ကမ်းခြေသူ

  • Home
  • ကမ်းခြေသူ

ကမ်းခြေသူ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကမ်းခြေသူ, Fish Market, .

ရာသီဥတုနဲ့လိုက်ဖက်သော မျှစ်အာပူအစပ်ချက်လေး ဒီနေ့အိမ်မှာလုပ်စားဖြစ်လို့ သူငယ်ချင်းတို့လဲလုပ်စားလို့ရအောင် ချက်နည်းလေးကို ...
17/05/2025

ရာသီဥတုနဲ့လိုက်ဖက်သော မျှစ်အာပူအစပ်ချက်လေး ဒီနေ့အိမ်မှာလုပ်စားဖြစ်လို့ သူငယ်ချင်းတို့လဲလုပ်စားလို့ရအောင် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်နော်

#မျှစ်အာပူအစပ်ချက် #မျှစ်လှော် #မျှစ်ငပိချက်
===================================
ပါဝင်ပစ္စည်းတွေကတော့

✅ မျှစ်ပြုတ် ( မျှစ်နုအစို့ပေါက်အတုံးလေးတွေပြုတ်ထားတာပါ)

✅ အစိမ်းစားငပိလို့ခေါ်တဲ့ မျှင်ငပိ ( ကမ်းခြေသူကရောင်းတဲ့ ရှယ်မျှင်ငပိလေးပေါ့ရှင် )

✅ ငရုတ်သီးစိမ်းတောင့်အနည်းငယ်

✅ ကြက်သွန်ဖြူအနည်းငယ်

✅ ပုဇွန်ခြောက်အနည်းငယ်( မျှင်လေးခြောက်လဲရ)

✅ ဆားအနည်းငယ်

✅နနွင်းမှုန့်အနည်းငယ်

✅ ဟင်းအချိုမှုန့်အနည်းငယ်( အစိမ်းစားငပိရဲ့အချိုရယ် ပုဇွန်ခြောက်ကလဲချိုတဲ့အတွက် ဟင်းချိုမှုန့်မထည့်လဲရပါတယ်)

ပါဝင်ပစ္စည်းတွေစုံပြီဆိုရင်တော့ စချက်ပါတော့မယ်ရှင်

🍽️ အရင်ဆုံးမျှစ်ကို အနေတော်အတုံးလေးတွေလှီးပြီး ပြုတ်ထားပါ

🍽️ ငရုပ်သီးစိမ်းနဲ့ကြက်သွန်ဖြူကို ထောင်းထားပါ

🍽️ မျှစ်ကိုချက်မယ့်အိုးထဲထည့်ပြီး မျှင်ငပိလေးရယ်၊နနွင်းမုန့်အနည်းငယ်၊ဆားအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ရေကိုမျှစ်ကိုပြုတ်ရုံလေးထည့်ပီးတည်ထားပေးပါ
(ပမာဏကတော့ ဟင်းတစ်အိုးကို မျှင်ငပိကို လက်မပြားလောက်ထည့်ပါတယ်၊ ကျန်တဲ့ အချို၊အပေါ့၊အငံကတော့ကိုယ်လိုသလို ကြည့်ထည့်လို့ရပါတယ်နော်)

🍽️ တည်ထားတဲ့ အိုးဆူပွတ်လာပီဆိုရင် ထောင်းထားတဲ့ ငရုပ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုထည့်ပြီးမွှေပေးပါ၊ ပြီးရင် ရေခမ်းအောင်အထိချက်ပေးပါ

ဒါဆိုရင်တော့ ထမင်းမြိန်စေပြီး အရမ်းစားကောင်းတဲ့ မျှစ်ပူစပ် အာပူဟင်းလေးတစ်ခွက်ရပါပြီရှင်😋

ရာသီစာလဲဖြစ်တယ်၊ ထမင်းလဲအရမ်းမြိန်စေတာမို့လုပ်စားကြည့်လိုက်နော် 💕

ရုံးပတီသီးနဲ့ပင်စိမ်းဟင်းချို၊ ငပိရည်၊ ချဉ်ဟင်း၊ ငါးဟင်း စတဲ့ဟင်းလေးတွေနဲ့လည်းတွဲဖက်စားရင် အရမ်း အရမ်း စားကောင်းတာမို့ ချက်စားကြည့်ပါရှင် တကယ်အကြိုက်တွေ့စေမှာပါ🥰

#မျှစ်အာပူ #မျှစ်လှော် ချက်ရန် မျှင်ငပိရှယ်/ အစိမ်းစားငပိ ကို မှာယူချင်တယ်ဆိုရင်တော့ #ကမ်းခြေသူ ရဲ့ Page မှာ တင်ထားတဲ့ဖုန်း (သို့မဟုတ်) Page Messagerကနေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင် 💕

09/04/2025

သင်္ကြန်မတိုင်ခင် အားပေးတဲ့ ကာကာတို့ ကျေးဇူးပါရှင့်😍

#ရှယ်မျှင်ငပိ
#ကမ်းခြေသူ

အခုတလော အရမ်းခေတ်စားပြီး နာမည်ကြီးနေတဲ့ မန္တလေး ဦးပိန်တံတားနားက ဖတ်တီးမရဲ့သံပုရာသီးသုတ်လိုမျိုး ကမ်းခြေသူက မျှင်ငပိချိုခ...
09/03/2025

အခုတလော အရမ်းခေတ်စားပြီး နာမည်ကြီးနေတဲ့ မန္တလေး ဦးပိန်တံတားနားက ဖတ်တီးမရဲ့သံပုရာသီးသုတ်လိုမျိုး ကမ်းခြေသူက မျှင်ငပိချိုချိုလေးနဲ့ သံပုရာသီးသုတ်လေး လုပ်စားကြည့်ရအောင်
=================================

ပူလောင်တဲ့ နွေရာသီမှာ အချဉ်ပေါင်းလေးစားရတာလဲ ထိမိဂွိ အရမ်းမိုက်တယ်လေနော် 🤤🤤
ရာသီဥတုနဲလဲလိုက်ဖက်ပြီး လူကိုလဲလန်းသွားစေတဲ့ ချဉ်ငံစပ် သံပုရာသီးသုတ်လေး စလုပ်ပါတော့မယ်👨‍🍳👩‍🍳

ပါဝင်ပစ္စည်းမှာ 💁‍♀️💁‍♀️

✅ သံပုရာသီး ၅လုံး

✅ မျှင်ငပိ အနည်းငယ်

✅ ငရုပ်သီးစိမ်း ၄ထောင့် ( အစပ်ကြိုက်ရင်ပိုထည့်လို့ရပါတယ်)

✅ ပုဇွန်ခြောက်မုန့် / မျှင်ကောင်လေးခြောက်ထည့်လဲရပါတယ်

✅ ငရုပ်သီးအလှော်မှုန့် အနည်းငယ် (ငရုပ်သီး အကျက်မုန့်)

✅ ဆား အနည်းငယ်

✅ ဟင်းခတ်အချိုမှုန့် ( ကမ်းခြေသူက မျှင်ငပိကလတ်ဆက်ပြီး ချိုနေတဲ့အတွက် မင်မင်ကတော့ ဟင်းခတ်မှုန့်မထည့်ပါဘူးနော်/ ကြိုက်ရင်တော့ထည့်ပါ)

ပါဝင်ပစ္စည်းတွေ စုံပြီဆိုရင် စပြီးသုတ်ပါမယ်...

🥣 သံပုရာသီးလေးတွေကိုအခွံခွာထားရပါမယ်( အခြမ်းလေးတွေစားချင်ရင်တော့ ခြမ်းထားပါ)

🥣 ငရုတ်သီးစိမ်းလေးတွေကိုလှီးထားရပါမယ် ။

🥣 သုတ်မယ့် ပန်းကန်ထဲမှာ သံပုရာသီးလေးတွေ၊ မျှင်ငပိ၊ ဆား၊ ပုဇွန်ခြောက်မုန့်၊ ဟင်းချိုမုန့်၊ ငရုတ်သီးအလှော်မုန့် ၊လှီးထားတဲ့ငရုတ်သီးစိမ်း ကိုထည့်ပြီး နယ်ပါမယ်။ အရသာတွေအားလုံး နှံ့သွားပြီ၊ သံပုရာသီးလုံးလေးတွေထဲကိုအရာသာဝင်သွားပြီဆိုရပါပြီ (ပမာဏကိုတော့ ကိုယ်လိုအပ်တဲ့အနည်း၊အများအပေါ်မူတည်ပြီးထည့်ပေးပါနော်)

အပေါ့၊ အငံနှင့် အစပ်ကို ကိုယ်လိုသလောက်မြည်းပြီး အနေတော်ရပြီဆိုရင် သုံးဆောင်လို့ရပါပြီရှင် 😋🤤

Wow! ချဉ်ငံစပ်လေးကိုမှ အရမ်းကို ထိမိဂွိပြီး စားလို့အရမ်းကောင်း လန်းဆန်းသွားစေတဲ့ သံပုရာသီးသုတ်လေးရပါပြီ😋🤤🥢

ကဲ!! အခုပဲ ကမ်းခြေသူက မျှင်ငါးပိလေးလာဝယ်ပြီး ဒီနည်းလေးအတိုင်းသုတ်စားကြည့်လိုက်တော့နော်💕

#ကမ်းခြေသူ #သံပုရာသီးသုတ် #မျှင်ငပိ
=============================

အကောင်းစား လက်ထောင်းမျှင်ငပိရှယ်ကို မှာယူချင်တယ်ဆိုရင် Page Messager ကနေ မှာယူနိုင်သလို
Phone Number 09885087666 ကို ဆက်သွယ်ပြီးလည်း မှာယူနိုင်ပါတယ်ရှင့်

မရမ်းသီးပေါ်ချိန်ဆိုတော့ ဒီနေ့လုပ်စားဖြစ်တဲ့ ရာသီစာ မရမ်းသီးငပိထောင်းလေး လုပ်စားလို့ရအောင် လုပ်နည်းလေးကို မျှဝေလိုက်ပါတယ...
02/03/2025

မရမ်းသီးပေါ်ချိန်ဆိုတော့ ဒီနေ့လုပ်စားဖြစ်တဲ့ ရာသီစာ မရမ်းသီးငပိထောင်းလေး လုပ်စားလို့ရအောင် လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်နော်

#မရမ်းသီးငပိထောင်း
===================================
မရမ်းသီးငပိထောင်းလုပ်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကတော့

✅ မရမ်းသီး

✅ အစိမ်းစားငပိလို့ခေါ်တဲ့ မျှင်ငပိ ( ကမ်းခြေသူကရောင်းတဲ့ ရှယ်မျှင်ငပိလေးပေါ့ရှင် )

✅ ငရုတ်သီးစိမ်းတောင့်အနည်းငယ်

✅ ကြက်သွန်ဖြူအနည်းငယ်

✅ ပုဇွန်ခြောက်အနည်းငယ်

✅ နံနံပင်အနည်းငယ်

✅ ဆားအနည်းငယ်

✅ ဟင်းအချိုမှုန့်အနည်းငယ်( အစိမ်းစားငပိရဲ့အချိုရယ် ပုဇွန်ခြောက်ကလဲချိုတဲ့အတွက် ဟင်းချိုမှုန့်မထည့်လဲရပါတယ်)

ပါဝင်ပစ္စည်းတွေစုံပြီဆိုရင်တော့ ငပိထောင်း စထောင်းပါတော့မယ်ရှင်

🍽️ အရင်ဆုံး စိမ်းစားငပိ(မျှင်ငပိ) ကိုမီးဖုတ်ထားရပါမယ်

🍽️ ငရုပ်သီးစိမ်းနဲ့ကြက်သွန်ဖြူကို အနံ့မွှေးသွားအောင် လှော်ထားရပါမယ်

🍽️ မရမ်းသီးရင့်ပါက နှစ်ခြမ်းခွဲပြီးအစေ့ထုတ်ထားပါ (မရမ်းကင်းဆိုရင်တော့ အစေ့ထုတ်ရန်မလိုပါ)

🍽️ ပုဇွန်ခြောက်ကိုရေစိမ်ပြီး ရေစစ်ထားပါ

🍽️ လှော်ထားတဲ့ငရုပ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုအရင်ထောင်းပါ

🍽️ ပြီးရင် ပုဇွန်ခြောက်ထည့်ထောင်းပါ

🍽️ ပြီးရင်တော့ မရမ်းသီးထည့်ထောင်းပါ

🍽️ အကုန်ကြေညှက်သွားပါက ဖုတ်ထားတဲ့ မျှင်ငပိလေးထည့်ပြီး ဆား၊ဟင်းချိုမှုန့်(လိုအပ်မှထည့်ပါ) နှင့် နံနံပင်ကိုထည့်ပြီးထောင်းလိုက်ပါ

ဒါဆိုရင်တော့အရမ်းအရသာရှိတဲ့ မရမ်းသီးငပိထောင်းလေးရပါပြီ

ရာသီစာလဲဖြစ်တယ်၊ ထမင်းလဲအရမ်းမြိန်စေတာမို့လုပ်စားကြည့်လိုက်နော် 💕

ကြက်သားဘူးသီးချက်၊ ပဲကုလားဟင်း၊ ဝက်/ကြက်အချိုနှပ် လေးတွေနဲ့လည်းတွဲဖက်စားရင် အရမ်း အရမ်း စားကောင်းတာမို့ လုပ်စားကြည့်ပါရှင် တကယ်အကြိုက်တွေ့စေမှာပါ🥰

#မရမ်းသီးငပိထောင်း လုပ်စားရန် မျှင်ငပိရှယ်/ အစိမ်းစားငပိ ကို မှာယူချင်တယ်ဆိုရင်တော့ #ကမ်းခြေသူ ရဲ့ Page မှာ တင်ထားတဲ့ဖုန်း (သို့မဟုတ်) Page Messagerကနေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင် 💕

ရခိုင်ငါးပိချက် ချက်နည်း==========================အရမ်းစားကောင်းပြီး ထမင်းအရမ်းမြိန်စေတဲ့ ဆီမလိုပဲ မျှင်ငပိလေးနဲ့ ချက်တဲ...
28/02/2025

ရခိုင်ငါးပိချက် ချက်နည်း
==========================

အရမ်းစားကောင်းပြီး ထမင်းအရမ်းမြိန်စေတဲ့ ဆီမလိုပဲ မျှင်ငပိလေးနဲ့ ချက်တဲ့ ရခိုင်ငါးပိချက်လေး ချက်စားလိုက်ရအောင်နော် 👨‍🍳👩‍🍳

ပါဝင်ပစ္စည်းမှာ 💁‍♀️💁‍♀️

✅ မျှင်ငပိ အနည်းငယ်

✅ အာဝါးသီး ( ကုလားအော်သီးလို့လဲခေါ်ပါတယ်)

✅ ငရုတ်သီးစိမ်း (ကာလီသီး အပုသီးလေးတွေဆိုပိုကောင်းတယ်)

✅ ငါး / ပုဇွန်/ ပုဇွန်ဆိတ်လေးတွေ (အဆင်ပြေတာနဲ့ချက်လို့ရပါတယ်)

✅ ဆား အနည်းငယ် ( ကမ်းခြေသူက မျှင်ငါးပိက အရမ်းကောင်းပြီး မငံပဲ ချိုနေတဲ့အတွက် ဆားထပ်ထည့်ရခြင်းဖြစ်ပါတယ်နော်)

✅ နနွင်းမှုန့် အနည်းငယ်

✅ ဟင်းခတ်မှုန့် ( ငပိကလတ်ဆက်ပြီး ချိုနေတဲ့အတွက် မင်မင်ကတော့ ဟင်းခတ်မှုန့်မထည့်ပါဘူးနော်/ ကြိုက်ရင်တော့ထည့်ပါ)

✅ ပင်စိမ်း (သို့မဟုတ်) နံနံပင် အနည်းငယ်

✅ မန်ချည်းသီးမှည့်အနည်းငယ်

ပါဝင်ပစ္စည်းတွေ စုံပြီဆိုရင် စချက်မယ်နော်

🥣 ငါး (သို့မဟုတ်)ပုဇွန်ကို ရေဆေးသန့်စင်ပြီး ချက်မယ့်အိုးထဲ ထည့်ထားရပါမယ်

🥣 ငရုတ်သီးစိမ်း (ကိုယ်အစပ်စားနိုင်သလောက်)ကိုမညက်တစ်ညက်လေး ထောင်းထားပါမယ်ရှင် ။

🥣 မန်ချည်းမှည့်အရည်လေးဖျော်ထားရပါမယ်ရှင်

🥣 ချက်မယ့်အိုးထည့်မှာ ငါး၊ မျှင်ငပိအနည်းငယ်၊ ဆားအနည်းငယ် ၊ နနွင်းအနည်းငယ်၊ လိုသလောက်ရေကိုထည့်ပြီး အိုးအဖုံးပိတ်ပြီး တည်ပါမယ်ရှင် ။ ( ပမာဏကိုတော့ ကိုယ်လိုအပ်တဲ့အနည်း၊အများအပေါ်မူတည်ပြီးထည့်ပေးပါနော်)

🥣 တည်ထားတဲ့အိုးလေးဆူလာပြီး အိုးထဲက ငါး(သိုမဟုတ်)ပုဇွန်တွေလဲ ကျက်လာပြီဆိုရင် ထောင်းထားတဲ့ ငရုတ်သီးစိမ်းကိုထည့်ရပါမယ်ရှင်

🥣 ငရုတ်သီးစိမ်းအနံ့လေးလဲမွှေးပြီးကျက်လာပြီဆိုရင်တော့ မန်ချည်းရည်လေးထည့်ရပါမယ်ရှင်

🥣 အပေါ့၊ အငံနှင့် အချဉ်ကို ကိုယ်လိုသလောက်မြည်းပြီး အနေတော်ရပြီဆိုရင် အိုးထဲကို အာဝါးသီး ၊ ပင်စိမ်း (သို့မဟုတ်) နံနံပင်ကိုအုပ်ပြီး အိုးချလို့ရပါပြီ

Wow! အရမ်းကိုမှ ထိမိဂွိပြီး အရမ်းထမင်းမှိန်စေတဲ့ #ရခိုင်ငါးပိချက် ဟင်းတစ်ခွက်ရပါပြီ 🥣🥢

အနံ့အရသာနဲ့ ပြည့်စုံပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားလို့လဲ အရမ်း အရမ်း ကောင်းတဲ့ ရခိုင်ငါးပိချက်စပ်စပ်လေးကို တို့စရာအစုံလေးနဲ့စားလိုက်ရင်တော့ ဘာဟင်းမှကို မလိုပဲ အရမ်းပြည့်စုံသွားပါပြီရှင်😋။

ကဲ!! အခုပဲ ကမ်းခြေသူက ငါးပိလေးဝယ်ပြီး ဒီနည်းလေးအတိုင်းချက်စားကြည့်လိုက်တော့နော်💕

#ကမ်းခြေသူ #ရခိုင်ငါးပိချက် #မျှင်ငပိချက်
========================
အကောင်းစား လက်ထောင်းမျှင်ငပိရှယ်ကို မှာယူချင်တယ်ဆိုရင် Page Messager ကနေ မှာယူနိုင်သလို
Phone Number 09885087666 ကို ဆက်သွယ်ပြီးလည်း မှာယူနိုင်ပါတယ်ရှင့်

28/02/2025

မျှင်ငပိအရမ်းကောင်းတယ်၊ ချိုနေတာပဲဆိုပြီး Feedbackတွေပြန်ရတော့ မင်မင်ပျော်ရတာပေါ့ ♥️

ကမ်းခြေသူက ရှယ်မျှင်ငပိလေးကိုသုံးပြီး တာလပေါ့ဟင်းလေးချက်စားကြည့်ရအောင်နော် #တာလပေါ့ဟင်း ပူပူစပ်စပ်မွှေးမွှေးလေး-ရေလိုသလေ...
21/02/2025

ကမ်းခြေသူက ရှယ်မျှင်ငပိလေးကိုသုံးပြီး တာလပေါ့ဟင်းလေးချက်စားကြည့်ရအောင်နော်

#တာလပေါ့ဟင်း ပူပူစပ်စပ်မွှေးမွှေးလေး

-ရေလိုသလောက်ထည့်ဆူအောင်တည်​ ပေးပါ....
-ကြက်သွန် ဖြူ
-ငရုပ်ကောင်း
-မျှင်ငပိ
-ပုဇွန်ခြောက် သို့မဟုတ် ပုစွန်
-ငရုပ်သီးစိမ်းထောင်းပြီးထည့်ပါ
-ဆန်လှော်မုန့်လေးဖျော်ထည့်ပါ
-ကိုယ့်ရဲ့ဟင်းရည်အနည်းအများပေါ်မူတည်ပြီးထည့်ပေးပါ......
အသီးအရွက်ကတော့မျှစ်နဲ့ကိုယ်ကြိုက်တဲ့အသီးအရွက်လေးတွေထည့်ပါနော်.......
အရသာအတွက် ဆား ဟင်းခပ်မူန့် ၊ကြက်သားမှုန့်က်ြိုက်ရာထည့်ပါ..........
ပြီးရင်ချခါနီးပင်စိမ်းနဲ့ဆူးပုတ်အုပ်လိုက်ပါတယ်
ငါးပိထောင်း နဲ့ တွဲပြီးစာ:ရင် ရှယ်ပဲ 😋😋😋😋

#မျှင်ငပိ
#တာလပေါ့ဟင်း
#ကမ်းခြေသူ

ဝယ်ယူအားပေးမူ့ကိုကျေးဇူးအထူးတင်ပါတယ်ရှင်🥰
12/02/2025

ဝယ်ယူအားပေးမူ့ကိုကျေးဇူးအထူးတင်ပါတယ်ရှင်🥰

ရခိုင်ခရမ်းသီး ရခိုင်ချက် အစပ်ချက်==========================အရမ်းစားကောင်းပြီး ထမင်းမြိန်စေတဲ့ ဆီမလိုပဲ မျှင်ငပိလေးနဲ့ ခ...
01/02/2025

ရခိုင်ခရမ်းသီး ရခိုင်ချက် အစပ်ချက်
==========================

အရမ်းစားကောင်းပြီး ထမင်းမြိန်စေတဲ့ ဆီမလိုပဲ မျှင်ငပိလေးနဲ့ ချက်တဲ့ ရခိုင်ခရမ်းသီးအစပ်ချက်လေး ချက်စားလိုက်ရအောင်နော် 👨‍🍳👩‍🍳

ပါဝင်ပစ္စည်းမှာ 💁‍♀️💁‍♀️

✅ မျှင်ငပိ အနည်းငယ်

✅ ငရုတ်သီးစိမ်းအနည်းငယ်🌶️🌶️

✅ ပုဇွန်ခြောက် / မျှင်လေးခြောက် အနည်းငယ်

✅ ရခိုင်ခရမ်းသီး

✅ ကြက်သွန်ဖြူ အနည်းငယ်

✅ ဆံမြိတ်ပင် / နံနံပင် အနည်းငယ်

✅ ဆား အနည်းငယ်

✅ နနွင်း အနည်းငယ်
( နနွမ်း မကြိုက်ရင်မထည့်ပါနဲ့နော်)

🍐ခရမ်းသီးကို အနေတော်အစိပ်လေးတွေစိပ်ပြီး ရေစင်အောင် ဆေးထားပါမယ်ရှင် ။
( ဆားရည်လေးနဲ့စိမ်ပြီးဆေးပေးပါနော် မဟုတ်ရင် ခရမ်းသီးအရောင်မဲသွားတက်လို့ပါ)

🍐 ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူအနည်းငယ် ကိုမညက်တစ်ညက်လေး ထောင်းထားပါမယ်ရှင် ။

🍐 ချက်မယ့်အိုးထည့်မှာ ခရမ်းသီး ၊ ထောင်းထားတဲ့ ငရုတ်သီးစိမ်း နဲ့ ကြက်သွန်ဖြူ ၊ မျှင်ငပိအနည်းငယ် ၊မျှင်ခြောက်(သို့မဟုတ်) ပုဇွန်ခြောက် ၊ ဆနွင်းအနည်းငယ်၊ ဆားအနည်းငယ် ၊ ရေလေးအနည်းငယ်သာထည့်ပြီး အိုးအဖုံးပိတ်ပြီး တည်ပါမယ်ရှင် ။

( ကျွန်မတို့ ကမ်းခြေသူ က ရောင်းတဲ့ငါးပိက ဆားလုံးဝ မငန်တဲ့အတွက် ဆားထည့်တာပါရှင်)

🍐 တည်ထားတဲ့အိုးဆူလာပြီး ခရမ်းသီးလေးတွေလဲအိလာပြီး အနံ့လေးမွှေးလာပြီဆိုရင် ဆံမြိတ်ပင် ( သို့မဟုတ်) နံနံပင်လေးအပေါ်က အုပ်လိုက်ပါမယ်ရှင်။

အနံ့အရသာနဲ့ ပြည့်စုံပြီး စားလို့ အရမ်း အရမ်း ကောင်းတဲ့ ရခိုင်ခရမ်းသီးအစပ် ချက်လေးသုံးဆောင်လို့ရပါပြီရှင် 😋။

========================
အကောင်းစား လက်ထောင်းမျှင်ငပိရှယ်ကို မှာယူချင်တယ်ဆိုရင် Page Messager ကနေ မှာယူနိုင်သလို
Phone Number 09885087666 ကို ဆက်သွယ်ပြီးလည်း မှာယူနိုင်ပါတယ်ရှင့်

၅၀သားဘူး✅၁ ပိသားဘူး ✅ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်
01/02/2025

၅၀သားဘူး✅
၁ ပိသားဘူး ✅
ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်

လက်ထောင်းမျှင်ငပိ အကောင်းစား ရှယ်တွေ ထပ်ရောက်ပါတယ်နော်အရင်က pageမှာမတင်ဖြစ်ပေမယ့် အားပေးကြတဲ့မိတ်ဆွေအားလုံးကို ကျေးဇူးတင...
01/02/2025

လက်ထောင်းမျှင်ငပိ အကောင်းစား ရှယ်တွေ ထပ်ရောက်ပါတယ်နော်

အရင်က pageမှာမတင်ဖြစ်ပေမယ့် အားပေးကြတဲ့မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်🥰

ကမ်းခြေသူ မျှင်ငပိရှယ်✅
- ဆားပေါ့ပေါ့၊ အရသာချိုပြီးလတ်ဆက်သော
- လက်ထောင်းမျှင်ငပိ
- သန့်ရှင့်မူ 💯

မှာယူချင်တယ်ဆို Page Messager ကနေ မှာယူနိုင်သလို
Phone Number 09885087666 ကို ဆက်သွယ်ပြီးလည်း မှာယူနိုင်ပါတယ်ရှင့်

Address


Telephone

+959885087666

Website

Alerts

Be the first to know and let us send you an email when ကမ်းခြေသူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Grocery Store?

Share