04/03/2024
မင်းမှမင်းဖြစ်နေတုန်းမှာ နည်းနည်းလေးဖြစ်ဖြစ် ဂရုစိုက်ပါ ...
နေနိုင်သွားမှ နေနိုင်သွားလေခြင်းဆိုတဲ့ အပြစ်တွေ ဖွဲ့နေတာထက်စာရင် မနေနိုင်သေးတဲ့ အချိန်တွေမှာ နည်းနည်းလောက်ဖြစ်ဖြစ် ပြန်ငဲ့ကြည့်ပေးသင့်တာပေါ့ ပြီးတော့မှ ပြောင်းလဲသွားလိုက်တာဆိုတဲ့ ခေါင်းစဥ်တွေတပ်ပြီး ကျွန်တော့ကို လူဆိုးတစ်ယောက်အဖြစ် မသတ်မှတ်ပါနဲ့ ။
ဖုန်းတွေဆက်နေတယ်ဆိုတာ ခင်ဗျားကို လွမ်းလို့လေ ... အကြိမ်ကြိမ်ဆက်နေမိတယ်ဆိုတာကတော့ ဘာဖြစ်နေလဲဆိုတာ စိတ်ပူနေတာကြောင့်လဲ ပါတယ် ။ ခင်ဗျားအသံလေးကြားရင် အဆင်ပြေသွားမယ်ဆိုတဲ့ အတွေးနဲ့ပဲ ဖုန်းတွေဆက်နေမိတာ ။ ဒါပေမယ့် ဆက်လို့မှမကိုင်ရင် ကျွန်တော်ကလဲ ခက်တယ် ဆက်တိုက်ပဲ ဆက်ချင်နေတာ ဒါဟာ နှောင့်ယှက်တာမဟုတ်ဘူးလေ ခင်ဗျားအသံလေး ကြားချင်ရုံသက်သက်ပါ။
ပြီးတော့ ... ကျွန်တော်က သိပ်သ၀န်တိုတတ်တာ ။ ကျွန်တော်နဲ့မှ မဟုတ်ရင် ဘယ်သူနဲ့မှ စိတ်ချတဲ့ကောင် မဟုတ်ဘူးလေ ။ နှာလေးချေမှာကအစ ခြင်ကိုက်တာအဆုံး နေရာတကာလိုက်ပြီး စိတ်ပူနေတတ်တာ ။ ဒါတွေကိုတော့ နည်းနည်းလေး ပြန်ငဲ့ကြည့်ပေးစေချင်ပါတယ် ။ သူ စိတ်ပူနေတာလား သူ သ၀န်တိုနေတာလား နည်းနည်းလေး ပြန်သိတတ်စေချင်ပါတယ် ။
မင်းမှမင်းဖြစ်နေတုန်းမှာ အချိန်အကြာကြီး ပစ်မထားနဲ့ ။ စာတွေ မပို့ပဲနေလို့ရတယ် ဒါပေမယ့် တစ်ရက်လုံးတော့ မဟုတ်ဘူး ဖုန်းတွေမကိုင်လို့ရတယ် ဒါပေမယ့် အားတဲ့အချိန်လေးတော့ ဖုန်းပြန်ဆက်ပေးပေါ့ မဟုတ်ဘူးလား ။
ကျွန်တော်ဟာလဲ လူသားတစ်ယောက်ဆိုတာမှန်း ကျေးဇူးပြုပြီးတော့ မေ့မထားပါနဲ့ ။
#ကျေးကို