25/08/2024
ဈေးကြီးမီးလောင်နေတာကိုမြင်တော့...
ဪ ဈေးကြီးမီးလောင်နေတာကိုး လို့ တွေးလိုက်ပြီး...
ခဏအကြာပြန်ချောင်းကြည့်မိတယ်။
ဪ ဈေးကြီးမီးလောင်နေတာ,မငြိမ်းသေးဘူးကိုးလို့, ထပ်တွေးတယ်။ အေးဆေးပါပဲ...
ဒါနဲ့ ....ကျောင်းအောက်ဆင်းလိုက်တာ
ငါ့ဖိနပ်ကပျောက်နေသကိုး ။
ပြာပြီ . . .
ဘာလို့ ဈေးကြီးမီးလောင်တာကို အေးဆေးနေနိုင်ပြီး
ဖိနပ်ကလေးပျောက်ကာမှ ပြာနေသတုန်း ဆိုတော့ ...
" ငါ " ပါလာပြီကိုး ။
နိဗ္ဗာန်ကို ရောက်ဖို့ အဲ့ဒီ ' ငါ ' ပဲ ဖြုတ်ဖို့လိုတာပါကွ။
- ဆရာတော်ရှင်ဥက္ကဌ