Shwe Yee - ရွှေရည် မြန်မာ့ရိုးရာမုန့်မျိုးစုံ

  • Home
  • Myanmar
  • Yangon
  • Shwe Yee - ရွှေရည် မြန်မာ့ရိုးရာမုန့်မျိုးစုံ

Shwe Yee - ရွှေရည် မြန်မာ့ရိုးရာမုန့်မျိုးစုံ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Yee - ရွှေရည် မြန်မာ့ရိုးရာမုန့်မျိုးစုံ, Maharbawga Street, Myaynigone, Sanchaung, Yangon.

🥛ဒိန်ချဥ်ပုံမှန်သောက်ပေးခြင်းရဲ့ အကျိုးကျေးဇူး (၇) ခု✨ဒိန်ချဉ်ဆိုတာ လူတိုင်းနှစ်သက်တဲ့ အစားအစာတစ်ခု ဖြစ်သလို အာဟာရဓာတ်လည...
02/06/2026

🥛ဒိန်ချဥ်ပုံမှန်သောက်ပေးခြင်းရဲ့ အကျိုးကျေးဇူး (၇) ခု✨

ဒိန်ချဉ်ဆိုတာ လူတိုင်းနှစ်သက်တဲ့ အစားအစာတစ်ခု ဖြစ်သလို အာဟာရဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒိန်ချဉ်သောက်သုံး၏ခြင်းကနေ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရလဲဆိုတာ လေ့လာကြည့်ရအောင်...။

၁။ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း
ဒိန်ချဥ်မှာ ပါဝင်တဲ့ 'အကျိုးပြုဘက်တီးရီးယား' လေးတွေက အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းချုပ်တာ၊ လေပွတာတွေကို သက်သာစေပါတယ်။ အစားအသောက်တွေ အလွန်အကျွံ စားမိတဲ့အခါ ဒိန်ချဥ်က အစာကြေဖို့ ထောက်ပံ့ပေးပါတယ်။

၂။ အရိုးနဲ့ သွားများကို သန်မာစေခြင်း
ဒိန်ချဥ်မှာ Calcium ဓာတ်ကြွယ်ဝစွာ ပါဝင်လို အရိုးပွရောဂါကို ကာကွယ်ပေးသလို သွားတွေကိုလည်း ပိုမိုခိုင်မာစေပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်စာပါပဲ။

၃။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
ဒိန်ချဥ်ကို ပုံမှန်သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား (Immune System) ကို ကောင်းမွန်စေပြီး ရောဂါဘယတွေ ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

၄။ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း
ပရိုတင်းဓာတ် ကြွယ်ဝတာကြောင့် ဒိန်ချဥ်သောက်ထားရင် ဗိုက်ပြည့်သလို ခံစားရစေပြီး အဆာခံနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူတွေ (Diet လုပ်နေသူတွေ) အတွက် မဖြစ်မနေ သောက်သုံးပေးသင့်ပါတယ်။

၅။ အသားအရေကို ကြည်လင်ဝင်းပစေခြင်း
အတွင်းပိုင်း ကျန်းမာရေးတင်မကဘဲ အပြင်ပန်း အလှအပအတွက်လည်း ဒိန်ချဥ်က ဆရာကြီးပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အသားအရေကို စိုပြေစေပြီး ဝက်ခြံတွေကိုလည်း သက်သာစေပါတယ်။

၆။ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း
ဒိန်ချဥ်မှာပါတဲ့ ပိုတက်စီယမ်ဓာတ်ဟာ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ဆား ဓာတ်တွေကို ဖယ်ရှားပေးလို့ သွေးတိုးရောဂါကို ကာကွယ်ပေးရာမှာ အထောက်အကူပြုပါတယ်။

၇။ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း
အစာအိမ် ကျန်းမာရင် စိတ်ကြည်လင်တယ်လို ဆိုကြပါတယ်။ ဒိန်ချဥ်သောက်ခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေတဲ့အပြင် စိတ်ကို လန်းဆန်းစေတဲ့ ဟော်မုန်းတွေကိုလည်း ထွက်ရှိစေပါတယ်။

ဒီအချက်တွေကတော့ နေ့စဥ် ဒိန်ချဥ်သောက်သုံးပေးခြင်းကနေရရှိတဲ့ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

🥛✨အာဟာရလည်းရှိသလို ကျန်းမာရေးနဲ့ အလှအပအတွက်ပါ အကျိုးရှိတဲ့ ဒိန်ချဥ်ကို သဘာဝနွားနို့စစ်စစ်အရသာနဲ့ အရသာရှိရှိသုံးဆောင်ချင်တယ်ဆိုရင်တော့ ရွှေရည်ဆိုင်လေးမှာ နေ့စဥ်ရောင်းချပေးနေပါတယ်...။

ဆိုင်မှာကိုယ်တိုင်လာအားပေးလို့ရသလို အိမ်အရောက် Delivery နဲ့လည်း စိတ်ကြိုက်မှာယူသုံးဆောင်နိုင်ပါတယ်နော်..။

🏠 ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ
📍ဆိုင်(၁)- အမှတ် (၂၇)၊ မဟာဘောဂလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြိုနယ်။
☎️- 𝟬𝟭𝟳𝟱𝟬𝟭𝟭𝟲𝟱 , 𝟬𝟵 𝟰𝟮𝟬 𝟱𝟰𝟯 𝟬𝟯𝟰

📍 ဆိုင် (၂)- ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းဝင်ပေါက် လေယာဉ်ပျံနှစ်စီး အနောက်ဘက် ။
☎️- 𝟬𝟵𝟴𝟵𝟭𝟲𝟭𝟳𝟮𝟱𝟱

⏰ဆိုင်ဖွင့်ချိန်ကတော့ #မနက် ၆ နာရီ မှ ညနေ ၆ နာရီ ထိပါနော်။

#ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ #𝗦𝗶𝗻𝗰𝗲𝟮𝟬𝟬𝟬 #𝗦𝗵𝘄𝗲𝗬𝗲𝗲 #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝗼𝗱 #𝗯𝘂𝗿𝗺𝗲𝘀𝗲𝗳𝗼𝗼𝗱

အရသာလည်းရှိ ကျန်းမာရေးနဲ့လည်းညီတဲ့ 'အရွက်စုံသုပ်' 🥗🌿✨"တခါတလေကျရင် ဆီပြန်ဟင်းတွေထက် ချိုချဥ်ငံစပ် အသုပ်လေးတစ်ပွဲက ပိုခံတွ...
30/05/2026

အရသာလည်းရှိ ကျန်းမာရေးနဲ့လည်းညီတဲ့ 'အရွက်စုံသုပ်' 🥗🌿✨

"တခါတလေကျရင် ဆီပြန်ဟင်းတွေထက်
ချိုချဥ်ငံစပ် အသုပ်လေးတစ်ပွဲက ပိုခံတွင်းတွေ့တတ်ပါတယ်...✨

ဆီပြန်ဟင်းတွေ မစားချင်လို့ပဲဖြစ်ဖြစ် ၊ Diet လုပ်နေလို့ ကယ်လိုရီထိန်းနေရတဲ့ အခါမျိုးမှာဖြစ်ဖြစ် 'အရွက်စုံသုပ်'လေးက ရွေးခြယ်သင့်သောပါ။

🥕ပဲပင်ပေါက်၊ မုန်လာဥနီနဲ့ အရွက်စုံကိုမှ နှမ်းမည်းလေးတွေနဲ့ စီးစီးပိုင်ပိုင်လေး သုပ်ပေးထားမို့လို့ ထမင်းအရမ်းမြိန်ပါတယ်။

ချဉ်၊ ငန်၊ စပ် အရသာ ထိထိမိမိနဲ့ ခံတွင်းပျက်နေတဲ့သူတွေတောင် အရမ်းကြိုက်ကြတဲ့ Menu လေးပါ ...

နေ့လည်စာအတွက် ကယ်လိုရီထိန်းရင်း
အရသာရှိတာလေးလည်း စားချင်တယ်ဆိုရင်တော့...

⚜ 'ရွှေရည်' ရဲ့ အရွက်စုံသုပ်လေးက စိတ်တိုင်းကျစေမယ့်
ဟင်းပွဲလေးတစ်ခု ဖြစ်နေမှာပါ...။

🏠 ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ

📍ဆိုင်(၁)- အမှတ် (၂၇)၊ မဟာဘောဂလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြိုနယ်။
☎️- 𝟬𝟭𝟳𝟱𝟬𝟭𝟭𝟲𝟱 , 𝟬𝟵 𝟰𝟮𝟬 𝟱𝟰𝟯 𝟬𝟯𝟰

📍 ဆိုင် (၂)- ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းဝင်ပေါက် လေယာဉ်ပျံနှစ်စီး အနောက်ဘက် ။
☎️- 𝟬𝟵𝟴𝟵𝟭𝟲𝟭𝟳𝟮𝟱𝟱

⏰ဆိုင်ဖွင့်ချိန်ကတော့ #မနက် ၆ နာရီ မှ ညနေ ၆ နာရီ ထိပါနော်။

ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ #𝗦𝗶𝗻𝗰𝗲𝟮𝟬𝟬𝟬 #𝗦𝗵𝘄𝗲𝗬𝗲𝗲 #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝗼𝗱 #𝗯𝘂𝗿𝗺𝗲𝘀𝗲𝗳𝗼𝗼𝗱

✨ အညာမုန့်ဆိုပေမယ့် Premium Vibe အပြည့်နဲ့ 'အညာစတိုင်မုန့်ပြားသလက်' ✨"မုန့်ပြားသလက်ဆိုတာနဲ့ အညာမြေရဲ့ အငွေ့အသက်ကို ခံစား...
26/05/2026

✨ အညာမုန့်ဆိုပေမယ့် Premium Vibe အပြည့်နဲ့ 'အညာစတိုင်မုန့်ပြားသလက်' ✨

"မုန့်ပြားသလက်ဆိုတာနဲ့ အညာမြေရဲ့ အငွေ့အသက်ကို ခံစားမိကြမယ်လို့ ထင်ပါတယ်... 🌤🥰

ရွှေရည်မှာ မြည်းစမ်းခွင့်ရမယ့် မုန့်ပြားသလက်ကတော့ ပုံမှန်မြင်နေကျထက် ထူးခြားပြီး Premium ဆန်ပါတယ်။ ရိုးရာအရသာကို ခေတ်သစ် Taste လေးတွေနဲ့ ပေါင်းစပ်ထားတဲ့ Signature လက်ရာပါ...။

ချိုဆိမ့်အရသာအတွက် ငုံးဥများများ ထည့်ပေးထားလို့ အရသာရောအာဟာရပါ ပြည့်စုံတယ်။

မုန့်သားအပေါ်မှာ Crunchy ဖြစ်နေတဲ့ အာလူးကြော် (Ruffled Chips) လေးတွေနဲ့ဆိုတော့ စားရတာ တကြွပ်ကြွပ်နဲ့ ထူးခြားမှုအပြည့်✨

ပဲပြုတ် ၊ ပဲပင်ပေါက် ၊ ဥနီ ၊ ဆူးပုပ်ရွက်နုနုလေးတွေနဲ့ တစ်လုပ်စားလိုက်တိုင်း အညာဒေသရဲ့ Vibe လေးကို ခံစားသွားရမှာပါ ... ။ 💛

မနက်ခင်းမှာ မိသားစုလိုက်ပဲ ပျော်ပျော်ပါးပါးစားမလား ? သားသားမီးမီးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ မုန့်အဖြစ်ပဲ ရွေးချယ်မလား?

ရွှေရည်ရဲ့ ကိုယ်တိုင်ချက် အချဉ်ရည်စပ်စပ်လေး နဲ့ အရသာပြည့်စုံလွန်းတဲ့ 'အညာစတိုင်မုန့်ပြားသလက်' လေးကို မြည်းစမ်းချင်တယ်ဆိုရင်တော့ -

🏠 ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ

📍ဆိုင်(၁)- အမှတ် (၂၇)၊ မဟာဘောဂလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြိုနယ်။
☎️- 𝟬𝟭𝟳𝟱𝟬𝟭𝟭𝟲𝟱 , 𝟬𝟵 𝟰𝟮𝟬 𝟱𝟰𝟯 𝟬𝟯𝟰

📍 ဆိုင် (၂)- ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းဝင်ပေါက် လေယာဉ်ပျံနှစ်စီး အနောက်ဘက် ။
☎️- 𝟬𝟵𝟴𝟵𝟭𝟲𝟭𝟳𝟮𝟱𝟱

⏰ဆိုင်ဖွင့်ချိန်ကတော့ #မနက် ၆ နာရီ မှ ညနေ ၆ နာရီ ထိပါနော်။

ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ #𝗦𝗶𝗻𝗰𝗲𝟮𝟬𝟬𝟬 #𝗦𝗵𝘄𝗲𝗬𝗲𝗲 #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝗼𝗱 #𝗯𝘂𝗿𝗺𝗲𝘀𝗲𝗳𝗼𝗼𝗱

🥣'ငယ်ဘဝပြန်တမ်းတမိတဲ့ ရွှေရည်ရဲ့ အုန်းနိုခေါက်ဆွဲအရသာ' "ငယ်ငယ်က အမေချက်ကျွေးတဲ့ အုန်းနိုခေါက်ဆွဲအနံ့လေးကို မှတ်မိသေးလား?...
23/05/2026

🥣'ငယ်ဘဝပြန်တမ်းတမိတဲ့ ရွှေရည်ရဲ့ အုန်းနိုခေါက်ဆွဲအရသာ'

"ငယ်ငယ်က အမေချက်ကျွေးတဲ့ အုန်းနိုခေါက်ဆွဲအနံ့လေးကို မှတ်မိသေးလား? 🥥🥣

ရွှေရည်ဆိုင်လေးမှာ ချစ် Customer တွေအတွက် ငယ်ဘဝ Vibe မျိုး ခံစားရစေဖို့ အိမ်ချက်လက်ရာ အုန်းနိုးခေါက်ဆွဲလေးကို စီစဥ်ပေးထားပါတယ်...။☺️

အုန်းနိုခေါက်ဆွဲရဲ့ အသက်ဖြစ်တဲ့ ဟင်းရည်ကို 🥥 လတ်ဆတ်တဲ့အုန်းနို့ရည်စစ်စစ်နဲ့ ချက်ထားတာမို စားပြီးရင် ရင်ပြည့်တာမျိုး လုံးဝမရှိပါဘူး ။

🥔ပဲအနှစ်ပျစ်ပျစ်လေးထဲမှာ ကြက်သွန်နီဥလေးတွေနဲ့
ကြက်သားအရသာ ပေါင်းစပ်ထားတော့ စားပြီးရင်းထပ်စားချင်ပဲနော်...။

အုန်းနိုခေါက်ဆွဲတင် မကဘဲ "ရွှေရည် မြန်မာ့ရိုးရာမုန့်မျိုးစုံ" ဆိုင်လေးမှာဆိုရင် -
✨ မုန့်ဟင်းခါး၊ နန်းကြီးသုပ်လို မနက်စာမျိုးစုံကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

ငယ်ငယ်ကလို နွေးထွေးတဲ့ အိမ်ချက်အရသာလေးနဲ့ တစ်နေ့တာအင်အားတွေကို ဖြည့်တင်းနိုင်ဖို့ 'ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ' ဆိုင်လေးကို လှမ်းခဲ့နော် .... ။ 💛🥣

🏠 ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ

📍ဆိုင်(၁)- အမှတ် (၂၇)၊ မဟာဘောဂလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြိုနယ်။
☎️- 𝟬𝟭𝟳𝟱𝟬𝟭𝟭𝟲𝟱 , 𝟬𝟵 𝟰𝟮𝟬 𝟱𝟰𝟯 𝟬𝟯𝟰

📍 ဆိုင် (၂)- ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းဝင်ပေါက် လေယာဉ်ပျံနှစ်စီး အနောက်ဘက် ။
☎️- 𝟬𝟵𝟴𝟵𝟭𝟲𝟭𝟳𝟮𝟱𝟱

⏰ဆိုင်ဖွင့်ချိန်ကတော့ #မနက် ၆ နာရီ မှ ညနေ ၆ နာရီ ထိပါနော်။

ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ #𝗦𝗶𝗻𝗰𝗲𝟮𝟬𝟬𝟬 #𝗦𝗵𝘄𝗲𝗬𝗲𝗲 #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝗼𝗱 #𝗯𝘂𝗿𝗺𝗲𝘀𝗲𝗳𝗼𝗼𝗱

💥အိမ်ချက်လက်ရာစစ်စစ် 'ပုဇွန်ကင်ပွန်းချဥ်' ဟင်းလျာ 💥ရာသီဥတုပူတော့ ချဥ်ချဥ်စပ်စပ်လေးနဲ့ ထမင်းမြိန်မယ့် ဟင်းပွဲတွေကို အာသီသ...
19/05/2026

💥အိမ်ချက်လက်ရာစစ်စစ် 'ပုဇွန်ကင်ပွန်းချဥ်' ဟင်းလျာ 💥

ရာသီဥတုပူတော့ ချဥ်ချဥ်စပ်စပ်လေးနဲ့ ထမင်းမြိန်မယ့် ဟင်းပွဲတွေကို အာသီသဖြစ်ကြတယ်ဟုတ် ??? 😍

ဒါဆိုရင်တော့ အရသာကလည်း ထိမိရမယ်
Potion များများနဲ့ ထူးထူးခြားခြားဖြစ်မယ့် ရွှေရည်ရဲ့ အိမ်ချက်လက်ရာစစ်စစ်
'ပုဇွန်ကင်ပွန်းချဥ်’ က ကွက်တိပါပဲ ...။ 🍲👍

စားသုံးသူတွေ စိတ်ကျေနပ်စေဖို့
🍤 ပုဇွန်ထုပ်အကောင်ကြီးတွေကို Potion များများနဲ့ စီစဥ်ပေးထားပြီး...

🌿ကင်ပွန်းချဉ်ရွက်နုလေးတွေကိုပဲ သုံးထားတာမို့ ထမင်းအရမ်းမြိန်တဲ့ ဟင်းပွဲလေးပါ...။

💥ရာသီဥတူပူလို ခံတွင်းတွေ့မယ့်
ဟင်းပွဲတွေနဲ့ သုံးဆောင်ချင်တာပဲဖြစ်ဖြစ်

💛မိသားစုနဲ့ နေ့လည်စာကို
ပျော်ပျော်ပါးပါး သုံးဆောင်ချင်တာပဲဖြစ်ဖြစ်

အသက်အရွယ်မရွေး ကြိုက်ကြတဲ့ ရွှေရည်ရဲ့ 'ပုဇွန်ကင်ပွန်းချဥ်' နဲ့သာဆို
လူကြီးမင်းတိုရဲ့ နေ့လည်စာထမင်းဝိုင်းလေးက ပြီးပြည့်စုံနေစေမှာပါရှင့် ...။ 😍🥠🍲

(အိမ်ကနေမှာချင်တယ်ဆိုလည်း Deli နဲ့ ပိုဆောင်ပေးပါတယ်နော်...)

🏠 ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ

📍ဆိုင်(၁)- အမှတ် (၂၇)၊ မဟာဘောဂလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြိုနယ်။
☎️- 𝟬𝟭𝟳𝟱𝟬𝟭𝟭𝟲𝟱 , 𝟬𝟵 𝟰𝟮𝟬 𝟱𝟰𝟯 𝟬𝟯𝟰

📍 ဆိုင် (၂)- ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းဝင်ပေါက် လေယာဉ်ပျံနှစ်စီး အနောက်ဘက် ။
☎️- 𝟬𝟵𝟴𝟵𝟭𝟲𝟭𝟳𝟮𝟱𝟱

⏰ဆိုင်ဖွင့်ချိန်ကတော့ #မနက် ၆ နာရီ မှ ညနေ ၆ နာရီ ထိပါနော်။

ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ #𝗦𝗶𝗻𝗰𝗲𝟮𝟬𝟬𝟬 #𝗦𝗵𝘄𝗲𝗬𝗲𝗲 #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝗼𝗱 #𝗯𝘂𝗿𝗺𝗲𝘀𝗲𝗳𝗼𝗼𝗱

⚜️ ရွှေရည်တစ်ဆိုင်ထဲမှာပဲ ရတဲ့ 'မြန်မာ့ရိုးရာမုန့်စုံဗန်း' ⚜️ဆိုင်ကိုလာတဲ့ Customer တစ်‌ယောက်ချင်းစီတိုင်းကို အရသာပိုင်း...
16/05/2026

⚜️ ရွှေရည်တစ်ဆိုင်ထဲမှာပဲ ရတဲ့ 'မြန်မာ့ရိုးရာမုန့်စုံဗန်း' ⚜️

ဆိုင်ကိုလာတဲ့ Customer တစ်‌ယောက်ချင်းစီတိုင်းကို အရသာပိုင်းမှာ ပြည့်စုံစေဖို့အပြင်... ဆိုင်ကိုရောက်တဲ့ ခဏလေးအတွင်း စိတ်ကြည်နူးမှုကိုပါ ရစေချင်တာ ရွှေရည်ရဲ့ စေတနာပါ ... ။ 💛

ဒီ 'မြန်မာ့ရိုးရာမုန့်စုံဗန်း' လေးကိုတော့ မိသားစုတွေ ၊ သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး မြန်မာမုန့်လေးတွေကို အရသာရှိရှိ စားသုံးနိုင်ဖို့အတွက် ရည်ရွယ်ပြီး စီစဥ်ပေးထားတာ ဖြစ်ပါတယ် ။

မြန်မာမုန့်အစုံအလင်ကို တစ်ဗန်းတည်းနဲ့ စိတ်ကြိုက်သုံးဆောင်နိုင်မယ့်အပြင်... Size အနေနဲ့ အကြီး၊ အသေး နှစ်မျိုး ရွေးချယ်နိုင်တာဆိုတော့ လူနည်းသည်ဖြစ်စေ၊ မိသားစုလိုက် စားသည်ဖြစ်စေ အရမ်းကို အဆင်ပြေစေမှာပါနော် ... ။ 🥰

မုန့် (၁၂) မျိုးကနေ (၁၅) မျိုးအထိ စုံစုံလင်လင် ပါဝင်ပြီး မုန့်တစ်ခုချင်းစီတိုင်းကလည်း ရိုးရာလက်ရာမပျက် အရသာထူးကဲလှပါတယ်။

ဧည့်သည်တော်တွေကို ခမ်းခမ်းနားနား ဧည့်ခံဖို့ပဲဖြစ်ဖြစ်၊ မိသားစု ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားဖို့ပဲဖြစ်ဖြစ် ရိုးရာအငွေ့အသက်တွေနဲ့ အရသာစုံလင်လှတဲ့ 'မုန့်စုံဗန်း' ကို ရွှေရည်ဆိုင်လေးမှာ နေ့စဥ် အားပေးနိုင်ပါပြီ...။ ✨✨

🏠 ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ

📍 ဆိုင်(၁)- အမှတ် (၂၇)၊ မဟာဘောဂလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်။
☎️- 𝟬𝟭𝟳𝟱𝟬𝟭𝟭𝟲𝟱 , 𝟬𝟵 𝟰𝟮𝟬 𝟱𝟰𝟯 𝟬𝟯𝟰

📍 ဆိုင် (၂)- ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းဝင်ပေါက်၊ လေယာဉ်ပျံနှစ်စီး အနောက်ဘက်။
☎️- 𝟬𝟵 𝟴𝟵𝟭 𝟲𝟭𝟳 𝟮𝟱𝟱

⏰ ဆိုင်ဖွင့်ချိန် - မနက် ၆ နာရီ မှ ညနေ ၆ နာရီအထိ။

#ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ #𝗦𝗶𝗻𝗰𝗲𝟮𝟬𝟬𝟬 #𝗦𝗵𝘄𝗲𝗬𝗲𝗲 #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝗼𝗱 #𝗯𝘂𝗿𝗺𝗲𝘀𝗲𝗳𝗼𝗼𝗱 #မုန့်စုံဗန်း

⚜️ 'ရွှေရည်' မြန်မာ့ရိုးရာမုန့်မျိုးစုံဆိုင်လေးက ဘယ်နားမှာလဲ ? ဘာတွေရလဲ ? 🥰👉ရန်ကုန်မြိုရဲ့ ဆူညံလှတဲ့ ကားသံတွေနဲ့ မြို့ပြ...
12/05/2026

⚜️ 'ရွှေရည်' မြန်မာ့ရိုးရာမုန့်မျိုးစုံဆိုင်လေးက ဘယ်နားမှာလဲ ? ဘာတွေရလဲ ? 🥰

👉ရန်ကုန်မြိုရဲ့ ဆူညံလှတဲ့ ကားသံတွေနဲ့ မြို့ပြလှုပ်ရှားမှုတွေကြားမှာ...

စိတ်အေးချမ်းမှုအပြည့်နဲ့ အရသာရှိတဲ့စားစရာတွေကို သုံးဆောင်နိုင်မယ့် နေရာတစ်ခု ရှာနေပါသလား...???

ဒါဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းကနေ
ယနေ့အချိန်အထိ မြန်မာ့ရိုးရာအရသာစစ်စစ်တွေကို

တစ်နေရာထဲမှာ သုံးဆောင်နိုင်မယ့် 'ရွှေရည် မြန်မာ့ရိုးရာမုန့်မျိုးစုံ' ဆိုင်လေးကနေ ဖိတ်ခေါ်လိုက်ပါတယ်... ။ 🥰🙏

⛱ ဆိုင်နေရာလေးကိုက
ပြည်သူ့ရင်ပြင်ရဲ့ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေကြား၊
ဓမ္မစေတီလမ်းဝင်ပေါက်က လေယာဉ်ပျံနှစ်စီးရဲ့ အနောက်ဘက်လေးမှာဆိုတော့

မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲဖြစ်ဖြစ် အနားယူဖို့ အကောင်းဆုံးသော နေရာလေးပါ...။

🌳လေကောင်းလေသန့်လည်း တဝကြီးရတာဆိုတော့ စိတ်အမောတွေ ချက်ချင်းပြေလျော့သွားစေမှာပါနော် .... ။

⚜️ 'ရွှေရည်' မှာ ဘာတွေရနိုင်မလဲ? ⚜️

◽️ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲကအစ ရှမ်းခေါက်ဆွဲ၊ မြီးရှည်နဲ့ နန်းကြီးသုပ်အထိ စုံလင်လှတဲ့ မြန်မာ့နံနက်စာများ။

◽️ အသုပ်မျိုးစုံနဲ့အတူ အိမ်ချက်စစ်စစ် ဟင်းလျာများ ။

◽️ မုန့်လုံးရေပေါ်၊ မုန့်စိမ်းပေါင်း၊ အုန်းနို့သာကူပြင် ၊ အညာစတိုင်မုန့်ပြားသလက် ၊ ဆနွင်းမကင်း စတဲ့ ရိုးရာမုန့်များ ။

◽️ သစ်သီးဖျော်ရည်များ၊ ကော်ဖီနဲ့ လက်ဖက်ရည်မျိုးစုံကို တစ်နေရာထဲမှာ အစုံရရှိနိုင်မှာ ဖြစ်ပါတယ်။

အလုပ်တွေကြား ပင်ပန်းနေရတဲ့ ကိုယ့်စိတ်လေးကို အနားပေးပြီး မြန်မာ့ရိုးရာအစားအစာ အရသာတွေကို စိတ်ကြိုက်ခံစားနိုင်ဖို့ 'ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ' ဆိုင်လေးကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်...။ 🥰🥰🙏

🏠 ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ

📍ဆိုင်(၁)- အမှတ် (၂၇)၊ မဟာဘောဂလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြိုနယ်။
☎️- 𝟬𝟭𝟳𝟱𝟬𝟭𝟭𝟲𝟱 , 𝟬𝟵 𝟰𝟮𝟬 𝟱𝟰𝟯 𝟬𝟯𝟰

📍 ဆိုင် (၂)- ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းဝင်ပေါက် လေယာဉ်ပျံနှစ်စီး အနောက်ဘက် ။
☎️- 𝟬𝟵𝟴𝟵𝟭𝟲𝟭𝟳𝟮𝟱𝟱

⏰ဆိုင်ဖွင့်ချိန်ကတော့ #မနက် ၆ နာရီ မှ ညနေ ၆ နာရီ ထိပါနော်။

#ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ #𝗦𝗶𝗻𝗰𝗲𝟮𝟬𝟬𝟬 #𝗦𝗵𝘄𝗲𝗬𝗲𝗲 #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝗼𝗱 #𝗯𝘂𝗿𝗺𝗲𝘀𝗲𝗳𝗼𝗼𝗱

✨ထမင်းပူပူလေးနဲ့ စားလို့မြိန်တဲ့ 'ခရမ်းသီးမီးဖုတ်သုပ်' ✨နေ့လည်စာကို နေ့တိုင်း ဆီပြန်ဟင်းတွေပဲ စားနေရလို့ ငြီးငွေ့နေပြီလာ...
09/05/2026

✨ထမင်းပူပူလေးနဲ့ စားလို့မြိန်တဲ့ 'ခရမ်းသီးမီးဖုတ်သုပ်' ✨

နေ့လည်စာကို နေ့တိုင်း ဆီပြန်ဟင်းတွေပဲ
စားနေရလို့ ငြီးငွေ့နေပြီလား...??

မိတ်ဆွေတို့ရဲ့ နေ့လည်စာအတွက်
စားနေကျဟင်းတွေကနေ ခွဲထွက်ပြီး ရိုးရိုးရှင်းရှင်းနဲ့ ခံတွင်းတွေ့စေဖို့

ရွှေရည်ဆိုင်လေးမှာ
'ခရမ်းသီးမီးဖုတ်သုပ်' Menu လေး Order မှာလို့ရပါတယ်နော်...။ 🥰🥰

🍆မီးအေးအေးနဲ့ အချိန်ယူပြီး
နူးအိနေအောင် ဖန်တီးပေးထားလို့
မီးခိုးနံ့သင်းသင်းလေးနဲ့ အချိုဓာတ် အပြည့်ပါပဲ...။

မိုးအေးအေးမှာဖြစ်ဖြစ်၊ နေပူပူမှာဖြစ်ဖြစ်
ထမင်းဝိုင်းမှာ'ခရမ်းသီးမီးဖုတ်သုပ်' လေးတစ်ခွက်ရှိနေရင် ထမင်းမြိန်တယ်နော်....။ 💜

နေ့လည်စာအတွက်ပဲဖြစ်ဖြစ် ၊
ရေနွေးကြမ်းလေးနဲ့ အနားယူရင်း သုံးဆောင်ဖို့ပဲဖြစ်ဖြစ်

👉အရသာလည်းရှိ ကျန်းမာရေးနဲ့လည်း ညီတဲ့
'ခရမ်းသီးမီးဖုတ်သုပ်' လေးကို စားကြည့်ချင်တယ်ဆိုရင်တော့ -

🏠 ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ

📍ဆိုင်(၁)- အမှတ် (၂၇)၊ မဟာဘောဂလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြိုနယ်။
☎️- 𝟬𝟭𝟳𝟱𝟬𝟭𝟭𝟲𝟱 , 𝟬𝟵 𝟰𝟮𝟬 𝟱𝟰𝟯 𝟬𝟯𝟰

📍 ဆိုင် (၂)- ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းဝင်ပေါက် လေယာဉ်ပျံနှစ်စီး အနောက်ဘက် ။
☎️- 𝟬𝟵𝟴𝟵𝟭𝟲𝟭𝟳𝟮𝟱𝟱

⏰ဆိုင်ဖွင့်ချိန်ကတော့ #မနက် ၆ နာရီ မှ ညနေ ၆ နာရီ ထိပါနော်

ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ #𝗦𝗶𝗻𝗰𝗲𝟮𝟬𝟬𝟬 #𝗦𝗵𝘄𝗲𝗬𝗲𝗲 #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝗼𝗱 #𝗯𝘂𝗿𝗺𝗲𝘀𝗲𝗳𝗼𝗼𝗱

☕️ "လက်ဖက်ရည်သောက်ပါ... တစ်နေ့တာရဲ့ လှပမှုတွေကို ခံစားပါ..." 🌅တစ်နေ့တာရဲ့ အလှပဆုံးက 'ညနေ' ဆိုရင်... ဘဝအမောတွေအတွက် အကောင...
02/05/2026

☕️ "လက်ဖက်ရည်သောက်ပါ... တစ်နေ့တာရဲ့ လှပမှုတွေကို ခံစားပါ..." 🌅

တစ်နေ့တာရဲ့ အလှပဆုံးက 'ညနေ' ဆိုရင်...
ဘဝအမောတွေအတွက် အကောင်းဆုံး အပန်းဖြေစရာကတော့
'လက်ဖက်ရည်' နွေးနွေးလေးတစ်ခွက်ပါပဲ။ 🍵

နေဝင်ရိုးရီ အချိန်လေးမှာ လက်ဖက်ရည်ဆိုင်လေးထဲ ထိုင်ရင်း လောကကြီးရဲ့ အလှတရားတွေကို လွတ်လပ်စွာ ခံစားနိုင်သလို၊ စိတ်ကူးဉာဏ်သစ်တွေ ကွန့်မြူးကခုန်နိုင်တဲ့ အခိုက်အတန့်လေးကိုလည်း ပိုင်ဆိုင်နိုင်ပါတယ်။

လက်ဖက်ရည်ကောင်းတစ်ခွက်ဟာ...
🤝 လူမှုဆက်ဆံရေးအတွက် ပေါင်းကူ;တံတား
🌅 ဘဝရဲ့ ပျော်ရွှင်မှုတွေကို မျှဝေပေးမယ့် မိတ်ဆွေကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။

တစ်နေ့တာလုံး ကြုံတွေ့ခဲ့ရတဲ့ အလုပ်ကိစ္စတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လက်ဖက်ရည်ကောင်းကောင်း တစ်ခွက်နဲ့ ကုစားချင်တယ်ဆိုရင်တော့... 🌿

အနံ့အရသာ ပြည့်စုံလွန်းတဲ့ လက်ဖက်ရည်နဲ့အတူ မြန်မာ့ရိုးရာ မုန့်မျိုးစုံကို တစ်ဝကြီး မြိန်ယှက်စွာ သုံးဆောင်နိုင်ဖို့ 'ရွှေရည် မြန်မာ့ရိုးရာမုန့်မျိုးစုံ' ဆိုင်လေးကနေ နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်နော်...။ 💛🙏

🏠 ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ

📍ဆိုင်(၁)- အမှတ် (၂၇)၊ မဟာဘောဂလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်။

☎️- 𝟬𝟭𝟳𝟱𝟬𝟭𝟭𝟲𝟱 , 𝟬𝟵 𝟰𝟮𝟬 𝟱𝟰𝟯 𝟬𝟯𝟰

📍 ဆိုင် (၂)- ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းဝင်ပေါက် လေယာဉ်ပျံနှစ်စီး အနောက်ဘက် ။

☎️- 𝟬𝟵𝟴𝟵𝟭𝟲𝟭𝟳𝟮𝟱𝟱

⏰ဆိုင်ဖွင့်ချိန်ကတော့ #မနက် ၆ နာရီ မှ ညနေ ၆ နာရီ ထိပါနော်

ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ #𝗦𝗶𝗻𝗰𝗲𝟮𝟬𝟬𝟬 #𝗦𝗵𝘄𝗲𝗬𝗲𝗲 #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗳𝗼𝗼𝗱 #𝗯𝘂𝗿𝗺𝗲𝘀𝗲𝗳𝗼𝗼𝗱

💪၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သောအလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။~~~~~~~~~~၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တ...
01/05/2026

💪၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သောအလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
~~~~~~~~~~
၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သောအလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုရင်း ကမ္ဘာတစ်ဝှမ်းမှ ကာယ၊ဉာဏ လုပ်သားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည် ။ ✨🙏

#ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံ #အလုပ်သမားနေ့ #အလုပ်သမားနေ့

Address

Maharbawga Street, Myaynigone, Sanchaung
Yangon

Opening Hours

Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00
Saturday 06:00 - 18:00
Sunday 06:00 - 18:00

Telephone

+959420543034

Website

Alerts

Be the first to know and let us send you an email when Shwe Yee - ရွှေရည် မြန်မာ့ရိုးရာမုန့်မျိုးစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share