29/10/2025
⚕️ Emergency Pill ဆိုတာဘာလဲ?
Emergency Contraceptive Pill (အရေးပေါ်အကာအကွယ်ဆေး) သည်
အကာအကွယ်မရှိဘဲ လိင်ဆက်ဆံပြီးနောက် 24 နာရီမှ 72 နာရီအတွင်း သောက်ရတဲ့ ဆေးဖြစ်ပါတယ်။
အမြန်ဆုံးသောက်လေ၊ ကိုယ်ဝန်ဖြစ်နိုင်ခြေ ပိုလျှော့လေဖြစ်ပါတယ်။
🔹 ဘယ်လိုအလုပ်လုပ်သလဲ?
Emergency pill သည် ဖိုဥနှင့်မဥ မပေါင်းစည်းအောင်တားပေးခြင်းဖြင့် ကိုယ်ဝန်ဖြစ်နိုင်ခြေကို လျှော့ချပေးပါသည်။
🔹 သုံးသင့်ချိန်
လိင်ဆက်ဆံပြီး 24 နာရီအတွင်း သောက်လေ အကျိုးအမြင့်ဆုံးဖြစ်ပါတယ်။
72 နာရီအထိ သောက်လို့ရပေမဲ့ အကျိုးသက်ရောက်မှုနည်းသွားနိုင်ပါတယ်။
🔹 သတိပြုရန်များ
Emergency pill သည် အရေးပေါ်အတွက်သာဖြစ်ပြီး ပုံမှန်အကာအကွယ်နည်းအဖြစ် မသုံးသင့်ပါ။
တစ်ခါတစ်ရံ သုံးခြင်းအတွက်သာသင့်တော်ပါတယ်။
သောက်နည်းမသိသူများ ဆေးမသောက်မီ ဆရာဝန် သို့မဟုတ် ဆေးဆိုင်နဲ့ တိုင်ပင်ရန်လိုအပ်ပါတယ်။
သောက်ပြီးနောက် အန်ချင်တာမျိုးဖြစ်ခြင်း၊မူးဝေလာခြင်း၊အိပ်မပျော်ခြင်း စတဲ့ အနည်းငယ်သော side effects ဖြစ်နိုင်ပါသည်။
🔹 အခြားအကာအကွယ်နည်းများ
အရေးပေါ်ဆေးအစား ပုံမှန်ကာကွယ်နည်းများ (condom, regular pills, injection, implant) အသုံးပြုခြင်းဖြင့် တုံ့ပြန်ကာကွယ်နိုင်ပါသည်။
ကျန်းမာရေးနဲ့ပတ်သတ်တဲ့ဗဟုသုတတွေအပြင် ဆေးတွေရဲ့အသုံးဝင်ပုံတွေပါ ဗဟုသုတအနေနဲ့တင်ပေးနေမှာမို့ မင်မင်တို့ရဲ့ Pageလေးကို like & Followလုပ်ပေးဖို့ မမေ့ပါနဲ့နော် 🤗👏
#သုခပြည့်စုံဆေးဆိုင်_thukhapyaesonepharmacy
#အရေးပေါ်တားဆေး #ကျန်းမာရေးဗဟုသုတ
#အမျိုးသမီးကျန်းမာရေး #ဆေးဆိုင်