Myat Akari စားသောက်ကုန်အမျိးမျိုး

  • Home
  • Myanmar
  • Yangon
  • Myat Akari စားသောက်ကုန်အမျိးမျိုး

Myat Akari စားသောက်ကုန်အမျိးမျိုး စားသောက်ကုန်အမျိုးမျိုး

24/06/2024

မ ဖျက်ရင်
========

တပည့် ကောင်လေး တစ်ယောက်က မေးလာတယ်

ဘုန်းဘုန်း #မိန်းမ ဖျက်ရင် လူ မပြော နဲ့ တိုင်းပြည်တောင်
ပျက်တယ် ဆိုတာ ဟုတ်သလား? ဘုရား တဲ့။

ဟေ

ငါ့ တပည့် အသဲကွဲ လာပြီ ထင်တယ် ကွ

မဟုတ်ပါ ဘုရား သိချင်လို့ပါတဲ့ လေ။

သူ တကယ် အသဲ ကွဲ မကွဲ တော့ မစပ်စု တော့ ပါ။

ဒီလိုရှိတယ် ငါ့ တပည့်ရဲ့ မင်းကို မေးပါရစေအုံးတော့ မင်းကို ဘယ်သူက မွေးတာလဲ?

အမေ ကလေ ဘုရား

အေး မင်း အမေ ဟာ ဘာလဲ မိန်းမလား ယောက်ျားလား

ဘုန်းဘုန်း ကလည်း အမေ ပါဆို မိန်းမ ပေါ့ ဘုရား။

ဟုတ်ပါပြီ မိန်းမ များစွာထဲက မိန်းမ တစ်ယောက် ဖြစ်တဲ့ မင်းအမေက မင်းကို ပျက်စီးအောင်များ ဖျက်စီး တာ ရှိသလား? ဒါမှ မဟုပ် မပျက်စီးအောင်ကောင်းအောင်များ လမ်းညွှန်သလား? မင်း ဖြေကြည့်

ကောင်းအောင် လိမ်မာ အောင် လမ်းမှား မရောက်အောင်
လမ်းပြတာ ပေါ့ ဘုရား။

ဒါဆို မင်း အမေလည်း မိန်းမ လေကွာ မိန်းမ က ဖျက်သလား ကောင်းအောင် လမ်းပြသလား? စဉ်းစား ပေါ့။



အိမ်း မောင်တို့ နားလယ်မှု့ လွဲ နေတာလေး ကို ငါ ပါချုပ် ဆရာတော်ကြီး တရားနာထားရလို့ သိတယ် ဖြေနိုင်တယ်ကွ။

ဒီ လို ကွာ တို့ မြန်မာ စာပေမှာ တားမြစ်တဲ့ အက္ခရာ ရှိတယ် ဘာဖြစ်မယ် ထင်လဲ?

#မ ဆိုတဲ့ အက္ခရာ လေ ကွာ

ဥပမာ ပြ ပေးမယ် ကွာ မင်း နားလယ် အောင်


သူတပါး အသက် #မသတ်စေချင်ရင်
မ ရှေ့က ခံပြီး မသတ်နဲ့။

မ ခိုးစေချင်ရင် မ ဆိုတာလေးနှင့် တားမြစ်တယ်
#မခိုးနှင့် မကောင်းဘူး

#မသတ်နှင့် မကောင်းဘူး

#မသောက်နှင့် မကောင်းဘူး

#မလုပ်ဘို့ရာ တားမြစ်ချက် မှန်သမျှ #မ ရှေ့က ခံ ရေးတယ် လေကွာ

သစ်ပင် မ ခုပ်ရ

ကွမ်း မ ထွေးရ

လာဘ်။ မ စားရ

အနိုင် မ ကျင့်ရ

ဖဲ မ ရိုက်ရ

ကြက် မ တိုက်ရ

ဘိန်း မ ရှူရ

ဆေးလိပ် မ သောက်ရ

ထို ဥပမာ ထဲက မ အက္ခရာ လေး ဖြုပ်ပြီး အကုန်လုပ်မယ်
ဆိုရင် ဘာဖြစ်မလဲ?။

မလုပ်ရလို့ တားမြစ်ထားတဲ့ မ အက္ခရာ ကို ဖြုတ် အကုန်လုပ်ရင်
ထောင်ကျနိုင်တယ် အပါယ်ကျနိုင်တယ် လူတော မတိုး ဖြစ်နိုင်တယ်
အရှက်‌လည်း ကွဲတတ်တယ်။

ဘာဖြစ်လို့ လဲဆိုရင် မ ဆိုတဲ့ တားမြစ်ချက်ကို ဖြုတ်ပြီး ချိုးဖေါက်လို့မဟုတ်လား။

ကိုယ့်ရဲ့ ဘဝ ထဲ မှာ #မ ဆိုတဲ့ တားမြစ်ချက် လေး ဖြစ်တဲ့ မ အက္ခရာ ကို ဖျက်ပြီး မလုပ်သင့် တာကို လုပ်ရင် ဘဝ ပျက်တတ်တယ် ဆိုတဲ့ အဓိပ္ပါယ် ပါ ငါ့ တပည့် ရဲ့။

အမျိုးသမီး ဖြစ်တဲ့ မ ဖျက် လို့ ပျက်တာ မဟုတ်ဖူး
တားမြစ်ချက် မ ကို ဖျက်ပြီး မကောင်းတာလုပ် လို့ပါကွယ် လို့ ဖြေလိုက်မိပါရဲ့။

စာ ဖတ် သူ များ သဘော ပေါက်နိုင်ကြပါစေ။

🙏🙏🙏 ကုသိုလ်ပုည ပေးဝေးငှသည်တူမျှညီညာရပါစေသော်ဝ်၊ကောင်းကျိုးလိုရာဆန္ဒဟူသမျှပြည့်ဝကြပါစေ။🙏🙏🙏
24/06/2024

🙏🙏🙏 ကုသိုလ်ပုည ပေးဝေးငှသည်တူမျှညီညာရပါစေသော်ဝ်၊
ကောင်းကျိုးလိုရာဆန္ဒဟူသမျှပြည့်ဝကြပါစေ။🙏🙏🙏

ချစ်လိုက်တာ😍😘
10/06/2024

ချစ်လိုက်တာ😍😘

07/05/2024
09/01/2024
အသင့်စား ငါးပိရည်ကျိုဗူးလေးတွေ ရပါပြီရှင့်။ ငါးပိရည်ချစ်သူတွေအကြိုက် ငါးဇင်ရိုင်း ၃ မျိုးစပ်​လေး ကိုကျနေအောင်ကျိုထားတာကြ...
17/09/2023

အသင့်စား ငါးပိရည်ကျိုဗူးလေးတွေ ရပါပြီရှင့်။ ငါးပိရည်ချစ်သူတွေအကြိုက် ငါးဇင်ရိုင်း ၃ မျိုးစပ်​လေး ကိုကျနေအောင်ကျိုထားတာကြောင့်ကြာကြာအထားခံသလို..ရှာလကာရည်အရသာလေးအနည်းငယ်ထည့်တာကြောင့်..ငရုပ်သီးစိမ်း၊ကြက်သွန်ဖြူတို့ရဲ့အနံ့လေးက မွှေးနေရခြင်းဖြစ်ပါတယ်
ကြက်သွန်ဖြူ၊ငရုပ်သီးစိမ်း၊ပုဇွန်ခြောက်တို့ကိုလှော်ပြီးထောင်းထည့်..ဗူးတွေကိုလေလုံအောင်
ထုတ်လုတ်ထားပြီး ဓာတုဆိုးဆေး၊ကြာရှည်ခံဆေးလုံးဝမသုံးတာမို့ယုံကြည်စိတ်ချစွာစားသုံးနိုင်ပါတယ်...

နေရောင်ခြည်တိုက်ရိုက်မထိတွေ့တဲ့နေရာမှာ
ထားလျင်..၃လ နှင့်
အဖုံးဖွင့်ပြီးလျင်..ပြင်ပအပူချိန်တွင် ၃ ရက် ရေခဲသေတ္တာထဲထည့်ထားလျင်..၁ လ လောက်ထိအထားခံပါတယ်

#စပ်ပြဲလန် အသင့်စားငါးပိရ ၄၀၀၀ကျပ်
#ပုံမှန် အသင့်စား ငါးပိရည် ၁ဗူး ၄၀၀၀ကျပ်
#အသင့်စား စိမ်းစားငပိဖျော် ၁ဗူး ၄၅၀၀ကျပ်

ခင်မင်ရပါသော Islam မိတ်ဆွေ များ အားလုံး  Happy Eid Mubarak ပါရှင်။ ကိုယ်စိတ်၊နှလုံး ၃ပါးလုံး ချမ်းသာခြင်း၊ ကျန်းမာခြင်းန...
22/04/2023

ခင်မင်ရပါသော Islam မိတ်ဆွေ များ အားလုံး Happy Eid Mubarak ပါရှင်။ ကိုယ်
စိတ်၊နှလုံး ၃ပါးလုံး ချမ်းသာခြင်း၊ ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ ပြည့်​ဝကြပါစေရှင်။

🙏🙏🙏
13/04/2023

🙏🙏🙏

ရရှိနိုင်သော စာရင်းလေး updated ပါရှင်။ 🙏🙏 စျေးရောင်း ပို့စ်ကြောင့်အနှောက်ယှက်ဖြစ်ခဲ့ရင်၊ အရေးကြီးသတင်းတွေဖုံးသွားခဲ့ရင် ...
28/01/2023

ရရှိနိုင်သော စာရင်းလေး updated ပါရှင်။

🙏🙏 စျေးရောင်း ပို့စ်ကြောင့်အနှောက်ယှက်ဖြစ်ခဲ့ရင်၊ အရေးကြီးသတင်းတွေဖုံးသွားခဲ့ရင် တောင်းပန်ပါတယ်ရှင်။ 🙏🙏

❇ #ရေဦးအရသာကြက်အူ/ဝက်အူချောင်း၊ #ကြက်အူ/ဝက်အူလုံး၊ #ကြက်/ဝက်အူ​ရော ဖြတ်စ
https://www.facebook.com/111137244678533/posts/211377484654508/?mibextid=Nif5oz

❇ #ကြက်သားခြောက်၊ #ဝက်သားခြောက်၊ #ဆိတ်သားခြောက်စစ်စစ်
https://www.facebook.com/111137244678533/posts/191362216656035/

❇ #အရေခွံမပါအရိုးလွတ်ငါးရံ့ခြောက်၊ ကသပေါင်းခြောက်
https://www.facebook.com/111137244678533/posts/223487506776839/?mibextid=Nif5oz

❇ #ယောက်ျားကြီးရေချိုငပိ ၊ #ဘိတ်ငပိ
https://www.facebook.com/111137244678533/posts/206261878499402/

❇ #ရေဦးဖိုးလပြည့်ကိတ်ခြောက်
https://www.facebook.com/111137244678533/posts/154223220369935/

❇ #ပဲပုတ်ခြောက်၊ ဂျူး၊ ပဲပုတ်/စေ့ကြော်
https://www.facebook.com/111137244678533/posts/167272145731709/

❇ #တောင်ငူသံတောင်ပျားရည် စစ်စစ်
https://www.facebook.com/111137244678533/posts/163779819414275/

❇ #မြောင်းမြငြုပ်ကောင်းမုန့်ဟင်းခါး
https://m.facebook.com/story.php?story_fbid=181248064334117&id=111137244678533

❇ #ငြုပ်သီးနှမ်းကပ်နှင့် #နှမ်းကပ်ကြော်အစုံ
https://www.facebook.com/111137244678533/posts/191222850003305/

❇ #သဘာဝရတနာဓနိဖူးခြောက်
https://www.facebook.com/111137244678533/posts/167273089064948/

❇ #ထောပါတ်ဆီ၊ #နှမ်းဆီ နှင့် #ဆီမီးခွက်
https://www.facebook.com/111137244678533/posts/191306423328281/

❇ Oil Hair Coat
https://www.facebook.com/111137244678533/posts/132706919188232/

အရည်ခွံမပါ၊ အရိုးလွတ်၊ ဆားပေါ့ တဲ့ ငါးရံ့ခြောက်ဖုတ် အချို လေးတွေ ရပါပြီရှင်။ဆားပေါ့ အိမ်လှမ်း သီးသန့် မို့ ယမ်းစိမ်း ဆို...
28/01/2023

အရည်ခွံမပါ၊ အရိုးလွတ်၊ ဆားပေါ့
တဲ့ ငါးရံ့ခြောက်ဖုတ် အချို လေးတွေ ရပါပြီရှင်။
ဆားပေါ့ အိမ်လှမ်း သီးသန့် မို့ ယမ်းစိမ်း
ဆိုးဆေး ယင်မနားဆေးတွေပါမှာ ကြောက်စရာမလိုဘူးနော်။

ငါးရံံ့ခြောက်

❇ ၅ကျပ်သား၁ဗူး.... = ၈၀၀၀ ကျပ်

❇ ၁၀ ကျပ်သား ၁ဗူး = ၁၆၀၀၀ကျပ်

ကသပေါင်းခြောက်

❇ ၅ကျပ်သား၁ဗူး.... = ၄၀၀၀ ကျပ်

❇ ၁၀ ကျပ်သား ၁ဗူး = ၈၀၀၀ကျပ်

- မှာယူလိုပါက
- 09422536098 /09406946450 or CB
- စမ်းချောင်းနှင့်အနီး ပို့ခ ၅၀၀/၁၀၀၀
- အခြားမြို့နယ်များ မြို့နယ်အလိုက် ပို့ခရှိ
ပါသည်။
- နေပြည်တော်၊မန္တလေး နှင့် အခြားနယ်မြို့များမှ ငွေကြိုလွှဲစနစ်ဖြင့်(ငွေလွှဲဝင်ပြီး ၃ရက်အတွင်း) ကားဂိတ်မှတဆင့် ပို့ဆောင်ပေးပါတယ်။
- ကားဂိတ်ပို့ခ၊ တန်ဆာခ ဝယ်သူမှ ကျခံရပါ
မည်။
- K Pay/CB pay/ Wavepay လက်ခံပါသည်

🙏 စျေးရောင်းပို့စ်ကြောင့် အနှောက်ယှက်ဖြစ်ခဲ့ရင် အနူးညွတ်တောင်းပန်ပါတယ်ရှင်။ 🙏

#ငါးရံ့ခြောက်ဖုတ် #ကသပေါင်းခြောက်

Address

Yangon

Telephone

+959422536098

Website

Alerts

Be the first to know and let us send you an email when Myat Akari စားသောက်ကုန်အမျိးမျိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat Akari စားသောက်ကုန်အမျိးမျိုး:

Shortcuts

Share