Mïñ Kĥãñt Kÿãw

Mïñ Kĥãñt Kÿãw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mïñ Kĥãñt Kÿãw, Grocers, Yangon.

12/05/2024

ဒီနေ့ ရှဥ့်လေးတစ်ကောင်

ဓာတ်တိုင်ပေါ် တက်တာ

ဓာတ်ကြိုးပေါ်လည်းရောက်ရော

ဓာတ်လိုက်ပါရော

တကယ်သနားစရာပါဗျာ

အောက်ကို ဖုတ် ကနဲပြုတ်ကျလာတယ်ဗျာ

ကိုလည်း တအားသနားသွားတာဗျာ

ရှဥ့်လေးကိုကောက် အိမ်အရောက်ယူပြီး

အမွေးနုတ် ဒယ်အိုးထဲ ထည့်ပြီး

ကြော်စားပေးလိုက်ပါတယ်

12/04/2024

ဟိုး....အရင်တုန်းက သင်္ကြန်ဆိုရင်

သူငယ်ချင်းတွေ ရသလောက်ခေါ်ပြီး

ကတ္တရာလမ်းဘက်မှာ ရေပက်နေကျ

သင်္ကြန်မှာ ကုသိုလ်ဖြစ်ကျွေးတဲ့ မုန့်တွေ

အဖွဲ့လိုက် ပတ်စားနေကျ

ခုတော့ လူလည်းမစုံ လှည်းလည်းမကြုံ

တစ်နယ်ဆီရောက် တစ်နယ်ခြားမှာ

မိသားစုတွက်ကြိုးစားနေကြတယ်

ကြင်ဖက်လည်းဆုံ ဖူးစာတွေ့လို့

ဆုံဖက်သူတွေ ဆုံဖက်နေကြတယ်

ကျုပ်လည်းဗျာ

လေလွင့်မအားတော့ဘူး

နယ်ဆီခြား ကြိုးစားနေကြတဲ့

သူငယ်ချင်းတွေရယ်

မင်းတို့တော့မသိပေမယ့်

ငါကတော့မမေ့ပါဘူးကွာ

အတူနေခဲ့ကြတယ် ကြီးပျင်းခဲ့ကြတယ်

တူနေစဥ် အမှတ်တမဲ့ပေမယ်

အသေးအဖွဲလေးကစလို့ အမှတ်တရဖြစ်နေခဲ့တယ်

သားရီးတိူ့ရာ.........

#သို့................Friends

11/04/2024

ဘေးအိမ်က အမကြီးက

ပိတောက်ပန်းလိုချင်လို့တဲ့

ကိုယ်လည်း ချိုချိုသာသာ

ပြေပြေလည်လည်ပြောခဲ့ပါတယ်

လိ့တောင်မပေးဘူးလို့

ကောင်တွေထင်မဟုတ်ဘူး ပြောချင်တာ အဲဒါ 😕
09/04/2024

ကောင်တွေထင်မဟုတ်ဘူး

ပြောချင်တာ အဲဒါ 😕

07/04/2024

ခင်ဗျားတို့တော့မသိဘူး

ကျုပ်တော့ ချမ်းလွန်းလို့

နေ့ခင်းဘက်ကြီး မီးလှုံနေရတယ်

05/04/2024

ငါတို့ ခြံရဲ့ အနောက်ဘက် ကပ်ရပ်မှာ

စာသင်ကျောင်းရှိတယ်လေ

အဲစာသင်ကျောင်းထဲ ယဥ်ကျေးလိမ္မာတဲ့

ဆရာမတွေ ဘုရားစာ လာသင်လို့

ငါက ကိုယ့်ခြံထဲမှာ လေးခွ တစ်လက်နဲ့

ငှက်လိုက်ပစ်နေတာ

သူတို့လည်း "ပါဏာတိ ပါတာ " စဆိုရော

ငါက တစ်ကောင်ရပြီ

31/03/2024

မှတ်မိပါသေးတယ်

ငယ်ငယ်က သင်္ကြန်မှာ ရေပက်ရင်း

ခွက်ကြီးပါသွားတာ

အဲခွက်ကြီးက အုပ်ကြီးခေါင်းသွားစွပ်ရော

အေးဘာ အေးဘာ...
21/03/2024

အေးဘာ အေးဘာ...

မရင်းနှီးဖူးရင် တည်တံ့တယ်ရင်းနှီးသွားရင် ငပေါဒါပေမယ့် လူတစ်ချို့ အတွက်သာတောင့်တခြင်းအတွက်သာလိုက်လျောခြင်းအတွက်သာဒါပေမယ့်...
19/03/2024

မရင်းနှီးဖူးရင် တည်တံ့တယ်

ရင်းနှီးသွားရင် ငပေါ

ဒါပေမယ့်

လူတစ်ချို့ အတွက်သာ

တောင့်တခြင်းအတွက်သာ

လိုက်လျောခြင်းအတွက်သာ

ဒါပေမယ့်လည်း

အတိုင်းအတာတော့ ရှိသည်

#မောင်ဘုန်း

15/03/2024

ဘေးအိမ်က အန်တီကြီး မနက်က

အမနဲ့ ပြောနေတာ ကြာတာပေါ့ ။

ဟဲ့ ငါခုတလော ပါးတွေ ရွဲ့လိုက် လက်တွေကွေးလိုက်နဲ့

ဘလိုဖြစ်မှန်းမသိဘူး ။

ညကလည်း အိပ်မက်မက်တယ် ဟဲ့..

ပုပ္ပါးမယ်တော်က ပြောတာ ခုရက်ပိုင်း ထူးထူးခြားဖြစ်

မယ်တဲ့.... နှစ်လုံးထိုးရင်ကောင်မလားလို့

အိမ်က အမကလည်း..
ဟယ် အန်တီ အဲဒါ ထူးခြားတာ ပေါ့

ဟို အန်တီကလည်း ပြုံးပြုံးနဲ့ ဒါဘဲ ကြားလိုက်ပါတယ်

ဟော...ညနေကျ ဟိုဘက်ခြံက

လူတစ်ယောက်ပေါ့ ပြုံးပြုံးကြီးနဲ့ပြေးလာတာ..

ကျွန်တော်ကလည်း မြက်ပေါက်နေတော့

အာရုံသိပ်မလာပါဘူး။

တွေးကြည့်လိုက်တော့ အဲ မနက်က နှစ်လုံးထိုးမယ်

နှစ်လုံးပေါက်လို့များ ပျော်ပြီး လာပြောတာထင်တယ် ။

ဟန်ကျသကွာ! အလုပ်လုပ်ရင်း ကြိတ်ပြီး အားကျနေတာ

ပေါ့ ။

ပြီး အိမ်က အမေမေးကြည့်တော့ လေဖြတ်လိူ့တဲ့..

မနက်က အန်တီးကြီးတဲ့

ကိုင်း..ရှော....

အော်....

ဟိုလူလာတော့ အဝေးကနေ လျှပ်တစ်ပြက်လှမ်းကြည့်မိ

တော့ ပြုံးဖြီးလာတယ် ထင်မိတာကိုးဟ...။

14/03/2024

Profile ဘာပုံမှ မတင်ရင်

မင်းအောင်လှိုင် သား /သမီး

Address

Yangon
5429118

Alerts

Be the first to know and let us send you an email when Mïñ Kĥãñt Kÿãw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category