24/10/2022
ဆီးချိုရောဂါရှိသူတွေ ၊ သွေးတွင်းအချိုဓာတ် များတတ်သူတွေ နှင့် သကြားနှင့် မတည့်သော ကင်ဆာရောဂါ ရှိသူတွေပါ သုံးဆောင်နိုင်ရန်အတွက် Yadanar’s Homemade မှ သကြားလုံးဝမပါသော အထူး Special Recipe နဲ့ ပြုလုပ်ပေးထားတဲ့ ပေါင်မုန့် (၄) မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်။ ပေါင်မုန့်ဂျုံနှင့်တည့်သော ရောဂါအခြေအနေ ရှိသူ မည်သူမဆို စားသုံးနိုင်ပါတယ်ရှင့်…..
ပေါင်မုန့်တစ်မျိုးချင်းစီရဲ့ အသေးစိတ် အချက်အလက်တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်ရှင် 🥰
✔ လူကြီး မိဘများကို လက်ဆောင်ပို့ပေးချင်တဲ့ သူများအတွက်လည်း ကိုယ်လိုချင်သလောက် မုန့်အရေအတွက်ကို ပါကင်လှလှလေးနဲ့ ထုပ်ပိုးပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်.... (Packaging charges လေးတော့ ထပ်ဆောင်းပေးရပါတယ်)…… ပါကင်ထုပ်ပိုးမှု ပုံစံလေးကို ပေါင်မုန့်ပုံလေးတွေရဲ့ အနောက်မှာ ထည့်ထားလို့ ပုံလေးတွေ ထောက်ကြည့်ပေးပါရှင့်😊
ဆီးချိုပေါင်မုန့်များက သီးသန့် Ingredients တွေနဲ့ ပြုလုပ်ရတာဖြစ်တဲ့အတွက်ကြောင့် ဂျုံနယ်ရတာ အဆင်ပြေစေဖို့ မုန့်တစ်မျိုးလျှင် အနည်းဆုံး (၂) လုံးနဲ့ Order တစ်ခုမှာ ဆီးချိုပေါင်မုန့် စုစုပေါင်း (၆) လုံး အနည်းဆုံးယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် 🙏🏼
🚗 လာမယ့် တနင်္လာနေ့ (31.10.22) မှာ ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် Delivery လိုက်လံပို့ဆောင်ပေးမှာဖြစ်လို့ မုန့်များ မှာယူချင်တယ်ဆိုရင် Page Messenger ကပဲဖြစ်ဖြစ်၊ ဖုန်းနံပါတ် 09450066300 ကပဲဖြစ်ဖြစ် ဆက်သွယ်မှာယူအားပေးနိုင်ပါတယ်ရှင်😍
✅ အခုကာလမှာ ငွေသားအဆင်မပြေတဲ့သူများအတွက်လည်း AYA m-banking, KBZ m-banking နဲ့ KBZ Pay တို့ကတစ်ဆင့် ကျသင့်ငွေများ ရှင်းလို့ရပါတယ်ရှင်။ (%) လုံးဝလုံးဝ ပိုပေးဖို့မလိုပါဘူးနော် 😍
1.Diabetes Double-cheese Buns
စျေးနှုန်း - 6လုံးပါဘူးကြီးတစ်ဘူး - 7000 ကျပ်
ဆီးချိုသမားအတွက် သီးသန့်လုပ်ပေးထားတဲ့ အရမ်းကို နူးညံ့တဲ့ ပေါင်မုန့်သား အိအိလေးထဲမှာ မအီအောင် formula ထုတ်ထားတဲ့ cream cheese အရောလေးကို ထည့်ထားပြီး အပေါ်ကနေမှ Mozzarella cheese လေးဖြူးထားပေးလို့ cheese နှစ်မျိုးလုံးရဲ့ မတူညီတဲ့ အဆိမ့်အရသာလေးမှာမှ သစ်ကြားသီး slices လေးတွေပါ ထပ်ဖြူးပေးထားတဲ့အတွက် အများနဲ့မတူတဲ့ အရသာလေးကို မြည်းစမ်းကြည့်ချင်သူတို့အတွက် စားကြည့်ကြည့်ဖို့ recommend ပေးပါတယ်ရှင်🥰
2. Diabetes Cheesy Garlic Bread - တစ်လုံး 2000 ကျပ်
ဒီပေါင်မုန့်လေးရဲ့ထူးခြားချက်ကတော့ လျှာပေါ်တင်လိုက်တာနဲ့ ပျော်ဆင်းသွားမယ့် Creamy Cheese အရသာလေးပါပဲ 🤤 အဲ့ဒီအရသာလေးကိုမှ ကြက်သွန်ဖြူနံ့လုံးဝမညှီတဲ့ ကြက်သွန်ဖြူထောပတ် အနံ့အရသာသင်းသင်းလေးက ဝင်စွက်လိုက်တော့ ပုံမှန် အချိုဓာတ်စားလို့မရတဲ့ ဆီးချိုသမားတွေအတွက် နတ်သုဒ္ဓါ တမျှပါပဲနော် 🤩
3. Diabetes Cheesy Tuna Bread - တလုံး 2000 ကျပ်
ရိုးရိုးသကြားမသုံးဘဲ ဆီးချိုသကြားကိုသာသုံးထားတဲ့ ပေါင်မုန့် အိအိလေးထဲကိုမှ အရသာအစုံပေါင်းစပ်ထားတဲ့ Tuna အသားတွေနဲ့ အီဆိမ့်ပျစ်နှစ်နေတဲ့ Yadanar’s Homemade ရဲ့ Special Cream Cheese အနှစ်တွေကိုပါ အများကြီးဖောဖောသီသီထည့်ပေးထားတာမို့ Tuna ချစ်သူ ဆီးချိုသမားများအတွက်တော့ လျှာပေါ်စွဲနေတော့မှာ အသေအချာပါပဲနော် 😍 ဒါ့အပြင် စားချင်စိတ်ကို ပိုပြီး နှိုးဆွပေးနိုင်အောင်လို့ ပေါင်မုန့်ကို 7- 8 လက်မလောက်ရှိတဲ့ ချစ်စရာငါးရုပ်ပုံလေးအဖြစ် ပုံဖော်ပေးထားတာမို့လို့ စားပြီးရင်းစားချင်နေဖို့အတွက် တာဝန်ယူပါတယ်နော် 🥰
4. Diabetes Creamy Cheese Bread - တလုံး 2000 kyats
တခြား ဘာအရသာနဲ့မှမရောဘဲ Yadanar’s Homemade ရဲ့ Special Creamy Cheese Mixture လေးကိုမှ ထိထိမိမိ ခံစားချင်တဲ့ ဆီးချိုသမားများအတွက်လည်း Cheese အနှစ်တွေချည်း အလျှံအပယ်ထည့်ပေးထားတဲ့ Diabetes Creamy Cheese Bread လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ရှင့်။ Cheese ဆိုမှ Cheese ဖြစ်နေတဲ့ ဆီးချိုသမား Customer များအတွက်ကတော့ လုံးဝ ကွက်တိပဲနော် 😉
5.Diabetes Chicken Floss Cheese Bun
(ကြက်သားမျှင်ချိစ်ပေါင်မုန့်) - တလုံး 2000 ကျပ်
ဆီးချိုအတွက် သီးသန့်လုပ်ထားတဲ့ ပေါင်မုန့်သားထဲမှာ cream cheese လေးကိုထည့်ပေးထားပြီး မုန့်အပေါ်မှာ ကြက်သားမျှင်လေးတွေ ကပ်ပေးထားတဲ့အတွက် အသားပါတဲ့ပေါင်မုန့် စားချင်ကြသူများအတွက် အကြိုက်တွေ့စေမှာပါရှင်😊
6.Diabetes Soft Milk Bread - တလုံး 1200 ကျပ်
Yadanar’s Homemade က ပေါင်မုန့်နုနုအိအိလေးတွေကိုမှ ကိုယ်စားချင်တဲ့ အသားတွေ filling တွေ စိတ်ကြိုက်ထည့်ပြီး burger လိုမျိုး ကိုယ်တိုင်လုပ် စားချင်ကြတဲ့ ဆီးချိုသမားများအတွက် ဆီးချိုသကြား၊ အချိုထည့်စရာမလိုတဲ့ Yeast တို့နဲ့ပြုလုပ်ထားတဲ့ နို့ပေါင်မုန့်လုံးလေးတွေကို မိတ်ဆက်ပေးလိုက်ပါပြီရှင့်။ စားသုံးဖူးသူတိုင်းရဲ့ Positive Feedback တွေကိုချည်း သိမ်းကြုံးယူထားတဲ့ Special Product လေးတစ်ခုဆိုရင်လည်း မမှားဘူးနော် 😍
Note: Yadanar’s Homemade က ရောင်းချပေးနေတဲ့ ဆီးချိုမုန့်အမျိုးအစားအားလုံးမှာ ဆီးချိုသမားများအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ Best Quality အကောင်းဆုံး Ingredients တွေကိုသာ အသုံးပြုပြီး ပြုလုပ်ရောင်းချပေးထားတာဖြစ်လို့ ယုံကြည်စိတ်ချစွာ မှာယူသုံးဆောင်နိုင်ပါတယ်ရှင် 🥰