27/05/2025
ဖြောင့်ဖြောင့်နေ !ရိုးရိုးတွေး !များများပြုံး !
_________________________
သင့်အကြောင်း သေသေချာချာမသိပဲ
နောက်ကွယ်မှာ အတင်းအဖျင်းပြောနေတာတွေကို စိတ်ထဲမထားပါနဲ့။
သူတို့
သင့်အကြောင်းကို မသိပဲ
သူများဆီကစကားနဲ့ အတင်းပြောနေကြတာပါ
သင့်အလှည့်ကျရင်လည်း
သူများအကြောင်းကို သေချာမသိပဲ
ဝေဖန်အတင်း ပြောခြင်း မလုပ်မိပါစေနဲ့။
မှတ်တိုင်မတူလို့
ဆင်းသွားတဲ့သူတွေကို
မေ့ပျောက်နိုင်အောင် ကြိုးစားပါ။
သင်စီးနေတဲ့ ဘဝရထားမှာ
နောက်ထပ်ဘယ်သူတွေများ စောစောစီးစီး
ဆင်းသွားမလဲ မသိပါဘူး
ပထမဆုံးဆင်းသွားတဲ့
တစ်ယောက်နဲ့တင် သတိမလစ်သွားပါစေနဲ့။
အများကြီး ကြုံရပါအုံးမယ်
အဲ့ဒီလို
ခက်ခဲတဲ့အချိန်တွေကို
ဖြတ်ကျော်ရင်း တဖြည်းဖြည်း
သင်လည်းမာကျော လာပါလိမ့်မယ်။
တကယ်တော့ ဘဝက
ဘယ်လောက်မှ ကြာရှည်တာမဟုတ်ပါဘူ
တစ်ခါတစ်လေ တစ်နှစ်တစ်နှစ်က
ဘာမှ မကြာလိုက်သလိုပဲ။
အရင်နှစ် နှစ်သစ်ဆိုတာ
ပြန်စဉ်းစားလိုက်ရင်
မနေ့တစ်နေ့က အဖြစ်အပျက်လိုပဲ။
ဒီလိုတိုတောင်းလှတဲ့ဘဝကို
စိတ်ညစ်ခံပြီး မဖြတ်သန်းနဲ့
ပျော်စရာတွေရှာပြီး
ပျော်အောင်နေကာ ဖြတ်သန်းပါ။
လူတိုင်းမှာ
အပျော်ဓာတ်ခံရှိပါတယ်
အပေါ်မှာ အုပ်ထားတဲ့ ဇာတ်လမ်းဆန်ဆန်
အရည်ပြား တစ်ထပ်ကြောင့်သာ
မပြုံးနိုင်ကြတာပါ။
မနက်ဖြန်တောင်မသေချာတဲ့ဘဝမှာ
သင့်ကိုလှောင်ပိတ်ထားတဲ့
အတွေးတွေကထွက်ပြီး
များများပြုံးနိုင်ကြပါစေ။