Light Food

Light Food အထူးအော်ဒါ လက်ခံသည်

" ခရီးမိုင် အကွာအဝေးများ "ကိုယ်သွားမယ့် ခရီးရဲ့ အကွာအဝေးကိုကြိုသိခြင်းအားဖြင့်.....မောင်းရမယ့် အချိန်...ထည့်သွားရမယ့် ဆီ...
17/11/2023

" ခရီးမိုင် အကွာအဝေးများ "
ကိုယ်သွားမယ့် ခရီးရဲ့ အကွာအဝေးကိုကြိုသိခြင်းအားဖြင့်.....
မောင်းရမယ့် အချိန်...

ထည့်သွားရမယ့် ဆီပမာဏတွေကိုခန့်မှန်းသိနိုင်မှာဖြစ်ပါတယ်။
လိုအပ်ချက်များရှိပါက CM တွင်ဖြည့်စွက်သွားနိုင်ပါတယ်။

ရန်ကုန် - ပဲခူး ၅၀ မိုင်
ရန်ကုန် - ဘုရားကြီး ၆၀ မိုင်
ရန်ကုန် - ဒိုက်ဦး ၈၆ မိုင်
ရန်ကုန် - ညောင်လေးပင် ၉၈ မိုင်
ရန်ကုန် - မဒေါက် ၁၁၀ မိုင်
ရန်ကုန် - ရွှေကျင် ၁၁၄ မိုင်
ရန်ကုန် - ကျောက်တံခါး ၁၁၅ မိုင်
ရန်ကုန် - ပဲနွယ်ကုန်း ၁၂၂ မိုင်
ရန်ကုန် - ဖြူး ၁၄၂ မိုင်
ရန်ကုန် - ဇေယျ၀တီ ၁၄၄ မိုင်
ရန်ကုန် - တောင်ငူ ၁၇၅ မိုင်
ရန်ကုန် - ရေတာရှည် ၁၉၂ မိုင်
ရန်ကုန် - ဆွာ ၂၀၁ မိုင်
ရန်ကုန် - နေပြည်တော်(လမ်းသစ်) ၂၀၀ မိုင်
ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) ၂၅၀ မိုင်
ရန်ကုန် - ပျော်ဘွယ် ၃၁၂ မိုင်
ရန်ကုန် - မိတ္ထီလာ ၃၃၈ မိုင်
ရန်ကုန် - တောင်သာ ၃၈၁ မိုင်
ရန်ကုန် - မြင်းခြံ ၃၉၆ မိုင်
ရန်ကုန် - စစ်ကိုင်း ၄၂၅ မိုင်
ရန်ကုန် - မန္တလေး ၄၃၀ မိုင်
ရန်ကုန် - မုံရွာ ၄၉၅/၅၁၇ မိုင်
ရန်ကုန် - ပြင်ဦးလွင် ၄၇၂ မိုင်
ရန်ကုန် - ရွှေဘို ၅၀၀ မိုင်
ရန်ကုန် - တန့်ဆည် ၅၆၀ မိုင်
ရန်ကုန် - လားရှိုး ၆၀၅ မိုင်
ရန်ကုန် - တောင်ကြီး ၄၂၄ မိုင်
ရန်ကုန် - လွိုင်ကော် ၃၇၇ မိုင်
ရန်ကုန် - ရမ်းဗြဲကျွန်း ၄၀၀ မိုင်
ရန်ကုန် - တမူး ၇၂၅ မိုင်
ရန်ကုန် - မြစ်ကြီးနား ၉၁၉ မိုင်
ရန်ကုန် - လက်ပံတန်း ၈၅ မိုင်
ရန်ကုန် - ပြည် ၁၇၉ မိုင်
ရန်ကုန် - ပေါက်ခေါင်း ၂၀၃ မိုင်
ရန်ကုန် - အောင်လံ ၂၂၃ မိုင်
ရန်ကုန် - ကြံခင်း ၂၄၅ မိုင်
ရန်ကုန် - မြန်အောင် ၂၅၀ မိုင်
ရန်ကုန် - တောင်တွင်းကြီး ၂၈၀ မိုင်
ရန်ကုန် - မကွေး ၃၃၁ မိုင်
ရန်ကုန် - မင်းဘူး ၃၃၂ မိုင်
ရန်ကုန် - အထက်မင်းလှ ၃၅၀ မိုင်
ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း ၃၆၃ မိုင်
ရန်ကုန် - ကျောက်ပန်းတောင်း ၃၉၇ မိုင်
ရန်ကုန် - ချောက် ၄၀၈ မိုင်
ရန်ကုန် - ပုဂံ-ညောင်ဦး ၄၃၁ မိုင်
ရန်ကုန် - ပခုက္ကူ ၄၄၅ မိုင်
ရန်ကုန် - မြင်းခြံ ၄၅၆ မိုင်
ရန်ကုန် - နွားထိုးကြီး ၄၇၆ မိုင်
ရန်ကုန် - တောင်ကုတ် ၂၇၉ မိုင်
ရန်ကုန် - သံတွဲ ၃၂၃ မိုင်
ရန်ကုန် - ကျောက်ဖြူ ၄၀၀ မိုင်
ရန်ကုန် - စစ်တွေ ၆၃၄ မိုင်
ရန်ကုန် - မအူပင် ၅၁ မိုင်
ရန်ကုန် - အိမ်မဲ ၇၅ မိုင်
ရန်ကုန် - မြောင်းမြ ၁၀၂ မိုင်
ရန်ကုန် - လပွတ္တာ ၁၅၀ မိုင်
ရန်ကုန် - ဂွ ၁၄၆ မိုင်
ရန်ကုန် - ဆပ်သွား ၁၈၂ မိုင်
ရန်ကုန် - ရေကြည် ၉၀ မိုင်
ရန်ကုန် - ငသိုင်းချောင်း ၉၃ မိုင်
ရန်ကုန် - ဟင်္သာတ ၉၆ မိုင်
ရန်ကုန် - ထူးကြီး ၁၃၃ မိုင်
ရန်ကုန် - ပုသိမ် ၁၁၅ မိုင်
ရန်ကုန် - ချောင်းသာ ၁၅၀ မိုင်
ရန်ကုန် - ငွေဆောင် ၁၄၅ မိုင်
ရန်ကုန် - ဖျာပုံ ၆၀/၈၅ မိုင်
ရန်ကုန် - ဘိုကလေး ၈၅/၁၀၅ မိုင်
ရန်ကုန် - ညောင်တုန်း ၃၅ မိုင်
ရန်ကုန် - ကျောင်းကုန်း ၇၄ မိုင်
ရန်ကုန် - ဇလွန် ၈၇ မိုင်
ရန်ကုန် - ကျိုက်လတ် ၇၄ မိုင်
ရန်ကုန် - ဝါးခယ်မ ၉၃ မိုင်
ရန်ကုန် - ကျုံပျော် ၉၆ မိုင်
ရန်ကုန် - ရွှေလောင်း ၇၈ မိုင်
ရန်ကုန် - ရုံးဒေါင့် ၈၀ မိုင်
ရန်ကုန် - ကျိုက်ပိ ၈၅ မိုင်
ရန်ကုန် - လေးမျက်နှာ ၁၁၀ မိုင်
ရန်ကုန် - သာပေါင်း ၁၄၂ မိုင်
ရန်ကုန် - ကျိုက်ထို ၁၁၀ မိုင်
ရန်ကုန် - ကျိုက်ထီးရိုး ၁၁၉ မိုင်
ရန်ကုန် - တောင်စွန်း ၁၂၀ မိုင်
ရန်ကုန် - ဘီးလင်း ၁၂၈ မိုင်
ရန်ကုန် - သထုံ ၁၅၂ မိုင်
ရန်ကုန် - မုတ္တမ ၁၉၀ မိုင်
ရန်ကုန် - မော်လမြိုင် ၁၉၄ မိုင်
ရန်ကုန် - မုဒုံ ၂၀၈ မိုင်
ရန်ကုန် - သံဖြူဇရပ် ၂၃၀ မိုင်
ရန်ကုန် - ကျိုက္ခမီ ၂၄၅ မိုင်
ရန်ကုန် - ဘားအံ ၁၈၀ မိုင်
ရန်ကုန် - သာမည ၂၀၀ မိုင်
ရန်ကုန် - ကော့ကရိတ် ၂၃၅ မိုင်
ရန်ကုန် - မြ၀တီ ၂၇၉ မိုင်
ရန်ကုန် - ပခုက္ကူ ၄၄၅ မိုင်
ရန်ကုန် - ရေး ၂၈၇ မိုင်
ရန်ကုန် - ထား၀ယ် ၃၉၇ မိုင်
ရန်ကုန် - မြိတ် ၅၅၀ မိုင်
ရန်ကုန် - ကော့သောင်း ၇၄၅ မိုင်

Crd

18/07/2023

#76နှစ်မြောက်အာဇာနည်နေ့
အထိမ်းအမှတ်(19/07/23)
ကျဆုံးလေပြီးသော
အာဇာနည်ရဲဘော်အပေါင်းအား
အလေးပြုအပ်ပါသည်...

လိုရင် သုံးကြ ဖို့ #မယားနိုင်အင်း
04/05/2023

လိုရင် သုံးကြ ဖို့
#မယားနိုင်အင်း

25/03/2023

Light Food ပင်ရင်း ရဲ့ တည်နေရာ ...
- Original Creator

အညာမြေဟာ -ပြာမြေဖြစ်လို့တမာရနံ့တွေဟာလဲ -ပြာအနံ့တွေဖြစ်ကုန်ပြီ ... အမေပြာပုံ ကြား ပူဆွေးအငိုမျက်ရည်တွေလဲ  ခန်းခြောက်ခဲ့ပြ...
23/03/2023

အညာမြေဟာ -
ပြာမြေဖြစ်လို့
တမာရနံ့တွေဟာလဲ -
ပြာအနံ့တွေဖြစ်ကုန်ပြီ ... အမေ

ပြာပုံ ကြား ပူဆွေး
အငိုမျက်ရည်တွေလဲ
ခန်းခြောက်ခဲ့ပြီ ... အမေ

ဘယ်ဆီကို မျှော်မှန်း
သွားရာလမ်းလဲ ပျောက်ခဲ့ပြီ...အမေ😢

မြတ်လေးပန်း {m m t}

 #သိပ်တော်တဲ့မိန်းမတိုင်းဟာသိပ်တော်တဲ့ မိန်းမတိုင်းဟာအရှုံးကို အပြုံးနဲ့ သိမ်းပါတယ် သိပ်တော်တဲ့ မိန်းမတိုင်းဟာ သူမရဲ့ လှ...
20/03/2023

#သိပ်တော်တဲ့မိန်းမတိုင်းဟာ

သိပ်တော်တဲ့ မိန်းမတိုင်းဟာ
အရှုံးကို အပြုံးနဲ့ သိမ်းပါတယ်

သိပ်တော်တဲ့ မိန်းမတိုင်းဟာ
သူမရဲ့ လှပမှုကို ကိုယ်ကျင့်တရားနဲ့
ထိန်းသိမ်းတယ်

သိပ်တော်တဲ့ မိန်းမတိုင်းဟာ
နာကျင်မှုကို တိတ်ဆိတ်ခြင်းနဲ့ ထိန်းသိမ်းတယ်

သိပ်တော်တဲ့ မိန်းမတိုင်းဟာ
မနာလိုခြင်းနဲ့ အချိန်မဖြုန်းဘူး
ကိုယ့်အစွမ်းအစကိုပဲ တိုးတက်အောင်
ချိန်ဆနေတတ်တယ်

သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ကိစ္စရပ်တိုင်းကို မြန်ဖို့ထက် မှန်ဖို့ကိုပဲ
အာရုံစိုက်ကြတယ်

သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ဝမ်းနည်းစရာ အတိတ်ကို
ဒိုင်ယာယီထဲမှာပဲ သိမ်းထားတတ်ကြတယ်
သတိရမှ ပြန်ဖတ်ပြီး ပြုံးတတ်ကြတယ်
ပျော်စရာ အနာဂတ်ကိုလည်း
နေ့တိုင်း ဖန်တီးယူနေတတ်တယ်

သိပ်တော်တဲ့ မိန်းမတိုင်းဟာ
သွေး ထွက်မှာထက် မျက်ရည်ကျမှာကို
သေမလောက် ကြောက်ကြတယ်

သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ငွေမက်ခြင်းက သူမဘဝကို မလုံခြုံမှန်း
သိထားကြတယ်
စစ်မှန်တဲ့ ရိုးသားဖြူစင်ခြင်းကိုသာ
သူမ ရွေးချယ်တယ်

သိပ်တော်တဲ့ မိန်းတိုင်းဟာ
မာနကို သူမရဲ့ လက်နက်တစ်ခု အဖြစ်
အသုံးမပြုဘူး
စာနာစိတ် ထားတယ်
မာယာများဖို့ထက်
ဒဏ်ရာများခဲ့တာကိုပဲ
သူမ ပိုအမှတ်ထားတယ်

Juu __ ဂျူး

#မျှဝေသည်စာဖတ်သူများသို့__လေးစားလျှက်

 #လက်ရှိအချိန်ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သူဌေးကြီး10ဦး Forbes မဂ္ဂဇင်းမှ နောက်ဆုံးထွက် ဘီလျံနာ စာရင်းအရ -1.    LVMH လုပ...
11/03/2023

#လက်ရှိအချိန်ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သူဌေးကြီး10ဦး

Forbes မဂ္ဂဇင်းမှ နောက်ဆုံးထွက် ဘီလျံနာ စာရင်းအရ -

1. LVMH လုပ်ငန်းစုကြီးပိုင်ဆိုင်သူ ဘီလျံနာသူဌေးကြီး Bernard Arnault ကတော့ အသားတင်ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 206.2 ဘီလီယံဖြင့် လက်ရှိ အချိန်၌ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 1 နေရာကို ယူထားပါသည်။

2. Tesla သူဌေးကြီး Elon Musk ကတော့ အသားတင်ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 175.2 ဘီလီယံဖြင့် လက်ရှိ အချိန်၌ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 2 နေရာ မှာ ရှိနေ ပါသည်။

3. Amazon သူဌေးကြီး Jeff Bezos ကတော့ အသားတင်ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 115.5 ဘီလီယံဖြင့် လက်ရှိ အချိန်၌ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 3 နေရာ၌ ရှိနေပါသည်။

4. Oracle ဆော့ဝ်ဖ် ကုမ္ပဏီကြီးရဲ့ ဖြစ်သူ Larry Ellison ကတော့ အသားတင်ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 110.2 ဘီလီယံဖြင့် လက်ရှိ အချိန်၌ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 4 နေရာ၌ ရှိနေပါသည်။

5. စတော့ဂုရုကြီး Warren Buffett ကတော့ အသားတင်ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 105.8 ဘီလီယံဖြင့် လက်ရှိ အချိန်၌ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 5 နေရာ၌ ရှိနေပါသည်။

6. Microsoft တည်ထောင်သူ Bill Gates ကတော့ အသားတင်ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 105 ဘီလီယံဖြင့် လက်ရှိ အချိန်၌ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 6 နေရာ၌ ရှိနေပါသည်။

7. ဆက်သွယ်ရေး လုပ်ငန်းပိုင်ရှင်ကြီး Carlos Slim Helu ကတော့ အသားတင်ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 94.3 ဘီလီယံဖြင့် လက်ရှိ အချိန်၌ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 7 နေရာ၌ ရှိနေပါသည်။

8. Reliance လုပ်ငန်း စုကြီးရဲ့ တည်ထောင်သူ Mukesh Ambani ကတော့ အသားတင်ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 83.4 ဘီလီယံဖြင့် လက်ရှိ အချိန်၌ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 8 နေရာ၌ ရှိနေပါသည်။

9. Microsoft ကုမ္ပဏီရဲ့ CEO ဟောင်းဖြစ်သူ Steve Ballmer ကတော့ အသားတင်ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 81.7 ဘီလီယံဖြင့် လက်ရှိ အချိန်၌ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 9 နေရာ၌ ရှိနေပါသည်။

10. Google ကို ပူးတွဲတည်ထောင်သူ Larry Page ကတော့ အသားတင်ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 80.5 ဘီလီယံဖြင့် လက်ရှိ အချိန်၌ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 10 နေရာ၌ ရှိနေပါသည်။

ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 1 က ပြင်သစ်လူမျိုး၊ နံပါတ် 7 ကတော့ မက္ကဆီကို လူမျိုး၊ နံပါတ် 8 ကတော့ အိန္ဒိယ လူမျိုး ဖြစ်ကြပြီး ကျန်သည့် ဘီလျံနာကြီး 7 ဦးတို့ကတော့ အမေရိကန် နိုင်ငံသားများ ဖြစ်ကြပါသည်။

10. 3. 2023

 #စိတ်ဓါတ်ကျခဲ့ရင်  #၃စင်တီမီတာ ကို  သတိရပါ...ဝါးပင်တစ်ပင်ဟာ ၃ စင်တီမီတာ ကြီးဖို့ ၄ နှစ်အချိန်ပေးရပါတယ်။ အဲ့ဒီ ၄ နှစ် နေ...
08/03/2023

#စိတ်ဓါတ်ကျခဲ့ရင်
#၃စင်တီမီတာ ကို
သတိရပါ...

ဝါးပင်တစ်ပင်ဟာ
၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။
A.San......

 #ယနေ့စံချိန်သစ်51ထုပ် #အ‌လေးချိန်၁၀ကျပ်သား160g ဝယ်ယူ အားပေးကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟ အားလုံးကို အထူးကျေးဇူးတင်ပါတယ် ......
07/03/2023

#ယနေ့စံချိန်သစ်51ထုပ်
#အ‌လေးချိန်၁၀ကျပ်သား160g

ဝယ်ယူ အားပေးကြတဲ့
ဆွေမျိုး မိတ်သင်္ဂဟ အားလုံးကို
အထူးကျေးဇူးတင်ပါတယ် ...


#အသင့်စားဆိတ်သားခြောက်
#စားသောက်ကုန်

စိတ်ဓါတ်ကျပြီး မဖြစ်နိုင်ဘူး ထင်ရင် KFC ပိုင်ရှင်ကို သတိရလိုက်ပါ။အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။အသက် ၁၆ နှစ်မှာ သူကျောင်း...
28/02/2023

စိတ်ဓါတ်ကျပြီး မဖြစ်နိုင်ဘူး ထင်ရင် KFC ပိုင်ရှင်ကို သတိရလိုက်ပါ။
အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။
အသက် ၁၆ နှစ်မှာ သူကျောင်းထွက်တယ်။
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုမှာပြူတ်နေပြီ
အသက် ၁၈ နှစ်မှာ သူအိမ်ထောင်ကျတယ်။
အသက် ၁၈ - ၂၂ ကြားမှာ ရထားလမ်းပြ အလုပ်ကိုလုပ်ပြီး သူအလုပ်ပြုတ်ပြန်တယ်။
သူ ဥပဒေကျောင်း၀င်ခွင့်လျောက်တယ် မရဘူး။
သူအာမခံကုမ္ပဏီမှာလုပ်တယ် အလုပ်ပြုတ်ပြန်တယ်။
အသက် ၁၉ နှစ်မှာ သူဟာ ဖခင်တဦးဖြစ်လာတယ်။
အသက် ၂၀ မှာ သူ့မိန်းမက သူကို ထားခဲ့ပြီး သမီလေးနဲ့အတူအိမ်ပေါ်ကဆင်းသွားတယ်။
အသေးစား ကဖေးဆိုင်မှာ စားဖိုမှုးနဲ့ပန်းကန်ဆေးတဲ့အလုပ်တစ်ခုသူရပြန်တယ်။
မိန်းမနဲ့ကွဲနေချိန်မှာ သူ့သမီးကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ ဒီလိုနဲ့သူမိန်းမကို ကတိတွေပေးပြီး ချောမော့ပြီးအိမ်ကိုပြန်ခေါ်နိုင်ခဲ့တယ်။

သူ စစ်တပ်ထဲဝင်တယ် သူဘ၀ အတော်ပင်ပန်းနွမ်းနယ်ခဲ့တယ်။

အသက် ၆၅ နှစ်မှာ သူပင်စင်ယူတယ်
သူပင်စင်ယူတဲ့ ပထမဦးဆုံးနေ့မှာ အစိုးရထံမှ $105 ဒေါ်လာသူလက်ခံရရှိတယ်။
သူအဲဒီငွေကိုကြည့်ပြီးအတော်ခံစားခဲ့ရတယ်။ ဒီလူက သူကိုယ်ကိုတောင်သူမကူညီနိုင်သူ ဟုဆိုပြီးအစိုးရက သူ့ကို အဲဒီလိုမြင်တယ်လို့သူခံစားရတယ်။
သူအမြဲတမ်းကျရှူံးတယ် သူအသက်ရှင်ဖို့မတန်ဘူးဆိုပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ကြိူးစားခဲ့တယ်။
သူသစ်ပင်အောက်ထိုင်ပြီး သူသေတမ်းစာ ရေးဖို့ပြင်ပါတော့တယ်။ ဒါပေမယ့်သူ့ဘ၀မှာသူဘာတွေ အောင်မြင်ခဲ့သလည်းဆိုတာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်။ အားလုံးဟာ ဆုံးရှူံးမှုတွေပဲသူတွေ့ခဲ့ရတယ်။ ဒါပေမယ့်ရှားရှားပါးပါးသူ့ရဲ့အားသာချက်လေးတစ်ခုသူတွေ့မိတယ်။ အဲ့တာက ဘာလည်းဆိုရင် ဟင်းကို ဘယ်လို ချက်ရမလည်း ဆိုတာပါပဲ။
ဒီလိုနဲ့ $87 ဒေါ်လာငွေကို ချေးယူပြီး ကြက်သားနဲ့လို အပ်တဲ့တန်ဆာပလာတွေကို၀ယ်ကာ သူ့ရဲ့ ကြက်ကြော်ကို တအိမ်၀င် တအိမ်ထွက် Kentucky မှာရှိတဲ့ အိမ်နီးနားချင်းတွေကို လိုက်ရောင်းပါတော့တယ်။

ဒီနေရာမှာ စာဖတ်သူကို ပြန်ပြီးတခုသိတရစေချင်တာက သူအသက် ၆၅ နှစ်မှာ သူ့ကိုယ်သူ့အဆုံးစီရင်ဖို့ကြိူးစားခဲ့ဘူးတယ်ဆိုတဲ့အချက်

သို့သော်.. Kentucky Fried Chicken (KFC) ကမ္ဘာကျော် ကြက်ကြော် KFC ကိုတည်ထောင်သူ အငြိမ်းစားဗိုလ်မှူး Sanders ဟာ အသက် ၈၈ နှစ်မှာ ဘီလီယံနာ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးဖြစ်လာခဲ့ပါတယ်။

စိတ်ဓါတ်ရေးရာအရ သင်ခန်းစာယူစရာများကတော့
1/ အလုပ်တစ်ခုကို စတင်ဖို့အတွက် သိပ်နောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။
2/ နောက်အရေးကြီးတာက သင့်ရဲ့ ပင်ကိုယ်ရပ်တည်ချက်သဘောထား Attitude ဖြစ်တယ်။ ဘယ်လောက်ပဲအခက်ခဲတွေ တွေ့ပါစေ ဘယ်တော့မှအရူံးမပေးတဲ့စိတ်ဓါတ် ဇွဲ လုံလ ဝိရိယတွေရှိဖို့လိုတယ်။
အောင်မြင်မှုအတွက်သင့်မှာ တစ်ခုခုတော့ အနည်းဆုံးရှိတယ်။ သူများနဲ့မတူတဲ့ဆန်းသစ်မှုကို သတ္တိရှိရှိ ရဲရဲလုပ်ပါ။

အနာဂါတ်အိပ်မက်တစ်ခုအတွက်ဆိုရင် အသက်ကြီးပြီးနောက်ကျပြီဆိုတာ ဘယ်တော့မှမရှိဘူး သူငယ်ချင်း

ီ_ဘာ_ဘာ

 #အထုပ်50ရောင်းရတဲ့နေ့   21.02.2023(Tue)
21/02/2023

#အထုပ်50ရောင်းရတဲ့နေ့
21.02.2023(Tue)

01/01/2023

Address

Yangon

Telephone

+9595067413

Website

Alerts

Be the first to know and let us send you an email when Light Food posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Light Food:

Share