Moe Set Mhuee Paing

Moe Set Mhuee Paing MSMP

06/06/2024

ဒီကမ္ဘာမှာ မတရားမှုတွေ အကြောင်း
ပြောကြရမယ်ဆိုရင် …
ကံကြမ္မာ ဆိုတဲ့ ကောင်ကိုလဲ စွဲချက်တင်ရမယ် …
ထပ်ဆောင်း အနေနဲ့ …
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ …
ဆောင်ပုဒ်ကိုပါ အဆစ်ထည့်ပေး …
လူယုတ်မာတွေ အသက်ရှည်နေတဲ့ ခေတ်မှာတော့ …
သောက်တစ်လွဲ လော့ဂျစ်ကြီး ။
မိုးစက်မှူးပိုင်

05/06/2024

ငါ့ကို …
ငါလိုမျိုး …
ချစ်ပြနိုင်တဲ့ သူ ရှိရင် …
ငါဆိုတာ ပြည့်စုံပြီ ။
MSMP

02/06/2024

လူတစ်ယောက်ရဲ့ မျက်နှာအနေအထားကို ကြည့်ပြီး …
အလိုက်အထိုက် ပြောဆိုဆက်ဆံနေရတာကို မကြိုက်ဘူး
တစ်ကယ်တမ်း ကိုယ့်ကို လိုလိုလားလားရှိနေတဲ့ သူတွေက
ကိုယ့်ရဲ့ condition တွေကို မှတ်ထား သိထားရမယ်လို့ တွေးထားတယ် ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကိုတိုင် ကလဲ သူတို့ရဲ့ အနိမ့်ကျဆုံး အခြေအနေတွေမှာ တစ်ဖက်တစ်လမ်းက အင်းအားဖြစ်စေခဲ့တာပဲလေ …
ပေးလိုက်တိုင်း ပြန်ရ ရပါစေလို၏ ဆိုတဲ့ စိတ်မျိုးမထားပေမယ့် … တန်ပြန်သက်ရောက်မှုလေးတစ်ခုတော့ လိုချင်မိတယ် … ။
ဒါပါပဲ ပေးလိုက်တိုင်း ပြန်မရတဲ့ …
အခြေအနေတွေနဲ့ မွေ့လျှော်နေတဲ့ သူအတွက်တော့ …
ဒိအတိုင်း ဒီအခြေနေတွေနဲ့လဲ အဆင်ပြေပါတယ် ။
MSMP 🌻

31/05/2024

ချစ်မိသွားရင် စပြီး သိမ်ငယ်ရတာပဲ။
ထပ်တူမကျရင် ပို ရှနာတယ်။
လူတွေဟာ ထူးဆန်းလိုက်တာ အချစ်ရယ်။
အလေးမထားတဲ့လူကိုဆို အရမ်းချစ်ကြတယ်။

ငါတို့ ဘယ်လူကူးမျဉ်းကြားမှာ ဆုံကြမှာလဲ ...ကန့်လန့်ဖြတ် မျဉ်းအဖြူကြီးတွေ တစ်ချို့က မျဉ်းဖြူတွေပေါ်က တိကျစွာဖြတ်ထားတဲ့ အဖြ...
24/05/2024

ငါတို့ ဘယ်လူကူးမျဉ်းကြားမှာ ဆုံကြမှာလဲ ...

ကန့်လန့်ဖြတ် မျဉ်းအဖြူကြီးတွေ
တစ်ချို့က မျဉ်းဖြူတွေပေါ်က တိကျစွာ
ဖြတ်ထားတဲ့ အဖြူကွက်လေးတွေနဲ့ ...
တစ်ချို့က မိတာများစွာကြာသည့်အထိ
မျဉ်းဖြူတွေက ရှည်နေပြန်တယ် ။

အဲ့အရာတွေ အပေါ်ကမှ ကျဉ်းမြောင်းစွာ
အလျားလိုက် မျဉ်းဝါကြားတွေ ဖြန့်ခင်းထားတယ် ။

လူကူးမျဉ်းကြားလို့ ခေါ်တွင်သတဲ့ ထိုအရာကို

ငါတို့ သက်ရှိပေါင်းများစွာ ရဲ့ နေ့စဉ်ဘဝမှာ
မရှိမဖြစ် အားကိုးနေရတဲ့ ထိုအရာ

လမ်းတစ်ဖက်စီကနေ တစ်ဖက်ကို ကူးဖြတ်ဖို့
ထိုအရာအပေါ် ငါတို့ ဖြတ်သန်းချိန်
များစွာသော မော်တော်ယာဉ်တွေ
ရပ်စောင့်ပေးနေရသေးတာပဲ ...

နှလုံးသား လူကူးမျဉ်းကြားပေါ်မှာ
တစ်ဖက်စီ ရှိနေကြတဲ့ ငါ့တို့နှစ်ယောက်ကို
ကံကြမ္မာ မော်တော်ယာဉ်ပေါင်းများစွာက
မတွေ့ကြ မမြင်ချင်ယောင်ဆောင်နေ ကြသတဲ့လား
ငါတို့ ဆုံတွေ့ကြဖို့ ဘယ်တော့လဲ ...

ငါတို့ ဘယ်လူကူးမျဉ်းကြားမှာ ဆုံကြမှာလဲ ။
မိုးစက်မှူးပိုင်

ငါအဆင်မပြေလည်း နေပါစေ မင်း အဆင်ပြေရင် ငါကျေနပ်ပါတယ် ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ နေလာခဲ့တာကြာပြီ !!!ငါ ဘက်မှာ တိုးပွားလာတာဆိုလ...
23/05/2024

ငါအဆင်မပြေလည်း နေပါစေ
မင်း အဆင်ပြေရင် ငါကျေနပ်ပါတယ် ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ နေလာခဲ့တာကြာပြီ !!!
ငါ ဘက်မှာ တိုးပွားလာတာဆိုလို့ !!!
ညနေရောက်တိုင်း မင်းကို သတိရစိတ်တွေကို
ဖျောက်ဖြတ်ချင်လို့ သောက်နေရတဲ့အရက်တွေကြောင့် !!!
တစ်ဖြည်းဖြည်း ကျန်မားရေး ဆုတ်ယုတ်လာတဲ့ အသည်းတစ်စုံပဲ မင်း အပိုဆု ပေးခဲ့တယ်လေ !!!
ကျေနပ်ပါတယ် နင်ပျော်နေတာမြင်ရင်
ငါပီတိတွေနဲ့ ရစ်မူးနေရလို့ 💔
မိုးစက်မှူးပိုင်

Address

Yangon
INSEIN

Website

Alerts

Be the first to know and let us send you an email when Moe Set Mhuee Paing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moe Set Mhuee Paing:

Share

Category