NourishNest

NourishNest Passion for cooking. Do come by for recipe request.

ကျန်းမာရေးအကျိုးကျေးဇူးတွေ packed ဖြစ်တဲ့ ရုံးပဒေသီးရဲ့ ကောင်းကျိုးမျိုးစုံအစုစု နဲ့ မတူညီတဲ့ ဟင်းပွဲချက်ပြုတ်သုံးဆောင်မ...
04/02/2026

ကျန်းမာရေးအကျိုးကျေးဇူးတွေ packed ဖြစ်တဲ့ ရုံးပဒေသီးရဲ့ ကောင်းကျိုးမျိုးစုံအစုစု နဲ့ မတူညီတဲ့ ဟင်းပွဲချက်ပြုတ်သုံးဆောင်မှုများကို စုစည်းဖော်ပြထားပါတယ်ရှင်.. ✨🌸

ဒန့်သလွန်သီးက ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးတဲ့ Superfood လဲဖြစ်ပါတယ်.. သွေးတိုး ဆီးချိုသမားများ သုံးဆောင်ဖို့သင်...
03/02/2026

ဒန့်သလွန်သီးက ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးတဲ့ Superfood လဲဖြစ်ပါတယ်..

သွေးတိုး ဆီးချိုသမားများ သုံးဆောင်ဖို့သင့်တော်ပြီး အရိုးသန်မာဖို့အတွက် နဲ့ ကိုယ်ခံအားကောင်းစေတဲ့ အထောက်အပံ့ကောင်းလဲဖြစ်တယ်ရှင်..

သူစပြီး ရှားပါးပေါ်ချိန်ဆိုရင် ဈေးကြီးပေးဝယ်ရပါတယ်..

ကျမတို့အိမ်မှာ ဒန့်သလွန်သီးကို ခုလို ဗူးသီးနဲ့ရောပြီး ချဉ်ဟင်းချက်သလို.. ပေါများတဲ့ရာသီဖြစ်လာပြီး နုပြီးလတ်ဆတ်ရင် အစိမ်းအတိုင်းမှာ ဇွန်းနဲ့ အသားခြစ်ယူပြီး ပုဇွန်ခြောက်လေးနဲ့နှပ်ပါတယ်.. ငါးရံ့ခေါင်းနဲ့ ဆီပြန်ရေကျန်လေးချက်ရင်လဲ အင်မတန် အရသာရှိတယ်ရှင်..

03/02/2026

မရမ်းသီး ငါးပိကြော် ကြော်ရအောင် ✨🌸

ဒီနေ့ရဲ့ ဟင်းအတွဲလေးပါရှင်.. ကြက်သားမဆလာ အသားနူးပြီး အရိုးထဲထိ အရသာဝင်အောင်လေး အနှစ်များများနဲ့ ချက်ပါတယ် ✨ ချဉ်ပေါင်ရွက...
02/02/2026

ဒီနေ့ရဲ့ ဟင်းအတွဲလေးပါရှင်..

ကြက်သားမဆလာ အသားနူးပြီး အရိုးထဲထိ အရသာဝင်အောင်လေး အနှစ်များများနဲ့ ချက်ပါတယ် ✨

ချဉ်ပေါင်ရွက် နဲ့ ရုံးပဒေသီးကို ဆီမပါ ဟင်းခါးလေး အရည်သောက်ချက်ပါတယ် ✨

ရုံးပဒေသီးကို ပုဇွန်ခြောက်လေးနဲ့ အလုံးလိုက်နှပ်တယ်.. နုပြီးချိုနေရောရှင်..

မှိုကန်ဇွန်းကို ခရုဆီလေးနဲ့ကြော်ဖြစ်ပါတယ်.. ထမင်းမြိန်ကြပါစေရှင် 🥰

02/02/2026

ကြက်သားမဆလာဟင်းလေး ချက်ရအောင် ✨🌸

29/01/2026

စပ်စပ်မွှေးမွှေး နဲ့ ကြက်ကလယ်ချက်လေးချက်ရအောင် ✨🌸

27/01/2026

လွယ်ကူမြန်ဆန် ဝမ်းတွင်းရှင်းစေတဲ့ ကင်ပွန်းချဉ်ရွက်ဟင်းရည် ✨🌸

27/01/2026

ဗုံလုံသီးအစာသွပ်ဟင်းလေး ချက်ရအောင်ရှင်.. ✨🌸

မုန်ညှင်းရွက်ပေါတဲ့ ရာသီမှာ မကြာခန ဆိုသလို ကြော်စားဖြစ်ကြတဲ့ အစိမ်းကြော်လေးနဲ့ serving တစ်ပွဲမှာ ပါဝင်တဲ့ nutrients တွေ ...
23/01/2026

မုန်ညှင်းရွက်ပေါတဲ့ ရာသီမှာ မကြာခန ဆိုသလို ကြော်စားဖြစ်ကြတဲ့ အစိမ်းကြော်လေးနဲ့ serving တစ်ပွဲမှာ ပါဝင်တဲ့ nutrients တွေ အကြောင်းလေ့လာမိပါတယ်..

ဒီဟင်းပွဲမှာတော့ ရွှေပဲ ကညွှတ်နဲ့ မုန်ညှင်းကို ဝက်သား ပါးပါးလှီးပြီး ကြော်ထားတာပါရှင်..

ညနေစာ ထမင်းလွတ်စားတဲ့ သူတွေအတွက် ခပ်ပေါ့ပေါ့လေးကြော်ရင် သူ့အတိုင်း သုံးဆောင်လို့ရတဲ့ ဟင်းတစ်ခွက်ပါရှင်.. ကျန်းမာကြပါစေ..

ဒီနေ့တော့ ကုသိုလ်ဖြစ်ဟင်းပွဲလေးတွေပါရှင်.. ကျမအဒေါ်နဲ့ အကိုကြီး တရားစခန်းဝင်နေတဲ့ ကျောင်းမှာ ဘုန်းကြီးပွဲအတက် ကပ်လှူဖို့...
16/01/2026

ဒီနေ့တော့ ကုသိုလ်ဖြစ်ဟင်းပွဲလေးတွေပါရှင်..

ကျမအဒေါ်နဲ့ အကိုကြီး တရားစခန်းဝင်နေတဲ့ ကျောင်းမှာ ဘုန်းကြီးပွဲအတက် ကပ်လှူဖို့ပါ..

သီးစုံပဲကုလားဟင်း ✨
ကြက်သားကြော်ကို ခရမ်းချဉ်သီး နဲ့ ငါးပိချက် ချက် ✨
ပုဇွန်ထုပ်ကို ကြက်သွန်နီ နဲ့ အချိုချက် ✨
ငါးဖယ် ငါးဆုပ်သုပ် ✨
ငရုပ်သီးထောင်း ✨

စသဖြင့်ဆွမ်းဟင်းများ နဲ့ နေ့ဆွမ်းကပ်လှူပါမယ်ရှင်.. (၇) ရက်သားသမီးများအားလုံး ကုသိုလ်ထပ်တူရကြပါစေရှင့် 🙏🏻

အိမ်မှာချက်တဲ့ ကြက်ဆီထမင်းပါရှင်.. 🥰CP ပေါင်ရင်းသားကိုပဲသုံးထားပါတယ်.. ပထမပြုတ်ရည် ၅ မိနစ်ကို သွန်ပါတယ်.. အညှီကြောက်လို့...
07/01/2026

အိမ်မှာချက်တဲ့ ကြက်ဆီထမင်းပါရှင်.. 🥰

CP ပေါင်ရင်းသားကိုပဲသုံးထားပါတယ်.. ပထမပြုတ်ရည် ၅ မိနစ်ကို သွန်ပါတယ်.. အညှီကြောက်လို့ပါ.. ပြီးရင် ပေါင်းအိုး (Pressure cooker) ထဲ အသားမြုတ်အောင် ရေနွေးထည့် ဂျင်း ကြက်သွန်ဖြူ ဆား ပဲငံပြာရည် အကြည် ငရုပ်ကောင်းမှုန့်အဖြူ နဲ့ (၁၅) မိနစ်ပြုတ်ပါတယ်.. ✨

အသားတုံးတွေကို ဆယ်ပြီး အရိုးထုတ်.. ညီအောင်လှီးပြီးရေနွေး၊ ပဲငံပြာရည် အကြည်၊အနောက်၊ဆီနဲ့ အိုးထဲပွက်အောင် ချက်ထားတာလေး ဆမ်းပါတယ်.

ထမင်းကိုတော့ .. ညထဲက စိမ်ထားတဲ့ဆန်ကို ရေစစ်၊ ပေါင်းအိုးထဲမှာပဲ ကြက်ပြုတ်ရည် ဂျင်း ကြက်သွန်ဖြူ .. အရသာအတွက် ဆား ကြက်သားမှုန့် နဲ့ တည်ပါတယ်.. ✨

အရံအတွက် မုန်ညှင်းဖူးပါတဲ့ မုန်ညှင်းစိမ်း ကိုပဲငံပြာရည် ကြက်သွန်ဖြူကြော်အုပ်ပြီး.. ပဲပင်ပေါက် ခရုဆီကြော်ပါတယ်ရှင်.. ✨

အချဉ်အတွက် ငရုပ်သီးအနီ ဂျင်း ကြက်သွန်ဖြူ ကို သံပုရာ ရှာလကာ သကြား ငံပြာရည်နဲ့ ရောကျိတ်ပါတယ်.. ကျိတ်တဲ့အခါ အရည်အတွက် ရိုးရိုးရေ မစွက်ပဲ ကြက်ပြုတ်ရည်လေး စွက်ပါတယ်ရှင် ✨

ကြက်ပြုတ်ရည် ကျန်တာလေးကို ကြက်သွန်မိတ်၊ ငရုပ်ကောင်းမှုန့်လေး ခပ်ပြီး အရည်သောက်လုပ်ပါမယ် ✨ ထမင်းမြိန်ကြပါစေရှင် 🥰

ကျေးဇူးတင်ပို့စ်လေးပါရှင်.. ကျမ မိတ်ဆွေ ကအိမ်မှာ ကိုယ်တိုင် bake လုပ်ခဲ့တဲ့ Egg tart လေးတွေပါ.. ကျန်းမာရေးနဲ့အညီ အချိုပေ...
05/01/2026

ကျေးဇူးတင်ပို့စ်လေးပါရှင်.. ကျမ မိတ်ဆွေ ကအိမ်မှာ ကိုယ်တိုင် bake လုပ်ခဲ့တဲ့ Egg tart လေးတွေပါ.. ကျန်းမာရေးနဲ့အညီ အချိုပေါ့ ချိစ်အကောင်းသုံးထားပြီး ဂျုံအကာသားလေးတွေက ကျွပ်ရွပြီး အလယ်က filling လေးက အိစက် လေးပါ.. အနီအနား မိတ်ဆွေများရဲ့ မေတ္တာလေးတွေပါရှင်.. 🥰

Address

New University Avenue Road
Yangon

Website

Alerts

Be the first to know and let us send you an email when NourishNest posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share