Nwet yin Moe

Nwet yin Moe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nwet yin Moe, Grocers, Moe, Yangon.

16/11/2022

ချစ်​ေတာ့အပြောခံရတယ် အနစ်နာခံရတယ် နာကျင်ရတယ် ခံစားရတယ် ချစ်တာ ဘာများကောင်းလို့လဲ

17/09/2022

ပတ်ဝန်းကျင်
ကိုယ်မှန်နေတဲ့အခါ တိတ်နေတတ်ပြီး
ကိုယ်မှားသွားမှ အသံထွက်တယ်
ဒီကြားထဲ
ကောင်းစေချင်လို့ ပြောတာပါဆိုတဲ့
လူတွေလည်း အများသားပဲ

11/09/2022

ကိုယ့်ချစ်တဲ့သူတွေ ကိုယ့်ချစ်သလို ကိုယ့်စိတ်ပူတာလို ကိုယ့်ဂရုစိုက်တာလိုမျိုးအများရီး မဟုတ်ရင်တောင် တစ်ဝက်လောက်တော့ ဂရုစိုက် မှုလေးလိုချင်တာ😢😢

03/09/2022

ကျွန်မချစ်ရတဲ့ သူတွေအနားမှာ နေချင်လိုက်တာနော်

21/08/2022

ကျွန်မတစ်ယောက် စကားပြောတက်အောင်
လေ့လာရအုံးမယ်
တခါတလေကျ ပြောချင်တာတစ်မျိုး
အဓိပ္ပာယ် ထွက်သွားတာကတစ်မျိုး
ပြောချင်တဲ့ သဘောတရားကိုလည်း
ပြန်ပီးနားလည်လာအောင် မပြောပြတက်
ကိုယ်ပြောချင်ကို နားလည်မှာလွဲသွားမှာလည်းကြောက်မိတယ်
ပြန်ပီးတော့စိတ်​ပြေ​အောင်​တွေးလိုက်ပါတယ်
ကိုယ်သူ့အပေါ် စေတနာနဲ့ပြောတာမှန်ရင်
ကျွန်မပြောတာ သူ့တစ်ယောက် နားလည်ရပါလို၏
အဲ့လိုပဲဆုတောင်းနေမိတော့တယ်

15/08/2022

မျက်ရည်တွေဝဲလာလို😢😢😢

13/08/2022

ယိုးဒယား သင်္ဘောသီးထောင်း၊ပုဇွန်အစိမ်းထောင်း၊ထိုင်း Styleပြောင်းဖူးထောင်း ၊ရေဘဝဲ / ကင်းမွန်ထောင်း နည်း(၄)မျိုးလုပ်နည်း👇
(1).ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး ပြုလုပ်နည်း
⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐
📝ပါ၀င်ပစ္စည်းများ

သင်္ဘောသီးစိမ်း – အနေတော် တလုံး
ပုဇွန်ခြောက် – အကောင် ၂၀ခန့်
မြေပဲလှော် – အစေ့၂၀ခန့်
ငရုတ်သီးစိမ်း – ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ
ထန်းလျှက်ခဲ – ကွမ်းသီးဆံအလုံးလောက် ၃ခဲ
ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ
ဆား – လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ပဲတောင့်ရှည် – ၃တောင့် မရှိလို့မထည့်ထားပါ
ခရမ်းချဉ်သီး – ခပ်ကြီးကြီး တလုံး
သံပုရာသီး – တခြမ်း

📝ပြင်ဆင်ပုံ

သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။

ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။

ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။

မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။

ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။

ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။

ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။

ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။

ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။

ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင်ရပါပြီ။

သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာ၀င်ပါတယ်။

ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။

သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။

ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။

စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။

Credit
(2)ပုဇွန်အစိမ်းထောင်း 😍

- ဆုံထဲသို့ ငရုတ်ခြောက်တောင့်နှင့်ကြ က်သွန်ဖြူတို့ကို ညှက်အောင်ထောင်းပါ။

- ကြံသကာရည် ၊ငါးငံပြာရည် ၊သကြား၊ သံပုရာရည်ညှစ်ထည့်ပါ ။

- သရက်စိမ်းလေးတွေကို အမျှင်ခြစ် ခြစ်ထည့်ပါ ။

- ပုဇွန်အစိမ်းထည့်ပြီး ရောမွှေပါ ။

- ရှမ်းနံနံပါးပါးလှီးထည့်ပါ ။
ဒီလိုဆိုရင်တော့ ပုဇွန်အစိမ်းထောင်း စပ်စပ်လေးစားလို့ရပါပြီ ။

Credit
(3)ထိုင်း Styleပြောင်းဖူးထောင်း

- ပြောင်းဖူးကိုပြုတ်ပြီး အဆင်သင့်လှီးထားပါ။
ခရမ်းချဉ်သီးနှင့် ပဲသီးတို့ကိုလည်း အဆင်သင့် လှီးထားပါ။

- ကြ က်သွန်ဖြူ၊ ငရုတ်သီး၊ ထန်းလျက်၊ ပုဇွန်ခြောက် တို့ကို ထည့်ထောင်းပါ။

- ပြီးလျှင် ငံပြာရည်နှင်အချိုမှုန့်ထည့်ပါ။

- ပြင်ဆင်ထားသော ခရမ်းချဉ်သီးနှင့် ပဲသီးတို့ကိုရောထည့်ပါ။

- ပြောင်းဖူးကိုထည့်ပါ။ သံပုရာသီးညှစ်ထည့်ပါ။

- ပြီးလျှင်တော့ ပုဇွန်ခြောက်အကောင်လိုက်နှင့် မြေပဲလှော်တို့ကို ဖြူးပြီး စိတ်ကြိုက်စားသုံးနိုင်ပါပြီ။

Credit
(4)ရေဘဝဲ / ကင်းမွန်ထောင်း

- ရေဘဝဲကိုဂျင်းထုထောင်းပြီး ရေထည့် ရှလကာရည် နည်းနည်းထည့်ပြီးမိနစ်ခန့် ပြုတ်ပါ။ (အကြာကြီးမပြုတ်ပါနှင့်)

- ကြ က်သွန်ဖြူ၊ ငရုတ်သီးအနီ၊ ထန်းလျက်၊ ပုဇွန်ခြောက်တို့ကို ထောင်းပါ။

- ငံပြာရည်နဲ့အချိုမှုန့် ထည့်ပါ။

- ခရမ်းချဉ်သီးကို လှီးပြီးထည့်ပါ။

- ရှမ်းနံနံ သို့မဟုတ် တရုတ်နံနံ ကြိုက်နှစ်သက်ရာထည့်နိုင်ပါ။ မြေပဲကြိုက်လျှင် မြေပဲပါထည့်နိုင်သည်။

- နောက်ဆုံးအဆင့် သံပုရာသီးညှစ်ထည့်ပါ။

ဒီလိုဆိုရင်တော့ ထိုင်း Style ရေဘဝဲ / ကင်းမွန်ထောင်းသုံးဆောင်လို့ရပါပြီနော်
Credit😋

03/08/2022

ကုိယ့္အနားမွာ တစ္ဖဝါးမကြာ
ရှိနေပေးတာဆိုလို့
နာကျင်မှု​တွေပဲ ရှိတယ်..

စိတ်ကိုဖြူစင်အောင် ထားပါတယ် ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ် ထားနိုင်အောင်အမြဲကြိုးစားနေပါတယ်
02/07/2022

စိတ်ကိုဖြူစင်အောင် ထားပါတယ်
ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ် ထားနိုင်အောင်အမြဲကြိုးစားနေပါတယ်

❣️အရမ်းကောင်းလို့ဖတ်ကြည့်စေချင်ပါတယ်❣️

ဖြူအောင်စိတ်ကိုထား
============

အပြုံးတွေနဲ့
ဆက်ဆံနေပါလျှက်နဲ့
တစ်ခါလေ မျက်နှာထား တင်းမိလိုက်လို့
မဲ့ပြသွားတတ်ကြတဲ့အခါစိတ်မကောင်း မဖြစ်ပါနဲ့

အမြဲလိုလို ကောင်းကောင်းမွန်မွန်
ဆက်ဆံပေးပါလျှက်နဲ့
တစ်ကြိမ်လေး ပျက်ကွက်
မလိုက်လျောပေးမိလိုက်လို့
ငြို ငြင်သွားတတ်ကြတဲ့အခါ
စိတ်မကောင်း မဖြစ်ပါနဲ့

လူတိုင်းက ကိုယ်လိုမဟုတ်ဘူးလေ
ကိုယ့်ဘဝကို အမြဲတမ်း
နားလည်ပေးနိူင်မဲ့ သူတွေလည်း
မဟုတ်ကြပါဘူး

သူတို့ လိုအပ်တာ ဖြည့်ဆည်းပေးနိုင်ရင်
ကျေနပ်လို့နေကြမှာလေ သူတို့ လိုအပ်တာ
ဖြည့်ဆည်း မပေးနိုင်လျှင်
မကျေနပ်လို့ သွားကြမှာပါ။

အဲ့လို
ကြုံဆုံရတဲ့အခါ
လူတိုင်းက ကိုယ့်စေတနာနဲ့
မတန်ဘူးလို့ စိတ်မကောင်း မဖြစ်ပါနဲ့

လူတိုင်းနဲ့တန်တဲ့ စေတနာလေးသာ
မျှတစွာ ပေးတတ်အောင်
လုပ်ဆောင်ပေးတတ်လာရင်
ရင့်ကျက်တည်ငြိမ်တဲ့
လူသားတစ်ယောက်မဟုတ်တောင်......
လိုက်လျောညီထွေတဲ့ဆက်ဆံရေးနဲ့
လွတ်လပ်စွာ ကျေနပ်လို့ နေတတ်လာတဲ့
လူသားတစ်ယောက် ဖြစ်လို့နေပါလိမ့်မယ်
မကောင်းသူတစ်ချို့အပေါ်မှာ
စိတ်ထားတတ်အောင် ကြိုးစားကြည့်ပါ။

လောဘကြီးတဲ့သူနဲ့တွေ့တဲ့အခါ
ပေးကမ်းတတ်အောင် ကြိုးစားကြည့်ပါ။

ဒေါသကြီးတဲ့ သူနဲ့တွေ့တဲ့အခါ
မေတ္တာထားတတ်အောင် ကြိုးစားကြည့်ပါ။

မောဟကြီးတဲ့ သူနဲ့တွေ့တဲ့အခါ
သမာဓိ အားကောင်းအောင် ကြိုးစားကြည့်ပါ။

ဖိနှိပ်တတ်တဲ့ သူနဲ့တွေ့အခါ
သည်းခံတတ်အောင် ကြိုးစားကြည့်ပါ။

ကြွားဝါတတ်တဲ့ သူနဲ့တွေ့တဲ့အခါ
ခြိုးခြံတတ်အောင် ကြိုးစားကြည့်ပါ။

ပျင်းရိတဲ့သူနဲ့တွေ့တဲ့အခါ
ဝီရိယထားတတ်အောင် ကြိုးစားကြည့်ပါ။

ရိုင်းစိုင်းတဲ့သူနဲ့တွေ့တဲ့အခါ
ယဉ်ကျေးတတ်အောင် ကြိုးစားကြည့်ပါ။

ဘယ်လို တန်ပြန်သက်ရောက်မှုတွေနဲ့
တွေ့ကြုံလာပါစေသင်ဟာခံနိုင်ရည်ရှိသူ
တစ်ယောက်ဖြစ်လာလိမ့်မယ်။

ဒါတာတွေကို ကြိုသိနှင့်ပြီးသာဆိုရင်
သိပ်ပြီးလည်း ထိခိုက်စရာ မရှိ‌တော့သလို
သိပ်ပြီးလည်း ခံစားစရာမလိုတော့ဘူး
လူတွေဆိုတာ သူ့ဗီဇနဲ့သူမို့.....
အရာရာဟာ သူ့အိုးနဲ့ သူ့ဆန်ပါပဲ.....




Page အသစ်လေးကို follow လေးလုပ်ပေးကြပါအုံး 👉👉👉 https://www.facebook.com/မောင်သာချို-စာပေ-100790266035101/

29/06/2022

ဘာတွေဖြစ်နေကြတာလဲ မသိဘူး
စိတ်ဓါတ်တွေက တော်တော်အောက်တန်းကျတာပဲ
ကိုယ်ဖြစ်ချင်တာပဲ လုပ်ရပ့လား
သူတပါးဘက်လည်း ဝင်ကြည့်ပါအုံး
ထွက်ရက်တဲ့ ပါးစပ်ကိုလည်း
တော်တော်လေးကို အံသြမိတယ်
ပြောထွက်ရက်တယ်
ရွံ့လိုက်တာ ဒါကိုပြောတာရှိမှာ
ပါးစပ်က ဘုရား ဘုရား
လက်က ကယား သူ့တို့လို
လူတွေရှိမှာ ရွံ့လိုက်တာ

26/06/2022

တစ်စုံတယောက်ကို
တစ်ကယ်ချစ်မိသွားတဲ့အခါ....

သူပြန်ချစ်တာမချစ်တာက
အရေးမကြီးတော့ပါဘူး...

ကိုယ့်ချစ်နေရရင်ပဲ ပြီးပြည့်စုံပါတယ်

နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ
သူ့အနားမှာ ရှိခွင့်ရသည်ဖြစ်စေ..
အဝေးကနေ ငေးကြည့်နေရသည်ဖြစ်စေ..
ဘယ်တော့အခါမှ မပြောင်းလည်းတဲ့အချစ်နဲ့.
အဲဒီတစ်​ယောက်ကိုပဲ
်ချစ်နေချင်တာ..
သက်ဆုံးတိုင်ထိ မပြောင်းလည်းတဲ့..
ချစ်ခြင်းတွေနဲ့ပေါ့

Address

Moe
Yangon

Website

Alerts

Be the first to know and let us send you an email when Nwet yin Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category