My Rib

My Rib သင့်နံရိုးလေးကို ဒီမှာလာရှာကြည့်လိုက်ပါ

ဝေးကွာသွားတဲ့ ချစ်ရသူတွေ ဝေးစရာလူမရှိသေးတဲ့ faလေးတို့ရေ ဒီPageလေးကနေ ကိုယ့်ရဲ့ ချစ်ခဲ့ရသူတွေ ချစ်ရမယ့်လူတွေကိုလာရှာလို့ရ...
24/08/2024

ဝေးကွာသွားတဲ့ ချစ်ရသူတွေ ဝေးစရာလူမရှိသေးတဲ့ faလေးတို့ရေ ဒီPageလေးကနေ ကိုယ့်ရဲ့ ချစ်ခဲ့ရသူတွေ ချစ်ရမယ့်လူတွေကိုလာရှာလို့ရပါတယ်နော်။
သင်သတိရလို့ရှာနေတဲ့လူဟာ သင့်ကိုလဲရှာနေနိုင်ပါတယ်။ ချစ်ရမယ့်လူမရှိသေးတဲ့faလေးတွေဟာလဲ သင့်ကိုအရမ်းချစ်မယ့်လူသားလေးတစ်ယောက်ကို ဒီနေရာလေးကနေတွေ့သွားနိုင်ပါတယ်နော်။ သင့်ကိုဘယ်သူမှမချစ်ဘူးဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ သင့်ကိုအရမ်းချစ်မယ့်လူဟာ ဒီကမ္ဘာကြီးရဲ့တစ်နေရာရာမှာ သေချာပေါက်ရှိနေပါတယ်။ သေချာလေးရှာမကြည့်မိလို့မတွေ့သေးတာပါ။
ဝေးကွာသွားခဲ့ရတဲ့ချစ်ရသူတွေဟာလဲ တစ်ယောက်ကိုတစ်ယောက်ရှာရင်းနဲ့ အကြောင်းမတိုက်ဆိုင်သေးလို့မတွေ့သေးတာပါနော်။ ချစ်ခဲ့ရတဲ့လူတွေကိုပြန်ဆုံစည်းနိုင်ဖို့ ချစ်ရမယ့်လူမရှိသေးတဲ့ အထီးကျန်သမားလေးတွေကို အရမ်းချစ်ပေးမယ့်လူနဲ့တွေ့ပေးနိုင်အောင်ကူညီပေးနိုင်ဖို့ မင်မင်တို့ရဲ့ My Rib Pageလေးကိုအမြန်လာခဲ့ကြနော်။

23/08/2024

လူရှာချင်လို့ ဆိုတာထက်
နေကောင်းရဲ့လား
အဆင်ပြေ
ပျော်ရွှင်နေရဲ့လား
သိချင်လို့ ရှာပါရစေ ..
သူနဲ့ အဆက်အသွယ်
ပြတ်သွားတဲ့
ကာလ တခုကနေ
အခုထိ ရှာကြည့်ဖို့
မတွေးခဲ့ဖူးပါဘူး ..
ကိုယ့် ဘက်မှာလဲ
အခြေအနေတွေ
အများကြီး ကြုံခဲ့
ဖြစ်ခဲ့ပြီ မို့ ..
Gtalk , VZO chat ရတဲ့
ခေတ်ကပေါ့လေ
Online Lover အဖြစ်
၃နှစ်လောက်
ဖြစ်မယ်ထင်ပါရဲ့
{ သိပ်မမှတ်မိတော့ပါ }
ကိုယ်က အဲ့ဒီတုန်းက
MCC Comupter မှာ
EPC ရုံးမှာ Operator
လုပ်နေတာ မို့
ရန်ကုန်ရုံးချုပ်က
နယ်က ၀န်ထမ်းတွေကို
ဖိတ်လို့ ရန်ကုန်မြို့
ဆိုတာကြီးကို ရောက်ခဲ့ရချိန်မှာ
Company က
ကိုယ့်နယ်ကို
တာ၀န်ယူထားတဲ့
ကိုယ့်အထက်လူကြီး
ကို ချစ်သူကောင်လေး
နဲ့ ခဏ သွားတွေ့ပါရစေ
လို့ ကြောက်ကြောက်နဲ့
မရဲတရဲ ခွင့်တောင်းပြီး
ခဏ သွားတွေ့ခဲ့ ရတာ
သူနဲ့ တွေ့ရတော့
အရမ်းရင်ခုန်ခဲ့ရတာပဲ
အပြင်မှာ ပထမဆုံး
တွေ့ဖူးတာကိုး
{ ပထမဆုံး နဲ့ နောက်ဆုံး
တွေ့ခဲ့ရတာ လို့
မသိခဲ့ဘူး }

သူက အပြင်မှာ
တွေ့တော့
ကိုယ့်ထက်
အရပ်ရှည်တယ် 🥰
ကိုယ်က 5 ပေ 6
သူက 5 ပေ 8 လောက်
ရှိမယ်ထင်တယ် .. 🥰
အသားလဲ
တော်တော်ဖြူတယ် ..
​ကိုယ် မှတ်မိသလောက်

သူ့ Data တွေက

သူ့ နာမယ်က
၀င့်ဇော်မိုး
မင်္ဂလာတောင်ညွန့် မှာ
နေတာ အဲ့တုန်းကပေါ့နော်

ကိုယ့်အပေါ်မှာ
တကယ်ချစ်ပေး ၊
ဂရုစိုက်ပေး ခဲ့
အရမ်းကောင်းပေးခဲ့ တဲ့
လူသားလေး မို့
သတိရနေပါတယ်

{ မရိုးသားတဲ့စိတ်နဲ့
မဟုတ်ပါဘူးနော် ..
အခုချိန် သူရော
ဘယ်လို အနေအထား
ရှိနေမလဲ ..
အနေအထားဆိုတာ
ပကာသနတွေ ဆိုလိုခြင်း
မဟုတ်ပါဘူးနော် } ..

သူ့ကို
သိတဲ့သူရှိရင်ဖြစ်ဖြစ် ..

သူ ဒီ Gp မှာ
ရှိနေရင် ဖြစ်ဖြစ်

စကားတွေ ပြောချင်တာ
တွေ ရှိနေလို့မို့
မှတ်မိတယ် ဆိုရင်
မင်မင့် ဆီ က
အကောင့်တောင်းတာပဲ
ဖြစ်ဖြစ်
မင်မင့် ဆီ မှာ
အကောင့် Link လေး
ပေးတာပဲ ဖြစ်ဖြစ်
လုပ်ပေးပါနော် ..

လာဆက်သွယ်ပါ့မယ် ..🍀

တိုတောင်းလှတဲ့
လောကကြီး
​အဆိုးတွေများတဲ့
ကာလကြီးမှာ
စိတ်ချမ်းသာခြင်းတွေသာ
ပိုင်ဆိုင်ပါစေနော် ... ❣️

🦋

Address

Yangon
11041

Website

Alerts

Be the first to know and let us send you an email when My Rib posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category