Kyal Zin Hein-ကြယ်စင်ဟိန်း

Kyal Zin Hein-ကြယ်စင်ဟိန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyal Zin Hein-ကြယ်စင်ဟိန်း, Grocers, ရန်ကုန်တိုင် တဂုံဆိတ်ကမ်းမြို့နယ် ယုဇနဥယဥ်မြို့တော် (A)7လမ်း, Yangon.

25/11/2023

အိမ်ကမိန်းမလိုပဲ😆

20/09/2023

သင်္ဘောတစ်စီးလုံးပျက်တာကို
တူတစ်ချက်ခေါက်ရုံနဲ့ ကောင်းသွားလို့
ပေးရတဲ့လက်ခ အဖိုးငွေကများတယ် တဲ့

ကားတစ်စီး လမ်းခုလက်ထိုးရပ်သွားတာကို
နပ်တစ်လုံးကြပ်ပေးလိုက်ရုံနဲ့ ပြန်ကောင်းသွားလို့
လက်ခမပေးနဲ့ မုန့်ဖိုးလောက်ပဲ ပေးလိုက်ပါ တဲ့

ဒီမှာဗျ
သင်္ဘောတစ်စီးလုံး ပြန်ကောင်းဖို့
ကားတစ်စီးပျက်သွားတာကို ပြန်မောင်းဖို့
တူတစ်ချက်ခေါက်ဖို့ နပ်တစ်လုံးကြပ်ဖို့ ကို
သူတို့တွေအရှေ့မှာ ဘယ်လောက်ကြိုးစား
ဘယ်လောက်ပေးဆပ်ခဲ့ရသလဲသာ သိရင်
သူတို့ရဲ့ ပညာတွေကို
သင်ဈေးမဆစ်လောက်တော့ဘူး

ဒါကြောင့်
Professional တွေကို ဈေးမဆစ်မိပါစေနဲ့
သူတို့ကို ဈေးဆစ်ပါများလာရင်
ပညာရှင်တွေပျောက်ကွယ်ပြီး
တက်ယောင်ကားတွေ နေရာဝင်ယူကုန်ကြလိမ့်မယ်

ဒါကြောင့်
ပစ္စည်းကောင်းလိုချင်ရင်
တန်ရာတန်ကြေးပေးပါ

အရည်အသွေးကောင်းလိုချင်ရင်
ဈေးမဆစ်ပါနဲ့...။

Linn Taryar(13.9.2023)
crd

အကုန်စျေးတတ်နေလို့ရှိတာလေးနဲပဲစားတော့မယ်🙂
14/08/2023

အကုန်စျေးတတ်နေလို့ရှိတာလေးနဲပဲစားတော့မယ်🙂

10/06/2023

💎 စိန်အစစ်နဲ့ခွဲဖို့အရမ်းခက်တဲ့စိန်အတုတွေရှိလားလို့ တစ်ယောက်ကမေးပါတယ်။

ရှိတာပေါ့။ တရုတ်ပြည်ကစက်ရုံထဲမှာအမြောက်အမြားထုတ်လုပ်ပြီး အိန္ဒိယမှာပြန်ရောတဲ့အကြောင်း စုံစမ်းစစ်ဆေးထားတဲ့ သတင်းဆောင်းပါးတွေရှိပါတယ်။

တရုတ်ပြည်ကစက်ရုံထဲမှာ အဂ္ဂိရတ်လုံလေးတွေလိုအဝိုင်းခွက်လေးတွေထဲကို ကာဘွန်အမှုန့်လိုဟာကိုထည့်ပြီး စိန်ဖြစ်အောင်တရုတ်တွေက မြင့်မားတဲ့ဟိုက်ဒရောလစ်ပရက်ရှာနဲ့ တကယ်အဂ္ဂိရတ်ထိုးနိုင်ကြတာပါ။

GIA ကသတင်းတစ်ပုဒ်မှာ အရောင်ကင်းစိန် (၃၂၃) လုံးပါတဲ့ စိန်ထုပ်ကိုစစ်ဆေးကြည့်တဲ့အခါမှာ ၃ ပုံ ၁ ပုံနီးပါးဟာ သဘာဝစိန်မဟုတ်ပဲ လူလုပ်စိန်ဖြစ်နေသတဲ့။ ဒါကနမူနာတစ်ခုတည်းပြောပြတာပါ။ ဒါမျိုးတွေ ဒါမျိုးတွေအများကြီးပါ။

စိန်ဆိုတာသဘာဝအတိုင်းရှားပါးလွန်းလို့ ဈေးကြီးပေးပြီးဝယ်နေကြတာလေ။ တရုတ်ပြည်မှာကော်စေ့ထုတ်သလိုထုတ်ပြီး အစစ်ထဲမှာရောထည့်လိုက်တဲ့အခါမှာ မကောင်းသူထိပ်ကောင်းသူထိပ်ဖြစ်လာတော့တာပဲ။

အစပိုင်းတုန်းကတော့ လူလုပ်စိန်တွေဟာ သဘာဝစိန်ကိုလုံးဝမမီပါဘူး။ ဒါပေမဲ့ နည်းပညာတိုးတက်လာတဲ့အခါမှာ သဘာဝစိန်နဲ့လူလုပ်စိန်အချို့ဟာ အရမ်းအရမ်းကိုခွဲရခက်လာပါတော့တယ်။

အဲ့ဒီမှာ စိန်အတုကိုစိန်အတုဖြစ်ကြောင်း၊ လူလုပ်စိန်ကိုလူလုပ်စိန်ဖြစ်ကြောင်း၊ သဘာဝစိန်ကိုသဘာဝစိန်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောရောင်းဖို့ ethics ကျင့်ဝတ်လိုကြောင်းတောင်းဆိုလာကြပါတယ်။

ဒါပေမဲ့ ဒီလောက်ဂျင်းထည့်လို့ကောင်းတဲ့လောကကြီးမှာ နဂိုကတည်းကဂျင်းကောင်ကြီးတွေပေါများတဲ့ ဂျင်းပြည်ကြီးမှာ ဘယ်သူက ပွင့်လင်းစွာပြောရောင်းမှာတုန်း။

သဘာဝစိန်ဟုတ်မဟုတ် အစစ်အတုတကယ့်ကို ခွဲရခက်တာတွေရှိသလို စိန်စစ်ဆေးတဲ့နေရာတွေမှာ ခွဲလို့လွယ်တာတွေလည်းရှိပါတယ်။

မီးဆလိုက်တဝင်းဝင်းအောက်မှာ ဆယ်လီတွေက အာပေါင်အာရင်းသန်သန်နဲ့ပြောရောင်းတဲ့စိန်ထည်တွေကို အတုအစစ်သေချာမခွဲနိုင်ပဲ အရောင်လေးတစ်လက်လက်ကိုကြည့်ပြီး ဝယ်မိလို့ ဂျင်းမိသွားသူတွေလည်းမနည်းပါ။

ဘယ်ဆယ်လီကမှ စိန်ကိုသေချာတစ်လုံးချင်းစစ်ဆေးပြီးရောင်းပေးတာမဟုတ်ပါဘူး။ သူသိတာက သူရမယ့်ကော်မရှင်ခပါ။

မီးရောင်အောက်မှာ အရောင်တဖိတ်ဖိတ်တောက်နေတဲ့ကျောက်ကလေးတစ်လုံးကို လိုချင်တပ်မက်မိတဲ့အမျိုးသမီးတွေခမျာမှာ ငါးစာကိုပဲမြင်ပြီး ငါးမျှားချိတ်ကိုမမြင်တဲ့ ငါးကလေးတွေဖြစ်သွားပါတော့တယ်။

တကယ့်ကိုသေချာမစမ်းသပ်နိုင်သေးတဲ့အထိ ငါ့စိန်ဟာလူလုပ်ချက်စိန်ကြီးလို့မသိရှာပဲ တမြတ်တနိုးနဲ့ တန်ဖိုးထားပြီးဝတ်ကြတာပါ။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ကြုံသလိုဆောင်းပါးရေးပေးပါမယ်။

Richard Myo Thant
8-June-2023

Address

ရန်ကုန်တိုင် တဂုံဆိတ်ကမ်းမြို့နယ် ယုဇနဥယဥ်မြို့တော် (A)7လမ်း
Yangon

Telephone

+959782558662

Website

Alerts

Be the first to know and let us send you an email when Kyal Zin Hein-ကြယ်စင်ဟိန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyal Zin Hein-ကြယ်စင်ဟိန်း:

Share

Category