May’s collection

May’s collection Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May’s collection, Yangon.

🌿လူတစ်ယောက် ဘာကြောင့် ကံညံ့သွားတတ်သလဲ🌿🌸၁။ ကံကြီးထိုက်နေသူနဲ့ပေါင်းမိတာ။ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိထားသူ...
14/03/2026

🌿လူတစ်ယောက် ဘာကြောင့် ကံညံ့သွားတတ်သလဲ🌿

🌸၁။ ကံကြီးထိုက်နေသူနဲ့ပေါင်းမိတာ။

ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို
ပြစ်မှားမိထားသူတွေဟာ မတောင်းပန်မချင်း
တစ်ဘဝစာ ကောင်းကံပိတ်တတ်ပါတယ်။

🌸၂။ သူများထိခိုက်နစ်နာမှုကို ဝမ်းမြောက်ဝမ်းသာဖြစ်တာ။

သူများကျရှုံးမှု ၊ ထိခိုက်နစ်နာမှုကို မသိစိတ်က ဝမ်းသာမိတဲ့အခါ အဲ့ဒီကံရဲ့ reflection အဖြစ် ကိုယ့်ဆီ တိတိကျကျ ပြန်ရောက်လာပြီး ကံ့ညံ့လာစေပါတယ်။

🌸၃။ သူများငွေ၊ ပစ္စည်းဥစ္စာကို မတရားယူမိတာ။

တခါတလေ ဒီလောက်နဲ့တော့ဘာမှမဖြစ်ပါဘူးဆိုပြီး
သူများငွေ ၊ သူများအကျပ်အတည်းကို အခွင့်ကောင်း ယူမိတာတွေ၊အမြတ်ကြီးစားမိတာတွေ၊
သူ မသိလောက်ပါဘူးဆိုပြီး လုပ်မိတာတွေဟာ ကိုယ့်ရဲ့
ရောက်လာမယ့် ကံကောင်းခြင်းတွေကိုပါ
ဖယ်ရှားပစ်လိုက်ပြီး နှစ်ဆပြန်ပေးဆပ်နေ
ရတတ်ပါတယ်။

🌸၄။ သူတပါး အခွင့်အလမ်း၊ အလုပ်၊ လာဘ်လာဘကို ပိတ်ပင်တားဆီးမိတာ။

သူတပါး မျှော်လင့်ချက်ကို ဖျက်ဆီးမိ၊
ကိုယ့်အလုပ်သမားရဲ့ လုပ်အားခကို နှိမ်မိ၊

သူများရမယ့်အခွင့်အလမ်း အလုပ်ကို ကိုယ်ကကြားကနေ
ဘာရယ်မဟုတ် ပုတ်ခတ်ဖျက်စီးမိတဲ့အခါ ကိုယ့်လုပ်ငန်းတွေ ရပ်ဆိုင်းကြန့်ကြာနေရတတ်ပါတယ်။
သူတပါးကိုနင်းပြီး ၊ လုပြီး ရလာတဲ့နေရာဟာ ဘယ်တော့မှ
မြဲတဲ့ ထုံးစံမရှိပါဘူး။

🌸၅။ သူတပါးအပေါ် မကောင်းမြင်၊ မနာလိုစိတ်များနေတာ။

တခါတလေ ကိုယ့်ဟာကိုယ် နေနေပေမယ့် ဘေးကလူတွေရဲ့
အတင်းစကားတွေကြား လိုက်ရုံနဲ့ အဲ့ဒီလူကို ကိုယ်ပါ အမုန်းစိတ်တွေ ဖြစ်ပေါ်လာတာမျိုးရှိတတ်တယ် ။

ပြီးတော့ လူတကာအပေါ်မကောင်းမြင်စိတ်
negative များနေတဲ့အခါ စိတ်တွေ အုံ့မှိုင်းလာပြီး
ကံ့ညံ့လာတတ်ပါတယ်။

🌸၆။ ကိုယ့်အပေါ် စေတနာ-မေတ္တာမှန်သူကို ပစ်မှားမိတာ။

ဒါက မိဘဆရာ၊ အလုပ်ရှင် မှ မဟုတ်ဘူး။
လင်မယား ၊ ချစ်သူကြား၊
သူငယ်ချင်း မိတ်ဆွေကြားလည်း အဲ့လိုပဲ

ကိုယ့်အပေါ် မေတ္တာ ၊စေတနာမှန်သူကို ပြစ်မှား
စော်ကား ခံစားရစေ မျက်ရည်ကျရစေတဲ့အခါ
ဘဝဟာ မပြောင်ရောင်တော့ပါ။
ကြုံလာသမျှကအတုတွေနဲ့ကြီးပဲ
ရင်ဆိုင်ရတတ်ပါတယ်။

🌸၇။ သူတပါးကို နာမည်ဖျက်အပုတ်ချမိတာ

မကောင်းသတင်း မဟုတ်မမှန် အပုပ်ချမိတဲ့သူတွေဟာ
အမြဲလာဘ်ပိတ်ပြီး ခန္ဓာကိုယ် ဖျော့တော့ ညိုးနွမ်း
အရောင်မှိန်နေတတ်ပါတယ်။

🌸၈။ ပစ္စည်းထားသိုမှု နေထိုင်မှုမှားယွင်းတာ။

မိမိခေါင်းရင်းမှာ ခြေအိတ်တွေ အောက်ပိုင်းပစ္စည်းတွေ
မသန့်စင်တဲ့အရာတွေ ထားမိတာမျိူး

မျက်နှာသုတ်ပုဝါကို အောက်ပိုင်းတွေသုတ်
ခြေနင်းဖတ်မှာထားမိတာမျိုး
မိမိအဝတ်အစားကို အိုးပူကိုင်၊
ကြမ်းတိုက် တာတွေလုပ်မိတာ။

မိမိကို ထမင်းကျွေးနေတဲ့ လုပ်ငန်းသုံးပစ္စည်း ၊ စာရွက်စာတမ်း စတာတွေကို မရိုသေတာ
အောက်ချထားတာ။
အိမ်အဝင်ဝ၊ ဆိုင်အဝင်ဝကို ကြောပေးထိုင်နေတာ။

🌸၉။ အတိတ်နိမိတ်၊ ပါးစပ်က အမြဲညည်းတွားမိတာ

တခါတလေအကျင့်ပါပြီး
နိမိတ်မရှိတာတွေ ပိုက်ဆံမရှိတဲ့စကားတွေ
ညည်းတွားတာတွေကို ပြောမိကြပါတယ်။

အချိန် စက္ကန့် မိနစ်တွေမှာ
နက္ခတ်မိတဲ့အချိန်တွေ ရှိတာမို့
အဲ့လိုအချိန်တွေနဲ့
ကိုယ့်နူတ်ထွက်ချိန်နဲ့ ကွက်တိ
ကျတဲ့အခါ အမှန်ဖြစ်လာ
တတ်ပါတယ်။

crd

ခင်တိုင်း၊ ရင်းနှီးတိုင်းသူ့စည်း၊ ကိုယ့်စည်းမသိဘဲကျော်ချင်သလို ကျော်လို့ရမယ်ဆိုရင်အိမ်နီးချင်းတွေကြားမှာခြံစည်းရိုးတွေဆိ...
25/01/2026

ခင်တိုင်း၊ ရင်းနှီးတိုင်း
သူ့စည်း၊ ကိုယ့်စည်းမသိဘဲ
ကျော်ချင်သလို ကျော်လို့ရမယ်ဆိုရင်
အိမ်နီးချင်းတွေကြားမှာ
ခြံစည်းရိုးတွေဆိုတာ ဘယ်လိုတော့မှာလဲ။

ခင်မင်ရင်းနှီးတာနဲ့ စည်းမစောင့်တာ မတူပါဘူး။
လူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးထားမှု၊
ကိုယ်ပိုင်စည်းမျဉ်းတွေဆိုတာ ရှိတယ်။

သူ့စည်းလည်း ကိုယ်လေးစားဖို့လိုသလို
ကိုယ့်စည်းလည်း
လိုတာထက်ပိုပြီး အကျော်မခံဖို့လိုပါတယ်။

(မူရင်းရေးသားသူအား လေးစားပါတယ်ရှင့်)

စည်းကျော်မခံခြင်းကလည်း
ကိုယ့်ကိုယ်တန်ဖိုးထားခြင်း
လေးစားခြင်းတစ်မျိုးပါပဲနော်
အမျိုးသမီးတို့ရေ

တစ်ချို့အမျိုးသမီးတွေ  နားကပ် နောက်ပိတ်လေးနဲ့  သိပ်တူကြတယ်ကိုယ့်အမျိုးသား ကိုယ်ချစ်ရတဲ့ သူတွေရှေ့မှာ  အောင်မြင်ဝံ့ကြွားန...
24/01/2026

တစ်ချို့အမျိုးသမီးတွေ
နားကပ် နောက်ပိတ်လေးနဲ့
သိပ်တူကြတယ်

ကိုယ့်အမျိုးသား
ကိုယ်ချစ်ရတဲ့ သူတွေရှေ့မှာ
အောင်မြင်ဝံ့ကြွားနေဖို့ ပွဲလယ်တင့်
တည်ငြိမ် အေးချမ်းနေဖို့ နောက်ကနေ
ပံ့ပိုးထိန်းသိမ်းပေးနေကြတယ်

ဒါကို တစ်ချို့ အမျိုးသားတွေက
ငါရှိလို့ သူရပ်တည်နေနိုင်တာ
ငါရှိလို့ သူ့ဘဝ အစဥ်ပြေနေတာ
လို့ထင်နေကြတယ်

တစ်ကယ်က
ဒီနောက်ပိတ်လေးကြောင့်
သူ့ဘဝ ခိုင်ခန့်နေတာကို မသိဘူး

ဒီနောက်ပိတ်လေးသာမရှိရင်
ဘယ်အချိန်
ဟိုးအောက်ဆုံး လမ်းဘေးကို
ထိုးကျမလဲဆိုတာ မေ့နေကြတယ်

မမေ့ပါနဲ့
ဒီနောက်ပိတ်လေးကြောင့်
ကိုယ်အရှေ့မှာ ဝင့်ကြွားစွာ ခိုင်ခန့်နေတယ်ဆိုတာ🌺🌺🌺🌺🌺🌺


Psychology အရ သိထားသင့်တဲ့အချက် (12)ချက်1-စိတ်ပညာအရ လူတွေဟာသူတို့ရဲ့ အချစ်ဦးကို ဘယ်တော့မှမေ့လို့ရမှာ မဟုတ်ပါဘူး နက်ရှိုင...
29/08/2025

Psychology အရ သိထားသင့်တဲ့အချက် (12)ချက်

1-စိတ်ပညာအရ လူတွေဟာသူတို့ရဲ့ အချစ်ဦးကို
ဘယ်တော့မှမေ့လို့ရမှာ မဟုတ်ပါဘူး နက်ရှိုင်းတဲ့ခံစား
ချက်တွေကို ပထမဆုံး ထိုလူအပေါ်မှာ ဖြစ်ပေါ် ခဲ့လို့
ဖြစ်ပါတယ်။

2-စိတ်ပညာအရ မိမိရဲ့ဘဝလက်တွဲဖော်ကို
(၃)ရက်ထက်ပိုပြီး စိတ်ဆိုး စိတ်ကောက်နေခြင်းဟာ
တစ်ကယ်မချစ်တော့လို့ဖြစ်ပါတယ်။

3-စိတ်ပညာအရ ရယ်ရတာကို
ကြိုက်နှစ်သက်သူတွေဟာ နှလုံးသားရဲ့
အနက်ရှိုင်းဆုံးနေရာမှာတော့ ဝမ်းနည်း
လွယ်သူတွေဖြစ်ပါတယ်။

4-လေ့လာချက်အရ စရိုက်တူပြီး
ပွင့်လင်းတဲ့အတွဲတွေက ပိုပြီး
တည်မြဲနိုင်ချေများပါတယ်။

5-စိတ်ပညာအရ စကားနည်းပြီး
တစ်ယောက်တည်း နေတတ်တဲ့ သူတွေဟာ
စိတ်ဖိစီးမှုတွေများနေလို့ ဖြစ်ပါတယ်။

6-သီချင်းအမျိုးအစားပေါင်းဆုံကို
နားထောင်လေ့ရှိသူသည် ခံစားချက်ပေါင်းစုံကို
ခံစား နားလည်နိုင် သူဖြစ်တယ်။

7-စိတ်ပညာအရ သီချင်းဆိုခြင်းဟာ စိတ်ဓာတ်ကျမှုနဲ့
စိုးရိမ်ကြောင့်ကျမှု ကိုလျှော့ချပေးပါတယ်။

8-စကားပြောမြန်သူ
လူတစ်ယောက်ကစကားပြောတာ မြန်နေရင်၊သူ့ရဲ့
အတွင်းစိတ်ထဲက တစ်ခုခုကိုဖုန်းကွယ်ထားချင်လို့ပါ

9-မကြာခဏငြင်းခုံတတ်သူ
တစ်ယောက်ယောက်ကသင်နဲ့ရန်ဖြစ်ဖို့
ရွေးချယ်မယ်ဆို၊သူတို့ကသင်ထင် ထားတာထက်
တောင်သင့်ကို ပိုဂရုစိုက်ကြပါတယ်။

10-အလွန်အကျွံအိပ်စက်သူ
အချိန်အကြာကြီးအိပ်တတ်တဲ့သူတွေဟာ
ပျင်းရိနေလို့ဘဲမဟုတ်ပါဘူး၊သူတို့ကနာကျင်မှုတွေကို
သက်သာစေချင်ကြတာပါ။

11-လူတွေနဲ့ မျက်လုံးခြင်းမဆိုင်ရဲတာက
မသေချာမှုနဲ့ ယုံကြည်မှု မရှိတာကို
ဖော်ပြနေတဲ့သင်္ကတ တစ်ခုဖြစ်ပါတယ်။

12-အရွယ်ရောက်ပီးတဲ့ မိန်းကလေး အများစုသည်
ဘဝလက်တွဲဖော် ရွေးချယ်ရာတွင် ရုပ်ရည်ထက်သူမကို
တစ်ကယ်နားလည် ပေးနိုင်မဲ့သူ၊ Provide လုပ်ပေးနိုင်မဲ့
သူ၊သူမဘဝအတွက် ဘဝအာမခံချက် ဘယ်လောက်ရှိမ
လဲဆိုတာ မူတည်ပြီး ရွေးချယ်လေ့ရှိပါတယ်။

Crd ~~~ Dark Psychology-ttk

မိသားစုတွေတိုင်းမှာ တစ်ယောက်က ရှေ့ထွက်ပြီး ပိုက်ဆံရှာနိုင်ဖို့ နောက်တစ်ယောက်က နောက်ကနေပြီး အိမ်မှုကိစ္စနဲ့ လူမှုရေးကိစ္စ...
19/07/2025

မိသားစုတွေတိုင်းမှာ တစ်ယောက်က ရှေ့ထွက်ပြီး ပိုက်ဆံရှာနိုင်ဖို့ နောက်တစ်ယောက်က နောက်ကနေပြီး အိမ်မှုကိစ္စနဲ့ လူမှုရေးကိစ္စအများစုကို လုပ်နေကြရပါတယ်။ အဲ့လိုလုပ်ရင်း ကြာလာတဲ့အခါ ပိုက်ဆံထွက်ရှာတဲ့သူဟာ ဝင်ငွေရှိလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာသလို နောက်တစ်ယောက်က ဝင်ငွေမရှိတော့ဘဲ ပိုက်ဆံကို လက်ဖြန့်တောင်းရတော့တယ်။

အဲ့လိုအခြေအနေတွေဟာ လင်မယားကြားထဲ ..မိဘနဲ့သားသမီး စသဖြင့် ဆက်ဆံရေးတွေမှာ အတွေ့များတယ်။ ကြာလာတဲ့အခါ ဝင်ငွေရှာနိုင်တဲ့သူဟာ ဝင်ငွေမရှာနိုင်တဲ့သူကို နှိမ်ချင်လာရော။ တချို့က အိမ်အလုပ်တွေကို အနစ်နာခံပြီးလုပ်ပေးနေတာကို မမြင်တော့ပဲ သူကဒါပဲလုပ်နိုင်တာဆိုတဲ့ အထင်သေးမှုမျိုးနဲ့ ဆက်ဆံလာတော့တယ်။

သေချာစဥ်းစားကြည့်ရင် ဝင်ငွေရှာနိုင်တဲ့သူဟာ အိမ်မှုကိစ္စကို မလုပ်ရလို့ စိတ်ဖြောင့်ဖြောင့်နဲ့ပိုက်ဆံရှာနိုင်တာပါ။ လုပ်ပေးနေတဲ့သူမရှိရင် အိမ်ကိစ္စတွေအတွက် စဥ်းစားဖို့ အချိန်ပေးရမယ်။ စီမံခန့်ခွဲရမယ်။ လူယုံလိုမယ်။ ဒါပေမယ့် ဒီလိုတွေ လုပ်ကိုင်ပေးနေတဲ့သူကို အသိအမှတ်ပြုပေးတာက ခပ်ရှားရှားရယ်ပါ။ ငါက ပိုက်ဆံရှာနေတာနော်ဆိုတဲ့ အရာမျိုးနဲ့ တစ်ဖက်လူကို အိမ်အကူတစ်ယောက်လို ဆက်ဆံလာတော့တာပဲ။

ဒါကြောင့် ငါတော့ သူ့အတွက် အနစ်နာခံလိုက်မယ်ဆိုပြီး မတွေးစေချင်ဘူး။ မိဘနဲ့ သားသမီးကြားထဲဖြစ်ဖြစ် လင်မယားဆက်ဆံရေးပဲဖြစ်ဖြစ်ကိုယ့်တန်ဖိုးနဲ့ကိုယ် နေစေချင်တယ်။ အထူးသဖြင့် လင်မယားဆက်ဆံရေးတွေထဲ ကလေးကိစ္စ အိမ်ကိစ္စကို တာဝန်တစ်ယောက်တစ်ဝက်ယူပြီး ပိုက်ဆံရှာနိုင်အောင်လဲ ကြိုးစားစေချင်တယ်။ လူ့စိတ်ဆိုတာ အမြဲကောင်းနေဖို့မလွယ်လို့ပါ။ ပိုက်ဆံမရှိရင် မျက်နှာ ငယ်ရလို့ပါ။ အလုပ်မရှိရင် မလေးစားတတ်လို့ပါ။

တချို့က အိမ်မှာနေနေတဲ့သူကို သူကထိုင်စားနေတာတဲ့လေ။ ဘာမှမလုပ်ဘဲ ထိုင်စားနေသူကို ပြောတာက ဖြစ်သင့်ပေမယ့် အိမ်မှုကိစ္စတွေ စီမံနေရတဲ့သူ ၊ ကလေးကိစ္စ တာဝန်ယူနေတဲ့သူဆိုရင်တော့ ပြောသင့်လား မပြောသင့်ဘူးလားဆိုတာ စဥ်းစားစေချင်ပါတယ်။
အလုပ်တိုင်းမှာ အချိန်လိုပါတယ်။ ဦးနှောက်က စဥ်းစားရမယ့်စွမ်းအင်လိုပါတယ်။ ဒါကြောင့် မိသားစုတွေထဲမှာ ဘာမှမလုပ်ဘဲ အရက်ထိုင်သောက် လောင်းကစားလုပ်နေတဲ့သူကလွဲရင် တခုခုကို အကျိုးပြုနေတဲ့သူဟာ သူ့တန်ဖိုးနဲ့ သူ့ရယ်ဟုသာ ပြောလိုက်ချင်ပါတော့တယ် ခင်ဗျာ။

credit

‎ဝင်ငွေရဲ့  ၂၀% လောက်က ‎တတ်ထားတဲ့ ပညာကြောင့်ဝင်တာ။‎‎၈၀ % က လူမှု ပေါင်းသင်း‎ဆက်ဆံရေးကြောင့် ရတာပါ တဲ့ ။‎‎emotional recog...
06/06/2025

‎ဝင်ငွေရဲ့ ၂၀% လောက်က
‎တတ်ထားတဲ့ ပညာကြောင့်ဝင်တာ။

‎၈၀ % က လူမှု ပေါင်းသင်း
‎ဆက်ဆံရေးကြောင့် ရတာပါ တဲ့ ။

‎emotional recognition ability
‎( မြန်မာလို အရိပ် ၃ ပါး နားလည်တာပေါ့)

‎အဲဒါမြင့်ရင် လစာ သို့မဟုတ်
‎ဝင်ငွေမြင့်တယ်တဲ့ ။

‎2014 လောက်က လုပ်ထားတဲ့ သုတေသနတစ်ခုမှာတွေ့ရှိချက်ပေါ့ ။
‎Time Magazine မှာ ပါတာပါ ။

‎( တခြားအချက်တွေဖြစ်တဲ့
‎အသက် ၊ အလုပ်ချိန် ၊
‎လုပ်ငန်းအတွေ့အကြုံ စတာတွေကို ဘုံထားပြီးတွက်တာပါ )

‎ဆိုလိုတာက ပညာတတ်တိုင်း
‎ငွေဝင်တာမဟုတ်နိုင်ဘူးပေါ့ ။

‎ငွေတင်မဟုတ်ဘူး
‎အောင်မြင်တဲ့ ဘဝရဖို့ကလဲ
‎လူကဲခတ်တတ်ပြီး
‎လူဝင်ဆံ့မှ EQ မြင့်မှ ဖြစ်မှာ ။

‎မိဘတွေ အနေနဲ့
‎သားသမီးတွေကို
‎သင်ကြားတဲ့အခါ
‎စာတော်ဖို့ တင်မဟုတ်ပဲ
‎EQ မြင့်အောင်
‎လူတောတိုးအောင်လည်း
‎သင်ကြားပေးသင့်ပါတယ် ။

‎ကိုယ့်သားသမီး ပျော်နေတာပဲ
‎တွေ့ချင်တယ်မို့လား ။

‎ဒါဆို
‎ပေါင်းသင်းဆက်ဆံရေး
‎ပြေပြစ်အောင် ၊
‎ညှိနှိုင်းဆောင်ရွက်တတ်တဲ့
‎အလေ့အကျင့်ရအောင်လည်း
‎သင်ကြားပေးသင့်ပါတယ် ။


မှတ်သားစရာ
21/01/2025

မှတ်သားစရာ

တရုတ်နှစ်သစ်ကူး ပွဲတော်၂၀၂၅ နှစ် တရုတ်နှစ်သစ်ကူး ကာလမှာ ဇန်နဝါရီ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ ဖြစ်ပါတယ်။
19/01/2025

တရုတ်နှစ်သစ်ကူး ပွဲတော်

၂၀၂၅ နှစ် တရုတ်နှစ်သစ်ကူး ကာလမှာ ဇန်နဝါရီ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ ဖြစ်ပါတယ်။

၁။ တရုတ်နှစ်သစ်ကူးဆိုတာဘာလဲ ? ? ? ? ?
တရုတ်နှစ်သစ်ကူး (သို့) နွေဦးပွဲတော်သည် တရုတ်ရိုးရာယဉ်ကျေးမှု နှင့် သမိုင်းဝင်သောတရုတ်နိုင်ငံတွင်ကျင်းပသည့် အရေးပါဆုံးသောပွဲတော်ဖြစ်သည်။ ပွဲတော်သည် တရုတ်ရာသီဥတုလေးခုတွင် ပထမဆုံးသော နွေဦး၏အစနှင့် တရုတ်လပြက္ခဒိန်အရ နှစ်သစ်တစ်ခု၏အစတွင်ကျင်းပသည်။ ပွဲတောကို နိုင်ငံတစ်ဝှမ်းတွင် ကျင်းပလေ့ရှိပြီး တရုတ်ပြည်မှဆင်းသက်လာသော လူမျိုးစုများစုပေါင်းကျင်းပကြသည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။

၂။ တရုတ်နှစ်သစ်ကူးပွဲတော်ကိုဘာကြောင့်ကျင်းပကြတာလဲ ? ? ? ? ?
တရုတ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပသောအကြောင်းအရင်းများစွာရှိသည်။ ရှေးဦးစွာတရုတ်နှစ်သစ်ကူးပွဲတော်သည် လူများကိုတိုက်ခိုက်ပြီး ကလေးသူငယ်များကို ဖမ်းယူစားသောက်သော ကြောက်မက်ဖွယ်ကောင်းသော သားရဲသတ္တဝါ “နရင်း”ကို ဆန့်ကျင်သည် ရှေးခေတ်တိုက်ပွဲမှဆင်းသက်လာသည်ဟု တရုတ်ဒဏ္ဍာရီများတွင် ဖော်ပြထားသည်။ လူအများသည် သားရဲကိုမောင်းထုတ်ရန်အတွက် မီးရှူးမီးပန်းများကို အသုံးပြုကြသည်။ ဤဓလေ့သည် ယခုချိန်ထိအတိုင် ဆက်လက်တည်ရှိနေခဲ့ပါသည်။ ဤတရုတ်နှစ်သစ်ကူးပွဲတော်သည် လယ်သမားများနှင့် အလုပ်သမားများအတွက် တစ်နှစ်တာအတွင်းကြိုးစားအားထုတ်မှုများမှ အနားယူရန်အတွက် ရည်ရွယ်ပါသည်။ နောက်တစ်နှစ် ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန် ကောင်းမွန်စွာအနားယူနိုင်စေရန်အတွက် နှစ်သစ်ကူးပွဲတော်ရုံးပိတ်ရက်ရှည်များပေးထားခြင်းလည်းဖြစ်သည်။

၃။ တရုတ်နှစ်သစ်ကူးပွဲတော်သည် ဘာကြောင့်အရေးကြီးသနည်း ? ? ? ? ?
တရုတ်နှစ်သစ်ကူး၏ အရေးပါမှုသည် သမိုင်းတွင် နက်နက်ရှိုင်းရှိုင်အမြစ်တွယ်နေပြီး ပွဲတော်အချိန်သည် တစ်နယ်ရပ်ခြားတွင် ကွဲကွာနေသောမိသားစုများ ပြန်လည်ပေါင်းစည်းရန်နှင့် အတူတကွဖြတ်သန်းရန်အတွက် အရေးကြီးဆုံးသော အချိန်အခါဖြစ်သည်။ အသက်မွေးဝမ်းကြောင်းအလုပ်နှင့်ဖြစ်စေ၊ ပညာရေးအတွက်ဖြစ်စေ၊ တခြားအကြောင်းအမျိုးမျိုးကြောင်းအတွက်ဖြစ်စေ မိသားစုဝင်များသည် ကွဲကွာနေနိုင်သောကြောင့် ဤပွဲတော်သည် မိသားစုများပြန်လည်စုဝေးရန်အတွက် အဓိကအခွင့်အရေးတစ်ခု ဖြစ်သည်။ ပွဲတော်သည် လာမည့်နှစ်အတွက် ကံကောင်းခြင်းများရရှိစေရန် ဘာသာရေးထုံးတမ်းအစဉ်အလာများနှင့် ယုံကြည်ချက်များစွာဖြင့် ပြည့်နှက်နေလေသည်။

၄။ အဘယ်ကြောင့်တရုတ်နှစ်သစ်ကူးနေ့သည် နှစ်သစ်ကူးနေ့တွင်မကျရောက်ရတာလဲ ? ? ? ? ?
တရုတ်နှစ်သစ်ကူးပွဲတော်သည် ဇန်နဝါရီလ (၁) ရက်နေ့တွင် ဘယ်တော့မှမကျရောက်ပါ။ တရုတ်နှစ်သစ်ကူးအတွက် မတူညီသော ရက်စွဲတစ်ခုရှိပါသည်။ တရုတ်နှစ်သစ်ကူးရက်ကို နိုင်ငံတစ်ကာသုံးပြက္ခဒိန်မှမဆုံးဖြတ်ပဲ တရုတ်လပြက္ခဒိန်မှဆုံးဖြတ်သည်။ တရုတ်နှစ်သစ်ကူးကာလသည် ဇန်နဝါရီလ (၂၀)မှ ဖေဖော်ဝါရီလ (၂၀)အတွင်းကျရောက်ပါသည်။ ၂၀၂၅ခုနှစ်အတွက် တရုတ်နှစ်သစ်ကူးရက်သည် ဇန်နဝါရီလ (၂၉)ရက်နေ့တွင်ကျရောက်ပါမည်။

၅။ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဘာလို့ နွေဦးပွဲတော် လို့ခေါ်တာလဲ ? ? ? ? ?
တရုတ်တွင် နွေဦး၊ နွေ၊ ဆောင်ဦး၊ ဆောင်းဟု ရာသီဉတုလေးခုရှိရာ နှစ်သစ်ကူးပွဲတော်သည် နွေဦးလ၏ အစတွင်ကျင်းပသောကြောင့် တရုတ်နှစ်သစ်ကူးပွဲတော်ကို နွေဦးပွဲတော်ဟုခေါ်ဆိုခြင်းဖြစ်သည်။

၆။ တရုတ်နှစ်သစ်ကူးပွဲတော်ကို မည်သို့ကျင်းပသနည်း ? ? ? ? ?
တရုတ်နှစ်သစ်ကူးပွဲတော်၏ အရေးပါဆုံးသောအပိုင်းမှာ ငါးနှင့်ဖက်ထုပ် စသည့် ကံကောင်းစေသောအစားအစာများပါဝင်သည့် တရုတ်နှစ်သစ်ကူအကြိုရက်တွင် ကျင်းပသော ကွဲကွာနေသောမိသားစုများ၏ ပြန်လည်ဆုံစည်းသော မိသားစုထမင်းဝိုင်းလေးဖြစ်သည်။ အခြားသောရိုးရာနေ့ရက်များမှာ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ နတ်ပို့ခြင်း၊ ဘိုးဘွားများအားကန်တော့ခြင်း၊ ဟုန်ပေါင်းပေးခြင်း စသည့်နေ့အလိုက်ရိုးရာအတိုင်းပြုလုပ်ကြသော အလုပ်အကိုင်များလည်းရှိသည်။ အကျယ်တဝက်ဖော်ပြပါဦးမည်။

၇။ တရုတ်နှစ်သစ်ကူးကို မည်သည့်နိုင်ငံများတွင် ကျင်းပကြသနည်း ? ? ? ? ?
တရုတ်နှင့် သမိုင်းဝင်မျိုးရိုးရှိကြသော အိမ်နီးချင်းနိုင်ငံများတွင် ကျင်းပကြသည်။ ယခုအခါ အာရှနိုင်ငံများသာမက တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုသည် အနောက်နိုင်ငံများသို့ ပျံ့နှံ့သွားပြီး အာရှနိုင်ငံများသာမက အနောက်နိုင်ငံအများအပြားတွင်လည်း တရုတ်နှစ်သစ်ကူးပွဲတော်ကို အတူတကွ ပျော်ရွှင်ဖွယ်ကျင်းပကြသည်။

၈။ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဘယ်လောက်ကြာကျင်းပကြတာလဲ ? ? ? ? ?
တရုတ်နှစ်သစ်ကူးပွဲတော်ကို ပျမ်းမျှ ၁၆ရက်ကြာကျင်းပကြသည်။ ၂၀၂၃ခုနှစ်အတွက် တရုတ်နှစ်သစ်ကူးပွဲတော်သည် ဇန်နဝါရီလ ၂၁ရက်နေ့မှ ဖေဖော်ဝါရီလ ၅ရက်နေ့အထိဖြစ်သည်။ ဈေးဝယ်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ နေရပ်ပြန်ခြင်းများကို ပွဲတော်မစခင် တစ်လလောက်အလိုကတည်းက ပြုလုပ်ကြရသည်။

၉။ တရုတ်နှစ်သစ်ကူးမှာ ဘာတွေဝတ်ဆင်ကြတာလဲ ? ? ? ? ?
ခေါင်းမှ ခြေဖျားအထိ အသစ်သစ်သော အသုံးဆောင်ပစ္စည်းများကို ဝတ်ဆင်ကြပြီးနှစ်သစ်အတွက် မျှော်လင့်ချက်အသစ်များကို စတင်နိုင်သည်။ နှစ်သစ်ကူးနေ့တွင် တရုတ်လူမျိုးများသည် အနီရောင်ကိုဝတ်ဆင်ကြပြီး ပျော်ရွှင်ဖွယ်ကောင်းသော ခံစားချက်နှင့်စတင်ကြသည်။ အနီရောင်သည် တရုတ်လူမျိုးများအတွက် ကံကောင်းစေသောအရောင်ဖြစ်ပြီး ကံကြမ္မာဆိုးများကို တွန်းလှန်နိုင်သည်ဟု ယုံကြည်ကြသည်။

၁၀။ တရုတ်နှစ်သစ်ကူးသည် တိရိစ္ဆာန်အမျိုးမျိုးနှင့် ဘာကြောင့်ဆက်စပ်နေသနည်း? ? ? ? ?
ရှေးခေတ်ကတည်းက တရုတ်လူမျိုးများသည် နှစ်များကို ကိုယ်စားပြုရန်အတွက် ရာသီခွင် တိရိစ္ဆာန်များကို အသုံးပြုလာကြသည်။ ရာသီခွင် တိရိစ္ဆာန် ၁၂ကောင်သည် ၁၂နှစ်တွင် တစ်ကြိမ်ပြန်လည်ဖြစ်ပေါ်ကျရောက်သည်။ ရာသီခွင် ၁၂မျိုးမှာ ကြွက် ၊ နွား ၊ ကျား ၊ ယုန် ၊ နဂါး ၊ မြွေ ၊ မြင်း ၊ ဆိတ် ၊ မျောက် ၊ ကြက် ၊ ခွေး ၊ ဝက် တို့ဖြစ်သည်။

၁၁။ တရုတ်နှစ်သစ်ကူးမှာ ဘာကြောင့် နဂါးနှင့် ခြသေ့်ကများကကြတာလဲ ? ? ? ? ?
နဂါးအက နှင့် ခြသေ့်အကများသည် ပျော်ရွှင်ဖွယ်ကောင်းသော ပွဲတော်များနှင့် ပွဲလမ်းသဘင်များကို မြင့်တင်စေရန်အတွက် အသုံးပြုသော ရိုးရာအကများဖြစ်သည်။ နဂါး သို့ ခြသေ့် အကများနွေဦးပွဲတော်ကျင်းပခြင်းသည် ကံကောင်းခြင်းများကိုဆုတောင်းပြီး နတ်ဆိုးများကို မောင်းထုတ်ရန် နည်းလမ်းတစ်ခုဖြစ်သည်ဟု ရှေးယခင်ကတည်းက ယုံကြည်ကြသည်။

၁၂။ တရုတ်နှစ်သစ်ကူးတွင် မီးရှူးမီးပန်းများဘာကြောင့် ဖောက်ကြတာလဲ ? ? ? ? ?
ရှေးယခင်က မီးရှုးမီးပန်းများပေါက်ကွဲသံသည် မကောင်းဆိုးဝါးများကို ကြောက်လန့်စေကာ ကံဆိုးခြင်းများကို ကင်းဝေးစေနိုင်သောကြောင့် နှစ်သစ်ကူးရာသီတွင် မီးရှူးမီးပန်းများဖောက်ကြသည်။

ပျော်ရွှင်စေတဲ့ဟော်မုန်းများ~ဘဝမှာအောင်မြင်ချင်တယ်ဆိုရင် စိတ်ပျော်ရွှင်မှုကအရေးပါ,ပါတယ်။ စိတ်ပျော်ရွှင်တဲ့အခါမှာ  အရာရာက...
01/01/2025

ပျော်ရွှင်စေတဲ့ဟော်မုန်းများ~

ဘဝမှာအောင်မြင်ချင်တယ်ဆိုရင် စိတ်ပျော်ရွှင်မှုကအရေးပါ,ပါတယ်။ စိတ်ပျော်ရွှင်တဲ့အခါမှာ အရာရာကိုအကောင်းမြင်လာပြီး ဘဝကပျော်စရာဖြစ်လာတယ်။ နေ့စဉ်ဘဝအဆင်ပြေဖို့နဲ့ အလုပ်မှာ အောင်မြင်ဖို့ဆိုရင် ပျော်ရွှင်နေဖို့လိုအပ်ပါတယ်။

ဒါပေမယ့် လူဘဝဆိုတာကလည်း နေ့စဉ်နဲ့အမျှအခက်အခဲတွေ၊ ပြဿနာတွေကြုံတွေ့ရတဲ့အတွက် စိတ်ညစ်စရာတွေပေါ်လာပြီး ပျော်ရွှင်စရာတွေပျောက်ဆုံးလာပါတယ်။

ပြင်ပအကြောင်းအရာတွေကြောင့်ဖြစ်လာတဲ့ ပြဿနာတွေပေါ်မလာအောင်တော့ ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေ ပျောက်ကွယ်မသွားအောင်တော့ထိန်းချုပ်လို့ရပါတယ်။ တကယ်တော့ ပျော်ရွှင်မှုကို ဝေးဝေးလံလံမှာ လိုက်ရှာနေစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက်ရှိတဲ့ ပျော်ရွှင်မှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေရှိပါတယ်။ Endorphin၊ Serotonin၊ Dopamine နဲ့ Oxytocin တို့ဟာ ပျော်ရွှင်မှု ကို ဖြစ်ပေါ်စေဖို့ အလုပ်လုပ်တဲ့ ဟော်မုန်းတွေပဲဖြစ်ပါတယ်။

(၁)Endorphin
Endorphin ဟော်မုန်းဆိုတာ နာကျင်မှုတွေကို သက်သာပျောက်ကင်းစေဖို့ ခန္ဓာကိုယ်က သဘာဝအတိုင်းထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။
Endorphin ဟော်မုန်းကို -
1. ချောကလက်စားတာ၊
2. လေ့ကျင့်ခန်းလုပ်တာ၊
3. သင်းပျံ့တဲ့မွှေးရနံ့ရှုရှိုက်တာ၊
4. ဟာသရုပ်ရှင်တွေကြည့်တဲ့အခါတွေမှာ ခန္ဓာကိုယ်ကထုတ်လုပ်ပေးပါတယ်။

Endorphin ဟော်မုန်းပမာဏကို အမြန်ဆုံးတက်လာစေချင်ရင်တော့ လမ်းသွက်သွက်လျှောက်တာ၊ ငါးမိနစ်လောက်ကြိုးခုန်တာ၊ ယောဂလေ့ကျင့်တာမျိုး တွေလုပ်နိုင်ပါတယ်။ တကယ်လို့ ကိုယ်က စိတ်ဓာတ်ကျနေရင် လေ့ကျင့်ခန်းလုပ်ပြီး ချောကလက်တစ်တောင့်လောက်စားလိုက်တာက Endorphins ဟော်မုန်းပမာဏမြင့်တက်စေပြီး စိတ်ရွှင်လန်းတက်ကြွလာစေမှာပဲဖြစ်ပါတယ်။

(၂)Serotonin

Serotonin က ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေပေါ်သက်ရောက်မှုရှိတဲ့ဟော်မုန်းတစ်မျိုးဖြစ်ပြီး Neurotransmitter လည်းဖြစ်ပါတယ်။ Serotonin ဟော်မုန်းက ကျွန်တော်တို့ရဲ့ အစာစားချင်ဖြစ်ပေါ်တဲ့နေရာမှာ၊ မှတ်ဉာဏ်နဲ့လေ့လာသင်ယူခြင်း၊ အိပ်စက်ခြင်းတို့အပေါ်သက်ရောက်မှုရှိပါတယ်။

ဒါ့အပြင် စိတ်ဓာတ်ကျတာနဲ့စိုးရိမ်စိတ်ဖြစ်ပေါ်တာတွေ ခံစားလာရတာက Serotonin ဟော်မုန်းပမာဏကျဆင်းလာလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ရွှင်လန်းစေဖို့ဆိုရင် Serotonin ဟော်မုန်းပမာဏမြင့်ဖို့လိုပါတယ်။ Serotonin ဟော်မုန်းမြှင့်ဖို့ဆိုရင်-
1. တရားထိုင်ခြင်း
2. နေရောင်ခြည်နဲ့ထိတွေ့ခြင်း
3. သဘာဝတရားနဲ့ထိတွေ့ခြင်း
4. လေ့ကျင့်ခန်းပြုလုပ်ခြင်း တို့ကိုပြုလုပ်နိုင်ပါတယ်။

(၃)Oxytocin

Oxytocin ကိုတော့ အချစ်ဟော်မုန်း(love hormone) လို့ လူသိများကြပါတယ်။ အချစ်ဟော်မုန်းဆိုတဲ့နာမည်အတိုင်းပဲ-
1. အိမ်မွှေးတိရစ္ဆာန်လေးတွေနဲ့ကစားခြင်း(ခွေး၊ကြောင်)
2. ကလေးနဲ့ကစားခြင်း၊
3. မိသားစုဝင်တွေကိုဖက်ခြင်း၊
4. လက်ကိုဆုပ်ကိုင်ထားခြင်း၊
5. ချီးကျူးစကားပြောကြားခြင်း တို့ကနေ Oxytocin ဟော်မုန်းကိုရရှိနိုင်ပါတယ်။

မိခင်တွေကလေးမီးဖွားရာက နာကျင်မှုတွေဟာ ကလေးကိုနို့ချိုတိုက်ကျွေးလိုက်တဲ့အချိန်မှာ ပျောက်သွားတာဟာ Oxytocin ဟော်မုန်းတွေထွက်လာလို့ပဲဖြစ်ပါတယ်။ ဒီဟော်မုန်းဟာ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုရှိလာဖို့၊ ချစ်ခြင်းမေတ္တာရှိလာဖို့ကိုလည်း ကူညီပေးနိုင်ပါတယ်။

(၄)Dopamine

Dopamine ဟော်မုန်းက ကျွန်တော်တို့ရဲ့မှတ်ဉာဏ်၊ အာရုံစူးစိုက်ခြင်းနဲ့ ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာလည်ပတ်နိုင်ဖို့ ကူညီပေးပါတယ်။ Dopamine ဟော်မုန်းဟာ စိတ်ကျေနပ်မှုခံစားရတာမျိုး၊ ကိုယ့်ကိုကိုယ်ဆုချ(reward)တဲ့အခါမျိုးမှာ ထွက်လာတဲ့ဟော်မုန်းပါ။ ဥပမာ- Game ဆော့ပြီး အနိုင်ရတဲ့အခါမှာ စိတ်ကျေနပ်ပြီး ထပ်ခါတလဲလဲဆော့မိနေမျိုးဖြစ်တာက Dopamine ဟော်မုန်းကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း Dopamine ဟော်မုန်းထုတ်ပေးနိုင်တဲ့အရာတွေက စွဲလမ်းစေတယ်လို့ပြောကြတာဖြစ်ပါတယ်။

Dopamine ဟော်မုန်းက စိတ်ပျော်ရွှင်မှုနဲ့အများကြီးဆက်စပ်နေပါတယ်။ တကယ်လို့ ကိုယ်က အာရုံစူးစိုက်ရတာ၊ လေ့လာသင်ယူတာနဲ့ အလုပ်လုပ်တဲ့နေရာတွေမှာ အခက်အခဲတွေကြုံတွေ့နေရရင် Dopamine ဟော်မုန်းကို မြှင်တင်ပြီး ဖြေရှင်းနိုင်ပါတယ်။
Dopamine ဟော်မုန်းကို ထုတ်ပေးနိုင်တဲ့နည်းလမ်းတွေကတော့-
1. အစားအသောက်စားခြင်း၊
2. အလုပ်တစ်ခုကိုပြီးမြောက်အောင်ဆောင်ရွက်ခြင်း၊(‌ဥပမာ-အခန်းသန့်ရှင်းရေးလုပ်တာ)
3. အောင်မြင်မှုသေးသေးလေးတွေကအစအလေးထားခြင်း တွေပဲဖြစ်ပါတယ်။

အခုဆိုရင် မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့တစ်နေ့တာစွမ်းဆောင်ရည်တိုးစေဖို့အတွက် ပျော်ရွှင်မှုဖြစ်စေတဲ့ဟော်မုန်းတွေရဲ့အကူအညီကို ဘယ်လိုရယူရမလဲဆိုတာသိရှိသွားပြီလို့ထင်ပါတယ်။အခုပဲ ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

crd ဆရာDr. Thuta

08/11/2024
ခေတ်နောက်ကျနေလို့ 😁crd photo
13/10/2024

ခေတ်နောက်ကျနေလို့ 😁
crd photo

စိတ်ကြီးလို့ ဒေါသကြီးလို့ပြောချင်တိုင်းပြောပြီး သူကတော့ ဒီလိုလူမို့ပါဒေါသကြီးလို့ ပြောမိ လုပ်မိတာပါပြီးရင် ဘာမှမဟုတ်ဘူး ...
11/10/2024

စိတ်ကြီးလို့ ဒေါသကြီးလို့
ပြောချင်တိုင်းပြောပြီး သူကတော့ ဒီလိုလူမို့ပါ
ဒေါသကြီးလို့ ပြောမိ လုပ်မိတာပါ
ပြီးရင် ဘာမှမဟုတ်ဘူး
စိတ်ထဲမထားနဲ့ဆိုတာမျိုး ကြုံဖူးကြမယ်ထင်တယ်

စိတ်ကြီးလို့ သူများကို ပြောချင်တိုင်းပြော
လုပ်ချင်တိုင်းလုပ်တာ ငြိမ်ခံနေလိုက်ဖို့က
ဘယ်သူ့မှာမှ တာဝန်မရှိတာ

စိတ်ကြီးလို့ပါ ဆိုတဲ့အကြောင်းပြချက်နဲ့
အဲ့လူတွေ လုပ်ခဲ့ ပြောခဲ့သမျှကို
သည်းခံလိုက်ဖို့ စိတ်ထဲမထားဖို့ဆိုတာက
ခံရသူက ကျပ်မပြည့်တဲ့သူမှမဟုတ်တာ

စိတ်ကြီးရင် ကိုယ့်အသားကို ကိုယ်ပြန်စိတ်ကြည့်
ကိုယ်ဘယ်လောက်နာကျင်လည်းဆိုတာ သိလိမ့်မယ်
သူတပါးကို ထိခိုက်နစ်နာအောင်
မလုပ်နဲ့ …မပြောနဲ့
ဝဋ်ဆိုတာ ပြန်လည်တတ်တယ်။ 🖤🤍

Address

Yangon

Website

Alerts

Be the first to know and let us send you an email when May’s collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share