16/04/2024
ဦးဘုန်း
သူပြောသွားတဲ့ စကားကို
ကျနော် သိပ်သဘောကျတယ်ဗျာ
အဖြစ်က ဒီလို
လူတွေလမ်းလျှောက်နိုင်ဖို့
ခြေထောက် နှစ်ဖက်ပါတယ်ဗျာ
ဘယ်ခြေနဲ့ ညှာခြေပေါ့
ညှာခြေက ဘယ်ခြေကြောင့်
ဂုဏ်ဆာလေရဲဗျာ ဘယ်ခြေသည်လည်း
ညှာခြေကြောင့် တင့်တယ်လေပေါ့ဗျာ
ဒါတင် ဘယ်ကမလဲ
ဆန့်ကျင်တဲ့ ဖိနပ်နှစ်ရံကိုပါ
စီးကြသေးတာ အဲတာကြောင့်ဘဲ
လိုရာခရီးကို ရောက်နိုင်ကြတာလည်း
သိကြရော့ပေါ့
ဒါပေမယ့်
စိတ်ဓာတ်၊ အတွေးခေါ်၊ ရည်ရွယ်ချက်
မတူရင် ဘယ်လောကသားမှ မပေါင်း
ချင်ကြပါဘူးဗျာ အနည်းဆုံးတော့
နိမ်မယ်၊ အထင်သေးမယ်၊ လှည်းစားမယ်
အထူးသဖြင့် ငါတို့တိုင်းပြည်မှာ အဖြစ်များ
ဆုံး စိတ်ဓာတ်ဘေးတစ်ခုပေါ့
ဘယ်လိုရာခရီးရောက်မှာလေ