Nature Farm

Nature Farm သဘာဝ မြေအိုးဒိန်ချဥ်

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲတော့ဘူး ဆိုတဲ့ အတိုင်းပါပဲ။ အစာအိမ်နဲ့ အ...
16/03/2025

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ
ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲတော့ဘူး ဆိုတဲ့ အတိုင်းပါပဲ။ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကောင်းမယ်ဆိုရင် နေရထိုင်ရတာ လန်းဆန်းပြီး နေ့စဉ်ဘဝတွေ သာယာမှာ အမှန်ပါပဲ။

ad icon
advertisement

ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အစားအစာဖြစ်တဲ့ ဒိန်ချဉ်ကို စားခြင်းအားဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက် ပါတယ်။

(၁) ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကုသနိုင်ခြင်း
ဝမ်းပျက်ရင် ဒိန်ချဉ်မသောက်ရဘူးဆိုပြီး တော်တော်များများက အယူအဆမှားတတ် ကြပါတယ်။ တကယ်တော့ ဝမ်းလျှောဝမ်းပျက်ဖြစ်ခဲ့ရင် ဒိန်ချဉ်သောက်ပေးသင့်တာပါ။

ဘာကြောင့်လဲဆိုရင် ဒိန်ချဉ်မှာ Lacto bacilli လို့ခေါ်တဲ့ အူလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ဘတ်တီးရီးယားလေးတွေ အမြောက်အမြားပါဝင်လို့ပဲ ဖြစ်ပါတယ်။

ဝမ်းပျက်တဲ့အခါ ခန္ဓာကိုယ်ထဲက အူနံရံတွေဟာ ပျက်စီးရပါတယ်။ Lacto Bacilli ဆိုတဲ့ ဘတ်တီးရီးယားလေးတွေမှာ ဝမ်းပျက်လို့ ပျက်စီးနေတဲ့ အူနံရံတွေကို ပြန်လည်ကောင်းမွန်လာစေခြင်း၊ အန္တရာယ်ရှိတဲ့ ပြင်ပပိုးမွှားတွေ နေရာမယူနိုင်အောင် အင်အားသုံးဖယ်ထုတ်နိုင်ခြင်း စတဲ့ အစွမ်းတွေရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာကို သက်သာစေပါတယ်။

(၂) အသားအ‌ရေ စိုပြေ လှပစေခြင်း
ဒိန်ချဉ်မှာ ဆိုရင် အရွယ်တင်နုပျိုလှပစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် အသားအရေအပြင် ဆံကေသာရဲ့ လှပနုပျိုခြင်းကိုပါ ရရှိနိုင်စေပါတယ်။ ဒိန်ချဉ်ကို ပုံမှန်သောက်သုံးသွားမယ်ဆိုရင် အသားအ‌ရေ လှပခြင်းကို ထိန်းသိမ်းရာရောက်ပြီး အရွယ်တင် နုပျိုလှပစေမှာပါပဲ။

(၃) ဝိတ်ကျစေခြင်း
ဒိန်ချဉ်ဟာ အစာအိမ်ကို ပြည့်စေပြီး အဆာခံစေပါတယ်။ ဒါကြောင့် ဒိန်ချဉ် စားထားပြီးချိန်မှာ ဗိုက်ခဏခဏ မဆာတော့တဲ့အတွက် မလိုအပ်တဲ့ ကယ်လိုရီအပိုတွေကို စားသုံးမိခြင်းမှလည်း ကာကွယ်ပေးရာရောက်ပါတယ်။

(၄) ခံတွင်းပျက်ခြင်းကို သက်သာစေနိုင်ခြင်း
ad icon
advertisement

ဒိန်ချဉ်စားခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ကောင်းမွန်စွာ လည်ပတ်စေနိုင်တဲ့ အတွက် ခံတွင်းပျက်ခြင်း၊ အစားအသောက်ပျက်ခြင်း တို့ကို ပျောက်ကင်းစေပါတယ်။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုကြောင့်ဖြစ်ဖြစ် အစားစားချင်စိတ် လျော့နည်းလာနေပြီဆိုရင်တော့ ဒိန်ချဉ်အေးအေးလေး တစ်ခွက်က ဆေးတစ်ခွက်အလား ကုစားပေးနိုင် မှာပါ။

(၅) အရိုးတွေကို သန်မာစေပါတယ်။
ကယ်စီယမ်နဲ့ ဗီတာမင်ဒီဟာ အရိုးကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒိန်ချဉ်ဟာ နို့ထွက်ပစ္စည်းဖြစ်တာကြောင့် ကယ်စီယမ်နဲ့ ဗီတာမင်ဒီပါဝင်ပါတယ်။ ဒိန်ချဉ်သောက်သုံးခြင်းအားဖြင့် အရိုးတွေကို ကြံ့ခိုင်သန်မာစေနိုင်တာမို့ လူငယ်တွေအပြင် အသက်ကြီးသူတွေပါ သောက်သုံးသင့်ကြောင်း တိုက်တွန်းချင်ပါတယ်။

(၆) သွေးပေါင်ချိန် ထိန်းညှိပေးနိုင်ပါတယ်။
ဒိန်ချဉ်ဟာ သွေးပေါင်ချိန် မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်တာမို့ သွေးတိုးသမားတွေ သောက်သုံးသင့်တဲ့ အစားအစာတစ်ခုပါ။ သွေးပေါင်ချိန်ကိုထိန်းပေးနိုင်တာကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၇) ‌ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်း
ဒိန်ချဉ်သောက်သုံးခြင်းအားဖြင့်‌ ရောင်ရမ်းနာကျင်ခြင်းတွေကို လျော့နည်း သက်သာစေတယ်လို့ ဆိုထားပါတယ်။

ဒိန်ချဉ်ဟာ စျေးမကြီးတဲ့ အပြင် လွယ်လွယ်ကူကူလည်းရရှိနိုင်တဲ့ စားစရာတစ်ခုပါ။ ဒိန်ချဉ်သောက်ခြင်းကကောင်းကျိုးတွေ အများကြီး ပေးနိုင်တယ် ဆိုတာကို သိရှိပြီးတဲ့ အတွက် ခုပဲဒိန်ချဉ်တစ်ခွက်သောက်လိုက်ရအောင်။

ရေးသားသူ- ဒေါက်တာမှူးခင်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nature Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share