ဒွေးလေးခင် အိမ့်လက်ရာစားဖွယ်စုံ

  • Home
  • Myanmar
  • Yangon
  • ဒွေးလေးခင် အိမ့်လက်ရာစားဖွယ်စုံ

ဒွေးလေးခင် အိမ့်လက်ရာစားဖွယ်စုံ အိမ်မှာပဲ နေပါ။ စားကောင်းသောက်ဖွယ်?

Merry Xmas အလှုUSA Maryland မှ အလှုရှင် Dr ဇော်ဝင်းထွေးနဲ့ Dr နီလာဦး တို့ ၏ ဒါနအနေဖြင့် ကျိုက်ခေါက်ဘုရား အနီး ဘိုးဘွားရ...
25/12/2025

Merry Xmas အလှု
USA Maryland မှ အလှုရှင် Dr ဇော်ဝင်းထွေးနဲ့ Dr နီလာဦး တို့ ၏ ဒါနအနေဖြင့် ကျိုက်ခေါက်ဘုရား အနီး ဘိုးဘွားရိပ်သာနဲ့ စိတ်မကျန်းမာသူ ၁၂၆ ဦး အတွက် ထမင်းဘူး ၁၂၆ ဘူး အား ချက်ပြုတ် လှုဒါန်းပေးခဲ့ပါသည်ရှင့်။

ကြက်သားမဆလာချက်၊ အစိမ်း​ကြော်၊ ငါးပိထောင်း၊ အာလူး၊ အသားတုကြော် ထမင်းဘူး ၁၂၆ ဘူးပဲ ဖြစ်ပါတယ်။
May all of u be happy.healthy and peaceful Forever... ❤💚💛🤍

Happy Thanksgiving ၂၇.၁၁.၂၅လစဥ် အလှုရှင် USA မှ Dr ဇော်ဝင်းထွေးနဲ့ Dr နီလာဦး တို့မှ ဘိုးဘွားရိပ်သာ ရှိ ဘိုးဘွား ၁၂၅ ဦး...
27/11/2025

Happy Thanksgiving ၂၇.၁၁.၂၅
လစဥ် အလှုရှင် USA မှ Dr ဇော်ဝင်းထွေးနဲ့ Dr နီလာဦး တို့မှ ဘိုးဘွားရိပ်သာ ရှိ ဘိုးဘွား ၁၂၅ ဦးတို့ အတွက် ထမင်းဘူး ၁၂၅ ဘူးကို ချက်ပြုတ် လှုဒါန်းပေးခဲ့ပါသည်ရှင့်။

ကြံခင်းထမင်းသုတ်၊ ကြက်ကြော် ဘူး ၅၀

ကြက်သားသုတ်၊ ဂေါ်ဖီကြော် ထမင်းဘူး ၇၅ ဘူး

တို့ ဖြစ်ပါတယ်။

ဘိုးဘွားများမှ အလှု့ရှင် များအတွက် ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ကြပါတယ်။

ခုခေတ်ကလေ...အပြင်မှာ ဘာစားစား breakfast ကို အနဲလေး တယောက်  ၇၀၀၀ ကျပ်လောက် ကုန်မယ်သာ မှတ်ထားတော့..(အာ့ လမ်းဘေးဆိုင်စျေးနေ...
22/11/2025

ခုခေတ်ကလေ...
အပြင်မှာ ဘာစားစား breakfast ကို အနဲလေး တယောက် ၇၀၀၀ ကျပ်လောက် ကုန်မယ်သာ မှတ်ထားတော့..(အာ့ လမ်းဘေးဆိုင်စျေးနော်)
အရင် လက်ဖက်ရည်တခွက် တထောင်ဝန်းကျင်..ခုက ၂၅၀၀..၃၀၀၀၊ စီလုံတီးဆို ၆၅၀၀ ပဲ၊
မနေ့က ဆိုင်ပိစိမှာစားတဲ့ ရှမ်းခေါက်ဆွဲက ၇၅၀၀ တဲ့ (ပုံပါတဲ့အတိုင်း) ၊ မွင်းခါး၊အုန်းနို့ဆို လာထား ၄၅၀၀-၅၀၀၀ (လမ်းဘေးဆိုင်မှာ)၊ ထမင်းကြော်တပွဲ အနဲလေး ၁၅၀၀၀ (AC ပါတဲ့ဆိုင်) seafood fried rice သည် ၂၀၀၀၀ ပဲ၊
အိမ်ချက်စားဖို့ စျေးသွားရင်တောင် သီးရွက်ဆိုင်နဲ့တင် ၂၀၀၀၀ ဖိုးလောက် ရှင်းရ၊
*သားငါး မပြောတော့ပူး၊

လူလဲ ငိုရမလို၊ ရယ်မရမလို..ဘယ်သူ အော်တိုင်ပြောရမလိုလို

03/11/2025

ပိတ်ရက်ချက်စားကြမယ်။

အရမ်းလွယ်ကူတာ အနှစ်ထုတ်သုံးလိုက်တော့၊ အရသာလဲ သိပ်ချိန်စရာ လိုပူးရယ်။ အသားကို ဆားနဲနဲလောက် နယ်ဖို့နဲ့၊ ဆီပိစိလောက်ပဲ လိုတာ...

မြန်မာအမျိုးသမီး တဦးပိုင်ကိုယ်တိုင် ထိုင်းမှာ ထုတ်လုပ်ထားပြီး Thai FDA approval ရထားတဲ့ အောင်စည် Aung Si အနှစ်ထုပ်...
ပြည်ပရောက် ရွှေမြန်မာများအတွက် မြန်လွယ်ကောင်း ​ဟင်းချက်နည်း
Yummmmmm

29 Oct 2025အမေရိကန်နိုင်ငံတွင် နေထိုင်သူ မိခင်ကြီး Dr ညွှန့်ညွှန့်ဝေ ရဲ့မွေးနေ့အလှုအထိမ်းအမှတ် အဖြစ် သား Dr ဇော်ဝင်းထွေး...
29/10/2025

29 Oct 2025
အမေရိကန်နိုင်ငံတွင် နေထိုင်သူ မိခင်ကြီး Dr ညွှန့်ညွှန့်ဝေ ရဲ့မွေးနေ့အလှုအထိမ်းအမှတ် အဖြစ် သား Dr ဇော်ဝင်းထွေးနဲ့ သမီး Dr နီလာဦး လှုဒါန်းသည့် ညနေစာ တမင်းဘူး ၁၂၅ ဘူးကို သန်လျှင် ဘိုးဘွားရိပ်သာသို့ ကျမတို့ အဖွဲ့မှ ကိုယ်တိုင် သွားရောက် လှုဒါန်းပေးခဲ့ပါသည်။
Menu of the day ကတော့
*ကြက်သားသုတ်၊ ရွှေဖရုံသီးနုပ်၊ ထမင်းဘူး ၅၀
*ငါးမုန့်ကြော်အချိုနုပ်၊ ရွှေဖရုံသီးဟင်း၊ ငါးပိထောင်း ထမင်းဘူး ၅၀
*ငါးဥမွှေကြော်၊ အစိမ်းကြော်၊ ငါးပိထောင်း၊ သရက်ချဥ် ထမင်းဘူး ၂၅ ဘူး
စွန့်ပစ်ခံ ဘိုးဘွားများနှင့် ဒုက္ခိတများမှ အလှုရှင်အတွက် ဆုတောင်းမေတ္တာ များ ပို့သပေးကြပါသည်ရှင့်
အန်တီကြီး သက်ရာကျော်တိုင် ကျန်းမာပျော်ရွှင်နိုင်ပါစေရှင့်။
သာဓုသာဓုသာဓု...

*ဘိုးဘွားများအတွက် ဂေဟာမှ တနေ့ကို တနပ်သာကျွေးနိုင်ကြောင်း၊ တခါတရံတွင် တနေ့တွင် တနပ်စာ ချက်စားရန် ဆန်စိမ်းသာပေးနိုင်ကြောင်း*

ကိုယ်တွေကလေ...ကိုယ့်ဟာကိုလဲ အိမ်မှာချက်စားတယ်။အပြင်ဆိုင်တွေလဲ လိုက်ရှာဖွေစားတယ်။သူများကျွေးတာလဲ မငြင်းပါဘူး။ဘုန်းကြီးကျေ...
26/10/2025

ကိုယ်တွေကလေ...
ကိုယ့်ဟာကိုလဲ အိမ်မှာချက်စားတယ်။
အပြင်ဆိုင်တွေလဲ လိုက်ရှာဖွေစားတယ်။
သူများကျွေးတာလဲ မငြင်းပါဘူး။
ဘုန်းကြီးကျောင်း အလှုဆို ပြေးတောင် သွားစားသေး။

ဒါမဲ့ မတည့်စာတွေ၊ ဝါးလို့မရတာတွေ၊ carbohydrate တွေတော့ သိပ်မစားပူး။
ကဲ...ဘာပြောချင်သေးလဲ

26/10/2025
8 Spet 2025လစဥ် အလှုရှင်များဖြစ်ကြတဲ့ USA မှ Dr ဇော်ဝင်းထွေးနဲ့ Dr နီလာဦးတို့မှ လှုဒါန်းသည့် ထမင်းဘူး ၁၅၀ ကို စွန့်ပစ်ခ...
09/09/2025

8 Spet 2025
လစဥ် အလှုရှင်များဖြစ်ကြတဲ့ USA မှ Dr ဇော်ဝင်းထွေးနဲ့ Dr နီလာဦးတို့မှ လှုဒါန်းသည့် ထမင်းဘူး ၁၅၀ ကို စွန့်ပစ်ခံ သက်ကြီးရွယ်အိုများနဲ့ မသန်စွမ်းလူနာများရှိရာ သန်လျှင်ရှိ ရာကျော်တရား ဆေးရုံအဆောင်သို့ ပေးပို့လှုဒါန်းခဲ့ပါသည်ရှင့်။
@ကြက်ဘူး ကာလသားချက်၊ ငါးပိထောင်းတို့စရာ ထမင်းဘူး ၅၀
@ငါးဖယ်ကြော်၊ အစိမ်းကြော် ငါးပိထောင်းတို့စရာ ဘူး ၁၀၄

ဤဒါနကုသိုလ်အတွက် သာဓုသာဓုသာဓုပါရှင့်

မောင်ရဲဆွေမြင့်ရဲ့ ၂၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အနေဖြင့် ရန်ကင်းကလေးဆေးရုံမှ လူနာကလေးများအတွက် ထမင်းဘူး ၁၄၀ ပေးပို့လ...
29/07/2025

မောင်ရဲဆွေမြင့်ရဲ့ ၂၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အနေဖြင့် ရန်ကင်းကလေးဆေးရုံမှ လူနာကလေးများအတွက် ထမင်းဘူး ၁၄၀ ပေးပို့လှုဒါန်းခဲ့ပါသည်ရှင့်။
*ငါးဖယ်ကြော်၊ သီးစုံကုလားဟင်း၊ ငါးပိထောင့းထမင်းဘူး ၁၂၀
*ကြံခင်းထမင်းသုတ်၊ ကြက်ကြော်ဘူး ၂၀ တို့ဖြစ်ပါတယ်။
အလှု့ရှင် မိသားစု မှ ကျမတို့အဖွဲ့အား အပ်နှံ၍အလှု့အကျိုးဆောင်ဖြစ်ခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးပါရှင့်။
Happy birthday and Many more beautiful days ahead to you..
"Mg Ye Swe Myint"
🥰🥰😇🙏❤🧡💛

လစဥ်အလှုရှင်များဖြစ်ကြတဲ့ အမေရိကန်နိုင်ငံ မှ Dr ဇော်ဝင်းထွေးနဲ့ Dr နီလာဦးတို့ရဲ့  အလှု အနေဖြင့် သန်လျင်မြို့နယ်ရှိ ဘိုး...
26/07/2025

လစဥ်အလှုရှင်များဖြစ်ကြတဲ့ အမေရိကန်နိုင်ငံ မှ Dr ဇော်ဝင်းထွေးနဲ့ Dr နီလာဦးတို့ရဲ့ အလှု အနေဖြင့် သန်လျင်မြို့နယ်ရှိ ဘိုးဘွားနဲ့ ဂီလာနများ မသန်စွမ်းတို့ နေထိုင်ရာ အဆောင်နဲ့ ဆေးရုံအတွက် ညနေစာ ထမင်းဘူး ၁၇၀ ဘူးကို ပေးပို့လှုဒါန်းပေးခဲ့ပါသည်ရှင့်။
*ငါးမွှေနဲ့ ရွေဖရုံသီးနှပ် ငါးပိထောင်း ထမင်းဘူး ၇၀ နဲ့
*ငါးဆုပ်ကြော်၊ အစိမ်းကြော်၊ ငါးပိထောင်းဘူ ၁၀၀ တို့ ဖြစ်ပါတယ်။

ဘိုးဘွားများရဲ့ ဤအလှု အတွက် ဆုတောင်းသံများက အဆောင်တိုင်းမှာ ပဲ့တင်ခတ်နေတဲ့ အတွက် ကျမတို့ လုပ်အားဒါနပြုသူများအနေဖြင့် အလှုရှင့်ကိုယ်စား ပီတိဖြာခဲ့ရပါသည်ရှင့်။
သာဓုသာဓုသာဓု

Address

Yangon

Telephone

+959429294565

Website

Alerts

Be the first to know and let us send you an email when ဒွေးလေးခင် အိမ့်လက်ရာစားဖွယ်စုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဒွေးလေးခင် အိမ့်လက်ရာစားဖွယ်စုံ:

Share