ်အောင်သွားသည်။ မယ်မယ်ကြီးမကြိုက်တဲ့အရာတွေကို သူအကုန်လုပ်လေ့ရှိသည်။

" သွားရအောင်မသူဇာ။ "

" ဟုတ်။ "

" မယ်မယ်ကြီး သမီးပန်းကလေးနဲ့ လမ်းလျှောက်ထွက်လိုက်ပါအုံးမယ်ရှင့်။ "

" ကြွကြွ။ "

မယ်မယ်ကြီးထက် ပန်းကလေးကိုသူမကြောက်ရပါသည်။ ပန်းစကားလို့သာအမည်တွင်တဲ့ လူကောင်သေးသေး၊ အသားဖြူဖြူကောင်လေး၏ဒေါသကို သူမလဲကြောက်ရပါသည်။ လူကသာပျော့တိပျော့ဖတ်ရှိနေပေမယ့် စိတ်ဓာတ်ကတော့ပြတ်သွားလွန်းလှသည်။ ဒါကလဲမယ်မယ်ကြီးနဲ့တူလို့ဖြစ်မည်။ အရှင်သခင်ဖြစ်တဲ့ ဦးဗညားဒီပကတော့ အနေအေးဆေးသူဖြစ်ကာ အရာရာတိုင်း မယ်မယ်ကြီး၏သဘောပင်။ ဒေါ်သက်လျာဒေဝီဟာမင်းမျိုးမင်းနွယ်အနွယ်တော်ဝင်၏ မျိုးဆက်ဖြစ်တာကြောင့်ထင်သည် သူမ၏ကြွယ်ဝချမ်းသာမှု့နဲ့အတူ လွန်စွာမှကိန်းကမ်းကြီးကာ မောက်မာလွန်းသူလဲဖြစ်သည်။ အဆိုးဆုံးကတော့ သူမ၏သားနှစ်ယောက်အပေါ်မှာကိုပေါ့။

ဒီနေ့အိမ်တော်ထဲကနေ ပန်းစကားအစောထွက်လာခဲ့သည်။ အိမ်တော်မှာနေရတာ စိတ်ကျဥ်းကျပ်လှသည်။ အိမ်ထဲမှာနေလျှင် သူကိုကို့ရဲ့ပုံရိပ်တွေကို ပြန်ပြီးသူ့အမြင်အာရုံတွေထဲမှာ ပေါ်လာလို့နေသည်။ ပန်းစကားကားပေါ်ကနေဆင်းကာ ပုသိမ်ထီးလေးကို ထုတ်ကာဆောင်းလိုက်သည်။ ညနေ၏နေအရှိန်က ကျဆင်းမသွားသေးတာကြောင့် သူထီးကိုထုတ်ဆောင်းတာဖြစ်သည်။

" ဦးလေးကျော် ကားနဲ့ဒီနားမှာနေခဲ့နော်။ ဒါမှမဟုတ် တစ်ဆိုင်ဆိုင်မှာ တစ်ခုခုသောက်ရင်းနဲ့ဆောင့်နေလေ။ မယ်မယ်ကြီးကိုကြောက်တယ်ဆိုရင်တော့ ပြန်ပေါ့။ "

" ဦးလေးကျော်က အကိုလေးကိုစောင့်နေပါ့မယ်။ မယ်မယ်ကြီးကလဲ အကိုလေးကိုစောင့်ပြီးခေါ်လာခဲ့လို့ မှာလိုက်ပါတယ်။"

" သွါးရအောင်မသူဇာ။ "

" ဟုတ်။ "

ဖြည်းဖြည်းချင်းလှမ်းလျှောက်လာကာ ဝင်တော့မည်နေကို ပန်းစကားစောင့်ကြည့်ချင်တာဖြစ်သည်။ သူ၏အဖော်ပြုရာနဲ့ စိတ်ထွက်ပေါက်ဟာ ဟောဒီဦးပိန်တံတားပင်ဖြစ်သည်။ ရေပြင်ကျယ်ကိုကျော်ဖြတ်ကာ ခပ်သော့သော့တိုက်ခတ်လာတဲ့လေကြောင့် ညစ်နေတဲ့သူ့စိတ်အနည်းငယ်ပြေလျော့လို့သွားရသည်။ ရေပြင်ကျယ်တွင် မျောပါနေတဲ့ ဗေဒါပင်တွေဟာလဲ သူ့အစုနဲ့သူပင်။ ဗေဒါပန်းများသည် လှပစွာပွင့်နေပုံမှာ ဒေါင်းမြှီးလေးများလိုပင်။ ခရမ်းရောင်အလယ်မှာ အဝါရောင်နဲ့ညာတံမှာအစိမ်းရောင်ပင်ဖြစ်သည်။

" ဗေဒါလေးတွေရေ မင်းတို့ကိုငါသိပ်အားကျလိုက်တာ။ "

ကန်ရေပြင်ကိုတိုက်ခတ်လာတဲ့ လေနုလေညင်းလေးတွေကို ပန်းစကားမျက်စိမှိတ်ကာ
တဝကြီးရှုရှိုက်မိလိုက်သည်။ လှေငယ်များ၏ တိုက်ခတ်မှု့ကြောင့် ရွေ့လျားလာတဲ့ ဗေဒါပင်တွေဟာ ညနေခင်းရဲ့အလှကို ထပ်ပိုးထားသလိုပင်။ ပုစွန်ဆီရောင် နေလုံးကြီးက အနောက်အရပ်ဆီကို တိုးလျှို့ငုပ်လျှိုးဖို့ စောင့်မျှော်လို့နေသည်။ ခုံတန်းလေးပေါ်တွင် ပန်းစကားထိုင်လိုက်သည်။ ပန်းစကား၏အကြည့်က တစ်နေရာမှာ ရပ်တန့်လို့သွားခဲ့သည်။

လူတစ်ယောက်
တံတားပေါ်ကနေ ခြေထောက်ကိုချကာ ဂစ်တာကို ရင်ခွင်ထဲထည့် သွယ်လျောင်းရှည်လျားတဲ့ လက်တံလေးတွေကနေ ပေါ်ထွက်လာတဲ့သံစဥ်၊ သြရှသလိုလိုနဲ့ နှစ်လိုဖွယ်ကောင်းတဲ့ မောင့်ရဲ့အသံကြောင့် ပန်းစကားမောင့်ကိုသတိထားမိတာဖြစ်သည်။ ယောကျ်ားတစ်ယောက် ဂစ်တာတီးပြီးအချစ်သီချင်းကို ခံစားချက်သက်ဝင်ပြီးဆိုနေတဲ့ မောင့်ရဲ့အသံ၊ မောင့်ရဲ့ကြည့်ကောင်းတဲ့ ရုပ်ရည်ကြောင့် တံတားပေါ်ဖြတ်လျှောက်နေတဲ့ သူတွေက မောင့်အနားမှာရပ်ကာ မောင့်သီဆိုမှု့ကို အားပေးနေကြသည်။ အချို့ကလဲဖုန်းနဲ့ videoရိုက်နေကြသည်။ အချို့ကလဲfacebookမှာ liveလွှင့်နေကြပြန်သည်။

ပန်းစကားသည်အနည်းငယ်ရှုပ်နေတဲ့ လူအကြားထဲကိုအနည်းငယ်တိုးဝေ့ကာ ဝင်လိုက်သည်။ ရပ်တန့်သွားတဲ့ သီချင်းသံကိုအာရုံမစ်ိုက်နိုင် မောင့်အနားကိုခနလောက်ရောက်ချင်တဲ့စိတ်နဲ့ မသူဇာအော်သံကိုတောင် ဂရုမစိုက်တော့ပဲ အလောတကြီးတိုးဝင်မိတော့သည်။

" အင့်..."

သူ၏အလောတကြီးတိုးဝင်မှု့ကြောင့် တစ်စုံတစ်ဦးနဲ့တိုက်မိတာကြောင့် ပန်းစကားနောက်သို့လှန်ကာ လဲကျသွားတော့သည်။ တစ်ဖက်မှလူကလဲ အလောတကြီးထွက်လာပုံရသည်။ အနည်းငယ်ပြင်းထန်သော အရှိန်ကြောင့် ထိန်းမရသော သူ၏ ခန္ဓာကိုယ်ဟာ ရုပ်ပျက်ဆင်းပျက်လဲကျသွား၏။
သို့ပေမယ့် ပန်းစကားရဲ့ကိုယ်လုံးလေးဟာ လေထုထဲမှာရပ်တန့်လို့သွားခဲ့သည်။ ပန်းစကား၏လက်အစုံဟာ မိရာကိုလှမ်းဆွဲထားတာကြောင့်ဖြစ်ပုံရသည်။

" မျက်လုံးဖွင့်ပါအုံး။ မင်းပြုတ်ကျမသွားအောင် ကိုယ်ထိန်းပေးထားရတာ ကိုယ့်လက်အတော်လေးညောင်းနေပြီ။ မင်းလေးက မထင်ရဘူးနော်။ ဒီလောက်အထိလေးလိမ့်မယ့်လို့။ အစားလေးဘာလေးချော့စား။ "

သြရှရှအသံဟာ အာဏာအပြည့်ပါတဲ့အမိန့်သံတစ်ခုလိုပင်။ ထိုအသံပိုင်ရှင်၏ အမိန့်သံကြောင့် ပန်းစကားမျက်လုံးတို့ပြန်လည်ပွင့်လာတော့သည်။ ပထမဆုံးမြင်တွေ့လိုက်ရတဲ့ ထိုသူ၏မျက်နာအစိတ်အပိုင်း။ မဟာဆန်သောမျက်နာအနေအထားမှာ နဖူးကွင်းဟာ မကျဥ်းမကျယ်၊ မျက်ခုံးမွေးဟာမည်းနက်ကာ လူတွေပြောတဲ့ ဇင်ယော်တောင်မျက်ခုံး။ ထိုသူ၏မျက်ခုံးမွှေးဟာ ထိုကဲ့သို့ပင်။ မျက်ဝန်းအိမ်တို့မှာ ကြည်လဲ့တောက်ပကာ ဝိုင်းစက်နေသည်။ ပြင်းရှသောအကြည့်တို့ကိုပိုင်ဆိုင်စေရန် ရှည်လျားတဲ့မျက်တောင်တွေက အားဖြည့်ပေးထားသလိုပင်။ သွယ်ပြီးဆင်းကျလာတဲ့နှာတံဟာ နှားခေါင်းထိပ်မှာ လုံးဝန်းလို့နေသည်။
လေးကိုင်းသဏ္ဍာန်ကော့ညွှန့်နေတဲ့ နှုတ်ခမ်းတို့ဟာ ပြည့်မှည့်နေတဲ့စတော်ဘယ်ရီသီးတစ်လုံးလိုပင် နီရဲလို့နေသည်။.လေးထောင်ပုံစံမကျတကျ ပါးရိုးတစ်လျှောက်ဟာ စိမ်းဖန့်လို့နေသည်။ ဒါဟာသူရိတ်သင်ထားတာ သိပ်မကြာသေးဘူးလို့ဆိုလိုသည်။ သူ့လက်ထဲကပန်းစကားပွင့်လေးဟာတော့ ရေပြင်ပေါ်သို့ ကျရောက်သွားလေသည်။

*ဟွန့်!!!ငါ့ရဲ့ပန်းလေးရေထဲကျသွားပြီ။

ပန်းစကားပွင့်လေးကျသွားတာကို နမျောမိတဲ့ကိုယ်ဟာ ကိုယ်တိုင်ရေထဲကိုပြုတ်မကျသွားတာကိုတော့ ထိုလူကိုတောင် စိတ်ထဲကကျေးဇူးတင်မိသည်။

" ဟိတ် မင်းလေးမျက်လုံးဖွင့်ပြီး အတိတ်မေ့သွားတာတော့မဟုတ်ပါဘူးနော်။ "

ဒုတိယံပိစကားဆိုလိုက်တာတောင် သူ့ကိုငေးကြည့်နေတဲ့ကောင်လေးရယ်ပါ။ တစိမ်းယောကျ်ားလေးတစ်ယောက်က သူ့ကိုမျက်တောင်တစ်ချက်မခတ်တမ်းငေးကြည့်ခံရတာဟာ ရင့်အတွက်မထူးဆန်းပေမယ့် အခုဟာကအနီးကပ်ဖြစ်နေတာကြောင့် ရင့်မျက်နာဟာ ဘာရယ်မဟုတ်ပူလို့လာသည်။ ထိုပူလောင်ခြင်းနဲ့အတူ တဒုန်းဒုန်းနဲ့ခုန်နေသော သူ၏နှလုံးသားလေးဟာ အိုးစည်းဗုံမောင်းဝင်တီးနေသကဲ့သို့ပင်။ တဒိတ်ဒိတ်နဲ့ခုန်သောရင်ခုန်သံကို တစ်ဖက်ကကောင်လေးကြားသွားလေးမလားဆိုတဲ့အတွေးကြောင့် ရင့်တစ်ယောက်လွှတ်ချလိုက်ချင်ပါသော်လည်း လဲကျသွားမည့်ထိုကောင်လေးအစား သူရင်မောရပြန်သည်။ ယောကျ်ားလေးရဲ့အသားအရည်ဟာ ဖြူပြီးဒီလောက်အထိ နူးညံ့စရာလိုလား။ အသားဖြူပါတယ်ဆိုတဲ့ ကောင်လေးတွေ ကောင်မလေးတွေထက် ပိုပြီးဖြူနေတဲ့ ထိုကောင်လေးဟာ ပိုးဟပ်ဖြူလေးလားပင်။ အိစက်နေတဲ့အသားလေးဟာ တိမ်လိပ်ကလေးများလို၊ ဝါဂွမ်းဝါစလေးများအလား ထင်မှတ်ရပြန်သည်။ ကောင်လေး၏မျက်ဝန်းတို့သည် ပြုတ်ကျသွားမည်ကို စိုးရိမ်ဟန်ရှိနေသည်။

" အယ် မောင်လေးရယ် စိတ်မရှိပါနဲ့ အမမောင်လေးက ဒီကမောင်လေးရဲ့ ဂစ်တာတီးပြီးသီချင်းဆိုတဲ့အသံကြောင့် အလောတကြီးဝင်ရာကနေ မတော်တဆတိုက်မိသွားတာပါ။ "

အခြေအနေကိုသူဇာဝင်ထိန်းလိုက်တာကြောင့်သာ မဟုတ်ရင်တစ်ယောက်ကလဲ ဘယ်အချိန်ထိဖက်ထားမယ်မသိ။ နောက်တစ်ယောက်ကလဲ ဘယ်အချိန်ထိငေးကြည့်နေမယ်မသိအောင်ရှိနေသည်။

မသူဇာအသံကြားမှ ပန်းစကားထိုလူလက်ထဲကနေ ရုန်းကာ ကိုယ်ဟန်သပ်လိုက်သည်။

" တောင်းပန်ပါတယ်။ ကျွန်တော်အလောတကြီးဝင်လာမိလိုက်လို့ မမြင်ပဲတိုက်လိုက်မိတာ။ "

မျက်လွှာတို့ကိုချထားကာစကားဆိုလာ
သော် မျက်နာပြည့်ပြည့်နဲ့ သူ့နှလုံးသားလေးထဲဝင်ရောက်လာတဲ့ မျက်တောင်ရှည်ရှည်လေးကောင်လေးတစ်ယောက်။ မျက်တောင်ရှည်လေးတွေကို ပုတ်ခတ်ကာသူ့ကိုစိုက်ကြည့်နေတဲ့ကောင်လေးကို ရင့်ပြန်လွှတ်မပေးမိသေးပါ။ အိစက်နေတဲ့အသားလေးတွေက ဝါဂွမ်းစလေးတွေထက်ပင် နူးညံ့လို့နေပါသေး၏။

" လွှတ် လွှတ်ပေးတော့လေဗျာ။ "

သူ့လက်မောင်းကြားထဲကနေ ရုန်းကန်နေတဲ့ကောင်လေးဟာ သူကောင်သေးသလောက် အားတော့ရှိသားပင်။ ရင့်တစ်ယောက်တွေတွေစိုက်ကြည့်နေရာကနေ ကောင်လေး၏ရုန်းကန်အားကြောင့်သာ ပြန်လွှတ်ပေးမိတာ။ လူကသာပြန်လွှတ်ပေးလိုက်ပေမယ့် သူ့စိတ်ထဲကတော့ ကောင်လေးရဲ့ကိုယ်လုံးအိအိလေးကို ဖက်ထားချင်မိပါသေးရဲ့။ သူလွတ်ပေးလိုက်တော့ ကောင်လေးက ဘောက်ဆတ်ဘောက်ဆတ်နဲ့ သူ့အနားကနေ ပုသိမ်ထီးလေးကို ဆောင်းသွားပါလေရဲ့။ ရင့်လဲကောင်လေးကိုကြည့်ကာ သီချင်းဆိုညည်းမိလိုက်သည်။

🎼🎼
ရွှေမန်းသူလေး....မင်းလေးရှိ ရှိတဲ့အရိပ်ကိုတိုး
အကြင်နာတွေ မန်းတောင်ရိပ်ထက်တိုး ကိုယ်နှလုံးသားလေး ထိန်းချုပ်မရတော့ဘူး။ 🎼🎼🎼

သူဆိုလိုက်တဲ့ သီချင်းက

****

နောက်တစ်နေ့....

ရင့်မန်းလေးကိုရောက်နေတာ ဒီနေ့နဲ့ဆို တပတ်ပင်ပြည့်လို့နေသည်။ ပထမဆုံးရက်ကတွေ့ခဲ့တဲ့ ကောင်လေးကိုသူပြန်တွေ့လေမလားဟူသောစိတ်ဖြင့် ညနေစောင်းတိုင်း ဦးပိန်တံတားပေါ်ကို ဟိုဘက်ဒီဖက် အခေါက်ခေါက်အခါခါလျှောက်ခဲ့သည်မှာ ခြေပင်တိုလုလု။ ဒါပေမယ့်သူတွေ့ချင်နေတဲ့ ပါးဖောင်းဖောင်းလေး၊ မျက်တောင်ကော့ရှည်ကာ ရယ်လိုက်လျှင် ညီတန်းနေတဲ့သွားဖွေးဖွေးလေးကို မမြင်တွေ့ရတာ ၆ရက်ပင်ပြည့်လို့လာသည်။ ဘာကြောင့်ရယ်မသိ ရင့်ထိုကောင်လေးကို အမှတ်တမဲ့ဆုံဈည်းလိုက်ရာကနေ အမှတ်တရရှိနေတာကိုတော့ စိတ်ထဲနည်းနည်းလေးမှ ဘဝင်မကျချင်စရာကောင်းနေသည်။ သူကောင်မလေးများစွာနဲ့ တွဲခဲ့ဖူးပါသည်။ သူတွဲခဲ့တဲ့ကောင်မလေးတိုင်း ပြတ်သွားခဲ့လျှင် သူမလွမ်းခဲ့၊သတိရခဲ့တာတစ်ခါတလေတောင်မရှိခဲ့ဖူးပါ။ ဒီတစ်ယောက်နဲ့ပြတ်သွားလျှင် နောက်တစ်ယောက်နဲ့တွဲလို့သာ သူ့ရဲ့လက်တွေ့ဆန်တဲ့ဘဝကို ပျော်ရွှင်စွာဖြတ်သန်းခဲ့သည်။

"ဟူး....ကိုယ်စိတ်တွေကမင်းဆီပဲရောက်နေတယ်ကွာ။ မင်းကငါ့စိတ်ကိုအတော်လေးဖမ်းစားနိုင်တာပဲ အရုပ်ကလေးရာ။ "

ရင့်ရန်ကုန်ကနေ မန်းလေးကိုခနအလည်သဘောမျိုးနဲ့ရောက်လာခဲ့တာဖြစ်သည်။ ရန်ကုန်မှာ သူ့ကိုမနိုင်တာကြောင့် ဖေဖေကသူ၏မိခင် ရင့်ရဲ့အဖွားဆီကို ပို့ထားတာဖြစ်သည်။

" မင်းဒီအသက်ဒီအရွယ်ရောက်နေပြီ မိဘအလုပ်ကိုနည်းနည်းလေးမှ ကူညီတာမရှိဘူး။ တစ်နေ့တနေ့ ကောင်မလေးပေါင်းများစွာနဲ့ shoppingထွက်မယ်။ သူငယ်ချင်းတွေနဲ့ clubသွားလိုက် barသွားလိုက်နဲ့ မင်းမှာအချိန်
တွေ အဲ့ဒီလောက်ပေါနေသလားရင့်။ "

ရင့်ဆိုတဲ့သူ၏အမည်နာမသည် ဖေဖေပေးထားတာဖြစ်သည်။" ရင့်"ဆိုတဲ့ အဓိပ္ပာယ်က ရဲရင့်ခြင်းလို့ဖေဖေကပြောပေမယ့် သူကတော့ ရင့်ဆိုတာ ရင့်သီးခြင်းလို့သာမှတ်တွင်စေသည်။ သူငယ်ချင်းတွေကလဲ သူ့ကိုရင့်သီးတယ်လို့ပြောကြတယ်မဟုတ်လား။

" ကျွန်တော်ကလူငယ်လေ။ ကျွန်တော်အလုပ်မလုပ်ချင်သေးဘူး။ ဖေဖေ့ရဲ့လုပ်ငန်းခွင်ထဲဝင်ရင် ကျွန်တော့ရဲ့လူငယ်ဘဝပျောက်ဆုံးသွားရလိမ့်မယ်။ "

ရင့်တစ်ယောက် ခပ်တည်တည်မျက်နာပေးနဲ့ ဖေဖေ့စကားကိုဖယ်ခြားစေလိုက်သည်။ ဖေဖေ့မျက်နာကတော့ သူ့ကိုစိတ်ပျက်စေတဲ့အမူအယာနဲ့ သနားစိတ်ဝင်သောအကြည့်တို့ကပါ ယှဥ်တွဲလို့ပါဝင်နေသည်။

" မင်းအပြောကတော့ကောင်းပါရဲ့။ အလုပ်မလုပ်ဘဲနဲ့တော့ ငါ့ဆီမှာမင်းခိုကပ်စားမယ်မကြံနဲ့ရင့်။ "

" အို...ဖေကြီးကလဲ ကိုယ့်မှာဒီသားလေးတစ်ယောက်ရှိတာကို။.သားအလုပ်မလုပ်လဲ သားဆယ်သက်စားမကုန်တဲ့ ငွေကြေးချမ်းသာမှု့တွေ အမြှောက်အများကြီးရှိနေတာပဲ။"

" နန်းခင်ကြည်။ မင်းဒီလိုတွေ အလိုလိုက်လို့ မင်းသာပျက်စီးနေတာမင်းသိရဲ့လား။ သူ့အသက်အရွယ်နဲ့ဆို အိမ်ထောင်ပြုကိုယ်ပိုင်လုပ်ငန်းလေးနဲ့ မိသားစုဘဝကိုရင်ဆိုင်ရတော့မယ့်အရွယ်ကွ။ မင်းသားကကလေးမဟုတ်တော့ဘူး။ အဲ့ဒါမင်းသိရဲ့လား။ "

ဖေဖေ့ရဲ့ဒေါသတွေက သူ့ဆီမှာမမဟုတ်တော့ဘဲ မေမေ့ဆီကိုကူးပြောင်းသွားတော့သည်။ မေမေကလဲအလျော့မပေး မျက်နာကိုတည်တင်းကာ ဖေဖေ့ကိုဘုကြည့်ပြန်ကြည့်နေသည်။ သိပ်အခြေအနေကမကောင်းတော့တာမို့ ရင့်ဒီတိုက်ပွဲကနေ အမြန်ရှောင်မှရမည်။ ဒီထက်နည်းနည်းနောက်ကျရင်တိုက်ပွဲက ပြင်းထန်လို့လာတော့မည်။ ရင့်ဖေဖေပြောသလို မန်းလေးကိုသာ သွားတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ဒါဆိုဖေဖေ့အိမ်မှာ သူခိုကပ်စားစရာမလိုတော့။ မျက်နှာငယ်စရာမလို့တော့ဘူးမဟုတ်လား။ ဒီလိုနဲ့ အဝတ်အစားတွေကို အိတ်ထဲကောက်ထည့်ကာ သူမန်းလေးကို ရောက်လာခဲ့တော့သည်။

ရင့်ကောင်းမှု့တော်ဘုရားကို တစ်ယောက်ထဲရောက်လာခဲ့သည်။ ဖွားဖွားအိမ်ရောက်ကတည်းက သူသွားဖြစ်တဲ့နေရာက တစ်နေရာထဲပင်။ ထိုနေရာက ညနေစောင်းတိုင်းသူထိုင်ကာ ဂစ်တာတီးနေကြ ဦးပိန်တံတားပေါ်ကိုသာ။ ဦးပိန်တံတားပေါ်ကနေ ညနေ,နေဝင်ချိန်အလှကို သူကြည့်ရတာ သဘောကျသည်။
ကောင်းမှု့တော်ဘုရားအဝင်ပေါက်နားရောက်တာနဲ့ ကလေးငယ်အချို့သည် သူ့အနားကိုပြေးကပ်လာကြသည်။ အချို့ကလေးတွေလက်ထဲမှာ ကြာပန်းများကိုင်ဆောင်ထားကြသည်။ အချို့ကလေးတွေကတော့ ဖျင်လွယ်အိတ်တစ်လုံးကိုလွယ်ထားကြလျှက်။

" ကိုကိုချောချော ပန်းယူအုံးမလား။ ဘုရားမှာကြာပန်းနဲ့ကပ်လှူရင် လိုရာဆုတောင်းပြည့်နိုင်တယ်တဲ့။ ကိုကိုချောချောရဲ့ကောင်မလေးကောမပါဘူးလား။ "

ထိုကလေးအုပ်စုထဲမှ စကားကိုသွက်လက်စွာပြောလာတဲ့ ကလေးငယ်လေးတစ်ယောက်။ ထိုကလေးငယ်ရဲ့ပါးပြင်ပေါ်တွင် သစ်ရွက်ပုံစံလေးဆွဲကာ လှူးထားပုံကချစ်စရာလေး။ ကလေးငယ်၏စကားကြောင့် ဘာမဆိုင်ညာမဆိုင် သူ့ရင်ခွင်ထဲ ယိုင်လဲကျလာတဲ့ ကောင်လေးကိုမြင်ယောင်လာရသည်။ ရင့်နှုတ်ခမ်းလေးမသိမသာပြုံးယောင်လာပြီး ဝဲရင်အုံထဲက နှလုံးသားလေးက ကဆုန်ပေါက်လို့လာပြန်၏။

" အင်း...အဲ့ဒီပန်းတွေအကုန်ဘယ်လောက်ကျလဲ။ "

ရင့်ကလေးတွေလက်ထဲက ကြာပန်းတွေကို စျေးမေးလိုက်သည်။ ကလေးတွေက သူ့အမေးကြောင့် အရမ်းပျော်ရွှင်သွားတဲ့မျက်နာနဲ့ စျေးတွက်နေကြလေရဲ့။

" သူက၃၅၀၀ဖိုး။ ကျွန်တော်က၂၅၀၀။ မင်းပန်းတွေဘယ်လောက်ရှိလဲမိုးကောင်း။."

သူ့ကို ကိုကိုချောချောလေးလို့ခေါ်တဲ့ကလေးငယ်ဟာ
ကောင်လေးလို့ ရင့်မထင်ထားခဲ့။ ကောင်မလေးလို့သာထင်မိခဲ့သည်။

" မင်းကယောကျ်ားလေးလား။."

ရင့်သူရဲ့ ၆ပေကျော်တဲ့အရပ်ကြီးကို ကိုင်းကာကလေးတွေကိုမေးလိုက်သည်။

" ဟုတ်ပါတယ်ဗျ။ "

" မင်းလက်ထဲကပန်းတွေကောပေးလေ။ ဘယ်လောက်ဖိုးလဲ ရေတွက်ပြီးပြီလား။ "

" ဟို...လေ။ "

မိုးကောင်းဆိုတဲ့ကောင်လေးသည် လက်ထဲကပန်းခိုင်တွေကိုတလှည့် သူ့ကိုတစ်လှည့်ကြည့်ကာ ချီတုံချတုံဖြစ်နေသည်။

" ဘာလဲမင်းကိုကောင်မလေးထင်လို့ ကိုယ့်ကိုမင်းရဲ့လက်ထဲက ပန်းတွေမရောင်းချင်တာလား။ "

" မဟုတ်ပါဘူးကိုကိုချောချောရ။ သားလူတစ်ယောက်ကို လက်ဆောင်ပေးချင်နေသေးလို့။ "

" အမယ် မင်းကရိုးကောရိုးရဲ့လားကွ။ "

" ဟီးး..."

မိုးကောင်းဆိုဲ့ကလေးငယ်ဟာ ဖြူတန်းကာညီနေတဲ့သွားလေးကိုဖြဲကာ သူ့ကိုရယ်ပြနေလေရဲ့။

" သူကပန်းခိုင်တွေကို အမြဲတစ်စီးချန်ထားတက်တဲ့။ အဲ့ကိုကိုချောချောလေးလာရင် သူကပေးတက်တာလေ။ "

" ဟုတ်ပါပြီ ။မင်းအတွက်တစ်စီးချန်ထားပြီး ကိုယ်ကို့ကို ကျန်တာစျေးတွက်ပေးလေး။ "

ထိုအခါမှ ပျော်သွားတဲ့ မိုးကောင်းမျက်နာက မိုးတိမ်မည်းတွေကင်းစင်သွားတဲ့ကောင်းကင်တစ်ခုလိုပင်။

" ဟုတ်။ ဒါတွေအကုန်၃ထောင်ပဲပေး ကိုကိုချောချော။ "

မိုးကောင်းလက်ထဲက ပန်းခိုင်တစ်ခိုင်ဟာ အညိုရောင်ကြာပန်းခိုင်ဖြစ်ကာ အစွမ်းကုန်ပွင့်နေလေရဲ့။ ရင့်အိတ်ကပ်ထဲကနေ တစ်သောင်းတန်းတစ်ရွက်ကို ထုတ်ကာပေးလိုက်သည်။

" ကျန်တာပြန်မအမ်းနဲ့တော့။ မင်းတို့အားလုံး မုန့်ဝယ်စားကြ။ "

" ဟေး...."

ကလေးအားလုံးရဲ့ "ဟေး"ဆိုပြီးအော်ကာ ခုန်ပေါက်နေကြသည်။ ကလေယအားလုံးသည် ပျော်နေကြတာမြင်တော့ ရင့်လဲပျော်မိပါသည်။ ရင့်သည်လက်ထဲကပန်းခိုင်တွေကို ကြည့်ရင်း သူ၏မွေးနံ ဗုဒ္ဓဟူးထောင့်ကိုလျှောက်လာခဲ့တော့သည်။ ကောင်းမှု့တော်ဘုရားသည် ထုံးဖြူသကင်္န်းများကပ်လှူထားတာကြောင့် တစ်မျိုးသပ္ပါယ်စရာကောင်းလှသည်။.ရန်ကုန်ကရွှေတိဂုံလို ရွှေသကင်္န်းများကပ်လှူထားတာမျိုးမဟုတ်။ ရင့်ပန်းများကိုလှူကာ ဆုတစ်ခုတောင်းလိုက်သည်။

" သူနဲ့ပြန်ဆုံတွေ့ပါရစေအရှင်ဘုရား။ "

ပန်းများကိုကပ်လှူရင်း ရင့်ဆုတောင်းမိလိုက်ပါသည်။ ဒီရက်ပိုင်းလေးအတွင်းမှာ သူ့စိတ်ကိုဘာကြောင့် အဲ့ဒီကောင်လေးက စိုးမိုးထားရပါလိမ့်။ ထမင်းစားနေရင်တောင် ပန်းကန်ထဲမှာထိုကောင်လေးရဲ့မျက်နာဟာ ပေါ်လာတာကြောင့် သူငေးကြည့်နေတာ အကြာကြီးပင်။ အဖွားကတောင် သူ့ကိုမေးယူရတဲ့အထိ။ ထမင်းပန်းကန်ကိုစိုက်ကြည့်နေခဲ့မိတာ။ ဘုရားကန်တော့ပြီး တပတ်ပတ်လိုက်သည်။ ဘုရား၏မုဒ်ပေါက်နားမှာ အစောတုန်းကသူပန်းဝယ်ခဲ့တဲ့ ကလေးတစ်စုဟာတစ်စုံတစ်ယောက်ကို သနပ်ခါးလှူးပေးနေပုံရသည်။ ရင့်ခပ်မှန်မှန်လှမ်းလျှောက်ကာ ကလေးငယ်တွေအနားမရောက်ခင်မှာ သူ့ခြေလှမ်းတွေ ရပ်တန့်ကုန်သည်။

" ကိုကိုချောချောပြန်တော့မို့လား။ "

မိုးကောင်းဆိုတဲ့ကလေးဟာ သူ့ကိုမြင်တာနဲ့နှုတ်သွက်အာသွက်နဲ့ နှုတ်ဆကွနေလေသည်။ ထိုအခါမှ ကလေးငယ်ကြားထဲက သူ၏မျက်နာပိုင်ရှင်လေးက သူ့ရှိရာကိုကြည့်လာသည်။

" အင်း...အစကတော့ပြန်တော့မို့ပဲ။ အခုတော့..."

ရင့်ကလေးငယ်တွေကြားထဲက ကောင်လေးကိုကြည့်ကာ စကားဆိုရင်း နောက်တစ်ကြိမ်မသိမသာခိုးကြည့်လိုက်သည်။

" ဒါကသားရဲ့ကိုကိုလေ။သားကြီးရင် ကိုကို့ကိုလက်ထပ်မှာ။ "

မိုးကောင်းဆိုတဲ့ကောင်လေးက သူ့ကိုကြည့်ပြီးပြောလာတဲ့စကား။ နောက်တစ်ကြိမ်သူတို့နှစ်ယောက် အကြည့်ချင်းစုံတဲ့အခါ ရင့်ရဲ့နှလုံးသားလေးဟာ ကဆုန်လမှာသည်းတဲ့မိုးလိုပင်။ သူ့ရင်ကိုအေးမြသွားစေပြီး လူကိုတုန်ရီအောင်လုပ်နိုင်သူလေးပင်။ သို့ပေမယ့်မိုးကောင်းရဲ့စကားကိုတော့ ရင့်အတွက်ဘဝင်မကျစေချင်တာ အမှန်ပင်။ ဒီကလေးက ငယ်ငယ်လေးနဲ့ စကားကြီးစကားကျယ်နဲ့ပြောတက်တဲ့ကောင်လေ။ ထိုကောင်ငယ်လေးကို သနားနေတဲ့စိတ်တောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားရသည်။

" ပန်းရေပြန်ကြရအောင်။ မယ်မယ်ကြီကအပြန်နောက်ကျလို့ ဆူနေလိမ့်မယ်။ "

အမတစ်ယောက်က ကလေးတွေကြားထဲက ကောင်လေးကိုလှမ်းခေါ်နေသည်။ သူ့ရဲ့နှလုံးသားပိုင်ရှင်လေးနာမည်က ပန်းတဲ့။ နာမည်လေးနဲ့လိုက်ဖက်ပါရဲ့ လူလေးကလဲပန်းကလေးတစ်ပွင့်လိုပဲ။ ပါးပြင်ပေါ်ကသနပ်ခါးလေးတွေတောင် မခြောက်သေး။ သစ်ရွက်ပုံစံလေးလှူးထားတဲ့ မျက်နာလေးဟာ သူ့ကိုသတိမေ့မျောစေတဲ့အထိ ငေးကြည့်မိအောင် ညို့နိုင်စွမ်းရှိနေသည်။ ပန်းဆိုတဲ့ကောင်လေးက ထိုအမရှိရာကိုလျှောက်သွားခဲ့သည်။

ပန်းစကားဟိုရက်တွေကနေမကောင်းဖြစ်နေတာကြောင့် မယ်မယ်ကြီးက အိမ်ထဲကနေအိမ်အပြင့်မထွက်ခိုင်းတာကြောင့် သူ့အပြင်မထွက်ရပါ။ ခုတလောသူခနခနနေမကောင်းဖြစ်ကာ ဖျားလာတက်သည်။ ဘာရောဂါရယ်လို့ တိတိကျကျမရှိသော်လည်း သူ့ခန္ဓာကိုယ်ဟာ အားနည်းလာတယ်လို့ ခံစားလာရသည်။ ခနခနနှာခေါင်းသွေးလျှံတက်လာသည်။ မန်းလေအပူချိန်ပြင်းတာကြောင့်လို့ သူထင်မိခဲ့သည်။ ဒီနေ့တော့ သူအပြင်ကိုထွက်ချင်တာကြောင့် မယ်မယ့်ဆီမှာခွင့်တောင်ူကာ ထွက်လာရခြင်းဖြစ်သည်။ ဒီကိုရောက်တော့ သူထင်မှတ်မထားတဲ့ လူတစ်ယောက်ကိုနောက်တစ်ကြိမ်သူပြန်တွေ့ရသည်။ ထိုသူရဲ့မျက်ဝန်းတွေက ကြည်လဲ့ကာတောက်ပနေပုံမှာ ညဖက်မှာမြင်ရတဲ့ ကြယ်လေးတစ်လုံးအလားထင်မှတ်ရသည်။ သူ့ကဲ့အကြည့်တွေနဲ့ဆုံလိုက်ရချိန်မှာ ပန်းစကားနှလုံးသားလေးဟာ ကျဥ်စက်နဲ့အတို့ခံလိုက်ရသလိုခံစားရသည်။

' ဒါအချစ်အလား။ ဒါရင်ခုန်တာလား။ သေချာလား '
ဆိုပြီးအမည်မသိတဲ့အဆိုတော်ရဲ့ သီချင်းလေးကိုတောင် သူ့နားထဲပြန်
ကြားမိသလိုပင်။

တခနအတွင်း ငေးမောမှင်သက်မိတာက ပန်းဆိုတဲ့ကောင်လေးကြောင့်။.

" မိုးကောင်း မင်းကိုကိုနာမည်ကဘယ်သူလဲ။ "

" ကိုကိုပါဆိုကိုကိုပေါ့။ "

တမင်ရစ်နေတဲ့မိုးကောင်း။ အနှီးဂျစ်ကောင်ကို ရင့်ခေါင်းကိုထုပစ်ချင်တဲ့စိတ်တောင်ပေါက်လို့နေသည်။ မော်ချီထားတဲ့မျက်နာဘေးကိုက ရိုက်ချင်စရာလေး။

" ဒီကိုကိုက မုန့်ဖိုးပေးမယ်လေ။ "

ရင့်ဘောင်းဘီအိတ်ကပ်ထဲကနေ ငါးထောင်တန်တစ်ရွက်ကိုထုတ်ကာပြလိုက်သည်။ ထိုအခါမှ အမျိုးကောင်းသားလေးမျက်နာကို ပြုံးဖြီးလို့လာသည်။ ဆတ်ခနဲသူ့လက်ထဲက ငွေကိုယူကာ သူ့ရဲ့လွယ်အိတ်ထဲကိုထည့်လိုက်သည်။

" ကိုကိုပန်းစကား။ "

" ပန်းစကား။ "

" အင်း။ "

" ဘယ်နားမှာနေတာတဲ့လဲ။ "

" မဖြေတော့ဘူးလေ။ ကိုကိုပေးတာ တစ်ရွက်ထဲ။ မေးခွန်းကတစ်ခုထဲရယ်။ "

ရင့်မျိုးကောင်းသားလေးကို ပြစ်နှစ်စွာဆဲရေးပစ်လိုက်ချင်တဲ့စိတ်တွေ မနည်းထိန်းထားသည်။ ဒါပေမယ့်သူလိုချင််တဲ့အဖြေက ဒီခွေးပေါက်လေးဆီမှာမို့ သူမျက်နာကိုပြုံးကြည်ထားရသည်။
" ရော့..."

ရင့်ပိုက်ဆံတစ်ရွက်ကို ဆောင့်ကြီးအောင့်ကြီးနဲ့ ထိုးပေးလိုက်သည်။

( ....) လမ်း၊ အိမ်နံပါတ် (....)။.

ရင့်လိပ်စာကို လိုက်ရွတ်နေမိသည်။

****

" ဟေ့ကောင်ရင့်"

ရင့်သူနာမည်ကိုခေါ်တာကြောင့် နောက်သို့လှည့်ကြည့်လိုက်တော့ ထူးအောင်ပင်။

" မင်းဘယ်လိုလုပ်မန်းလေးရောက်နေတာလဲ။ "

ထူးအောင်ကမေးလဲမေး သူ့ပုခုံးကိုလာရောက်ဖက်တွယ်လာသည်။

" ရန်ကုန်ကနေဘယ်မှ မသွားချင်တဲ့ကောင်ကမန်းလေးရောက်နေတယ်ဆိုတာ နည်းနည်းတော့ ထူးဆန်းလို့နေတယ်နော်သားရီး။ "

" အိမ်ကဖားသားကြီးနဲ့ ကွိုင်တက်လာလို့ပါကွာ။ မင်းလဲသိရဲ့သားနဲ့ ငါ့ဘိုးတော်ကဘယ်လောက်ပွားလဲဆိုတာကို။ "

" အဲ့တော့ မင်းအဖွားရှိတဲ့မန်းလေးကိုရောက်လာခဲ့တာပေါ့လေ။ "

" Right မင်းသိပ်မှန်တယ်။ လာကွာ အနီးနားကဆိုင်တစ်ဆိုင် ဝင်ထိုင်ကြရအောင်။"

သူငယ်ချင်းနှစ်ယောက်အနှစ်နှစ်အလလကွဲကွာနေလို့ အခုမှပြန်တွေ့ရနေသလို။

" မင်းအချစ်ဆိုတာကိုယုံလားထူးအောင်။ "

ဘီယာခွက်ကို ကိုင်မြှောက်ကာသောက်ရန်ပြင်နေတဲ့ထူးအောင်လက်တ်ို့လေထုထဲမှပင် ရပ်တန့်လို့သွားရသည်။

" မင်းကမယုံကြည်တဲ့ကောင်လေ။.ငါကအချစ်ကတကယ်ရှိတယ်ဆိုတာ ယုံကြည်ပြီးသား။ မင်းသာအချစ်ကိုမယုံကြည်လို့ ကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်ထားခဲ့တာမဟုတ်ဘူးလား။ "

" အေး...ငါအချစ်ဆိုတာကို ယုံကြည်နေမိပြီကွ။ ငါသူနဲ့တွေ့ဆုံတွေ့လိုက်ရမှ အချစ်ဆိုတာကိုခံစားမိလိုက်တာ။ သူ့ရဲ့မျက်ဝန်းတွေ၊ သူ့အကြည့်တွေနဲ့ သူ့ရဲ့ဖြူစင်ပြီးအပြစ်ကင်းစင်တဲ့ မျက်နာလေးကိုတွေ့လိုက်ရတဲ့အချိန်ကစလို့ပေါ့။"

ထူးအောင် ရင့်မျက်နာကိုမမှိတ်မသုန်စိုက်ကြည့်ကာ ရင့်မျက်နာကိုဖတ်လို့နေသည်။ ရင့်ရဲ့မျက်ဝန်းတွေနဲ့ မျက်နာဟာ သူတကယ်အချစ်ကို ယုံကြည်လို့သွားခဲ့တယ်ဆိုတာကို ထူးအောင်မြင်တွေ့နေရသည်။

" ပြောစမ်း။ မန်းမြို့က ကျွန်တော်ကျွန်တော်နဲ့ပြောတက်တဲ့ ဘယ်ကောင်မလေးလဲ။"

" အင်း။ ငါရွှေမန်းသူလေးကိုချစ်မိသွားတာမဟုတ်ဘူး။.ရွှေမန်းသားလေးကိုချစ်မိသွားတာထူးအောင်။ "

" ဖွီ...ဘယ်လို။ ဘယ်လိုရင့်။ "

ထူးအောင်ဘီယာသောက်နေတာကိုတောင် သီးသွားတဲ့အထိ။ ရင့်စကားတွေက သူ့ကိုမယုံကြည်နိုင်အောင်အထိပင်။

" ငါကောင်လေးတစ်ယောက်ကို ချစ်မိသွားပြီလို့။ "

" မင်းတကယ်ကြီးလား။ "
" အင်း။ Really "

ထူးအောင်လေပူတစ်ချက်သာ ခပ်ပြင်းပြင်းမှုတ်ထုတ်မိလိုက်သည်။

" အငြိုးတစ်ခုနဲ့ ထိုသူကိုချဥ်းကပ်ခဲ့ရာကနေ ချစ်မိသွားတဲ့အခါ ချစ်မိတဲ့သူက နာကျင်တာမျိုးလားမမသူဇာ။ "

" ဟင် ပန်းလေးစကားကဘာကြီးလဲ။မမတော့သိပ်နားမလည်ချင်ဘူး။ "

" ကျွန်တော်တို့ရဲ့ ရန်သူတော်မိသားစုက လူတစ်ယောက်ကို တွေ့ခဲ့ရပြီလေ။ "

" ရှုး...တိုးတိုးပန်းလေး။ မယ်မယ်ကြီးသိသွားခဲ့ရင်...။ "

မသူဇာက နှုတ်ခမ်းပေါ်လက်ညှိုးလေးတင်ကာ သူ့ကိုတိုးတိုးလေးပြောဖို့ သတိပေးလာသည်။ သူမပုံစံက အခြားသူတစ်ယောက်ယောက်ကြားသွားမည်ကို စိုးရိမ်တဲ့ လေသံမျိုးပေါ့။

" ဘယ်သူမှမရှိပါဘူးမသူဇာရယ်။ မယ်မယ်ကြီးက အစောတုန်းကလေးတင် အပြင်ကိုထွက်သွားတာလေ။"

အခုမှသူမအသက်ရှုပြန်ချောင်လာသလို အသက်ကိုခပ်ပြင်းပြင်းရှုရှိုက်နေပုံရသည်။

" ဒီစကားကို ဒီနားလေးတင်ရပ်လိုက်ပါ့လားပန်းကလေးရယ်။ ဖြစ်ပြီးတာတွေကလဲ ဖြစ်ပြီးကုန်ပြှလေ။ သေတဲ့သူကပြန်ရှင်သန်လာမှာမှမဟုတ်တော့တာ။ "

" မသူဇာပြောသလိုသာဖြစ်နေခဲ့ရင် ပိုကောင်းတာပေါ့ဗျာ။ အခုက..."

မနေ့တစ်နေ့ကလိုပင် ကိုကိုကြီးသေဆုံးသွားခဲ့ရသလို ပန်းစကားထင်နေမိတုန်း။ သူဘယ်လိုမေ့ပျောက်လို့ရမလဲ။ ကိုကိုကြီးကထိုလူကို သိပ်ချစ်ခဲ့တာမလား။ ထိုလူကကော ကိုကိုကြီးကိုမှ...

ရင့်တစ်ယောက် မိုးကောင်းပြောတဲ့လိပ်စာအတိုင်း အိုးဝေကိုငှားကာထွက်လာခဲ့သည်။ အိုးဝေဆရာကို ကျသင့်ငွေပေးပြီး တစ်နေရာမှရပ်ခိုင်းထားလိုက်သည်။ အိုးဝေကားလေးမောင်းထွက်သွားတော့ သူခြေလှမ်းတွေက တက်ကြွလို့နေသည်။ ခြေလှမ်းတွေသာမက သူ့ရဲ့နှလုံးသားလေးကပါ ရွှင်လန်းလို့နေသည်လေ။ ဒီကောင်ကြီးက သူ့အရှင်သခင်ဖြစ်မယ့်သူကိုအရမ်းတွေ့နေချင်ပုံရသည်။ ရင့်အိမ်ခြံတံခါးကနေ အထဲအိမ်ဝန်းထဲကိုချောင်းကြည့်နေခဲ့သည်။ အထဲကနေလှုပ်ရှားမှု့တစ်စုံတရာမရှိတာကြောင့် ခြံဝန်းတံခါးကိုတစ်ချက်ဝေ့ဝဲကြည့်လိုက်တော့ လူခေါ်ဘဲလ်တစ်ခုကို တွေ့တာကြောင

ဓားပြဗိုလ်တို့ကို အော်ဒါတင်လို့ရသေးတယ်နော်
07/01/2026

ဓားပြဗိုလ်တို့ကို အော်ဒါတင်လို့ရသေးတယ်နော်

Pre Order Now ❗❗❗

Day 2 ✅✅

Page _ 367
Creamy paper
Book_Hc
Inner _2
Card_2

Notbook _1(lg early order in 3 minutes)
ဝယ်ယူချင်ရင် 2500 နဲ့ သက်သက်ဝယ်လို့ရတယ်ရှင့်။

Book price _32500
Box_2500

Half piad _ 17500(Box+2500)

Order date_ 6.1.2026 to 12.1.2026

Half Paid date_ 6.1.2026 to 24,1,2026

Facebook Vpn အခက်အခဲရှိသူများအတွက် Telegram မှာလည်း သီးသန့် Order ကောက်ပေးသော Admin ရှိပါတယ်ရှင့်။

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗟𝗶𝗻𝗸 ➪♡︎ https://t.me/OnceBookHouse

ပြည်ပ ကနေ မှာယူတဲ့သူတွေကလည်း စိတ်မပူပါနဲ့နော်။ ပြည်ပ အထိ သေချာလေးပို့ဆောင်ပေးသွားမှာပါရှင့်။
ပြည်ပကမှာတဲ့ ကလေးတွေကတော့ ပို့ဆောင်ခကို ကြိုပေးချေရပါမယ်နော်။ ထိုင်း၊စင်္ကာပူ ၊ မလေးရှား နေရာစုံပို့ပေးပါတယ်ရှင့်။

တင်ရောင်းလိုသည့် Book Shop များအနေဖြင့် cb မှာ လာစုံးစမ်းလို့ရပါတယ်နော်။


#အောင်ခန့်
#ငါ့ယောကျာကဓားပြဗိုလ်ခေါင်းဆောင်

အလှလေးကိုအပိုင်သိမ်းကြတော့နော်
24/12/2025

အလှလေးကိုအပိုင်သိမ်းကြတော့နော်

BookCoverလေးနဲ့စျေးနှုန်းလေးလာပါပြီ
23/12/2025

BookCoverလေးနဲ့စျေးနှုန်းလေးလာပါပြီ

တစ်ခုချင်းဆီချပြနေပါပြီနော်။ သိပ်မကြာခင်အချိန်မှာအော်ဒါကောက်ဖို့လာတော့ပါတယ်
21/12/2025

တစ်ခုချင်းဆီချပြနေပါပြီနော်။ သိပ်မကြာခင်အချိန်မှာအော်ဒါကောက်ဖို့လာတော့ပါတယ်

❝ ဘေးအိမ်ကကိုလူချော - အောင်ခန့် ❞

စာအုပ်လေးမှာပါဝင်မယ့် ဒုတိယမြောက် Inner Art လေးဖြစ်ပါတယ်ရှင့်။

စစ် မိသားစုလေးရဲ့ အထင်လွဲမှုတွေ ဝမ်းနည်းမှုတွေ နာကျင်စရာကုန်ဆုံးပြီး နောက် ပျော်ရွင်နေကြတဲ့ အခန်းလေးကိုသေချာလေး ပုံဖော်ပေးထားတာမို့ သဘောကျမယ်လို့မျှော်လင့်ပါတယ်ရှင့်။

နောက်နေ့တွေမှာလည်း အလှလေးတွေ ရှိသေးတာမို့ စောင့်ကြည့်ပေးပါအုံးနော်။

#ဘေးအိမ်ကကိုလူချော
#အောင်ခန့်

လှရက်သောလေဒီပုံလေးကိုမြင်တာနဲ့ ဖတ်ဖူးတဲ့သူတွေကသိတယ်နော်
20/12/2025

လှရက်သောလေ
ဒီပုံလေးကိုမြင်တာနဲ့ ဖတ်ဖူးတဲ့သူတွေကသိတယ်နော်

❝ ဘေးအိမ်ကကိုလူချော - အောင်ခန့် ❞

စာအုပ်လေးမှာပါဝင်မယ့် ပထမဆုံးသော Inner Art လေးဖြစ်ပါတယ်ရှင့်။

လုံးလုံး နဲ့ စာပြပးနေတဲ့ ဆရာ ဒီပါစစ်မှူး တို့ကို သေချာလေး ပုံဖော်ပေးထားတာမို့ သဘောကျမယ်လို့မျှော်လင့်ပါတယ်ရှင့်။

သဘောကျမယ်လို့မျှော်လင့်ပါတယ်ရှင့်။

#ဘေးအိမ်ကကိုလူချော
#အောင်ခန့်

ဘေးအိမ်က ကိုလူချောလေးထွက်လာပါပြီ လိုချင်တဲ့သူတွေ ဒီpageလေးမှာစောင့်ကြည့်ပေးကြပါနော်
20/12/2025

ဘေးအိမ်က ကိုလူချောလေးထွက်လာပါပြီ လိုချင်တဲ့သူတွေ ဒီpageလေးမှာစောင့်ကြည့်ပေးကြပါနော်

❝ ဘေးအိမ်ကကိုလူချော - အောင်ခန့် ❞

စာအုပ်လေးမှာပါဝင်မယ့် ပထမဆုံးသော ကတ်လေးဖြစ်ပါတယ်ရှင့်။

ကျောင်းကပြန်လာတဲ့ လုံးလုံးနဲ့ ကိုပါစစ်ပါရှင်🤍

ကတ်လေးကတော့ 4*6 ဆိုဒ်လေးနဲ့ ကတ်အကြီးလေးပါဝင်မှာ ဖြစ်ပါတယ် ငယ်လေးတို့ရေ…

#ဘေးအိမ်ကကိုလူချော
#အောင်ခန့်

ဥက္ကဋ္ဌအလှလေးကိုအပိုင်သိမ်းမယ်။ဥက္ကာလင်းမောင်&မြူခိုးဝေEp.5" ချကွာ ချသာချ။ "အစောနတုန်းကလိုး အော်ဟစ်အားပေးသံတွေအစား ရန်ဖြ...
02/12/2025

ဥက္ကဋ္ဌအလှလေးကိုအပိုင်သိမ်းမယ်။
ဥက္ကာလင်းမောင်&မြူခိုးဝေ
Ep.5

" ချကွာ ချသာချ။ "

အစောနတုန်းကလိုး အော်ဟစ်အားပေးသံတွေအစား ရန်ဖြစ်သံတို့ကအစားထိုးဝင်ရောက်လာသည်။ ကြက်ပွဲကြည်သူများမှာ လူချဲသွားရတဲ့အထိပါပဲ။ ထိုးသံ ကြိတ်သံနဲ့ အော်ဟစ်ကာ ဆဲရေးသံတို့က ထိုနေရာတဝိုက် ကျယ်လောင်စွာ​ပေါ်ထွက်လာတော့သည်။

" ဟေ့ကောင်ညိုမောင် မင်းကဇနည်းလွန်းတဲ့ငကြောက်ပဲကွ။ ရှုံးမှာကြောက်ရင် အစကတည်းက မင်းကြက်ကို ဘူးသီးနဲ့အရည်ကျိုချက်ပြီး ထန်းရည်နဲ့မြည်းပလိုက်ပေါ့။ ဟား ဟား "

ဥက္ကာလင်းမောင်ရဲ့ လှောင်ပြောင်သံဟာ ညိုမောင့်အတွက်တော့ မျက်နာကိုအက်ဆစ်နဲ့ပက်လိုက်တာထက် ပိုပူလောင်ရသည်။ လင်းမောင်ကြက်နဲ့ ညိုမောင်ရဲ့ကြက်တို့ ခွပ်နေကြရင်း ညိုမောင့်ကြက်ဟာ ကွင်းထဲကနေထွက်ပြေး
တာက စတာဖြစ်သည်။ အစကတော့ ကြက်နှစ်ကောင်ဟာ သည်းကြီးမဲကြီးကို ​ခွပ်နေကြတာဖြစ်သည်။ ကြာလာတော့ ကြက်နှစ်ကောင်ဟာ ပန်းလာကြတယ်။ ကြက်တွေခွပ်တာ နှေးလာပြီဆိုရင် သူတို့ရဲ့ပါးစပ်ထဲက်ု ရေငုံကာ တဖူးဖူးနဲ့ ကြက်၏ကိုယ်ပေါ်ကို ရေမွှားပုံစံပြောင်းကာ ကြက်တွေကို စိတ်လန်းစေကာ ပြန်လည်ခွပ်စေကြသည်။

အစကတော့ကြက်နှစ်ကောင်ဟာ သူ့ထက်ငါအပြိုင် အနိုင်ရရှိရေးကိုခွပ်နေကျသည်။ လင်းမောင်ရဲ့ကြက်ကလဲ တဖက်ကကြက်ကို အနားမပေးပဲခွပ်နေတော့သည်။ ထိုအချိန်မှာပဲ ညိုမောင့်ကြက်ဟာ စည်းဝိုင်းကနေကပြေးထွက်သွားတော့သည်။ ဒါကိုညိုမောင်ကအရှုံးမပေးချင်တာကြောင့် လင်းမောင်ကြက်ကိုပါ ခြေထောက်ဖြင့်လှမ်းခတ်တော့သည်။ လင်းမောင်ကြက်က ညိုမောင့်ခြေထောက်ကိုပြန်ခွပ်သည်။

" ဟေ့ကောင်ညိုမောင် မင်ညစ်ပတ်လှချေလားကွ။ "

" ငါ ဘာညစ်ပတ်လို့လဲ။ ငါ့ကြက်ထွက်ပြေးမှာဆိုးလို့ဖမ်းတာလေကွာ။ မင်းကြက်ကိုခြေနဲ့ခတ်တယ်မပြောနဲ့။ "

တကယ်တော့ ညိုမောင်ဟာတမင်ညစ်တာဖြစ်သည်။ ညိုမောင်ကသူ့ကြက်ရှုံးတော့မှာကိုသိသည်။ တကယ်လို့ထွက်ပြေးရင်လဲ တဖက်ကလင်းမောင်ရဲ့ ကြက်ကိုကန်မယ်ဆိုတာကိုလဲ တစ်ခါထဲတွေးထားသည်။ သူကန်ချက်ပြင်းပြင်းနဲ့ဆိုရင် လင်းမောင်ကြက်နောက်တစ်ခါပြိုင်ဖို့ရာ အခွင့်မသာတာကိုလဲ လိုချင်တာကြောင့်ဖြစ်သည်။ သို့ပေမယ့် ညိုမောင်ကအကန် လင်းမောင်ရဲ့ကြက်ကခုန်ကာ သူ့ခြေထောက်ကိုလိုက်ခွပ်တော့သည်။

" မင်းသောက်စိတ်ဓာတ်က မိန်းမစိတ်ဓာတ်ပဲကွ။ "

" ဘာကွ။ မင်းဇရှိရင် တစ်ယောက်ချင်းချမလား။ ထိုးမလား "

" ခွပ် "

ညိုမောင်ကစိန်ခေါ်တုန်းရှိသေးတယ် လင်းမောင်ရဲ့လက်သီးတစ်လုံးက ညိုမောင့်ရဲ့နှာနုရိုးထံ မိတ်ဆက်လေတော့သည်။ အကိုက်မို့ ညိုမောင်အထိုးခံလိုက်ရသလို နှာနုရိုးကျိုးကာ နှာခေါင်းသွေးတိုယိုကျလာသည်မှာ မြင်မကောင်းအောင်ရှိနေသည်။ ညိုမောင်ခံရတော့ ညိုမောင့်နောက်ကလူတွေကပါ ဝင်ပါလာကြရာကနေ လင်းမောင်ရဲ့သူငယ်ချင်းတွေကပါ ဝင်ရောက်လာကြတော့ ရန်ပွဲဟာ အကြိတ်အနှယ်နဲ့ပေါ့။ တစ်ဖက်ကယောကျ်ားလေးတွေကြည့်ဆိုသော် လင်းမောင်တို့ဘက်က မိန်းကလေးနှစ်ယောက်သည်။ မိန်းကလေးနှစ်ယောက်ဇဟာလည်း မနိုင်ရင် ကုန်းကိုက်ဆိုတဲ့အပြောတိုင်းပါပဲ တစ်ယောက်ကိုနှစ်ယောက်ဝိုင်းလုပ်ကြသည်။ တစ်ဖက်လူကလဲ မိန်းကလေးဆိုတော့ အဆင်မပြေတာပဲလား တော့မသိပေ။ အိန်းကလေးနှစ်ယောက်ကတော့ အကျိတ်အနယ်နဲ့သိပ်နေတာကိုတော့မြင်တယ်။

မိုးဝေကတော့ နဂိုထဲက ရန်ဖြစ်ဖူးသူမို့ အခက်အခဲမရှိချေ။ ဥာဏ်လင်းကလဲ တော်ရုံစကေးရှိတာမို့ ဒီလူလောက်ကတော့ အသာလေးသိပ်နိုင်တယ်။ စကေးလဲမရှိ၊ ရန်ဖြစ်သံကြားရင်ကို ဒူးတုန်ပြီးအကြောက်လွန်တက်တာက သဝေ။ တစ်ခုခုဆို မျက်လုံးမှိတ်ပြီးဘုရားစာဆိုနေတက်တာကလဲသဝေ။ တစ်ချက်တချက်မှသာလျှင် ဘာစိတ်ပေါက်မှန်းမသိ ထထိုးတက်တာကလဲ သဝေပင်။

အခုလဲကြည့်လေ အကုန်လုံးကရန်ဖြစ်လို့ ထိုးတဲ့သူကထိုးကြိတ်တဲ့သူကကြိတ်နေတာတောင် နေရာကနေမရွေ့။ သဝေဟာ မျက်လုံးလေးအကြောင်သားနဲ့ နေမြဲနေရာမှာရပ်နေဆဲ။ နှုတ်ကနေပွစိပွစိနဲ့ရေရွတ်နေတဲ့အခါ သူ့ကိုတွယ်ရန်ရောက်ချလာတဲ့ကောင်ကို ဥာကးဏ်လင်းကပဲဦးအောင် ကန်ချလိုက်လို့သာ မဟုတ်ရင် သဝေတစ်ယောက်ဘုရားပင်မကယ်နိုင်လောက်ပေ။

ရန်ပွဲကတဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါမှာတော့ ရွာထဲကလူကြီးတွေလဲရောက်လာကြသည်။ ရွာကလူကြီးတွေအပြင် ရွာသားအချို့ပါ လင်းမောင်တို့အဖွဲ့ကို ဝိုင်းဆွဲပေမယ့် ဘယ်လိုမှဆွဲမနိုင်ပေ။

" ဥက္ကာလင်းမောင် အခုရပ်စမ်း "

အကိုဝေ၏ကျယ်လောင်တဲ့အသံကိုကြားလိုက်ရတဲ့အခါ လင်းမောင်အပြင် သူငယ်ချင်းတွေကအစ လှုပ်ရှားမှု့အကုန်ရပ်တန့်သွားသည်။ ညိုမောင်ဆိုတာကလဲ လင်းမောင်ထိုးလို့ မျက်နှာတစ်ခုလုံး သပြေသီးရောင်လို ညိုမှည့်နေတဲ့အပြင် သွေးတွေကလဲ မျက်နှာတပြင်လုံးမှာပေကျံလို့နေသည်။

ညိုမောင့်ကိုယ်ပေါ်ခွကာထိုးနေသူက လင်းမောင်ဖြစ်သည်။ မြူခိုးနာမည်ခေါ်ကာ ခပ်ဆတ်ဆတ်အားလုံးရပ်ရန်အမိန့်ပေးလိုက်တဲ့အခါမှာတောင် ဥက္ကာလင်းမောင်က ခနတော့ရပ်တန့်သွားပြီး မြေပြင်ပေါ်မှာ ပလက်အနေအထားကနေ ခေါင်းထောင်ကြည့်လာတဲ့ ညိုမောင့်ကိုနောက်တချက်ထပ်ထိုးလိုက်ပြန်သည်။ ဒီတစ်ခါတော့ ညိုမောင်လဲခေါင်းထက်မထောင်လာတော့ပေ။

ညိုမောင့်ကိုတော့ ညိုမောင့်လူတွေကပွေ့ခေါ်သွားကြသည်။ ဥက္ကာလင်းမောင်ကိုတော့ ကျန်တဲ့သူတွေက ကူတွဲကာထစေလို့ သူ့သူငယ်ချင်းတွေကိုကော အကုန်လုံးကို မြူခိုးဝေအိမ်ကိုသာ အကုန်လိုက်စေသည်။

" ဟိုကလေးမနှစ်ယောက်ကလဲ ကိုယ့်သူငယ်ချင်းတွေ ရန်ဖြစ်နေတာကိုမထိန်းပဲ မိန်းကလေးတွေနှစ်ယောက်ကပါ ဝင်ရန်ဖြစ်တာ ကြားကောင်းသလား။ အဆိုးဆုံးကတော့ ဥက္ကာလင်းမောင်ဆိုတဲ့မင်းပဲ။ "

ကိုဝေက သူ့ကိုစူးစိုက်ကာကြည့်ပြီးပြောလာသည်။ ဒါကသူရန်စလို့ဖြစ်တာမှမဟုတ်တာ အသိသာကြီးကို ကိုဝေက သူ့ကိုပဲအပြစ်ပြောမှာကို လင်းမောင်ကြိုသိနေသည်။

" ဘယ်နှဲ့ကိုယ်ကအိမ်ရှင် ဧည့်သည်တွေကိုတားရမလားမှတ်တယ် မင်းကဦးဆောင်ပြီးရန်ဖြစ်နေသတဲ့လား။ တကယ်လို့များ မိန်းကလေးနှစ်ယောက်ထဲက တစ်ယောက်ယောက် တစ်ခုခုဖြစ်သွားကြည့်စမ်း မင်းတို့အကုန်လုံး ရုံးရောက်ဂတ်ရောက်ကုန်မှာသိကြရဲ့လား။ "

လင်းမောင်တို့ရန်ပွဲက တဖြည်းဖြည်းနဲ့ ရပ်မိရပ်ဖတွေကပါ တဆင့်စကားတစ်ဆငိ့နားကြားကာ မြူခိုးအိမ်ကိုရောက်လာကြသည်။ ဒီထဲမှာတော့ သူ့ကိုလဲမကြည်ဖြူသလို လင်းမောင်ရဲ့အဖေကိုလဲ မနှစ်မြို့တဲ့သူတစ်ဦးပါလေသည်။ ဒါကိုလင်းမောင်မသိချေ။ လင်းမောင်သိတာက ရွာပြန်ရောက်ရင် ကြက်တိုက်မယ်၊ တစ်ရွာလုံးကိုမွှေမယ် ပြီးရင် ရန်ဖြစ်မယ် အိမ်ကလိုက်ရှင်းရမယ်။ သူ့ကိုဆူငေါက်ရင် အိမ်ကလူတွေကိုချွဲမယ် ဒါကသူ့အလုပ်ပင်။

" ကိုဝေကလဲ ဒါကကျွန်တော်ကစ "

" ဘယ်သူကစ စလေကွာ။ ကဲအခုမင်းတို့ရန်ဖြစ်တော့ ဘာကောင်ကျိုးထူးလဲ။ မင်းလဲအနာတရဖြစ်သလို၊ တဖက်ကညိုမောင်လဲ ဒဏ်ရာဒဏ်ချက်တွေကြည့်ပဲမဟုတ်လား။ "

ကျန်တဲ့သူတွေကတော့ ငြိမ်ကုတ်ကာမျက်နှာကလေးတွေအောက်ချကာ ငုံ့ထားကြသည်။ မြူခိုးလဲ စကြားတုန်းကဆို အတော်လေးအံ့သြသွားတာ။ မနေ့ကမှ ဘုရားသွားကာ သူနဲ့စကားတွေပြောနေတဲ့ကောင်လေးက ဒီနေ့ကျ ကြက်ဝိုင်းမှာ ရန်ဖြစ်နေတယ်ဆိုတော့ မြူခိုးစိတ်ပူသွားရတာအမှန်ပဲ။ ဒါ့ကြောင့် သူအိမ်ကနေအမြန်ထွက်လာခဲ့တာ။ ဒီကိုသူရောက်တော့ ဦးကျင်မောင်က လင်းမောင်တို့အဖွဲ့ကို ဦးကျင်မောင်က သိပ်အမြင်မကြည်တာဖြစ်သည်။.ဦးကျင်မောင်က သူ့ကိုကျော်လွန်ကာ
မြူခိုးကို ဥက္ကဋ္ဌနေရာထောက်ခံတဲ့ ဦးလေးကိုလဲသိပ်အခဲမကျေတာဖြစ်သည်။ ဒါ့ကြောင့် အခုလိုလင်းမောင်တို့ရန်ဖြစ်တာကို အကြောင်းပြပြီး ဦးကျင်မောင်က အငြိုးထားမှာကို မြူခိုးအဖြစ်မခံနိုင်တာကြောင့် သူကပဲဦးအောင်ပြေခဲ့တာဖြစ်သည်။

ဒါတောင်တဖက်လူက အခြားရွာကဖြစ်နေတာကို ဦးကျင်မောင်က ကိုယ့်ရွာသားဘက်ကမပါပဲ အခြားရွာသားဘက်ကပါတယ်ဆိုတာမသိသာအောင် မတရားခံရတဲ့သူဘက်ကပါတာဆိုတဲ့ စကားလှလှလေးကိုသုံးလာတာကြောင့် မြူခိုးနှုတ်ခမ်းတစ်ချက်မဲ့မိလိုက်ပါသေးတယ်။ ဦးကျင်မောင် ဘယ်လိုအကျင့်စရိုက်ရှိတယ်ဆိုတာ မြူခိုးမသိပဲနေမလား။ သိတာပေါ့။

" လင်းမောင် မင်းတို့ကွာ ရွာကိုရောက်တာဘယ်လောက်ကြာသေးလို့လဲဟင်။ ဧည့်သည်တွေလဲပါနေတာ နောက်ပြီးမင်းအခုထိုးလိုက်တဲ့သူက တစ်ဖက်ရွာက မျက်နှာဖုံးမိသားစုရဲ့သားဖြစ်နေတာပဲ။ မင်းအဲ့သလောက်အထိ လုပ်လိုက်ရလားကွာ "

" ဦးကျင်မောင်ဘက်က အခုလိုပြောတာကိုတော့ ကျွန်တော်လက်မခံပါဘူး။ ဦးကျင်မောင့်စကားတွေကတဖက်သတ်ဆန်လွန်းနေတယ်။ ဥက္ကာလင်းမောင်ဆိုတာ ဘယ်လိုကလေးမျိုးလဲဆိုတာ ဦးကျင်မောင်လဲသိသလို ကျွန်တော်လဲသိတယ်။ ဥက္ကာလင်းမောင်က ဆိုးချင်ဆိုးမယ်၊ မိုက်ချင်မိုက်မယ်၊ ဒါပေမယ့်တဖက်လူကို နစ်နာအောင်အထိမလုပ်ဘူး။ အေး သူလုပ်လာတယ်ဆိုရင်လဲ အကြောင်းပြချက်ကတစ်ခုပဲရှိတယ်။ သူ့ကိုလုပ်လို့ပြန်လုပ်တယ်ဆိုတာပဲ။ ထပ်ပြောလိုက်မယ်။ တစ်ဖက်ရွာက သူ့မိဘတွေက မကျေနပ်လို့ တရားစွဲမယ်ဆိုရင်တောင် ကျွန်တော်လက်ခံတယ်။ အခုကုန်ကျစရိတ်ကိုလဲ ကျွန်တော်အကုန်တာဝန်ယူတယ်။ "

" ကဲ ကလေးတို့ မင်းတို့အမှားလို့မသတ်မှတ်နဲ့နော်။ ဘာမှလဲကြောက်နေစရာမလိုဘူး။ ဖြစ်လာမယ့်အရာတွေကို အကိုအကုန်တာဝန်ယူတယ်။ "

မြူခိုးက ဦးကျင်မောင်ဘက်ကိုလှည့်ကာ ထိုသို့ပြောဆိုလိုက်တော့ ဦးကျင်မောင်မျက်နှာက ဟန်မဆောင်နိုင်အောင်ပျက်ယွင်းသွားရသည်။ ဒီလူ့ရဲ့စိတ်ဓာတ်ဟာ ဘယ်လိုရှိတယ်ဆိုတာ အားလုံးသိတယ်။ အပေါ်ယံကတော့ စကားလေးချိုသလိုလိုနဲ့ နောက်ကွယ်မှာတော့ သူ့စိတ်ဓာတ်ဟာမကောင်းတာကိုလဲ တစ်ရွာလုံးနီးပါးသိသည်။

" ကိုဝေ ကိုဝေလို့ "

မြူခိုးဟာ ထန်းတောကနေထွက်လာကတည်းက လင်းမောင်ခေါ်နေတာကိုလဲ မကြားချင်ယောင်ဆောင်ကာ စကားလဲတစ်ခွန်းမှပြန်မပြောချေ။

သူဘယ်လောက်စိတ်ပူသွားခဲ့ရသလဲ။ သူစိတ်ပူလွန်းလို့ ဆိုငခကယ်ကိုတောင် ဒေါက်ထောက်မိသလားတောင်မသိ ရန်ဖြစ်တဲ့နေရာကိုအပြေးသွားခဲ့တာ။ ဒင်းလေးက သူ့စကားကိုတောင်နားမထောင်ဘူးဆိုတာသိရတော့ အတော်လေးသူစိတ်မကောင်းဖြစ်ရပါသည်။

" ကိုဝေ ကျွန်တော်ခေါ်နေတယ်လေဗျာ။ "

ထန်းတောအလွန်မှာရပ်ထားတဲ့ဆိုင်ကယ်နားရောက်တော့ လင်းမောင်က မြူခိုးဝေလက်ကိုဆောင့်ဆွဲကာ ခေါ်လိုက်တယ်။ ဒါတောင်ကိုဝေက သူ့လက်တွေကို ခါရမ်းကာဖယ်စေသည်။
လင်းမောင်က ကိုဝေ့လက်ကိုတင်းနေအောင်ဆွဲထားတော့ ဘယ်လိုမှရုန်းမရပေ။

" ဘာလဲဥက္ကာလင်းမောင် ။ မင်းမှာဘာပြောစရာရှိသေးလို့လဲ။ "

တစ်နှစ်တစ်ခါရွာပြန်လာတိုင်း ဒီကောင်လေးက ရွာမှာမွှေကိုမွှေရမှ။ကြက်တိုက်တာကို ဝါသနာထုံသည်။ ကြက်ဝိုင်းတွေဆို သူမရောက်တဲ့နေရာမရှိ။ မြူခိုးသိသလောက်ဆို ဒီကောင်လေးအသက်၁၄နှစ်သားလောက်ကတည်းကထင်သည်။

" လင်းမောင် မင်းသူငယ်ချင်းတွေကို အိမ်ပြန်ပို့ပေးလိုက်။ မျက်နှာကဒဏ်ရာတွေကော အခြားနေရာမှာရနေတဲ့ဒဏ်ရာတွေကော ဆေးထည့်ပေးလိုက်။ "

" ဒါဆို ကျွန်တော်မျက်နှာပေါ်ကဒဏ်ရာနဲ့ ကျွန်တော့်နှလုံးသားလေးက ကိုဝေ့ကြောင့်နာကျင်နေရတာကိုကော ကိုဝေကဆေးထည့်ပေးမှာလား။ "

မြူခိုးကိုင်ထားတဲ့ ဆိုင်ကယ်လက်ကိုင်ဟာ တင်းခနဲဖြစ်သွားရသည်။ တနေ့ကဘုရားမှာလဲ ဒီကောင်လေးကသူ့ကို မထိတထိစကားတွေကိုပြောလာသည်။ အစကတော့ သူမကြားသလို မသိသလိုနေခဲ့သေးပါသည်။ ဒါပေမယ့်ဥက္ကာလင်းမောင်က ပိုပိုဆိုးလာသည်။

" ကိုဝေ
ကြိုက်တက်တဲ့နေကြာပန်းတွေဝယ်လာတယ်။ ကိုဝေကနေကြာပန်းတွေလှူတော့ ကျွန်တော်ကတိတ်တိတ်ကလေးဆုတောင်းနေမိတယ်။ နေကြာတွေကြိုက်တက်တဲ့ ကိုဝေ့အနားမှာ ကြာကြာနေရပါစေလို့လေ။ "

" ဘာဆိုင်လို့လဲ " လို့တောင် မြူခိုးပြန်မေးမိပါသေးတယ်။

နေကြာပန်းဘုရားမှာလှူရင် ကိုယ်ချစ်တဲ့သူအနားမှာ ကြာကြာနေရတယ်လို့ သိထားတယ် တဲ့လေ။ ဒီကောင်လေးစကားတွေကြောင့် မြူခိုးမှာတဖက်လှည့်ပြီးကြိတ်ပြုံးရပါသေးတယ်။

" ကိုဝေ ကျွန်တော်ပြောနေတာကော ကြားလားဗျာ။ "

" ဟင် ဘာလဲ။ ဘာပြောလိုက်တာလဲ။ "

မြူခိုးအတွေးများနေတာကြောင့် ဥက္ကာပြောတဲ့စကားတွေကိုမကြားလိုက်တာဖြစ်သည်။ ဒါ့ကြောင့်သူပြန်မေးမိသည်။

" ကျွန်တော်မောင်ဥက္ကာလင်းမောင်ရဲ့ဒဏ်ရာ၊ မောင်ဥက္ကာလင်းမောင်ရဲ့နှလုံးသားလေး အရမ်းကိုနာကျင်နေတယ်လို့ အဲ့တာကိုဝေဘယ်လျုလုပ်ပေးမှာလဲမေးနေတာ ပြန်မှမဖြေတာ။ "

" မင်းဘာသာဖြစ်တာ ဆေးရုံးသွားကုလေ နှလုံးရောဂါဖြစ်နေမယ်။ "

ကိုဝေကလေ အရှောင်အတိမ်းကောင်းသည်။ သူရည်ရွယ်ပြီးပြောနေတာကိုတောင် ကိုဝေကမသိသလိုနဲ့ ရှောင်ထွက်နေသည်။ ကိုဝေက တကယ်ပဲ သူပြောနေတာတွေကို မသိတာလား၊ တမင်းမသိချင်ယောင်ဆောင်နေခဲ့တာလားမပြောတက်။

ကိုဝေက မသိချင်ယောင်ဆောင်နေပေမယ့် လင်းမောင်ကတော့ သူရည်ညွှန်းတာတွေကို ကိုဝေသိတယ်လို့ယုံကြည်နေမိသည်။

" ဆိုင်ကယ်ပေါ်တက် "

" ဟိုကောင်တွေကိုကျ "

" စကားမရှည်စမ်းနဲ့ ဥက္ကာလင်းမောင်။ သူတို့ကိုငါမထားခဲ့ဘူး။ မင်းအကိုတိမ်ယံလင်းကို ငါဖုန်းဆက်ခေါ်ထားပြီးသား သူရောက်လာလိမ့်မယ်။ "

" ဟုတ်လား ဟီး "

လင်းမောင်တစ်ယောက် ရှိသမျှသွားအကုန်ဖြဲပြလို့ ကိုဝေနောက်ကခုံမှာထိုင်လိုက်သည်။

လင်းမောင်ထိုင်လိုက်တော့ ဆိုင်ကယ်လေးကအိခနဲ မြေကြီးထဲကျွံဝင်သွားသလားလို့ထင်ရပါသည်။ ဥက္ကာလင်းမောင်ရဲ့ခန္ဓာကိုယ်ထွားကြိုင်းမှု့ရယ် ရှည်လျားတဲ့အရပ်ရယ်ကြောင့် မြူခိုးမှာဆိုင်ကယ် လက်ကိုင်ကိုမနည်းထိန်းထားရသည်။

" မင်းလိမ်လိမ်မာမာနေပါ့လားကွာ။ မင်းမိဘတွေပိုင်တဲ့ ပုံရုံကိုဦးစီးပါ့လား။ "

" ကျွန်တော်ကလိမ်မာတယ်လေ။ ပွဲရုံကိုဦးစီးပြီးမလုပ်ချင်သေးဘူးကိုဝေ။ ကျွန်တော်လွတ်လွတ်လပ်လပ်နေချင်သေးတယ်။ "

" အင်း "

ကိုဝေ့ဆီကနေအသံတိတ်လို့သွားသည်။ ကိုဝေက သူ့ကိုအထင်သေးသွားမလားလို့ စိုးရိမ်မိသည်။ သူ့ကိုအထင်သေးသွားသလားဆိုတဲ့ မေးခွန်းကိုတော့ လင်းမောင်တစ်ယောက် ကိုဝေ့ကိုမမေးမိလိုက်ပါ။

ဥက္ကာလင်းမောင်ဆိုတဲ့ကောင်လေးက အသက်အရွယ်ငယ်လွန်းတာကြောင့်ရယ်၊ မိဘတွေရဲ့ချမ်းသာကြွယ်ဝတာရယ်မို့ သူဟာကလေးဆန်နေတာဖြစ်မည်။ ဒီအရွယ်ဆိုတာက လွတ်လပ်မှု့ကိုကြိုက်တာ၊ လွတ်လပ်မှု့ကိုရှာဖွေချင်တာကိုလဲ မြူခိုးသိပါသည်။ သို့ပေမယ့် ဒီကောင်လေးက လွတ်လပ်မှု့ကိုရှာဖွေရင်း အချိန်တွေကုန်သွားမှာကိုလဲမကြိုက်သလို၊ ဥက္ကာလင်းမောင်ရဲ့ ဘဝတစ်ဆစ်ချိုးမှာ အန္တရာယ်တွေ၊ အခက်အခဲတွေ၊ အဆိုးဆုံးကတော့ ဥက္ကာလင်းမောင်ဆိုတဲ့ ဒီကောင်လေးပျက်စီးသွားမှာကို မြူခိုးမလိုလားတာကြောင့်ဖြစ်သည်။

ငယ်ရွယ်သေးတာကြောင့် လင်းမောင်က သူ့အပေါ်ခနတာ သာယာမှု့မျိုးလို့သာသတ်မှတ်ထားသည်။ ဥက္ကာလင်းမောင်ဟာ သူ့သူငယ်ချင်းရဲ့မောင်မို့ သူ့စိတ်ထဲမှာတော့ ဥက္ကာလင်းမောင်ဟာ အသိမိတ်ဆွေ၊ ညီတစ်ယောက်ထက်မပိုခဲ့သေးသော သံယောဇဥ်သာဖြစ်၏။

A/N အကြာကြီးပစ်ထားမိတာအားနာမိပါတယ်နော်။ အလုပ်ကလေးပြန်စလုပ်နေတာမို့ စာရေးတာအချိန်မပေးနိုင်ဖြစ်နေလို်ပါနော်။

December
2:12: 2025
10:47Pm

Address

Yangon
481994

Website

Alerts

Be the first to know and let us send you an email when Aung Khant266 ခန့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category