မှာစား-Mhar Sar Online Food Service

မှာစား-Mhar Sar Online Food Service To Serve Food Enthusiats, Snack Lovers and Health-Concious Individuals🛍️🛒🍭
Order.Eat.Repeat.
📍Yangon,Myanmar

04/05/2026

လူငယ်တွေကြိုက်တဲ့ Coffee Shop တစ်ဆိုင်ဖွင့်
မယ်ဆိုရင် မဖြစ်မနေလုပ်ဖြစ်မဲ့ အချက် (၅) ချက်

🔹လာချင်စေတဲ့နေရာမဟုတ်ဘဲ နေချင်စေတဲ့နေရာ ဖြစ်ရမယ်

လူငယ်တွေက coffee သောက်ဖို့တစ်ခုတည်းမလာဘူး
အေးဆေးထိုင်ချင်လို့ chill ချင်လို့ content/Vlog ရိုက်ချင်လို့ စာလုပ်ချင်လို့လာကြတာ
ဒါကြောင့်…
Lighting
Seating
Music ဒီ (၃) မျိုးကို Focus ထားမယ်

“ဒီဆိုင်က ထိုင်ရတာအေးအေးဆေးဆေးရှိတယ်” Feeling ပေးနိုင်မယ်

🔹“ဓာတ်ပုံရိုက်လို့ကောင်းရမယ်” ဆိုတာထက်ပိုတဲ့အရာ
ဆိုင်လှရုံနဲ့ လူငယ်တွေ selfie ဆွဲ Vlog မရိုက်ဘူး
သူတို့က Story တင်ဖို့ content လာရှာကြတာ
ဒါကြောင့်
Photo spots 2–3 ခု design သေချာလေးလုပ်
Cup / packaging တွေပါ aesthetic ဖြစ်ရမယ်

“ဒီဆိုင်လာရင် ဒီလို Post တင်လို့ရတယ်” ဆိုတဲ့ Experience ရစေမယ်

🔹တန်တယ်လို့ခံစားရအောင်ပေးနိုင်ဖို့
လူငယ်တွေက စျေးချိုတာထက်
value for money ကိုပိုကြည့်တယ်
ဒါကြောင့်…
Portion မလျှော့
COGS ထိန်းဖို့ Bliss Point လုပ်ဖို့စီစဉ်ကြည့်မယ်
Taste ကိုထိန်းနိုင်သမျှထိန်းမယ်
Combo menu တွေဖန်တီးမယ်

🔹ဝန်ထမ်းနဲ့လည်း သက်ဆိုင်တယ်
Decoration ကောင်းလည်း
Staff attitude မကောင်းရင် မလာပါဘူး
ဘယ်လုပ်ငန်းမဆို ဝန်ထမ်းတွေကို Brand Image လို့သတ်မှတ်နိုင်တယ်

ဒါကြောင့်…
အပေါ်ယံသက်သက်မဟုတ်တဲ့ Friendly ဖြစ်အောင် Staff Training ကို တစ်လတခါ လေ့ကျင့်ပေးမယ်
Quick response ရှိဖို့လဲအရေးကြီးတယ်
ဒီဆိုင်က လူတွေပြန်လာချင်စေတယ်

🔹“တစ်ခါလာပြီးပြန်မယ် မဟုတ်ဘူး
ပြန်လာစေမယ့်အကြောင်း” ရှိရမယ်
ဝယ်သူအသစ်တစ်ယောက်ရအောင်ဖန်တီးတာထက် အဟောင်းတစ်ယောက်ပြန်လာအောင် လုပ်တာက ပိုသက်သာသလို ပိုလွယ်ပါတယ်
ဒါကြောင့်…

Stamp card / discount ပေးတာမျိုး
Seasonal menu / new items
Small surprise (free add-on sometimes) လုပ်ပေးမယ်

🔹သတိထားရမဲ့ Blindspot များ

Decoration ကို Focus ထားတာကောင်းပေမဲ့ Customer experience ကို ကြည့်ဖို့မေ့နေတာများတယ်
ကော်ဖီဆိုင်ကို လာသူတွေထဲမှာ
ကော်ဖီဆိုတဲ့ အစေ့ရဲ့ နောက်ကွယ်က feeling ကိုခံစားဖို့
Content တင်ဖို့ ပုံလာရိုက်တဲ့ လူငယ်တွေ
ကော်ဖီသောက်ဖို့ Cappuccino ရွေးရမလား Latte ရွေးရမလား မသဲကွဲတဲ့သူတွေ
နောက်ဆုံးတော့ Americano ဒါမှမဟုတ် Espresso မှားရွေးသွားတဲ့သူတွေ… လာတာများပါတယ်
စကားမစပ် ကျနော်က Black Coffee နဲ့ Sunkist Espresso အရမ်းကြိုက်တယ် အပြင်မှာတွေ့ရင် ဝယ်တိုက်လို့ရပါတယ် 😜

Marketing က Customer ကိုခေါ်လာတယ်ဆိုရင်
Coffee Quality နဲ့ Experience က Customer ကိုပြန်လာစေတယ်

ကော်ဖီဆိုင်ဖွင့်ချင်တဲ့သူများအတွက် မျှဝေပေးတာဖြစ်လို့ လိုအပ်တဲ့နေရာမှာအသုံးချနိုင်ပါတယ်

Jason Khant (Founder, Personal Coach)




21/04/2026

ဟင်းမချက်ခင် ကြက်သွန်အရင်လှီးပါ

မီးဖိုပေါ် အိုးတင်ပြီးမှ ဟင်းချက်ဖို့ ဆီရှာ ကြက်သွန်ထလှီးနေရင် အဲဒီဟင်းတူးဖို့ပဲရှိတယ်

စီးပွါးရေးစတင်တဲ့အခါမှာလည်း
ကိုယ့်ရဲ့ Products တွေ Operations တွေ Customer Service တွေအတွက် အဆင်သင့် မဖြစ်သေးဘဲ Marketing တွေ အကြီးအကျယ်ဆင်း Ads တွေကြိတ် Run နေတာဟာ ကိုယ့်လုပ်ငန်းကို ကိုယ်တိုင်ဖျက်ဆီးနေတာနဲ့တူတယ်

လူတွေ အလုံးအရင်းဝင်လာတဲ့အခါ...
Reply ချက်ချင်း မပြန်နိုင်ဘူး
ပစ္စည်းအလုံအလောက်ရှိမနေဘူး
ပစ္စည်း အချိန်မီ မပို့နိုင်ဘူး
ပြဿနာကို ချက်ချင်းဖြေရှင်းမပေးနိုင်ဘူး

Business ဆိုတာ Demand မဖန်တီးခင်
Capacity ကို တည်ဆောက်ထားရတဲ့ Game တစ်ခု

လုပ်ငန်းကို Scale မလုပ်ခင် Prep ကို အရင်လုပ်ဖို့လိုတယ်ဆိုတာ ကျနော်ရဲ့ တစ်နှစ်တာ Run ခဲ့တဲ့ အသေးစားစီးပွါးရေးက သင်ပေးခဲ့တာပါ

ပုံထဲမှာ အဲ့အချိန်တုန်းက ကိုယ့်ပါကိုယ် Free Website မှာ လက္ကားအထည်တွေကို ထည့်ပြီးကလိထားတာ (ပေါ့ပြတ်ပြတ်တော့မလုပ်ပါ)

April 24 မှာစမဲ့ ရွှေသင်တန်း(Group Class Batch-5) တက်မယ်ဆို စာရင်းပေးလို့ရပြီနော်

Jason Khant ( Founder, Personal Coach)



18/04/2026

ကျရှုံးခွင့်ဆိုတာ သားသမီးတွေကို ပေးနိုင်တဲ့အမွေထဲကတစ်ခုပါပဲ

မြန်မာနိုင်ငံမှာ မိဘတော်တော်များများက သားသမီးကို ချစ်တဲ့ပုံစံကအရမ်းကိုနွေးထွေးပါတယ်
တစ်ခါတလေမှာလည်း အဲဒီနွေးထွေးမှုက လောင်ကျွမ်းစေတတ်တဲ့အပူဖြစ်သွားတတ်တယ်
"ငါ့သားလေး ပင်ပန်းမှာစိုးလို့၊ ငါ့သမီးလေး လမ်းမှားရွေးမိမှာစိုးလို့" ဆိုပြီး အရာအားလုံးကို ရှေ့ကနေဝင်
ရှင်းပေးတတ်ကြတဲ့ မိဘကောင်းတွေလည်းအများကြီးပါ
ဒါပေမဲ့ လက်တွေ့လောကရဲ့သဘောသဘာဝအရ
ဒီလိုအမြဲတမ်းကာကွယ်ပေးထားတာဟာ ကလေးတစ်ယောက်ရဲ့အနာဂတ်ကို ဖျက်ဆီးနေတာပါပဲ

🔹လေမတိုက်တဲ့သစ်ပင်များ
သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့တဲ့ Biosphere 2 ဆိုတဲ့ ဖန်လုံအိမ်ကြီးအကြောင်းရှာကြည်တဲ့အခါ
အဲဒီအထဲမှာ ပြီးပြည့်စုံတဲ့ ရေ၊ မြေဆီလွှာနဲ့ နေရောင်ခြည်ကိုပေးထားပြီး သစ်ပင်တွေကို စိုက်ပျိုးထားတယ်
သစ်ပင်တွေက အံ့မခန် မြန်မြန်ဆန်ဆန်ကြီးထွားလာပေမဲ့ အရွယ်ရောက်လာတဲ့အခါမှာ သစ်ပင်တွေဟာ သူတို့ဘာသာမရှင်သန်နိုင်ဘဲ သေဆုံးကုန်ပါတယ်
ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ဖန်လုံအိမ်ကြီးထဲမှာ လေ
မရှိလို့ပါ
လေတိုက်တဲ့အခါ သစ်ပင်တွေဟာယိမ်းထိုးရတယ် အဲဒီလိုယိမ်းထိုးရတဲ့ ဒဏ်ကိုခံနိုင်ဖို့ သစ်ပင်ရဲ့ အမြစ်တွေဟာ မြေကြီးထဲကို ပိုနက်နက်တိုးဝင်ပြီး တွယ်ကပ်ရတယ် လေတိုက်တဲ့ဒဏ်ကသစ်ပင်ကို အမာခံသစ်သားတွေဖြစ်လာစေတယ်
မိဘတွေက ကိုယ့်သားသမီးတွေကိုလေမတိုက်အောင် ဖန်လုံအိမ်ထဲမှာ အမြဲထည့်စိုက်ထားမယ်ဆိုရင် အပြင်လောကရဲ့မုန်တိုင်းတစ်ခုဝင်လာတာနဲ့ အမြစ်မခိုင်တဲ့ ကလေးလူငယ်တွေဟာ ချက်ချင်းပြိုလဲသွားမယ့်အဆင့်ကိုရောက်မှာ မလွဲဧကန်ပါ

ဥပမာ-ကလေးတစ်ယောက် စက်ဘီးစစီးသင်တဲ့အခါ လဲကျပြီး ဒူးပြဲမှာပဲဆိုတာသိပေမယ့် ကြိတ်မှိတ်ပြီး လွှတ်ထားပေးရသလိုမျိုးပါ
သူတို့ရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်ကို သူတို့ကိုယ်တိုင်နာကျင်ခံစားကြည့်မှနောက်တစ်ခါဘယ်လိုသတိထားရမလဲဆိုတဲ့ ဉာဏ်ပညာရလာမှာ ဖြစ်ပါတယ်

မိဘနဲ့သားသမီးကြားမှာ ခုလိုပွတ်တိုက်မှုကိစ္စမျိုးတွေကတော့ ဒုနဲ့ဒေး အနည်းအများရှိနေဆဲပါပဲ ကျွန်တော်
အကြံပေးချင်တာက

🔹Fail Fast, Fail Small
သားသမီးတွေကို အမှားလုပ်ခွင့်ပေးပါ
ဒါပေမဲ့လုပ်ငန်းကြီးတစ်ခုလုံးပြုတ်ပြုတ်ပြုန်းသွားမယ့်အမှားမျိုးမဟုတ်ဘဲ သင်ခန်းစာရလောက်တဲ့ အမှားသေးသေးလေးတွေ ဥပမာ - ဘတ်ဂျက်အသေးလေးနဲ့ စမ်းလုပ်ခိုင်းတာမျိုးကနေ သူတို့ရဲ့ Ability အပေါ်မူတည်ပြီးစမ်းသပ်ခွင့်ပေးလို့ရပါတယ်
၂၀၂၃ တုန်းက ကျွန်တော် စုထားတဲ့ပိုက်ဆံလေးနဲ့ Crypto Trading သင်တန်းလေးတက် Demo နဲ့ လေ့ကျင့် နောက် Real Market ထဲဝင်တဲ့အချိန်မှာ $500 ရှုံးခဲ့ပါတယ် ဒါ့အပြင် နောက်မှသိလိုက်ရတာက တက်ခဲ့တဲ့သင်တန်းက Scam ဆိုတာပါ
အဲ့တော့ သင်တန်းကြေးနဲ့ Trading Strategy ဝယ်တာတင်စုစုပေါင်းသိန်းအစိတ်လောက်ရှုံးခဲ့ပါတယ်
နောက်တစ်ခုက ကျရှုံးတာတော့မဟုတ်ဘဲ ဘဝမှာ အားနာမိလို့ မပြောထွက်ခဲ့လို့ အတွေ့အကြုံတစ်ခုကို သိန်းတစ်ထောင်ကျော်နဲ့ လဲလှယ်ခဲ့ရတဲ့အဖြစ်မျိုးလည်း ကျနော့်ဘဝမှာယနေ့ထိတိုင်အမှတ်ရနေဆဲပါ
နောက်ပြီး ၂၀၂၅ တစ်နှစ်လုံးမှာ ရွှေလက္ကားအထည်လေးတွေကော အထည်အော်ဒါလက်ခံ Customized တွေကော တနိုင်တပိုင် Small Business run ခဲ့ဖူးပါတယ် ရောင်းခဲ့ရတာတွေလည်းရှိသလို မရောင်းခဲ့ရတာတွေလည်းရှိခဲ့ပါတယ် အခြားသောကိစ္စများကြောင့် ဒီလုပ်ငန်းလေးဟာကျရှုံးခဲ့ရပါတော့တယ်
တစ်နှစ်ပတ်လုံးဒီစီးပွါးရေးအသေးစားကနေ သင်ယူစရာအများကြီးရခဲ့သလို ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေလည်း ပိုမြင်လာခဲ့တယ်

🔹 ပြဿနာကြုံလာရင် ချက်ချင်းဝင်မရှင်းပေးဘဲ
"ဒီကိစ္စကို သား/သမီး ဘယ်လိုဖြေရှင်းမလဲ" လို့ မေးခွန်းထုတ်ပြီး သူတို့ရဲ့ Logical Thinking ကနေထွက်လာတဲ့အဖြေကို ဝေဖန်သုံးသပ်ကြည့်ပါ
ကျရှုံးဖူးမှ ကိုယ့်ရဲ့အားနည်းချက်ကို သိပြီးပြင်ဆင်
နိုင်မှာပါ Calculated Risk ဖြစ်ဖို့တော့လိုပါတယ်

လေပြင်းတိုက်တိုင်းပြိုလဲမသွားတဲ့ အနာဂတ်မျိုးဆက်သစ်တွေကို ပျိုးထောင်ဖို့ဆိုရင်... သူတို့ကို လေနည်းနည်းလောက် အတိုက်ခံဖို့ Error of Margin နည်းနိုင်သမျှနည်းမဲ့အရာနဲ့ သူတို့ဘဝမှာ အထိအခိုက်နည်းအောင် ကျရှုံးခွင့်ပေးကြည့်ပါ

"ကမ္မဿကတာ သမ္မာဒိဋ္ဌိ"

Jason Khant (Founder, Personal Coach)




10/04/2026

ရွှေထည်ဝယ်ခြင်းနဲ့ ရွှေတုံးဝယ်ခြင်းရဲ့ ကွာခြားချက်

လကုန်လစာထုတ်တဲ့အချိန်…
အိမ်ကအမေကို ရွှေဝယ်ဖို့ပူဆာတိုက်တွန်းနေတဲ့အချိန်…
ရွှေဝယ်တဲ့အခါ အလျော့တွက်လက်ခအကြောင်းမသိဘဲ အထည်လှတာနဲ့ ဝယ်လိုက်တဲ့အချိန်…
ငွေလိုလို့ အထည်ပြန်ရောင်းလိုက်တဲ့အချိန်…
ဒီအခြေအနေတွေကို ရွှေဝယ်ဖူးသူတိုင်း သိမှာပါ
ဆိုင်ရောက်တော့ မှန်ကောင်တာရှေ့မှာ ဟိုဟာလှသလိုလို ဒီဟာလှသလိုလိုနဲ့ နောက်ဆုံး လက်ရာဆန်းဆန်း ဆွဲကြိုးတစ်ကုံးကိုရွေးလိုက်တယ်
အဲဒီတုန်းက စိတ်ထဲမှာ ရွှေဝယ်ဝတ်နိုင်ခဲ့ပြီဆိုပြီး ဂုဏ်ယူနေခဲ့တာပေါ့
ဒါပေမဲ့ လပိုင်းလောက်ကြာတော့ အရေးပေါ် ငွေလိုလို့ အဲဒီဆွဲကြိုးကို ပြန်သွားရောင်းတဲ့အခါ... ဘယ်လောက်တောင် အထင်နဲ့အမြင် လွဲနေလဲဆိုတာ သဘောပေါက်မိမှာပါ
ဆိုင်အရောင်းဝန်ထမ်းက ပြန်သွင်းလာတဲ့ရွှေကို Digital စက်နဲ့ ချိန် ရွှေရည်စစ်ပြီး အလျော့တွက်၊ လက်ခတွေ နုတ်လိုက်ပြီးတဲ့နောက် ပိုက်ဆံအိတ်ထဲပြန်ရောက်လာတဲ့ ပိုက်ဆံက ဝယ်တုန်းကထက် အများကြီးလျော့သွားတယ် ရွှေဈေးက တက်နေတာတောင်မှနော်
အဲဒီနေ့ကစပြီး Physical Gold ကို ကိုင်တွယ်တဲ့ လောကထဲ ခြေစုံပစ်ဝင်၊ လေ့လာ၊ ဖြတ်သန်းရင်းနဲ့ လူတွေကို ပြန်ဝေမျှပေးချင်တဲ့ Business Logic တွေ ရှိလာတယ်

တချို့အတွက် ရွှေဝယ်တာက investment
တချို့အတွက် Saving or Hedging
တချို့အတွက် Social Status
အရင်ဆုံး Investment (ရင်းနှီးမြှုပ်နှံမှု) ဆိုတာ ကိုယ်ထည့်လိုက်တဲ့ ငွေကနေ တစ်လတစ်ခါ တစ်
နှစ်တစ်ခါ အမြတ်ငွေ ပြန်ထွက်လာရမယ်
ဥပမာ - အိမ်ဝယ်ပြီး ငှားစားတာ၊ စီးပွားရေးလုပ်ငန်း တစ်ခုမှာ ရှယ်ယာထည့်တာမျိုးပါ
ရွှေကျတော့ ရွှေတစ်ကျပ်သား ဝယ်ထားရင် (၁၀) နှစ်နေလည်းတစ်ကျပ်သားပဲ တန်ဖိုးတော့တက်လာတာပေါ့ ဒါပေမဲ့ ဘာလို့ဝယ်သင့်လဲဆိုရင်
Purchasing Power ကျသွားတဲ့အခါ ကိုယ့်ရဲ့ ကြွယ်ဝမှုကို မပျောက်ပျက်အောင် ထိန်းထားပေးနိုင်လို့ပါ
ဒါကြောင့် ရွှေဝယ်ထားရင် ချမ်းသာလာမယ် ဆိုတာထက် ရွှေဝယ်ထားရင်မွဲမသွားဘူး ဆိုတာကပိုမှန်ပါလိမ့်မယ်

🔹ရွှေထည် vs အခေါက်ရွှေ
၁၅ ပဲရည်ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက် ဝယ်ပြီဆိုပါစို့… ဝယ်လိုက်တဲ့ စက္ကန့်မှာတင် ROI က အနုတ် ပြသွားပြီ ဘာကြောင့်လဲဆိုတော့ ရွှေထည်တစ်ခုဝယ်ရင် ကိုယ်ပေးလိုက်ရတဲ့ပိုက်ဆံထဲမှာ Manufacturing Loss & Wastage ပါတယ် ရွှေဆိုင်ကနေခြေတစ်လှမ်း အထွက်မှာတင် အဲဒီလက်ခနဲ့အလျော့တွက် တန်ဖိုးကို ပြန်မရတော့ဘူး ပြန်ရောင်းရင် ဒါမှမဟုတ် ပြန်လဲရင် အဲဒီတန်ဖိုးကို ဘယ်ဆိုင်ကမှပြန်မပေးဘူး
(အလျော့တွက်လက်ခအကြောင်းကို ကျွန်တော့်ရဲ့ “ရွှေဆိုတာ စနစ်ကျမှ အနှစ်ရမဲ့လုပ်ငန်း နဲ့ မှန်
ကောင်တာအောက်က တန်ဖိုးရှိတဲ့ လျှို့ဝှက်ချက်များ”Post တွင် ဖတ်နိုင်ပါတယ်)

🔹ရွှေထည်ဝယ်တာက ရင်းနှီးမြှုပ်နှံမှုတော့မဟုတ်ဘူး
ရှင်ပြု၊ မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်တွေမှာ ကိုယ့်ရဲ့ Social Status ကိုပြချင်တဲ့အတွက် ပေးလိုက်ရတဲ့ Lifestyle Expense သက်သက်သာ ဖြစ်ပါတယ်

🔹အခေါက်ရွှေ/ ရွှေတုံး ဝယ်ခြင်း
တကယ်လို့ ကိုယ်က ငွေကို စနစ်တကျစုဆောင်းချင်တာဆိုရင် အကယ်ဒမီမီးလင်းရွှေ၊ အလျော့တွက်မပါတဲ့ အခေါက်အပွထည်တွေကသာ အဖြေပါ
သူတို့မှာ အလျော့တွက်၊ လက်ခ ဆိုတဲ့ အပိုဆောင်းစရိတ်တွေမရှိသလောက်ကိုနည်းပါတယ်
အခေါက်ရွှေတွေက ဝယ်ဈေးနဲ့ ရောင်းဈေး ကွာဟချက် အနည်းဆုံးဖြစ်ပြီး ရုတ်တရက်ငွေလိုလို့ ပြန်ရောင်းရင်ကိုယ့်အတွက် နာတာအကင်းဆုံးပါပဲ
အခေါက်ရွှေရဲ့ Standard ကအရည်အသွေး စံသတ်မှတ်ချက်တိကျတဲ့အတွက် ဘယ်ဆိုင်သွားရောင်းရောင်းဈေးနှိမ်ခံရတာမျိုးသိပ်မရှိပါဘူး ရောင်းစျေး/ဝယ်စျေး ကွာဟာချက်တစ်ခုနဲ့ပဲ ပြန်ဝယ်ပေးတာပါ
လောကကြီးမှာ လူအများစုအတွက် ပိုက်ဆံရှာရတာခက်လာသလို ရှာထားတဲ့ပိုက်ဆံကို တန်ဖိုးမကျအောင် ထိန်းရတာက ပိုခက်လာတဲ့ခေတ်ပါ
ကျွန်တော့်ရွှေသင်တန်းတွေမှာ ပြောလေ့ရှိတယ့်စကားလိုပေါ့ “လက်မှာဝတ်ထားတဲ့ ရွှေလက်ကောက်ကြီးက ကိုယ့်ကို ချမ်းသာတယ်လို့ထင်ရအောင်လုပ်ပေးနိုင်ပေမဲ့ တကယ်တမ်းအကျပ်အတည်းကြုံလာတဲ့အခါ ကယ်မယ့်အရာက မီးခံသေတ္တာထဲကဘယ်သူမှ မမြင်ရတဲ့ ရွှေတုံးလေးတွေ အခေါက်ရွှေပြားလေးတွေပဲ" လို့
ရွှေကို အလှဆင်ဖို့ သက်သက်ဝယ်တာမမှားပါဘူး
ရွှေဝယ်တဲ့အခါ စိတ်ခံစားချက်နဲ့ အတ္တကို ရှေ့တန်းတင်ရင် အိတ်ကပ်ထဲကပိုက်ဆံတွေအမြဲထွက်ပါတ
ဒါကတော့ မြန်မာ့ရွှေဈေးကွက်ရဲ့ သဘာဝနဲ့ ရွှေအကြောင်းလေ့လာချင်သူတွေအတွက်
ကိုယ်တိုင် တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ သင်ခန်းစာတွေထဲကနေ ကောက်နုတ်ထားတဲ့အမှန်တရားလေးတွေပါ
ရွှေဘောင်ချာတွက်နည်း၊ရွှေအကြောင်းကို ထဲထဲဝင်
ဝင်လေ့လာရင်း လက္ကားအထည်တွေနဲ့ တနိုင်တပိုင်စီးပွါးရေးစတင်ချင်တယ်ဆိုရင်တော့ တစ်လ တကြိမ်သာပညာဒါအဖြစ် စီစဉ်ပေးတဲ့ကျွန်တော့်ရဲ့ ရွှေသင်တန်းကို Join ပါ အဖိုးတန်ပညာတွေရစေရပါမယ်
တကယ့်တက်ရောက်လိုသူတွေသာစာရင်းပေးပါ
အာရုံတွေမလာပါနဲ့

Jason Khant (Founder, Personal Coach)




08/04/2026

(အားလုံးအတွက်စာကြွင်းမှာလက်ဆောင်ပါသည်)

Work-Life Balance ဆိုတဲ့ စကားလုံးက အိမ်ထောင်ရှင်
အမျိုးသမီးတစ်ယောက်အတွက်တော့မဟုတ်ဘူး
မနက်မိုးလင်းတာနဲ့ ဟင်းချက် ကလေးကျောင်းပို့ဖို့လုပ်၊ အမျိုးသားအလုပ်အတွက် ထမင်းချိုင့်ပြင်ဆင်၊ အဝတ်လျှော်မီးပူတိုက် ကိစ္စတွေဖြေရှင်းရင်း...
ဒီလိုအဆုံးမရှိတဲ့ To-Do List တွေကြားမှာ အိမ်ထောင်ရှင်မတွေအတွက် Balance ဖြစ်ဖို့က အိပ်မက်ထဲမှာဖြစ်နေလိမ့်မယ်

လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ "အိမ်ရှင်မကောင်း" ဆိုတဲ့စံညွှန်းကတော့အမျိုးမျိုးသဘောရှိတယ်
ဒီတော့ ကိုယ့်ရဲ့ မူလရည်မှန်းချက်၊ ကိုယ်ပိုင်စီးပွားရေး ဒါမှမဟုတ် ကိုယ်ပိုင်အိပ်မက်လေးတစ်ခုကို ပြန်စဖို့ တွေးလိုက်တိုင်းမှာ မိသားစုကို အချိန်မပေးဘဲ တစ်ကိုယ်ကောင်းဆန်နေပြီလား လို့တွေးကောင်းတွေးနေလိမ့်မယ်

ခွက်လွတ်တစ်ခုထဲကနေ ရေငှဲ့တိုက်လို့ မရသလို
ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးပြည့်ဝနေအောင် မဖြည့်ဆည်းထားဘဲ မိသားစုကို အကောင်းဆုံးအရာတွေချည်းပေးဆပ်ချင်တာ အမေတွေပဲရှိပါတယ်
မေမေတွေသတိမထားမိတာက ကိုယ့်အတွက်ကိုယ်လဲ အချိန်ပေးဖို့လိုနေပါသေးတယ်

ကိုယ့်ခြေထောက်ပေါ် ရပ်တည်ချင်တဲ့
ငွေကြေးနဲ့ပတ်သက်လာရင် သူများအပေါ် မှီခိုစရာမလိုဘဲ တနိုင်တပိုင်ဝင်ငွေရှာနိုင်အောင် ကျွမ်းကျင်မှုတစ်ခုကိုတည်ဆောက်ချင်တဲ့ အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီးစီစဉ်ပေးထားတဲ့... ကျွန်တော်ရဲ့
"ရွှေလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှု" (ရွှေသင်တန်း)အကြောင်းကို သေချာလေး မျှဝေပေးဖို့ စီစဉ်ထားတာလေး ရှိပါတယ်
Physical Gold Business ရဲ့ နောက်ကွယ်က အတက်အကျသဘောတရားတွေ၊ ဘောင်ချာတွက်
နည်း၊ အလျော့တွက်နဲ့ ရွှေအကြောင်းပိုင်ပိုင်နိုင်နိုင် အခြေခံကစပြီး သေချာပေါက်နားလည်ချင်တဲ့ကိုယ်ပိုင်အသိပညာတစ်ခုအနေနဲ့ ရယူချင်သူတွေအတွက်သာ ကျွန်တော့်ရဲ့တနိုင်တပိုင်ရောင်းခဲ့တုန်းကအတွေ့အကြုံတွေနဲ့ လေ့လာထားသမျှကို 100% ပညာဒါနအဖြစ်ရည်ရွယ်ထားပါတယ်

အခုလက်ရှိမှာ ရွှေသင်တန်း Batch(4) ထိပြီးဆုံးခဲ့ပါပြီ တက်ရောက်ပြီးသွားသူများရဲ့မျှဝေသံကိုလည်း Page မှာကော Channel ထဲမှာပါ ဖတ်လို့ရပါတယ်

သင်တန်းမှာတော့ မျှော်လင့်ချက်တွေကိုရောင်းစားမှာမဟုတ်သလို လက်တွေ့ကျကျ ကိုယ်တိုင်ရောင်းခဲ့လေ့လာခဲ့တာတွေကိုပါ ထပ်ပေါင်းမျှဝေပေးတာပါ တချို့ကဂျင်းလို့ပြောကြတယ် ကိုယ်တိုင်လုပ်ဖူးပြီးမှ စီစဉ်ပေးတဲ့အတန်းဖြစ်တာမို့ မိသားစုကိုလည်း ဂရုစိုက်ရင်း၊ တစ်ဖက်မှာလည်း ကိုယ့်ရဲ့အပိုဝင်ငွေကို ရွှေရောင်းရင်း မြှင့်တင်ချင်တယ်ဆိုရင်တော့... ဒီပို့စ်ရဲ့ Comment မှာ "လေ့လာချင်ပါတယ်" လို့ ရေးခဲ့ပေးပါ
𝟏𝟎𝟎% 𝐅𝐫𝐞𝐞 𝐂𝐥𝐚𝐬𝐬 ဖြစ်တာမို့ ရွှေအကြောင်းနားလည်ချင်သူ
မည်သူမဆို Join နိုင်ပါတယ်
အသေးစိတ်နဲ့ Telegram Channel ကို ကျွန်တော်
ကိုယ်တိုင် Message ကနေ ပို့ပေးထားပါမယ်ခင်ဗျာ

ငွေလည်းရှာသလို လိုအပ်နေသောအရာအတွက် တတ်နိုင်တဲ့ဘက်မှ ကူညီပေးသောလက်တစ်စုံသာဖြစ်လိုပါတယ်

Jason Khant (Founder, Personal Coach)



04/04/2026

𝐈𝐧𝐬𝐭𝐚𝐧𝐭 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 မှာ အလွယ်လမ်းလိုက်ဖို့ ပိုကြိုးစားနေမိပြီ

“ကျွန်တော်လည်း သုညဘဝကနေ စခဲ့တာပါပဲ” စင်ပေါ်ကနေ အောင်မြင်သူအများစုပြောလေ့ရှိတဲ့ စကားတစ်ခွန်းပေါ့
တကယ့်မြေပြင်ကအမှန်တရားကိုတော့ ဘယ်သူမှအကုန်အစင်ချမပြကြဘူး
သူတို့အောင်မြင်သွားတဲ့နောက်ကွယ်က လမ်းကြောင်းတွေ၊ သူတို့အသုံးပြုခဲ့တဲ့ Connection တွေ၊ အကြိမ်ကြိမ်ပြုတ်ကျရင်တောင် ပြန်ထနိုင်တဲ့ Safety Net တွေကိုတော့ထိမ်ချန်ထားကြတယ်

🔹သူများဆီက Secret Formula ကို မျှော်လင့်နေမဲ့အစား ကိုယ်ကိုယ်တိုင်ဖန်တီး
ဘယ်သူကမှ သူတို့ရဲ့ဟင်းချက်နည်းကို ကိုယ့်ဆီ တကူးတကအလွယ်တကူပေးမှာမဟုတ်ဘူး
ပေးရင်လည်း နောက်ကွယ်မှာငါးမြှားချိတ်ပါတတ်တယ်ဆိုတာသတိထား
အောင်မြင်သူတွေရဲ့စကားကိုနားထောင် သို့သော်စုံလုံကန်းမယုံနဲ့ လူကိုမကြည့်နဲ့ မူကိုကြည့်
Knowledge စု၊ များများလေ့ကျင့်၊ Skill တည်ဆောက်၊ Competency ဖြစ်အောင်သွား
(Social Media Platform အများစုမှာတော့ သက်ဆိုင်ရာနယ်ပယ်အသီးသီးအလိုက် အနည်းအများမျှဝေပေးနေတဲ့သူတွေရှိပါတယ်)

🔹Perfect ဖြစ်ဖို့မျှော်လင့်မနေနဲ့
အရာရာပြည့်စုံမှ၊ အခြေအနေတွေ ကောင်းမှ စမယ်ဆိုရင်ဘယ်တော့မှစဖြစ်မှာမဟုတ်ဘူး
အခုလက်ရှိရှိနေတဲ့ အရင်းအနှီး၊ ကိုယ်ကျွမ်းကျင်တဲ့ ပညာလေးနဲ့အရင်စမ်းသပ် အမှားများများလုပ် အမှားကနေ Data ယူ Learn from mistakes ဒါပေမဲ့ တူညီနေတဲ့အမှားမျိုးပဲလုပ်နေရင်တော့ မင်းကသောက်ရူးပဲ
IQ-EQ ထက် AQ ဖြစ်ဖို့ကပိုအရေးကြီးတယ် Resilience ဖြစ်တဲ့ကောင်ကပဲ နောက်တဆင့်တက်မှာ
ဒေတာနဲ့လုပ် ဝေဒနာနဲ့မလုပ်နဲ့ အစတွေကိုမမေ့နဲ့…

🔹အမှားလုပ်ပိုင်ခွင့်ရှိတယ် သို့သော်….
နောက်ခံမရှိတဲ့သူဟာ အမှားလုပ်ခွင့်ရှိပေမဲ့ အများကြီးရှုံးခွင့်မရှိဘူး
ဒါဘယ်သူမှ မပြောတဲ့အမှန်တရားပဲ
ခြေလှမ်းကျဲကြီးတွေမလှမ်းနဲ့ အသွားမတော်တစ်လှမ်းဆိုသလို ခြေချော်ပြီး ပေါင်ကားဂွပြဲဆို ကိုယ်ပဲနာမှာ
စွန့်စားရမယ်ဆိုပေမဲ့ ခလုတ်တိုက်ရင်တောင် ကိုယ့်ဘာသာပြန်ထနိုင်မယ့်အနေအထားမျိုးဖြစ်ဖို့လိုတယ် Calculated Risk လုပ်၊ Margin of Errorကို တွက်ချက်ထား

🔹တစ်ဦးတည်းမနေနဲ့
အချိန်တန်ရင် Network တစ်ခုလိုလာပြီ ကိုယ်ကမယူခင် တဖက်လူကို ဘာပြန်ပေးရမလဲဆိုတဲ့ Value တစ်ခု တည်ဆောက်ထား Isolate ဖြစ်တဲ့ကောင်က ကျန်ခဲ့မှာပဲ
𝐌𝐚𝐧 𝐢𝐬 𝐧𝐨𝐭 𝐭𝐡𝐞 𝐈𝐬𝐥𝐚𝐧𝐝!

ဘာပဲဖြစ်ဖြစ်ဒါတွေအားလုံးရဲ့အဆုံးသတ်မှာ ကိုယ့်မှာ မှီခိုစရာ၊ လဲကျသွားရင်ထူမပေးမယ့် "ကျောထောက်နောက်ခံ" ရှိခြင်း မရှိခြင်းက အဆင့်တွေ မိုင်တွေက ကွာသွားစေတာပဲ
နည်းမှန်လမ်းမှန်နဲ့ဆက်ကြိုးစားပါ…
ဘာမှမလုပ်ဘဲ အကျိုးလိုညောင်ရေသွန်းဘုရားရှေ့ထိုင်ဆုတောင်းနေတဲ့သူတွေထက်တော့ သာစမြဲပဲလေ…

“မင်းကကော ဘာကောင်မလို့လဲ”ဆိုရင်
ကျွန်တော်ကတော့ ကြိုးစားနေဆဲလူငယ်တစ်ယောက်ဖြစ်သလို အတိတ်ကကိုယ့်လိုဖြစ်ခဲ့ဖူးတဲ့ လူငယ်တွေကို လမ်းပြကူညီအကြံပေးနေတဲ့ လူတစ်ယောက်ပါ
အမုန်းမပွါးရဘူးနော် အားလုံးက ညီကိုတွေပဲ…😇

ကိုယ့်ဘဝလမ်းကြောင်းမှာ တကယ့်အပြောင်းအလဲတစ်ခုကို ဖန်တီးချင်တယ် စကားလုံးလှလှတွေထက်လက်တွေ့ကျတဲ့ ရလဒ်တွေကိုလိုချင်တယ်ဆိုရင် ကျွန်တော်နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ် အသေးစိတ်ကို Chat Box တွင်မေးမြန်းနိုင်ပါတယ်

Jason Khant (Founder, Personal Coach)




23/03/2026

“ဘယ်လိုလူဖြစ်ချင်တာလဲ vs ဘာရချင်တာလဲ”

လူငယ်တွေရဲ့ဘဝမှာ အောင်မြင်မှုဆိုတာကို
ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုကြပါသလဲ
အများစုကတော့ “ဘာရချင်တာလဲ” ဆိုတဲ့ Outcome ကိုပဲ အာရုံစိုက်နေကြတာတွေ့ရတယ်
ကားကောင်းစီးချင်တယ်၊ အိမ်ကြီးကြီးနဲ့ နေချင်တယ် ပိုက်ဆံအများကြီး လိုချင်တယ်၊ ရာထူးကြီးကြီး ရချင်တယ် စသဖြင့်ပေါ့
ဒါပေမယ့် “ငါက ဘယ်လိုလူမျိုး ဖြစ်ချင်တာလဲ” ဆိုတဲ့ Identityကိုတော့ မေ့လျော့နေကြတာတပုံကြီးပါ

ဒါက Branding ရဲ့ အနှစ်သာရပဲ
လူတွေက “ဘာရချင်လဲ” ကိုပဲ အာရုံစိုက်ပြီး
“ငါက ဘယ်လိုလူလဲ” ဆိုတာကို မေ့နေတယ်

ဥပမာ-ခင်ဗျားက ရွှေကုန်သည်ကြီး ဖြစ်ချင်တာလား၊ ဒါမှမဟုတ် ရွှေရောင်းလို့ရတဲ့ပိုက်ဆံကိုပဲလိုချင်တာလား?
ဒီမေးခွန်းကို ရိုးသားစွာဖြေကြည့်ပါ
ရွှေကုန်သည်ကြီးတစ်ယောက်ရဲ့ စိတ်ဓာတ်၊ အရည်အချင်း၊ ကျင့်ဝတ်၊ အမြင်တွေကိုမွေးမြူမထားဘဲ ရွှေရောင်းလို့ရတဲ့ ပိုက်ဆံကိုပဲလိုချင်နေရင် အဲဒီပိုက်ဆံကခင်ဗျားဆီမှာ ဘယ်လောက်ကြာကြာ ရပ်တည်နေနိုင်မလဲ ဒါမှမဟုတ် အဲဒီပိုက်ဆံကိုရဖို့အတွက် ခင်ဗျားဘယ်လောက်အထိရေရှည်တည်တံ့တဲ့ နည်းလမ်းတွေနဲ့ ကြိုးစားမလဲ

ကျွန်တော်ပြောချင်တာကတော့ မင်းရဲ့ Identity ကို အရင်တည်ဆောက်ဖို့လိုတယ်
Branding ဆိုတာ မင်းရဲ့ တန်ဖိုးကို ပြတာ

လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေ သူ့မှာရှိတဲ့ရလဒ်တွေထက် သူဘယ်လိုလူမျိုးလဲ၊ ဘယ်လို စိတ်ဓာတ်မျိုးရှိလဲ ဘယ်လို အရည်အချင်းတွေ ပိုင်ဆိုင်ထားလဲဆိုတဲ့ ကိုယ်ပိုင်လက္ခဏာပေါ်မှာ မူတည်ပါတယ်

Think Smart, Grow Faster ဆိုတာ ရလဒ်ကိုတွေးတာမဟုတ်ဘူး ရလဒ်ကိုဖန်တီးနိုင်တဲ့ ‘လူ’ ဖြစ်လာအောင်အရင်တွေးတာ
လူငယ်အများစုက “ငါဘာတွေရမလဲ” ဆိုတာကိုပဲ တွေးနေကြတယ်
ဒါပေမယ့် တကယ့် အောင်မြင်သူတွေကတော့ “ငါ ဘယ်လိုလူမျိုးဖြစ်လာမလဲ” ဆိုတာကို အရင်တွေးလေ့ရှိတယ်

🔹ပိုက်ဆံချမ်းသာချင်တယ်ဆိုရင် ပိုက်ဆံချမ်းသာတဲ့သူတစ်ယောက်ရဲ့ စိတ်ဓာတ်၊ အလေ့အကျင့်၊ ငွေကြေးစီမံခန့်ခွဲမှုပုံစံတွေကိုအရင်လေ့လာပြီး ကိုယ့်ကိုယ်ကိုယ် အဲဒီလိုလူမျိုးဖြစ်လာအောင်တည်ဆောက်ပါ
🔹ကျန်းမာချင်တယ်ဆိုရင် ကျန်းမာတဲ့သူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်တွေကို အရင်
မွေးမြူရမယ်
🔹အောင်မြင်တဲ့ စီးပွားရေးသမား ဖြစ်ချင်တယ်ဆိုရင် အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ရဲ့ အတွေးအခေါ်၊ ဆုံးဖြတ်ချက်ချပုံ ပြဿနာဖြေရှင်းပုံတွေကို အရင်တည်ဆောက်ဖို့လိုပါလိမ့်မယ်

Identity ကိုအရင်တည်ဆောက်ပါ Outcome က နောက်ကနေ အလိုအလျောက်လိုက်လာပါလိမ့်မယ်
ကိုယ့်ရဲ့ Identity က ခိုင်မာလေလေ ကိုယ်ဖန်တီးမယ့် Outcome တွေကလည်းရေရှည်တည်တံ့ပြီး ခိုင်မာလေလေပါပဲ
ဒါဟာတိုးတက်ပြောင်းလဲချင်တဲ့လူငယ်တွေအတွက် ကျွန်တော်ပေးချင်တဲ့လျှို့ဝှက်ချက်ပါ

Jason Khant (Founder, Personal Coach)



17/03/2026

ဘဝမှာ လူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ သင်ခန်းစာ (၁၀) ခု

ကျွန်တော်တို့ လူငယ်ဘဝမှာ အချိန်တွေ အများကြီးဖြုန်းတီးပြီး အမှားတွေအကြိမ်ကြိမ်လုပ်ပြီးမှ သိလာရတဲ့ အမှန်တရားတွေ ရှိတယ်
တချို့သင်ခန်းစာတွေက ကျောင်းမှာ မသင်ပေးဘူး ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မူတည်ပြီးလောကဓံက သူ့နည်းသူ့ဟန်နဲ့ ရိုက်နှက်ပြီး သင်ပေးသွားတာမျိုးပါ
ဒီနေ့တော့ မိတ်ဆွေများအတွက် အချိန်မနှောင်းခင် ကြိုသိထားဖို့ ကျွန်တော်ကိုယ်တိုင်တွေ့ကြုံသင်ယူခဲ့ရတဲ့အချို့အချက်တွေအပါအဝင် လက်တွေ့ဘဝ သင်ခန်းစာ (၁၀) ခု ကို ဖောက်သည်ချချင်ပါတယ်

🔹ကယ်တင်ရှင်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် (No one is coming to save you)

🔹 လူတွေက ခင်ဗျားကို ဂရုမစိုက်ဘူး သူတို့ကိုယ်သူတို့ပဲ ဂရုစိုက်တာပါ (ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်)

🔹Motivation ဟာဈေးပေါတယ်၊ Discipline ကမှတန်ဖိုးကြီးတာ

🔹ပတ်ဝန်းကျင်ဟာ ကျွန်တော်တို့ရဲ့ စံနှုန်းကို သတ်မှတ်တယ်

🔹အကြံဉာဏ်တိုင်းကို လက်မခံနဲ့

🔹ကျရှုံးမှုတိုင်းဟာ Data သက်သက်ပဲ

🔹အချိန်ဟာ ပြန်ဝယ်လို့မရတဲ့ တစ်ခုတည်းသော စျေးအကြီးဆုံးရတနာပစ္စည်းပါ

🔹ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးဟာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရဲ့ အုတ်မြစ်ဖြစ်တယ်

🔹လူတွေကို ပြောင်းလဲလို့မရဘူး၊ ကိုယ့်ရဲ့ တုံ့ပြန်ပုံကိုပဲ ပြောင်းလဲလို့ရတယ်

🔹နာကျင်မှုဆိုတဲ့ တွန်းအားမရှိတဲ့သူဟာ ရှေ့မရောက်နိုင်ဘူး

ဒီ (၁၀) ချက်ထဲက ဘယ်အချက်က ကိုယ့်ရဲ့ လက်ရှိဘဝနဲ့ ဆက်စပ်မှုရှိနေသလဲ
မိတ်ဆွေတို့ကော... ကိုယ်တိုင်ခံစားရပြီးမှ ရလိုက်တဲ့ Lesson တစ်ခုလောက် Comment မှာ မျှဝေပေးသွားပါဦး

Jason Khant (Founder, Personal Coach)




Address

Yangon

Website

Alerts

Be the first to know and let us send you an email when မှာစား-Mhar Sar Online Food Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share