This Is Olivia

This Is Olivia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from This Is Olivia, Yangon.

29/04/2026

ကိုယ် Bali မှာ ကစားခံလိုက်ရတဲ့အကြောင်းလေး.. 😂 🐬💙

#လင်းပိုင် #ခရီးသွား

26/04/2026

Bali မီးတောင် Mount Batur မှာ Sunrise တူတူသွားကြည့်ကြမလား ? 🌋🌄

ဘာလီ မီးတောင်မှာ Sunrise သွားကြည့်ကြမလား ?  🌋🌄Bali ရောက်ပီး စခြေဆန့် လိုက်တာက Mount Batur မီးတောင်.. 🌋BTW ဘာလီလို့ပြောရင...
23/04/2026

ဘာလီ မီးတောင်မှာ Sunrise သွားကြည့်ကြမလား ? 🌋🌄

Bali ရောက်ပီး စခြေဆန့် လိုက်တာက Mount Batur မီးတောင်.. 🌋
BTW ဘာလီလို့ပြောရင် ဘာကိုအရင်ပြေးမြင်လဲဟင် ?
Bali swings လား ? မှန်ထောင်ရိုက်တဲ့ Heaven gate လား?
သူများတွေမပြောတဲ့ Bali ရဲ့တကယ့် secret places နဲ့ အမှန်အကန် နေရာ တွေကို ကိုယ့်ပိုက်ဆံကိုယ် အကုန်ခံပီး တတ်နိုင်သလောက် honest reviews ပြောပြသွားမယ်နော်..အနဲဆုံးတော့ ဂျင်းမမိတော့ဘူးပေါ့..🫶👍

အော်..တခုတော့ရှိတယ် ကိုယ့် reviews တွေကအများအားဖြင့် adventure ကြိုက်မှ, explore လုပ်ချင်တဲ့သူတွေမှအဆင်ပြေမယ်..sightseeing လုပ်မဲ့သူတွေ chills လုပ်ချင်တဲ့သူတွေ ကော်ဖီသောက်စာအုပ်ဖတ်မဲ့ သူတွေအတွက်တော့မရည်ရွယ်ထားပါဘူး 😊

So let’s start.. ဘာလီကလေ အရှေ့မှာလဲပြောခဲ့ပါတယ် တကျွန်းလုံးက လည်စရာတွေကြီးပဲ..
ကိုယ် ဘယ်နှစ်ရက်သွားမှာလဲ ဘယ်ကိုသွားမှာလဲ အမှန်အကန်ရွေးချယ်တတ်ဖို့လိုတယ်..တနေရာနဲ့တနေရာအရမ်းဝေးလို့..မဟုတ်ရင် ငွေကုန်လူပမ်းပီး boring ဖြစ်မှာ ဒီလောက်အဝေးကြီးလာပီးမှ ထိုက်တန်တဲ့ value တခု memory တခုတော့ကျန်သင့်တာပေါ့နော် 🩷

Intro များသွားပီ..Mount Batur sunrise ကအရင်စလိုက်မယ်..အောက်ကိုဆက်မဖတ်ချင်ရင် “worth it ..u should try if u like the adventure.”😎🫶

Mount Batur ဆိုတဲ့မီးတောင်မှာ sunrise ကြည့်တဲ့ package ရှိတယ် အဲ့မီးတောင်ပတ်ဝန်းကျင်နားမှာနေရင်တော့ မနက် 4:30 လောက်က စသွားရမယ် အေးတာမှ ခိုက်ခိုက်တုန်နေတာပဲ..မီးတောင်ဆိုတော့ ပူမှာပဲလို့ ဥာဏ်မရှိစွာတွေးလိုက်မိသေးတာ😂တက်တက်စင်လွဲ.. ကိုယ်ပဲအအေးကြောက်လို့လားတော့မသိဘူး မနက်ပိုင်းမှာ 15-16 degree ❄️လောက်ရှိမယ် လေကလဲတဟူးဟူးတိုက်နေတော့ သွားတွေတောင်ရိုက်တယ်..🥶
Blanket တို့ အနွေးထည်တို့ မဖြစ်မနေ ယူသွားသင့်တယ် မပါလို့ကတော့တုန်ဆင်းသွားမယ် အဖြူ တွေတောင် စောင်ပတ်ထားတာ..သူတို့ဆို ပုံမှန်အေးတာလောက်ကအေးဆေးလေ..🙄

🚙 Jeep ကားနဲ့သွားရမှာပါ..တောင်တက်တာဆိုတော့
Jeep ကိုအမိုးဖွင့်ရွေးမလား အပိတ်ရွေးမလား ရွေးလို့ရတယ်..ကိုယ်ကတော့ အမိုးဖွင့်ပဲရွေးလိုက်တယ်..မနက် 4:50 လောက်မှာ ကိုယ့် Jeep လာခေါ်တယ်အိုးး..မှောင်မဲနေတဲ့ကောင်းကင်ကြီးမှာ ကြယ်တွေဆိုတာ အပြည့် ..ေ-က်ရမ်းလှ..Jeep ကားပေါ်မှာ မေးရိုက်ရင်းခေါင်းမော့ကြည့်မိတာရပ်မရဘူး..
လမ်းကလဲ ကလုံးကလဲနဲ့ ရိုလာကိုစတာကို မြေပြင်ပေါ်စီးသလိုစီးရမှာပါ အစားသာစားထားရင်တော့ အကုန်ပြန်အန်မှာ 🤮

မီးတောင်ပေါ်ကို 5:30 AM ရောက်ပီး 1:00 လောက်
ထပ်စောင့်ရတယ် နေထွက်လာဖို့ ⛰️..အဲ့အချိန်မှာလဲအရမ်းအေး..အနွေးထည်နှစ်ထပ် သဘက်တထည် ပတ်ထားတာတောင် လူကတုန်..တုန်နေလဲ (photoတော့ ရအောင်ရိုက်) 😂 နေမထွက်လာခင် အဲ့ကောင်းကင်က ကြယ်တွေ မြို့ကိုအပေါ်စီးကလှမ်းမြင်ရတဲ့ views နဲ့အရင်ရိုက် photographer ကလဲတခြားလိုက်ရှာနေစရာမလိုဘူး Jeep ကားမောင်းပေးတဲ့ ကားဆရာတွေက pro တွေပဲ..📸

အဲ့မှာ sunrise ရိုက်ပီးတာနဲ့ သူတို့ မီးတောင်ချော်ရည်တွေကနေအေးသွားတဲ့ အခါ ဖြစ်လာတဲ့မီးတောင်ချော်ကျောက်တွေ တောင်ခြေတခုလုံးပြန့်နေတဲ့ Black Lava ကိုလိုက်ပို့ပေးလိမ့်မယ်.. အဲ့ဒါကလဲ package ထဲမှာပါပီးသား..🥰

အယ်နောက်တခုက အဲ့မှာ ယင်ကောင်တွေအရမ်းပေါတယ်..အစားအသောက်သတိထားစေချင်တယ် မီးတောင်ပေါ်မှာတော့ Toilet ရှိတယ် But Anyhow, မီးတောင်ပေါ် မသွားခင်တော့ သန့်ရှင်းတဲ့ဆိုင် ဒါမှမဟုတ်လဲ ခေါက်ဆွဲဘူးလိုမျိူးလောက်ပဲစားထားတာပိုအဆင်ပြေမယ် မဟုတ်ရင်ချုံတိုးနေရမယ် 💩 ဘာလီရဲ့နေရာတော်တော်များများမှာ fly များတယ်..

အားလုံးပေါင်း IDR 400,000/person မြန်မာငွေ တသိန်း ပတ်ဝန်းကျင်လောက်ရှိမယ်💰..ကိုယ့်အတွက်တော့တန်တယ် ဓာတ်ပုံလှလှလေးတွေလဲရတယ် moment လေးတခုလဲကျန်တယ်.. ပုံလေးကြည့်ပီးဘယ်လိုထင်လဲပြောကြည့်ပါအုံး🫠

Best Regards,
Olivia

21/04/2026

ဘာလီတော့ရောက်ပီ မွှေဖို့ပဲကျန်တယ် 🤭

19/04/2026

Bye Bye Songkran..see you next year 👋
゚viralシfypシ゚

🇹🇭 Songkran 2026 Review: (အမှန်တကယ် ရေဆော့မယ့်သူများအတွက်သာ! 💦)နောက်နှစ် Songkran အတွက် ပိုက်ဆံမသုံးခင် ဒါလေးအရင်ဖတ်ကြည်...
19/04/2026

🇹🇭 Songkran 2026 Review: (အမှန်တကယ် ရေဆော့မယ့်သူများအတွက်သာ! 💦)
နောက်နှစ် Songkran အတွက် ပိုက်ဆံမသုံးခင် ဒါလေးအရင်ဖတ်ကြည့်.... 📣
ဒီတစ်ခေါက် Thai Songkran ကို နေရာအနှံ့ပတ်ခဲ့တယ်။ ကိုယ်က DJ ပွဲတွေ၊ S2O တွေထက် ငယ်ငယ်ကလို ရေစိုရွှဲနေအောင် ဆော့ရတာကို ပိုသဘောကျတဲ့သူဆိုတော့... တကယ်တမ်း ဘယ်နေရာက အမိုက်ဆုံးလဲဆိုတာ Review ပေးမယ်နော်။ 👇

🙅‍♀️Bangkok Songkran: (Rating: 2/5)

လုံးဝမကြိုက်ဘူး နေရာလေးတခုကိုပြုံတိုးပီး ပွဲစျေးလျှောက်သလို စီတန်းလှည့်လည်နေတာ Silom ဆိုလဲ Silom မို့ ခေါက်ဆန် ဆိုလဲခေါက်ဆန်မို့ နောက်ပီး ရေပက်မဲ့သူထပ် ရေပက်ခံချင်တဲ့သူက ပိုများနေသလိုပဲ..ရေကိုထပ်မဖြည့်ကြတာ..

ရေပက်တာဆိုလဲ attention ရမှ attraction ဖြစ်မှ ပိုရေပက်ခံရတာမျိုး ဥပမာ- muscle တွေနဲ့ အကျီချွတ်ပီး underwear only ပဲ ဝတ်ထားတာမျိုး မိန်းကလေးဆိုလဲ ပိုချောတဲ့သူ sexy ဖြစ်တဲ့သူပဲ ရေပက်ခံရတာမျိုး သူတို့ကအဲ့လိုပက်တော့ ကိုယ်တိုင်လဲ အဲ့လိုပဲ လိုက်ပက်မိတယ်
ကိုယ်ပဲများများအပက်ခံရပီး ကျားကျားသိပ်အပက်မခံရတာတော့ စိတ်မကောင်းပါဘူး 😅
လိုရင်းတိုရှင်းပြောရရင် ပျင်းစရာကြီး..ပျော်မနေဘူး ကိုယ့်အတွက်ပေါ့လေ
ကိုယ့်အမြင်အရ သကြ်န် ရေဆိုတာ လူတိုင်းအတွက်
ဖြစ်သင့်တယ် အကုန်လုံးကရေဆော့ဖို့ထွက်လာကြတာလေ မစို့မပို့နဲ့ အသက်ရူကျပ် တိုးလျှောက်နေရတာကြီးက လျှောက်ရင်း enjoy ချင်စိတ်ကုန်လာတာ

👍 Phuket Songkran: (Rating: 4/5)

သူကမဆိုးဘူး တွေ့သမျှလာသမျှသူ အကုန်ပက် တကယ့် water fight ဆိုတာအဲ့မှာကြုံတာ ရေပြွတ်တွေလဲ စျေးနည်းနည်းပိုသက်သာသလိုပဲ Baht 50 လောက်ပေါ့ နေ့လည် တခြား beach တွေဘက်သွား မသွားချင်လဲ shopping ထွက် ညနေ 3နာရီ လောက်ဆို စပက်နေကြပီ သူတို့ကတခုတော့ကောင်းတယ် မနက်ခင်းနဲ့ နေ့လည်ခင်း ရေမပက်ဘူး ရာသီဥတုလဲအရမ်းပူတာကြောင့်ဖြစ်မယ် အဲ့တော့ ညနေ 3နာရီလောက်ကနေ ည 12 လောက်ထိ ဆော့ကြတာ မနက်ကျ မထနိုင်တော့ဘူး 😅
ဒါပေမဲ့ တခုတော့ရှိတယ် Phuket က beach အပိုင်းလိုက်လေးတွေဆိုတော့ တနေရာ နဲ့ တနေရာ ဝေးတယ် ဥပမာ ကိုယ်က patong beach မှာနေပီး Karon တို့ Kuta တို့ သွားမယ်ဆို traffic ကြမ်းတယ် ပိုက်ဆံပေးရင်တောင် ညနေစောင်းဆို မလိုက်ကြတော့ဘူး ညနေစောင်းဆိုတာ 4-5 နာရီနော်..
ကိုယ့်မှာ အရစ်ရှည်ပီး အော် သူ Propose လုပ်ခဲ့တဲ့ အမှတ်တရနေရာလေးဆိုပီး Karon သွားလိုက်မိတာ Baht 1000 ကျော် ကုန်သွားတယ် 💸

ပုံမှန်အဲ့လောက်မရှိသလို အဲ့လိုပြန်လာဖို့ကိုလဲ တစ်နာရီကျော်ကြာငှားရ စောင့်ရတယ် traffic ကြောင့် မလိုက်ကြဘူး အကုန် cancel ကြတာ ကားတင်မဟုတ်ဘူးနော် ဆိုင်ကယ်ပါ cancel တာ🤦‍♀️

Phuket သကြ်န်ကျဖို့စဥ်းစားထားတယ်ဆိုရင်တော့ Central Phuket နားနဲ့ Patong beach နားနေဖို့အကြံပေးချင်တယ် အဲ့နှစ်နေရာပဲစည်လို့ Patong ရဲ့ Bangla street ရယ် central Patong နားရယ် Central Phuket festival ရယ် အဲ့ဒါလောက်ပဲ ရေဆော့ကြတယ် ကျန်တာတော့ ကြိုကြားကြိုကြားပဲ
Private ဆန်ဆန် ရေမဆော့ချင်ဘူးဆိုရင်တော့ အဲ့နေရာတွေရှောင်လိုက်ပေါ့

🔝🎉 Pattaya Songkran: (Rating: 5/5)
အပျော်ဆုံးပဲ! ..childhood life ကိုပြန်ရလိုက်သလိုပဲ Songkran ရက်လဲအရှည်ဆုံး 19 ရက်နေ့အထိ တခြားနေရာတွေမှာက ပြီးနေပီ သူကပက်လို့ကောင်းတုန်း အဆော့လွန်ပီး တရက်ဖျားသွားလို့ နားလိုက်ရသေးတယ် 🤭 သူကလေ ဘာကောင်းလဲသိလား လမ်းလျှောက်နေစရာမလိုဘူး pattaya city တခုလုံးကို ပတ်နေတဲ့ Tuk Tuk ကားလေးတွေရှိတယ် တနေရာမှာရေပက်လို့ပျင်းသွားရင် အဲ့ကားပေါ် 15 baht/person ပေးပီးတက်လိုက်သွား ရေပက်ခံထွက်နေရသလိုပဲ 😁

ကားပေါ်မှာ ကိုယ်တွေလိုပဲ ရေပြွတ်ကိုင်လာတဲ့ လူတွေတက်လာပီဆို လွှတ်ပျော်..အဲ့တကားလုံးက ခနတာ team members တွေဖြစ်သွားပီး team work အနေနဲ့အောက်ကလူတွေကိုဆော် အောက်ကလူတွေကလဲရေခဲရေတွေနဲ့ပြန်ချ ငုံ့ရှောင် ရေကို refill တယောက်ကထည့်နေရင် တယောက်ကကာပစ် ရေကုန်နေပီ ဟိုလူ့ပက်ပေးဆိုပီး ဒီလူ့ပက်ပေးဆိုပီး အကူတောင်း အလစ်အပက်ခံလိုက်ရရင်အော်ကြ ရယ်ကြနဲ့ international friends တွေလဲရ ခဏလေးတူတူစီးကြတာဆိုပေမဲ့ အရမ်းပျော်ရတယ်..တကယ် ✨🤗

Pattaya သကြ်န်ကျမယ်ဆိုရင်တော့ beach front hotel တွေမှာ နေဖို့အကြံပေးချင်တယ် အဲ့ beach road တစ်ပတ်ကအစည်ဆုံးမို့လေ ရေစိုမှာစိုးလို့အပြင်မထွက်ချင်ရင်တောင် corridor ကနေ အပြင်ကိုလှမ်းကြည့်ရုံနဲ့တင် အပျော်တွေကူးမှာ..🤩

Thai Songkran က ချစ်ဖို့ကောင်းတာရှိသေးတယ် ရေမစိုချင်ဘူးဆို လက်ကာပြရုံပဲ တစ်ကိုယ်လုံးခြောက်နေတယ် ရေပြွတ်မကိုင်ထားဘူးဆို အလုပ်လုပ်နေတဲ့သူတွေဆို မပက်ဘူး..ခွက်စောင်းခုတ်တာတွေ အသားနာအောင်တမင်လုပ်တာတွေမရှိဘူး ဘာလို့အဲ့ဒါပြောရတာလဲဆို ကိုယ်တွေဆီမှာက သိတဲ့အတိုင်းပဲ ဒီမှာအဲ့လိုညစ်ပက်တာတွေမရှိဘူး

ဒါပေမဲ့တချို့ foreigner တွေက အကောင်ကြီးတော့ သူတို့အရပ်နဲ့ လှမ်းပက်တဲ့အခါကျရင် မျက်နှာကို တည့်တည့်မှန်တာတွေရှိတယ် အထူးသဖြင့် မျက်လုံး ပေါ့ အဲ့ဒါကြောင့်လဲသူတို့ ရေကာမျက်မှန်လေးတွေ ရောင်းတာ ဆော့မယ်ဆိုရင်တော့ဝယ်တပ်သင့်တယ် 🥽
ကိုယ့် experience အရတော့ Pattaya မှာ အဲ့လိုမကြုံဘူး Phuket မှာတော့ Bangla Street ကိုဖြတ်ရင်း မျက်လုံးထိပီး အရမ်းအောင့်သွားတယ် အဲ့တုန်းကမျက်မှန်မတပ်ထားမိဘူး

ကဲ..ဒါကတော့ ကိုယ့်ရဲ့ Songkran 2026 ပေါင်းချုပ်ပါ..
နောက်နှစ် Songkran join ဖြစ်မယ်ဆိုရင်တော့ ပိုက်ဆံတွေအကုန်ခံပီး တခြားဘယ်မှလျှောက်မသွားတော့ဘူး Pattaya ပဲသွားတော့မယ် ရှင်တို့ရော နောက်နှစ်သကြ်န်ဘယ်သွားမှာလဲပြော🤠 အခုကတဲက ကြိုplan ကြမယ် 😎

တော်သေးဘီ....🥰🥰



Best Regards,
Olivia 💖

18/04/2026

My Before & After changes 😝

12/04/2026

ဘာလီ ခရီးစဥ်တွေကြားထဲ Songkran လေးတဖြတ် 🇹🇭💦🔫

19/03/2026

"Bali ရောက်ပီး ဒီနေရာကို မရောက်ခဲ့ဘူးဆိုရင်တော့ တကယ့်ကို So Sad ပဲ! 🌞💦"အလုပ်တွေရှုပ်နေတာနဲ့ ပျောက်နေတာ အခုမှပဲ ပြန်ပေါ်လ...
18/03/2026

"Bali ရောက်ပီး ဒီနေရာကို မရောက်ခဲ့ဘူးဆိုရင်တော့ တကယ့်ကို So Sad ပဲ! 🌞💦"

အလုပ်တွေရှုပ်နေတာနဲ့ ပျောက်နေတာ အခုမှပဲ ပြန်ပေါ်လာရတော့တယ်။
ဒါပေမယ့်
ဒီနေရာကို share မလုပ်ဘဲ မနေနိုင်လို့ ......👀

အခုတစ်ခေါက်တော့ Video ထဲမှာ အားလုံးသဘောကျကြတဲ့ Tukud Cepung Waterfall အကြောင်းကို ဓာတ်ပုံလှလှလေးတွေနဲ့အတူ သေချာလေး ပြန်ပြောပြချင်လို့ပါ။

👉 Tukad Cepung Waterfall

ဒီ waterfall က လေ Bali မှာ အလှဆုံးထဲက တစ်ခုလို့ ပြောလို့ရတယ်

ဘာလို့လဲဆိုတော့ —
🌄 နေရောင်က cave ထဲကနေ ဝင်လာပြီး waterfall ပေါ်ကို ထိတဲ့အချိန်
✨ natural spotlight လို effect ဖြစ်သွားတာ တကယ့် real life မှာဆို video ထက်တောင် ပိုလှတယ်…

📍 Tukud Cepung Waterfall အကြောင်း(Detailed Guide)
၁။ ဝင်ကြေးနဲ့ သွားလာရမယ့်နေရာ (Location & Fee)
• Location: Bali ရဲ့ Bangli ဒေသမှာ ရှိတာပါ။ Ubud ကနေဆိုရင် ဆိုင်ကယ် ဒါမှမဟုတ် ကားနဲ့ (၁) နာရီဝန်းကျင်ပဲ မောင်းရပါတယ်။
• Entry Fee: တစ်ယောက်ကို IDR 15,000 ကနေ 20,000 ဝန်းကျင် (မြန်မာငွေ ၅,၀၀၀ ကျပ်ဝန်းကျင်) ပဲ ရှိတာမို့ တန်တယ်လို့ ပြောရမှာပါ။
၂။ ရေတံခွန်ဆီ သွားရတဲ့ လမ်းခရီး (The Hike)
• တခြားရေတံခွန်တွေလို အဝေးကြီး လမ်းလျှောက်ရတာမျိုး မဟုတ်ပါဘူး။ ကားပါကင်ကနေ ၁၅ မိနစ်လောက် လှေကားထစ်တွေအတိုင်း ဆင်းသွားရုံပါပဲ။
• ဒါပေမဲ့ ဂူထဲကို ရောက်ဖို့ဆိုရင် ဒူးလောက်ထိ နက်တဲ့ ရေထဲကို ဖြတ်လျှောက်ရတာမျိုး ရှိနိုင်လို့ အဝတ်အစားနဲ့ ဖိနပ်ကို သေချာ ရွေးချယ်သွားဖို့ လိုပါတယ်။ (Bikini ဒါမှမဟုတ် ရေစိုခံနိုင်မယ့် အဝတ်အစားက အသင့်တော်ဆုံးပဲ!)
၃။ နေရောင် (Sunbeams) ကို ဘယ်အချိန်မှာ မြင်ရမလဲ?
• ဒါက အရေးကြီးဆုံးအချက်ပါ! မနက် ၉ နာရီခွဲ ကနေ ၁၁ နာရီကြား က အကောင်းဆုံးအချိန်ပါ။ အဲ့ဒီအချိန်မှာ နေမင်းကြီးက ဂူရဲ့ ထိပ်တည့်တည့်ကို ရောက်နေတာမို့ အလင်းတန်း (Light Rays) တွေက ရေတံခွန်ပေါ်ကို တည့်တည့်ကျနေတာကို တွေ့ရမှာပါ။
၄။ Photography Tips:
• ရေမှုန်ရေမွှားတွေက ကင်မရာမှန်ဘီလူးပေါ် ကျတတ်လို့ Lens သုတ်ဖို့ အဝတ်အမြဲဆောင်ထားပါ။
• ဒီနေရာကလေ အရမ်း Famous ဖြစ်လို့ လူတန်းစီရတတ်ပါတယ်။ ကိုယ့်အလှည့်ရောက်ရင် ပုံလှလှရအောင် ဘယ်လို Pose ပေးမလဲဆိုတာ ကြိုစဉ်းစားထားစေချင်တယ်။ (ကိုယ့်အလှည့်ရောက်မှ ဘာလုပ်ရမလဲမသိတော့ဘူး တွေကိုယ်ဆို ဖြစ်တတ်လို့ 😂)

Bali ကို သွားဖို့ Plan ရှိလား?
ဒီနေရာကို သွားဖို့ Location Link နဲ့ Budget အသေးစိတ် သိချင်တဲ့သူရှိရင် DM ရေးခဲ့ပေးနော်။ကိုယ် တဆင့်ချင်းစီ ပြောပြပေးမယ်!

Address

Yangon

Website

Alerts

Be the first to know and let us send you an email when This Is Olivia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share