လှိုင်သာယာ -အရှေ့ပိုင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံး Yesc"

  • Home
  • Myanmar
  • Yangon
  • လှိုင်သာယာ -အရှေ့ပိုင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံး Yesc"

လှိုင်သာယာ -အရှေ့ပိုင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံး Yesc" EPC

27/05/2026

ပြည်သူ့အတွက်
ကြိုးပမ်းဆောင်ရွက်

မိဘပြည်သူများထံသို့ အသိပေးတင်ပြခြင်း
13/05/2026

မိဘပြည်သူများထံသို့ အသိပေးတင်ပြခြင်း

25/04/2026

“မီးသုံးစွဲသူပြည်သူများသို့ အသိပေးပန်ကြားချက်”
ယနေ့ ၂၅-၄-၂၀၂၆ ရက်နေ့၊ ည ၂၀:၀၄ နာရီအချိန်တွင် ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ခဲ့မှုကြောင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု (System Shutdown) ဖြစ်ပွားခဲ့ပါသည်။
လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အဆိုပါဓာတ်အားလိုင်းအား အသေးစိတ်စစ်ဆေးကာ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ၃/၄ နာရီအတွင်း အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ဓာတ်အားအမြန်ဆုံး ပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

03/04/2026
31/03/2026

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++
၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းများအား ညွှန်ကြား ရေးမှူး(စက်/လျှပ်) ဦးဆောင်သော (၁၀)+(၁၂၅) စုစုပေါင်း (၁၃၅) ဦးပါဝင်သော ပြန်လည်ပြုပြင် ရေးအဖွဲ့များမှ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးစီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့ (၃၁-၃-၂၀၂၆) ရက် နေ့တွင် တာဝါတိုင်အမှတ်(၃၀၉)တိုင်ယိုင်/စောင်းနေမှုအားပြုပြင်ခြင်းလုပ်ငန်း (၇၀%) အားလည်းကောင်း၊ တာဝါတိုင်အမှတ် (၃၁၀) တိုင်ဆင်ခြင်းလုပ်ငန်း (၉၀%)အားလည်းကောင်း ၊ တာဝါ တိုင်အမှတ် (၃၁၁)၏ ဖောင်ဒေးရှင်းလုပ်ငန်းများနှင့် Stub Setting လုပ်ငန်းများ ဆောင်ရွက်ခြင်း (၉၀%) အားလည်းကောင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း စုစုပေါင်းပြီးစီးမှု (၆၅%) ဖြစ်ပါကြောင်း နှင့် လျှပ်စစ်ဓာတ်အားအမြန်ရရှိရန် လျှပ်စစ်ဝန်ထမ်းများမှ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

မိဘပြည်သူများသို့ အသိပေးပန်ကြားချက်(၂၇.၃.၂၀၂၆) ရက်နေ့ (၁၁:၄၁) နာရီအချိန်တွင် ၂၃၀ ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ ဓာတ်အ...
27/03/2026

မိဘပြည်သူများသို့ အသိပေးပန်ကြားချက်
(၂၇.၃.၂၀၂၆) ရက်နေ့ (၁၁:၄၁) နာရီအချိန်တွင် ၂၃၀ ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ ဓာတ်အားလိုင်းအား မင်းလှမြို့အနီး၌ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် (၂) တိုင်ပြိုလဲခဲ့ပြီး တာဝါတိုင် (၂) တိုင်မှာ တိမ်းစောင်းသွားခဲ့သဖြင့် ၎င်းဓာတ်အားလိုင်းမှ ပို့လွှတ်လျက်ရှိသော လျှပ်စစ် ဓာတ်အား ၄၀၀ မဂ္ဂါဝပ်ခန့်မှာ ထုတ်လုပ်နိုင်မှုလျော့နည်းလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးမှု လျော့နည်းလျက်ရှိပါကြောင်းနှင့် အမြန်ဆုံးပြန်လည်ဖြန့်ဖြူး ပေးနိုင်ရေး ပြင်ဆင်ဆောင် ရွက်လျက်ရှိပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when လှိုင်သာယာ -အရှေ့ပိုင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံး Yesc" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category