Runner Online Shop & Delivery Service

Runner Online Shop & Delivery Service Online Shop & Delivery service

"ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ 'ဗုဒ္ဓနေ့' လို့ ခေါ်ဆိုရလောက်အောင် အင်မတန် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဘာ...
30/04/2026

"ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ 'ဗုဒ္ဓနေ့' လို့ ခေါ်ဆိုရလောက်အောင် အင်မတန် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ဂေါတမဗုဒ္ဓ မြတ်စွာဘုရားရှင်ရဲ့ ဘဝဖြစ်စဉ်ထဲက အရေးအကြီးဆုံးသော မှတ်တိုင်သုံးခုဟာ ဒီကဆုန်လပြည့်နေ့မှာတင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့လို့ပါပဲ။ အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်းနဲ့ နောက်ဆုံး ပရိနိဗ္ဗာန် စံဝင်တော်မူခြင်းဆိုတဲ့ ထူးခြားချက် သုံးရပ်ဟာ ကဆုန်လပြည့်နေ့မှာပဲ ဖြစ်ပေါ်ခဲ့တာပေါ့။

ဒီနေ့မှာ မိမိတို့တွေ အစဉ်အလာအရ ညောင်ရေသွန်းလောင်းပြီး ပူဇော်ကြတာဟာ အလွန်ကောင်းမွန်တဲ့ အလေ့အကျင့် ဖြစ်ပါတယ်။

ဒါပေမဲ့ ညောင်ရေသွန်းလောင်းရုံတင် မကဘဲ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အသိဉာဏ်နဲ့ ဆင်ခြင်ပူဇော်ဖို့က ပိုပြီး အရေးကြီးပါတယ်။

မြတ်စွာဘုရားရှင်ဟာ လောကကို အလင်းပေးခဲ့တဲ့ အနှိုင်းမဲ့ ဆရာတစ်ဦး ဖြစ်ပါတယ်။ 'ငါ ဘုရားဖြစ်ပြီ' ဆိုတဲ့ အသိနဲ့ လောကသားတွေကို ဒုက္ခက လွတ်မြောက်ကြောင်း လမ်းစဉ်တွေကို ဟောကြားခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓနေ့မှာ ဘုရားရှင်ကို ပူဇော်မယ်ဆိုရင် ဘုရားရှင်ရဲ့ အဆုံးအမတွေကို လိုက်နာကျင့်ကြံခြင်း (ပဋိပတ္တိပူဇာ) နဲ့ ပူဇော်ခြင်းဟာ အမြတ်ဆုံးပါပဲ။

ဒီနေ့ထူးနေ့မြတ်မှာ မိမိတို့ရဲ့ စိတ်ကို အေးချမ်းအောင် ထားရမယ်၊ သူတစ်ပါးကို မေတ္တာပွားရမယ်၊ သီလကို ဆောက်တည်ရမယ်။ မြတ်စွာဘုရားရှင် ဖွားမြင်တာ၊ ဘုရားဖြစ်တာနဲ့ ပရိနိဗ္ဗာန်စံတာတွေကို အာရုံပြုရင်း ဘဝရဲ့ မမြဲတဲ့ သဘောတရား (အနိစ္စ) ကိုလည်း သတိနဲ့ ဆင်ခြင်ကြည့်ရပါမယ်။

ဗုဒ္ဓနေ့မှာ ဗုဒ္ဓရဲ့ လမ်းစဉ်အတိုင်း အသိဉာဏ်နဲ့ ရှင်သန်နေထိုင်ခြင်းဟာ ဘုရားရှင်ကို အစစ်အမှန်ဆုံး ကျေးဇူးဆပ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်စီကိုယ်ငှ သတိတရား ကပ်ထားပြီး ငြိမ်းအေးတဲ့ ဘဝကို တည်ဆောက်ကြဖို့ ဒီနေ့မှာ ဓမ္မလက်ဆောင် ပါးလိုက်ချင်ပါတယ်"

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ

မြန်မာ့နှစ်သစ်ကူးနှစ်ဆန်း(၁)ရက်နေ့အခါသမယမှာမိဘနှစ်ပါးနဲ့ ညီအကိုမိတ်ဆွေသူငယ်ချင်းများနဲ့လုပ်ဖော်ကိုင်ဖက်များ ၊( ၇)ရက်သားသ...
17/04/2026

မြန်မာ့နှစ်သစ်ကူးနှစ်ဆန်း(၁)ရက်နေ့အခါသမယမှာမိဘနှစ်ပါးနဲ့ ညီအကိုမိတ်ဆွေသူငယ်ချင်းများနဲ့လုပ်ဖော်ကိုင်ဖက်များ ၊( ၇)ရက်သားသမီးများနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာလို့လိုအင်ဆန္ဒတွေအားလုံးပြည့်စုံကြပါစေ အကြံအစည်တွေအောင်မြင်ပြီးစီးပွားလဘ်လာဘတွေတိုးတက်လို့ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ၊စိတ်သွားတိုင်းကိုယ်ပါပြီးအလှူကြီးပေးလှူနိုင်သောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေဖြစ်နိုင်ကြပါစေကြောင်း ကျွန်တော်တို့Runner Delivery Serviceမှဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။

Address

Yangon

Telephone

+959764835900

Website

Alerts

Be the first to know and let us send you an email when Runner Online Shop & Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share