TNK

TNK hi

09/01/2026

ဒီနေ့တော့ စိတ်ခွန်အား ဖြစ်စေမယ့် ဇာတ်ကားလေးတစ်ကားကို ညွှန်းချင်ပါတယ်။

ဇာတ်ကားအစမှာ‌ ညဏ်စမ်း မေးခွန်း‌တွေဖြေရတဲ့ ပြိုင်ပွဲမှာ လက်ထောက် ဖုန်းကြော်ငြာသမားတစ်ယောက်က ၀င်ပြိုင်နေပါတယ်။ ဆင်းရဲသားတစ်ယောက်က ဉာဏ်စမ်းပြိုင်ပွဲမှာ ရူးပီး ဆယ်သန်း‌တန် မေးခွန်းကို ဖြေနိုင်လို့ ရဲစခန်းမှာ စစ်ဆေးခံနေရပါ‌တော့တယ်။ သူ့နာမည်က ဂျမား လို့ခေါ်ပါတယ်။

လူတိုင်းက ရူပီး 16000 တန်မေးခွန်းကိုတောင် မကျော်နိုင်ကြချိန်မှာဂျမားလို ဆင်းရဲသားက နောက်ဆုံးဉာဏ်စမ်းမေးခွန်း ရူးပီးဆယ်သန်းတန်ထိ ရောက်အောင် ဖြေနိုင်တာကြောင့် မသမာသူဟုဆိုကာ ပွဲစီစဉ်သူတွေက သူ့ကို ရဲစခန်းကို ပို့လိုက်ကြတာပါ။

တကယ်လည်း ယုံချင်စရာမှ မရှိတာကိုး။ ငယ်ငယ်ကတည်းက ဆင်းရဲသားရပ်ကွက်မှာ နေခဲ့တဲ့ကောင်လေးတစ်ယောက်က ဒီလိုခက်တဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်တော့ သူတို့ထင်တာလည်း မှားတယ်လို့ပြောလို့မရဘူး။

ဒါပေမဲ့ ဂျမားက ရဲစခန်းမှာ ရဲမှူးနဲ့ မေးခွန်းတစ်ခုချင်းစီရဲ့ အဖြေကို ဘယ်လိုသိခဲ့တယ်ဆိုတာ ပြန်ပြောပြတာကို ဇာတ်အိမ်တည်ထားပါတယ်။

ဂျမားက ငယ်ငယ်ကတည်းက သူ့အစ်ကိုဆလင်းနဲ့အတူ ဆင်းဆင်းရဲရဲနေခဲ့ရတယ်။ အရွယ်ရောက်လာချိန်မှာတော့ သူ့အစ်ကိုနဲ့ ကွဲသွားပြီး လက်ထောက် ဖုန်းကြော်ငြာသမားအနေနဲ့လုပ်ကိုင်ရင်း ဖုန်းကြော်ငြာသမားတွေကို လက်ဖက်ရည် ၀ယ်ပေးရတဲ့အလုပ်လုပ်နေရတာပါ။

ငယ်ငယ်ကတည်းက မိဘတွေကို ဘာသာရေးတွေ မတူကြလို့ ရန်ဖြစ်ကြရင်း ဆုံးရှုံးခဲ့ရတယ်။ သူအစ်ကိုနဲ့သူ ရောက်တဲ့နေရာမှာ ခိုးရင်း ဝှက်ရင်းနဲ့ပဲ ရှေ့ဆက်ခဲ့ကြရတာပါ။ ဒါ့အပြင် ကလေးတွေကိုတောင်းစားခိုင်းပြီး ပိုက်ဆံရှာနေတဲ့ လူဆိုးဂိုဏ်တွေနဲ့ ကြုံခဲ့ရတယ်။ ရေးပြတာထက်တောင် ဆိုးတဲ့ သူဘ၀ရဲ့ အတွေ့အကြုံ အခက်ခဲတွေကို စိတ်၀င်တစားကြည့်ရမှာပါ။

"အတိတ်က ဒဏ်ရာတွေဆိုတာ မေ့မရဆုံး"လို့ ဆိုတဲ့အတိုင်းလည်း ဂျမား အတွက် မေးခွန်းတွေက ခက်တယ်ဆိုတာထက် သူရဲ့ အတိတ်က မေ့ရတဲ့ဖြစ်ရပ်တွေက သူ့ကို အဖြေပေးသွားတဲ့ ဇာတ်လမ်းမျိုးလေးပါ။

ပြီးတော့ ဂျမားရဲ့ အချစ်ရေးကိုလည်း ပြည့်ပြည့်စုံစုံပြသွားပါတယ်။ "မင်းဖြစ်နေလို့ကို ချစ်တာ" ဆိုတဲ့ အချစ်မျိုးလေးပေါ့။

ဇာတ်လမ်းလေးကိုကြည့်ရင်း သူလို အတိတ်က ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး စိတ်ခွန်အားရစေဖို့နဲ့ သူ့လိုမျိုး ကိုယ့်ချစ်ရသူအပေါ် မေတ္တာထားတတ်ဖို့ Slumdog Millionaire (2008) ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းလေး ရေးပေးလိုက်ပါတယ်ခင်ဗျာ။

Author : JinX

🔗 ရုပ်ရှင်လင့်ကို Comment တွင်ကြည့်ရှုနိုင်ပါတယ်



Address

Yangon Yangon
Yangon
HHHHHHHHH

Website

Alerts

Be the first to know and let us send you an email when TNK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category