Yangon market

Yangon market Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon market, Fish Market, Mya Kan Thar Street, Yangon.

ကျွန်တော်ကတော့ ပင်လယ်စာဆို အရမ်းကြိုက်တယ်ဗျ 😋😋😋
04/01/2026

ကျွန်တော်ကတော့ ပင်လယ်စာဆို အရမ်းကြိုက်တယ်ဗျ 😋😋😋

04/01/2026
ငါး ပုဇွန်ဟင်းဆိုတာ မကြိုက်တဲ့သူခပ်ရှာရှားပါ 😋😋😋
04/01/2026

ငါး ပုဇွန်ဟင်းဆိုတာ မကြိုက်တဲ့သူခပ်ရှာရှားပါ 😋😋😋

04/08/2025

မနက်ဖြန်ရေးမယ်ဆိုကာမှ အလုပ်တွေများနေတာရယ် နေမကောင်းဖြစ်သွားတာရယ်ကြောင့် အခုမှပဲ ရေးဖြစ်တော့တယ်
ဆိုတော့ကာ
မြန်မာနိုင်ငံသည် သံယံဇာတ ပေါကြွယ်ဝ တဲ့နိုင်ငံတစ်ခုဖြစ်တယ် အများပြည်သူ သိကြတဲ့အတိုင်းပါပဲ တွင်းထွက်ပစ္စည်း ဆန်ရေစပါး ရေထွက်ပစ္စည်း နေရာတိုင်းမှာ သံယံဇာတ ပေါများတဲ့ နိုင်ငံတစ်ခုပါ။ ရာသီအလိုက် အသားငါး အသီးအနံ လဲ လှိုင်လှိုင်ပေါများစွာထွက်ရှိသည်။ အဲ့ဒီထဲက မှ ဒီလို ဝါဆို/ဝါခေါင် မိုးရာသီဆို ရေချိုငါးပုဇွန် ပေါများချိန်ပေါ့ ဒီလိုရာသီလေးတွေမှာ အရင်ကဆို တောရွာဘက် အလည်သွားရင် ငါးပုဏ္ဏား ငါးဘဲအိုးကပ် ငါးသလဲထိုး ကက္ကတစ် ရေချိုပုဇွန်ထုတ် ရေချိုပုဇွန်ဘောချိတ် နဲ့ ပုဇွန်ချိတ်သေးသေးလေးတွေ စုံနေအောင် လတ်လတ်ဆတ်ဆတ်စားရတာ။
ပုဇွန်ဘောချိတ် ကတော့ အပေါဆုံးနဲ့ စားလို့အကောင်းဆုံးဆိုရင် မှားမယ်မထင်ဘူးဗျ ဘယ်မှာ၀ယ်၀ယ်ဈေးကလဲသက်သာတာကိုးဗျ။ ပုဇွန်ကတော့ အားလုံးသည်းခြေကြိုက်တဲ့အရာဆိုလဲငြင်းမယ်မထင်ပါဘူး။
ဒီလိုနဲ့ရေချိုပုဇွန်ဘောချိတ် အကြောင်းလေးလေ့လာဖြစ်သလောက် ဗဟုသုတ အနေနဲ့ပြောပြချင်လာတယ်
လေ့လာထားတာလေး တချို့အရာမှာလိုအပ်တာလေးတွေရှိရင် ပြောပြပေးကြပါဦး အမျိုးတို့ရေ
ပုဇွန်ဘောချိတ် မှာ နှစ်မျိုးရှိသည်
ရေချိုဘောချိတ်ပုဇွန်နဲ့ ရခိုင်ဘောချိတ်ပုဇွန် ဆိုပြီးရောင်းတန်းတွေများခွဲခြားထားတယ်ဗျ။ရေချိုဘောချိတ်ပုဇွန်ရဲ့အရောင်အစင်းကတော့ ကြည်ကြည်လေးဗျ။အထားအသိုလဲခံတယ် ပြီးတော့ သဘာ၀ အတိုင်းစားရတယ်။
ရေချိုဘောချိတ်ပုဇွန် ကဝောာ့ ဖျာပုံ၊ဘိုကလေးဘက်က အဓိကထွက်ကြတယ် မိုးများတဲ့အချိန်မြစ်ရေတက်ရက်ရေထရက်ဆို ချောင်းတွေမြောင်းတွေလယ်တွေထဲကနေကိုလှိုင်လှိုင်ဖွေးဖွေးနဲ့ကို ပုဇွန်ကတက်တာ
ဖမ်းတဲ့ပုံစံတွေကတော့ အစုံပါဘဲ ဖောင်တွေလှေတွေ ပိုက်တွေ မြုံးတွေနဲ့ ပေါင်းစုံအောင်ဖမ်းရကြတာပေါ့
ပုဇွန်မြုံးဖော်ရင် ကရိန်းနဲ့တောင်ဆွဲရတယ်လို့ကြားဖူးတယ် အဲ့သည့်လောက်ထိကို ရကြတာ ။ ရေချိုဘောချိတ်ပုဇွန် မှာသံဓါတ်ပါ၀င်မှုကလည်းများလို့ ကျန်းမာရေးအတွက်လဲသင့်တော်ပါတယ်။ 2024 လောက်အထိကို ‌ရေချိုဘောချိတ်ပုဇွန်ရဲ့ပေါက်ဈေးက တစ်ပိဿာ ကို 17000 ၀န်းကျင်အထိအမြင့်ဆုံး ရှိခဲ့ပေမဲ့လဲ ယခု အခါမှာတော့ 30000 ၀န်းကျင်အထိဖြစ်လို့နေပါပြီ။

နောက်တခုကတော့ ‌ရခိုင်ဘောချိတ်ပုဇွန်
သူကတော့ ရေချိုရေငန်နှစ်မျိုးစပ်တဲ့နေရာတွေမှာပေါက်ပြီး ပုဇွန်ခြောက်အဖြစ်အများဆုံးလုပ်ကြပါတယ် သူ့အရောင်အစင်းက နဲနဲလေးမဲတဲ့ဘက်ကိုရောက်ပါတယ် ။သူက အထားအသို သိပ်မခံဘူးဗျ
ထိုကြောင့်သူက ဈေးပိုသက်သာတယ် ကြာလေအရောင်မဲလာတယ် ပုဇွန်ဒိုင်တွေက လက်ဝယ်ကြာကြာထားလေ့မရှိကြဘူး ကြာကြာထားလေ ‌အရောင်မလှလို့ဈေးကျလာတယ် အဲ့အချိန်ကြမှ ဝယ်တဲ့ဈေးသည်တွေရှိတယ် ပြီးရင်မဲနေတဲ့ပုဇွန်ကို ချွတ်ဆေးသုံးပြီး ဖြူအောင်လုပ်လိုက်တယ် ပြီးရင်ပြန်ရောင်းကြတာပေါ့ ကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာပါ(လူတိုင်းကိုမဆိုလိုပါ) ။ အဲ့တော့ ဈေးသက်သာတိုင်းလဲ မစားကြပါနဲ့ကျန်းမာရေးရှုထောင့်ဘက်ကကြည့်ပြီး ဝယ်ကြပါလို့အကြံ‌ေပးချင်ပါတယ်။
လပြည့်ကျော် 2/3ရက်က ပုဇွန်အပေါဆုံးအချိန်ပါပဲခင်ဗျာ။
မြန်မာပြည်ပြန်လာတဲ့အခါ ဒီပေ့ဂ်ျ လေးကနေ အကောင်းဆုံးဝန်ဆောင်မှုတွေပေးပြီး အလုပ်ပြန်လုပ်ပါ့မည်ခင်ဗျ။ ပြည်သူအားလုံးကျန်းမာချမ်းသာကြပါစေ။
ကျေးဇူးတင်ပါတယ် ။

07/07/2025

နောက်လ ဆို ပုဇွန်ပေါတဲ့ ရာသီချိန် ရောက်ပြီ …..
အရင်လို စျေးနှုန်းတွေနဲ့မရနိုင်တော့ဘူး …..
မိဘပြည်သူတွေခက်ခဲနေချိန်မှရာသီစာ သံယံဇာတ တွေလဲ မပေါချေပြီလေ…..
မနက်ဖြန် မြန်မာနိုင်ငံရဲ့ ရေချိုပုဇွန်ထွက်ရှိရာနေရာများနှင့်
ရေချိုပုဇွန်တွေကို ဖမ်းတဲ့ ဗဟုသုတလေး ကို စာရေးပြီးတင်ပေးပါမယ်။
အစစအရာရာ အဆင်ပြေကြပါစေခင်ဗျာ။

20/08/2024

ဒီ page လေးကို နားထားရတာ အတော် ကြာပြီ ခေတ်ပျက်ထဲမှာ စီးပွားရေးမလုပ်ချင်ဘူးဗျာ...

Address

Mya Kan Thar Street
Yangon

Telephone

+959458188983

Website

Alerts

Be the first to know and let us send you an email when Yangon market posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category