Chit Moe

Chit Moe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chit Moe, Grocers, Yangon.

ရေမချိုးတ့ဲအဖွ့ဲကပါ🤣🤣🤣🤣
11/01/2024

ရေမချိုးတ့ဲအဖွ့ဲကပါ🤣🤣🤣🤣

ရေနွေးနဲ့ချိုးတာတောင် ဆပ်ပြာမတိုက်ချင်ဘူး😁😁😁
အေးလို့ပါ🤣🤣🤣 ကဲ ဘယ်အဖွဲ့ကပါလဲရှင့်😜😜😜

Photo-crd🩷

03/01/2024

Good Night ကလေး ...

နှစ်တစ်နှစ်ရဲ့အစမှာ
ဘယ်သူမဆို
စိတ်သစ်ကိုယ်သစ်
အိပ်မက်အသစ်တွေကို
မျှော်လင့်ခဲ့ကြတာပါပဲ ။

ဒါပေမယ့်
ဒဏ်ရာအဟောင်းလေးကို
မစွန့်လွှတ်နိုင်တဲ့အခါ
မျက်ရည်အစစ်တွေက
ထပ်ကျပြန်တယ် ။

သူသာ တကယ်ချစ်ရင်
ကိုယ် မျှော်နေတာ
သိမှာပေါ့ဆိုတဲ့
အတွေးရှိခဲ့ပေမယ့်

ပေါ်မလာတဲ့အခါ
မျှော်မနေပါဘူးဆိုတဲ့စကားကို
သုံးရတာပါပဲ ။

Good Night ...
ဒီရက်ပိုင်း အိပ်ချိန်တွေက
သိပ်နောက်ကျတတ်တယ်နော် ။

#ကျေးကို

07/11/2023

👧

07/10/2023

✍✍✍✍

07/10/2023

✍✍✍✍✍

05/10/2023

လက်လည်းလွှတ်လိုက်ပါတယ်
ပြီးတော့
ခွင့်လည်း ခွင့်လွှတ်ပါတယ်

သိပ်ချစ်တာဆိုတဲ့
စကားတွေ ပြောခဲ့ပြီးပြီပဲ
မချစ်ချင်တော့ဘူးဆိုတဲ့
အခိုက်အတန်တွေ ကြုံတဲ့အခါ
အင်း ... အဆင်ပြေပါတယ်ဆိုတဲ့
စကားလေး သုံးရုံပေါ့

မြူတစ်မှုန်စာတောင်
အပြစ်မတင်ရက်အောင်
ချစ်ခဲ့တာပဲ
ဘယ်သူကမှ မင်းကို ငြိုငြင်တာမျိုး
နောက်ဆုံး အချိန်ထိ
မလိုချင်ခဲ့ဘူးလေ

ချစ်ခဲ့ခြင်းတွေအတွက်
ကျေးဇူးတင်ပါတယ်
မချစ်တော့ခြင်းတွေအတွက်လည်း
အဆင်ပြေသွားမှာပါ

ခွင့်လည်း ခွင့်လွှတ်ပါတယ်
လက်လည်း လွှတ်ပေးလိုက်ပါတယ် ။

#ကျေးကို

😆😆😆
03/10/2023

😆😆😆

ယောင်းမတွေထဲမှာ ပြသနာမရှာတတ်သော ယောင်းမ 😍

03/10/2023

နောက်တစ်ကြိမ်ပြန်ချန်ထားဖို့ သူ ပြန်လာခဲ့တယ် ...

ရေစက်ကုန်ပြီဆိုရင်လည်း အဆုံးထိကုန်တာပဲ ကောင်းတယ် ။ ပြန်မဆုံကြတော့ဘူးဆိုရင်လည်း ဘယ်တော့မှ ပြန်မဆုံကြတာပဲ ကောင်းတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ချန်ထားပြီဆိုရင် နေသားကျအောင်တော့ မနည်းနေရတာပဲ မဟုတ်လား ။ ဒါပေမယ့် အနည်ထိုင်ခါနီးမှ နောက်တစ်ကြိမ်သူပြန်လာခဲ့တယ် ။ အကြောင်းပြချက်က ချစ်လို့တဲ့ ။

မျှော်နေတဲ့အချိန်မှာ ပြန်လာတဲ့ လက်လေးမို့ ဒီတစ်ကြိမ်လည်း ပြန်ပြီး ယုံကြည်ခဲ့မိတာပါပဲ ။ နာကျင်ခြင်းတွေဟာ ကြင်နာခြင်းတွေ ဖြစ်သွားပြီလို့ သေချာပေါက် တွက်ဆလိုက်မိတာ ပြီးတော့ နောက်တစ်ကြိမ် နာကျင်ရဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးဆိုပြီးပဲ လုံး၀ ယုံကြည်ထားလိုက်တော့တာ ။ ဒီတစ်ကြိမ် ပြန်လာတာဟာ ဘယ်တော့မှ ပြန်မထွက်သွားတော့မယ့် အနာဂတ်တစ်ခုလိုမျိုး ဆုတ်ကိုင်ထားခဲ့မိတာ ။ ဒါပေမယ့် အရာရာဟာ အရင်အတိုင်းပါပဲ ။

အစပိုင်းမှာ အရင်လိုပဲ အရင်ကထက် ပိုပြီးတော့ ကြင်နာပြတယ် ။ အများကြီး ဂရုစိုက်တယ် ပြီးတော့ အများကြီး ရီမောစေခဲ့တာ ။ အရင်တုန်းက မက်မှာ ကြောက်ခဲ့မိတဲ့ အိပ်မက်တွေကို ပြန်မက်လာမိအောင်ထိ သူက ကတိတွေ ထပ်ပြီးပေးခဲ့တာ ။ အရင်တုန်းက မမျှော်လင့်တော့ပါဘူးဆိုတဲ့အရာကို ပြန်ပြီး မျှော်လင့်ရဲတဲ့အထိ သူက လိမ်မာပြခဲ့တာ ။ တစ်ကြိမ် နာကျင်ခဲ့ဖူးပေမယ့် နောက်တစ်ကြိမ် ပြန်ကြင်နာပြလိုက်တာနဲ့ ကိုယ်ဟာ အမှတ်သည်းခြေ ရှိမနေတော့ဘူးလေ ။

ပျော်ခဲ့ဖူးတဲ့ တစ်ရက်ကို ငိုခဲ့ရတဲ့ ရက်တစ်ရာနဲ့ ချေပစ်လိုက်ပြီး ငါတို့က တကယ်ချစ်တာကွဆိုပြီး ကြွေးကြော်နေခဲ့မိတာ ။ အချစ်ခံရတယ်ဆိုတာကလေ ဆိုပြီး ပါးစပ်အရသာခံပြီး တသတသ ပြောနေမိတာ ။ သူ က ငါ့ကို တကယ်ချစ်လို့ ပြန်လာတာ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လွန်ကဲနေခဲ့တာ ။ တကယ်တမ်းကျတော့ ... အချိန်တန်လာတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကို ချန်ထားခဲ့ဖို့ကိုပဲ ရွေးတယ် ။ သူ နောက်တစ်ကြိမ် ပြန်လာတယ်ဆိုတာ နောက်တစ်ကြိမ် ပြန်ချန်ထားဖို့ အတွက် သက်သက်ပဲ ။

ဒါပေမယ့် ... ဒီတစ်ကြိမ် ကျန်ခဲ့ရတဲ့အခါမှာ ပထမတုန်းကလို ကိုယ်ဟာ မငိုဖြစ်တော့တာတော့ သေချာတယ် ။ မနာရတော့လို့ ဘယ်ဟုတ်ပါ့မလဲ ။ အရင်ကထက် နှစ်ဆ အင်း ... မကဘူးထင်တာပါပဲ ။ ဘာပြန်ပြောရမယ်မှန်းမသိအောင် ပြီးတော့ မျက်ရည် ကျရကောင်းမှန်းမသိ ခဏတာ မှင်သက်မိသွားခဲ့တာ ။နောက်တစ်ကြိမ် နေသားကျအောင် ပြန်ကြိုးစားရတော့မှာပေါ့ ဒါပေမယ့် ဒီတစ်ကြိမ်တော့ နောက်တစ်ခါဆိုတာမျိုး ထပ်မရှိအောင် ကိုယ့်ဖက်က အရင်ဆုံး သံယောဇဥ်တွေ ပြတ်ဖို့ လိုမှန်း ပိုပြီး သိလာခဲ့တယ် ။

တစ်ခါသေဖူးရင် ပျဥ်ဖိုး နားလည်ရတယ် တဲ့ ... နှစ်ခါရှိမှ အမှတ်ရှိတဲ့ ကိုယ်က ဒဏ်ရာတစ်မျိုးတည်းကိုပဲ လူတစ်ယောက်တည်း နှစ်ကြိမ် နာကျင်ခဲ့ဖူးတယ်ဆိုတဲ့ အမှတ်လေး ရှိသွားခဲ့တာပေါ့ ။ ဒီတစ်ကြိမ် နာကျင်မှုက ဘယ်တော့ အသားကျမလဲဆိုတာ မပြောတတ်သေးဘူး ဘယ်တော့ အနည်ထိုင်လာမလဲဆိုတာလည်း မသိတတ်သေးဘူး ။ သေချာတာကတော့ နေတတ်သွားဖို့ပဲ များပါတယ် ။

#ကျေးကို

02/10/2023

တချို့လူတွေ
ချစ်ရဲ့နဲ့
ဝေးကြတယ်ဆိုတာ ...

ဘေးလူတွေကြောင့်ပါတယ်
ငွေကြောင့်လည်းပါတယ် ။

ပြင်လို့မရတဲ့ ဗီဇတွေကြောင့်ကောပေါ့ ....

#ကျေးကို

02/10/2023

အဖေပြောတဲ့ ဘဝအိမ်
*********************
ဖတ်ကြည့်နော်…

ဒီမယ် ငါ့သား
အိမ် ဆိုတာ ဘာလဲ-?

သားသိသလောက် ပြောပါရစေ
အဖေ…

အိမ်ဆိုတာ…
လူတွေရဲ့ တည်ရာ မှီရာ
ခိုလုံရာ
အိပ်စက်ရာ
အဆောက်အဦး တစ်ခုပါ အဖေ။

ဟုတ်ပြီ။
ဒီမယ် သား မင်းမှတ်ထားပါ။

လောကမှာ လူတွေဟာ
သူတို့ရဲ့
အရည်အချင်းတွေ
အဆင့်အတန်းတွေ အလိုက်
အိမ်တွေကို
ပုံစံအမျိုးမျိုးနဲ့ တည်ဆောက်ပြီး
စားသောက်
နေထိုင်ကြတယ် သား။

ဒါပေမဲ့…
လောကကြီးမှာ မိသားစုအများစုကို
လေ့လာကြည့်ရင်
မပျော်ရွှင်တဲ့ မိသားစုအိမ်တွေ
အများကြီး တွေ့ရလိမ့်မယ်။

တချို့အိမ်တွေက…
အဖေနဲ့ သား မတည့်ကြဘူး။

တချို့အိမ်တွေက…
အစ်ကိုနဲ့ ညီ
အစ်မနဲ့ ညီမ မတည့်ကြဘူး။

တချို့အိမ်တွေက…
ချွေးမနဲ့ သမီး
သမက်နဲ့ သား မတည့်ကြဘူး။

တချို့အိမ်တွေက…
ယောက္ခမနဲ့ ချွေးမ မတည့်ကြဘူး။

တချို့အိမ်တွေက…
ယောက္ခထီးနဲ့ သမက်နဲ့ မတည့်ကြဘူး
ငါ့သား…

ဒီလို မိသားစုတွေဟာ
ဘာလို့ မတည့်ကြတာလဲလို့
အကြောင်းရင်းကို ရှာလိုက်ရင်

ဒီအိမ်က မိသားစုတွေဟာ
တစ်ယောက်အပေါ် တစ်ယောက်
မေတ္တာ မထားနိုင်ခြင်း
နားလည် မပေးနိုင်ခြင်း
ခွင့်မလွှတ်နိုင်ခြင်း
စတဲ့ အကြောင်းရာတွေကြောင့်ပဲလို့
ဆိုရမယ် သား။

သားကို
အဖေ အဓိက ပြောပြချင်တာက…
သားဟာ
မြို့ပေါ်က အိမ်မှာပဲ နေနေ
တောရွာက အိမ်မှာပဲ နေနေ
မိမိနဲ့ အတူနေထိုင်တဲ့
မိသားစုတွေ အပေါ်မှာ
မေတ္တာထားပေးနိုင်ရမယ်။

လောကမှာ မိသားစုတစ်စုဟာ
မေတ္တာတရား ခေါင်းပါးလာပြီဆိုရင်
ထိုမိသားစုဟာ
နေ့စဉ် ငရဲခန်းကြီးလို
အမြဲ ပူလောင်နေရတတ်တယ်။

တစ်အိမ်ထဲမှာ နေထိုင်ကြပြီး
တစ်ဦးကို တစ်ဦး
ခွင့်မလွှတ်နိုင်ဘူး
သီးမခံနိုင်ကြဘူးဆိုတဲ့ လူတွေဟာ

ဥပမာ ဘာနဲ့တူသလဲဆိုရင်…

မိမိကိုယ်တိုင်
ဖျော်စပ်ထားတဲ့ အဆိပ်ရည်တွေကို
မိမိတို့ကိုယ်တိုင်
ဖျော်သောက်နေရသလိုပါပဲ။
ကြာလာရင်
ဒီမိသားစုဝင်တွေ အားလုံး
ဒုက္ခတွေ့နိုင်တယ်နော်။

ဒီမယ်သား
လောကမှာ…
စီးပွားရေးလောကပဲ
ကြည့်ကြည့်
ပညာရေးလောကပဲ
ကြည့်ကြည့်
နိုင်ငံရေးလောကပဲ
ကြည့်ကြည့်
စသည် ဘယ်လောကကိုပဲ
ကြည့်ကြည့်
အောင်မြင်နေကြတဲ့ ပုဂ္ဂိုလ်တွေမှာ
သီးခံခြင်းတရားတွေ
မေတ္တာတရားတွေ အားကြီးလို့
သူတို့တွေ
အောင်မြင်နေကြတယ် ဆိုတာ
တွေ့ရလိမ့်မယ် သား။

သားနေတဲ့ အိမ်က မိသားစုတွေ
အပေါ်မှာ
မေတ္တာစိတ်အပြည့်နဲ့ ဆက်ဆံပါ။
ဒါဆို သားဘဝမှာ
ပျော်ရွှင်လာပါလိမ့်မယ်။

နောက် မိမိနေတဲ့အိမ်လေး
နွေးထွေးချင်တယ်
သာယာချင်တယ်ဆိုရင်
ငါဒီနေ့ ဒီအိမ်လေးအတွက်
ဘာလုပ်ပေးရမလဲ။
ငါဘာလုပ်ပေးသင့်သလဲ ဆိုတာ
အမြဲတွေးပါ။

တကယ်လည်း မေတ္တာစိတ်နဲ့
လုပ်ကိုင်ပေးကြည့်။
သား ပျော်ရွှင်လာလိမ့်မယ်။

ဒီမယ်သား…
လောကမှာ ပေးတဲ့လူတွေဟာ
စိတ်ပေါ့တယ်။
စိတ်အေးချမ်းတယ်။

ယူတဲ့လူတွေဟာ စိတ်လေးရတယ်။
စိတ်ပူပင်ရတယ်။

ဘဝမှာ ပေးကမ်းနိုင်သူ
( ဒါမှမဟုတ် )
ပေးကမ်းနိုင်တဲ့လက်ဖြစ်အောင်
အမြဲကြိုးစားပါ သား။

မိသားစုနဲ့ နတေဲ့အခါပဲ
ဖြစ်စေ…
ပတ်ဝန်းကျင်နဲ့ နေတဲ့အခါမှာ
ဖြစ်စေ…
ကိုယ်ရဲ့ အားနည်းချက်ကို
သိပါစေ…
မိမိရဲ့ အားသာချက်တွေကိုလည်း
အများသိအောင် လုပ်ဆောင်ပြပါ။

ဘာဖြစ်လို့လဲဆိုတော့…
လူတိုင်းမှာ အားနည်းချက်တွေ
ရှိသလို
အားသာချက်ဆိုတာလည်း
ရှိပါတယ်။

အဖေတို့ လူသားတွေဟာ
မိမိကိုယ်ကို မိမိ
သိပ်ပြီး အထင်ကြီးနေရင်
တစ်ဖက်လူအပေါ်မှာ
အထင်အမြင် သေးသွားတတ်တယ်
ငါ့သား။

ဒါကြောင့်…ဘယ်အရာကိုမှ
မထီမဲ့မြင် မလုပ်မိစေနဲ့။

နောက်ဆုံးအနေနဲ့
အဖေပြောချင်တာက…
လောကမှာ
ဘယ်လောက်ပဲ သာယာပျော်ရွှင်တဲ့
အိမ်မျိုးဖြစ်နေပါစေ…

ထိုအိမ်ပေါ်ကို
ဘေးသူစိမ်းတွေ ရောလာပြီ
ဆိုရင်…
သွေးကွဲပြီး
ညီအစ်ကို မောင်နှမတွေကြားမှာ
နားလည်မှု မပေးနိုင်ပဲ
နောက်ဆုံး စကားများ
ရန်တွေ ဖြစ်စေတတ်တယ်။
ပြဿနာကြီးငယ်
တက်စေတတ်တယ် ဆိုတာ
သတိထားပါ။

အေး…ဒါကြောင့်
ဘဝမှာ
သာယာ ပျော်ရွှင်တဲ့
ဘဝအိမ်တစ်လုံးကို ပိုင်ဆိုင်ချင်ရင်
အိမ်အတွက်
အလုပ်များများ လုပ်ပါ။
စကားကို နည်းနည်းပြောပါ။
မိသားစုအပေါ်မှာ
မေတ္တာ၊စေတနာထားပြီး
သီးခံစိတ် မွေးပါ။
အသက်ရှင်သန်ချိန်လေးမှာ
ငါသည်
ငါ၏အိမ်အတွက် ဘာပေးရမလဲ
ဆိုတာ
နေ့တိုင်း တွေးထားပါ။

ဒီလိုစိတ်မျိုး
မိသားစုဝင်တိုင်း ရှိနေမယ်ဆိုရင်
သာယာ ပျော်ရွှင်ပြီး
နွေးထွေးတဲ့ ဘဝအိမ်တစ်လုံးကို
ပိုင်ဆိုင်နိုင်မယ်လို့
အဖေ အကြွင်းမဲ့ယုံကြည်မိပါတယ်။

ဟုတ်ကဲ့ပါ အဖေ…
နွေးထွေးသော အိမ်တစ်လုံးကို
ပိုင်ဆိုင်နိုင်အောင်
သား ကြိုးစားပါ့မယ် လို့
ကတိပေးပါတယ် အဖေ။

လောကထဲရှိ မိသားစုများအားလုံး
အတ္တကင်းပြီး
တစ်ဦးပေါ် တစ်ဦး
မတျတော၊စတနောမွားထား၍
ခွင့်လွှတ် သီးခံပြီး
နွေးထွေသည့် အိမ်မျိုး
မိသားစုတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ။

Credit:
Via:SawMyo MinHtwe

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Chit Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category