15/04/2026
🇯🇵 ဂျပန်နိုင်ငံမှာ "စက်မှုကုန်ထုတ်" ကျွမ်းကျင်လုပ်သားအဖြစ် အလုပ်ကိုင်လိုပါသလား?
ဂျပန်နိုင်ငံရဲ့ ထိပ်တန်းစက်ရုံကြီးတွေမှာ Specified Skilled Worker (SSW - တိုကုတေး) ဗီဇာနဲ့ အလုပ်လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းကောင်းများ ရောက်ရှိလို့လာပါပြီ။
စက်မှုကုန်ထုတ်လုပ်ငန်း (Manufacturing) နယ်ပယ်မှာ မိမိတို့ရဲ့ အနာဂတ်ကို စနစ်တကျ တည်ဆောက်လိုသူများအတွက် အထူးရည်ရွယ်တဲ့ သင်တန်းဖြစ်ပါတယ်။
🛠️ သင်ကြားပေးမည့် ဘာသာရပ်များ
စက်မှုလက်မှုဆိုင်ရာ အခြေခံဗဟုသုတများ
တိုင်းတာရေးကိရိယာ အသုံးချပုံ (Measurement Tools)
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး (Safety First)
အင်တာဗျူး အောင်မြင်အောင် လေ့ကျင့်ပေးခြင်း (Interview Coaching)
✅ လိုအပ်ချက်များ
ဂျပန်စာ N4 အဆင့်ရှိသူ ဖြစ်ရပါမည်။
စက်မှုကုန်ထုတ် ကျွမ်းကျင်မှုစာမေးပွဲ အောင်မြင်ထားသူ (သို့မဟုတ်) အလုပ်သင်ပြန် (Ex-trainee) များ ဖြစ်ရပါမည်။
💡 ဘာကြောင့် စက်မှုကုန်ထုတ်လုပ်ငန်းကို ရွေးချယ်သင့်တာလဲ?
တည်ငြိမ်မှု: အလုပ်အကိုင် ခိုင်မာပြီး လစာနှင့် ခံစားခွင့် ကောင်းမွန်ခြင်း။
နည်းပညာ: ဂျပန်နိုင်ငံရဲ့ အဆင့်မြင့် နည်းပညာတွေကို လက်တွေ့ လေ့လာခွင့်ရခြင်း။
ရေရှည်: (၅) နှစ်အထိ စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင်နိုင်ခြင်း။
📢 အထူးသတင်းကောင်း
လာမည့် ဇူလိုင်လ တွင် မြန်မာနိုင်ငံ၌ "တိုကုတေး စက်မှုကုန်ထုတ်စာမေးပွဲ" ကျင်းပတော့မည် ဖြစ်သောကြောင့် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားသင့်သည့် အချိန်အခါကောင်း ဖြစ်ပါတယ်။
စာမေးပွဲအတွက် လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ဝေါဟာရတွေကအစ၊ အင်တာဗျူး ဖြေဆိုပုံအဆုံး ကျွန်တော်တို့ သင်တန်းမှ အနီးကပ် လမ်းညွှန်ပေးသွားမှာပါ။ စာမေးပွဲဖောင်တင်ခြင်း လုပ်ငန်းစဉ်များကိုလည်း သင်တန်းမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာမို့လို့ စိတ်ပူစရာ မလိုဘူးနော်။
🗓️ သင်တန်းအသေးစိတ်
သင်ကြားမှုပုံစံ: Zoom Online Class
သင်တန်းရက်: တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး (တစ်ပတ် ၃ ရက်)
သင်တန်းအချိန်: ည ၇ နာရီ မှ ၉ နာရီအထိ
သင်တန်းကာလ: ၆ ပတ် (၁ လခွဲ)
သင်တန်းစမည့်ရက်: မေလ (ပထမပတ်)
သင်တန်းကြေး: ၂၅၀,၀၀၀ ကျပ် (စာရွက်စာတမ်းကြေး အပြီးအစီး)
📍 ဆက်သွယ်ရန်:
မိမိတို့ရဲ့ အနာဂတ်အတွက် စနစ်တကျ ပြင်ဆင်လိုပါက Chatbox (သို့မဟုတ်) ဖုန်းဖြင့် အသေးစိတ် စုံစမ်းနိုင်ပါသည်။
📞 ဖုန်း: 09 965 006 294
မှတ်ချက်: အရှေ့မှာလည်း အင်တာဗျူးအောင်မြင်ပြီး စာမေးပွဲအောင်ထားသူများစွာ ရှိနေပြီဖြစ်လို့ ခုပဲ လက်မနှေးဘဲ ဆက်သွယ်လိုက်ပါခင်ဗျာ။
#တိုကုတေးစက်မှုကုန်ထုတ်
#တိုကုတေး