KK hotpot စပ်မှစပ် Yangon Pabedan by ma hnin

KK hotpot စပ်မှစပ် Yangon Pabedan by ma hnin အိမ်မှာပဲစားစား ခရီးသွားရင်ပဲယူယူလက်ဆောင်ပဲပေးပေး နိုင်ငံခြားပဲပို့ပို့ အရသာရှိပီးလွယ်ကူအဆင်ပြေတဲ့ KK

ဖွေးသန့်နေတဲ့ရှယ်ပေါ့တဲ့ငါးရံ့ခြောက်မီးကင်လေးတွေလက်လီလက်ကားရပါတယ်ရှင့်🥰🥰🥰🥰
09/05/2026

ဖွေးသန့်နေတဲ့
ရှယ်ပေါ့တဲ့
ငါးရံ့ခြောက်မီးကင်လေးတွေ
လက်လီလက်ကားရပါတယ်ရှင့်
🥰🥰🥰🥰

ဒီနေ့ ကိုယ်စိုက်ပျိုးတဲ့ မျိုးစေ့ဟာ မနက်ဖြန်မှာ ကိုယ့်အတွက် အရိပ်ရတဲ့ သစ်ပင်ကြီး ဖြစ်လာမှာပါ🌞Good morning🌻🌻
30/04/2026

ဒီနေ့ ကိုယ်စိုက်ပျိုးတဲ့ မျိုးစေ့ဟာ မနက်ဖြန်မှာ ကိုယ့်အတွက် အရိပ်ရတဲ့ သစ်ပင်ကြီး ဖြစ်လာမှာပါ🌞

Good morning🌻🌻

ဘဝဆိုတာတစ်ခါတစ်လေမှာ မင်းဟာ လဲကျတဲ့အခါလည်းရှိမယ်ပြင်မရတဲ့ အမှားတွေလည်း လုပ်မိချင်လုပ်ခဲ့ လိမ့်မယ်မင်းမှာ အားနည်းချက်တွေလ...
30/04/2026

ဘဝဆိုတာ
တစ်ခါတစ်လေမှာ မင်းဟာ လဲကျတဲ့အခါလည်းရှိမယ်
ပြင်မရတဲ့ အမှားတွေလည်း လုပ်မိချင်လုပ်ခဲ့ လိမ့်မယ်
မင်းမှာ အားနည်းချက်တွေလည်း အများကြီးရှိချင်
ရှိနေမှာပဲလေ
မင်းမှာ တော်တဲ့အပိုင်းတွေရှိသလို အတတ ဖြစ်တဲ့
အခါလည်းရှိမယ်
အရာရာတိုင်းမှာတော့ မင်းဟာမတော်နိုင်ဘူးလေ

ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ်
လဲကျတိုင်းပြန်ထရမှာပဲ
ဝမ်းနည်းနေလို့မရဘူး

မင်းချစ်ရတဲ့သူက မင်းကိုထားချင်ထားခဲ့မှာပဲ
တစ်ခါတစ်လေလည်း အသည်းကွဲချင် ကွဲမှာပဲလေ
မင်းဟာ ခပ်တုံးတုံးတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်
မင်းရုပ်က ဆိုးချင်ဆိုးနေပါလိမ့်မယ်
မင်းဟာ ဆင်းရဲချင်ဆင်းရဲနေလိမ့်မယ်

ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ်
လဲကျတိုင်းပြန်ထရမှာပဲ
မင်းကို အထင်သေး လှောင်ပြောင်ခဲ့တဲ့သူတွေကို
အံ့သြသွားအောင် လုပ်ပြလိုက်စမ်းပါ

မင်းမှာ ဖြေရှင်းမရတဲ့ ဒုက္ခပေါင်းစုံလည်း ရှိချင်ရှိနေမယ်
လူတွေက မင်းကို အပြစ်တွေဘယ်လောက်ပဲ ပြောပြော
လူတွေက မင်းကို ဘယ်လောက်နှိမ်နှိမ်
အခုအချိန်မှာ မင်းဘယ်လောက်နာကျင်နေပါစေ
မင်းလျှောက်ရမယ့် လမ်းကို ဆက်သွားရမှာပဲလေ

မင်းဟာ သန်မာနေတဲ့သူဖြစ်ဖို့ ဆိုရင် တစ်ချို့လူတွေရဲ့
အမြင်တွေ၊ ဝေဖန်မှုတွေကို ဂရုမစိုက်နဲ့
သူတို့တွေက မင်းကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေ၊
မင်းလဲကျခဲ့ရတာတွေကို မသိကြဘူးလေ
သူတို့တွေက မင်းဘဝကို မပြောင်းလဲနိုင်ဘူး
မင်းဘဝကို မင်းကိုယ်တိုင် ပြောင်းလဲရမှာ

ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့လိုတယ်
ငေးမှိုင်လွမ်းဆွေးနေလို့ မရဘူး
ဆက်သွားနေရအုံးမှာ

လောကမှာ မင်းရဲ့တန်ဖိုးကို မင်းဘာလုပ်နိုင်လဲ
ဆိုတာကိုကြည့်ပြီး ဆုံးဖြတ်ကြမှာ
မင်းရဲ့ တန်ဖိုးက မင်းဘယ်လောက်လှတယ်၊ မလှ ဘူး
ဆိုတာနဲ့ မဆုံးဖြတ်ဘူး
မင်းဘယ်လောက် ချမ်းသာသာလဲ ဆိုတာနဲ့ မဆိုင်ဘူး
တန်ဖိုးရှိတဲ့ အရာတွေကို မင်းလုပ်နိုင်ရင် မင်းတန်ဖိုးဟာလည်း
မြှင့်လာမှာပဲ

မင်းဟာ တန်ဖိုးရှိကြောင်း သက်သေပြလိုက်စမ်းပါ
ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုပါတယ်
မင်းကို မလုပ်နိုင်ဘူးလို့ ထင်နေတဲ့သူတွေကို ဆြံ့အ
သွားအောင် လုပ်ပြလိုက်စမ်းပါ

မင်းဟာ ဘဝမြာ ရှင်သန်ဖို့ဆိုရင် အခက်အခဲတွေ
ကြားမှာ ရုန်းကန်နေရအုံးမှာပဲလေ
တစ်ချို့အရာတွေကို မင်းဟာ လုပ်နိုင်ပေမယ့်
တစ်ချို့အရာတွေကိုတော့ မင်းလုပ်နိုင်ချင်မှ လုပ်နိုင်မှာ
မင်းဟာ အရာအားလုံးကို လုပ်နိုင်ဖို့မလိုဘူး
မင်းလုပ်နိုင်တာတွေကိုပဲ လုပ်ရမှာလေ

မင်းဟာ သန်မာတဲ့သူပါ
ဒါပေမယ့် မင်းဟာ အမြဲတမ်း မသန်မာနိုင်ဘူး
အရာရာတိုင်းမှာလည်း သန်မာနေစရာမလိုဘူးလေ
မင်းမှာ အားပျော့တဲ့ အပိုင်းတွေလည်း ရှိနေမှာပဲ
ဒါတွေကို လက်မခံနိုင်ရင်တော့ မင်းဟာ သန္မာတဲ့
အပိုင်းတွေကို ရှာတွေ့မှာမဟုတ်ဘူး

ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုတယ် ။


#ပြန်လည်မျှဝေသည်
#လူငယ်တွေအောင်မြင်ဖို့

ဓမ္မကိုပင် မတွယ်လေ နှင့်  ။မြတ်စွာဘုရားက အဓမ္မကို မပြောနဲ့....!ဓမ္မကို ပင် မတွယ်ရဘူးလို့ဟောကြားထားပါတယ်။ ခုခေတ်မှာက..သည်...
30/04/2026

ဓမ္မကိုပင် မတွယ်လေ နှင့် ။

မြတ်စွာဘုရားက အဓမ္မကို မပြောနဲ့....!
ဓမ္မကို ပင် မတွယ်ရဘူးလို့
ဟောကြားထားပါတယ်။

ခုခေတ်မှာက..
သည်စေတီမှ... သည်စေတီ၊
သည်တရားနည်း မှ တရားနည်း၊
သည်ဘုန်းကြီးမှ... ဘုန်းကြီးလို.
စွဲနေ တွယ်နေတတ်ကြပါတယ်။
တရားအားထုတ်ရာမှာ
အထူးသတိထားဖို့ လိုပါတယ်။

#ဓမ်မရာဂ_ဓမ်မနန်ဒီ ။
***************
တရားထူးရဖို့ဆိုတာက...
တဏှာဆိုတဲ့ အတွယ်အတာ
အကြွင်းအကျန်မရှိအောင်
ချုပ်ငြိမ်းဖို့လိုတယ်။

နောက်ဆုံး ကိုယ်ရထားတဲ့
တရားလေးပေါ် မှာ တွယ်နေသေးလျှင်
" ဓမ္မရာဂ ဓမ္မနန္ဒီလို. ခေါ်ပါတယ်။

#တရားမတက်နိုင်ဘူး။
******************
အချို.က တရားအားထုတ်လို့
ကောင်းပြီ ဆိုရင် ကိုယ့်သမာဓိ၊ အသိဉာဏ်ကို သဘော ကျ၊ တွယ်တာနေတတ်ကြပါတယ်။

အဲဒီ အတွယ်အတာရှိလို့..အထက်ကို
မတက်နိုင်တော့ပါဘူး။

မနေ့ကလို တရားရှုမှတ်
ကောင်းချင်လိုက်တာဆိုရင် အဲ့ဒီနေ့
တရားမှတ်လို မကောင်းတော့ပါဘူး။

#ဖောင်ဆိုတာ။
***********
မြတ်စွာဘုရားက ဖောင်နဲ့ ဥပမာပေးထားတယ်။
ဖောင်ဆိုတာ ပင်လယ်ကူးဖို့၊
ဟိုဘက်ကမ်းရောက်ရင် ထမ်းသွားဖို့မလိုဘူး။
စွဲနေသေး ရင် မဟုတ်တော့ဘူး။

ဒါကြောင့် မြတ်စွာဘုရားက...
ဓမ္မကိုတောင် ပယ်ဖို့ဟောထားပါတယ်။
ကိစ္စပြီးရင် ဒီဓမ္မပေါ်မှာ ....
တွယ်ထားစရာ မလိုတော့ဘူး။

(ပါချု ပ်ဆရာတော်ဘုရားကြီး)

30/04/2026
ကျီးကန်းနဲ့ ရန်မဖြစ်နဲ့အမြင့်ကိုသာ ဆက်တက်ပါသိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်းဘဲ ရှိတယ်။အဲဒီလို ဖြစ်လာရင် သိန်းင...
27/04/2026

ကျီးကန်းနဲ့ ရန်မဖြစ်နဲ့
အမြင့်ကိုသာ ဆက်တက်ပါ
သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ
ကျီးကန်းဘဲ ရှိတယ်။

အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ
သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး
ကျီးကန်းကို ပြန်မတိုက်ခိုက်ဘူးတဲ့..

အတောင်ပံကို ဖြန့်ပြီး
အမြင့်သထက် မြင့်အောင်
အပေါ်ကို ရောက်အောင် ထပ်ပျံတယ်။

အမြင့် ရောက်သွားတဲ့အခါ
အောက်စီဂျင် နည်းသွားတဲ့ ကျီးကန်းဟာ
သူ့ဟာသူ ပြုတ်ကျ သွားတယ်လို့ ဆိုတယ်။

သိန်းငှက်ဆီက သင်ခန်းစာ ယူပါ။
ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။
အမြင့်ကိုသာ ဆက်တက်ပါ

ကိုယ့်ကို လာ တိုက်ခိုက်သူတွေကို
ပြန် မတိုက်ခိုက်ပါနဲ့
အမြင့်ဆုံးသာ တက်လှမ်းပါ
သူ့ဟာသူ ပြုတ်ကျ ကျန်လိမ့်မယ်။

သတိပြုရမှာက ကိုယ်တိုင်က
သိန်းငှက်လိုမျိုး အမြင့်ပျံနိုင်တဲ့
အရည်အချင်းရှိအောင် ဖြည့်ဖို့လိုပါတယ်။


#ပြန်လည်မျှဝေသည်
#လူငယ်တွေအောင်မြင်ဖို့

မြတ်စွာဘုရားက -ကုသိုလ် ကောင်းမှုကို လုပ်ဖြစ်အောင် လုပ်ပါတဲ့ …ပြုလုပ်တဲ့ အခါမှာလည်း တစ်ခါတည်း မလုပ်ပါနဲ့အကြိမ်ကြိမ် အထပ်ထ...
27/04/2026

မြတ်စွာဘုရားက -
ကုသိုလ် ကောင်းမှုကို
လုပ်ဖြစ်အောင် လုပ်ပါတဲ့ …

ပြုလုပ်တဲ့ အခါမှာလည်း
တစ်ခါတည်း မလုပ်ပါနဲ့
အကြိမ်ကြိမ် အထပ်ထပ် လုပ်ပါ …

နေ့စဉ်အမြဲ ပြုလုပ်ပေးပါတဲ့
ဘာလို့တုန်း ဆိုတော့
စွမ်းအား ဆိုတာ
အကြိမ်ကြိမ်လုပ်မှ ရလာတာလေ …

ကုသိုလ်ကောင်းမှု လုပ်ချင်တဲ့ စိတ်ကိုလည်း
အမြဲထားပါလို့ တိုက်တွန်းတယ်နော် …

ဘာလို့ တိုက်တွန်းတုန်း
ကောင်းမှုတွေ ကိုယ့်သဏ္ဍာန်မှာ
စုမိ ဆောင်းမိရှိလာပြီ ဆိုရင်
ချမ်းသာသုခကို ရစေတယ် …

အေး … ဒါကြောင့်
ချမ်းသာသုခကို
ကုသိုလ်တရားကပေးတယ် ဆိုတာ
မှတ်သားထားရမယ် …

#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာနန္ဒမာလာဘိဝံသ
#ဓမ္မအလင်း

#လောက #မဝေဖန် #အို #နာ #အချိန် #သောက #ဆင်းရဲဒုက္ခ #ပြဿနာ #တရား #ဗုဒ္ဓ #ငြိမ်းချမ်းမှု #သတိထား #အသိပညာ #ဓမ္မ
#ကုသိုလ် #အကုသိုလ် #လိုက်နာကျင့်သုံးမှု #ကိုယ်ကျင့်တရား #မာန် #မာန #လောကဓံ #လိမ်လည်

စောစီးလေး စွဲငြိorder🥰ငါးရံ့ခြောက်ဖုတ်-6ဘူးထိုင်းက ငယ်ချင်းအမှာလေး🥰အားပေးသောငယ်ချင်းကျေးဇူးပါ🥰
27/04/2026

စောစီးလေး စွဲငြိ
order🥰

ငါးရံ့ခြောက်ဖုတ်-6ဘူး

ထိုင်းက ငယ်ချင်းအမှာလေး🥰

အားပေးသောငယ်ချင်းကျေးဇူးပါ🥰

"ဘယ်လောက်ပဲ နှေးနှေး၊ မရပ်မနား သွားနေသရွေ့ သင်ဟာ တခြားသူတွေထက် ရှေ့ရောက်နေမှာပါ။"🌞Good morning🌻🌻
26/04/2026

"ဘယ်လောက်ပဲ နှေးနှေး၊ မရပ်မနား သွားနေသရွေ့ သင်ဟာ တခြားသူတွေထက် ရှေ့ရောက်နေမှာပါ။"🌞

Good morning🌻🌻

စိတ်ညစ်တာ အဖြေမဟုတ်ဘူး📚----------📚-------------📚{သင် ပျော်ရွှင်ဖို့ ဘဝနေနည်းတစ်ခုပါ} 🥰ပန်းခင်းလမ်းကို လျှောက်နေချိန်မှာထ...
26/04/2026

စိတ်ညစ်တာ အဖြေမဟုတ်ဘူး
📚----------📚-------------📚

{သင် ပျော်ရွှင်ဖို့ ဘဝနေနည်းတစ်ခုပါ} 🥰

ပန်းခင်းလမ်းကို လျှောက်နေချိန်မှာထက်
ဆူးခင်းလမ်းကို လျှောက်နေချိန်မှာပြုံးနိုင်ဖို့က
ပို အ ရေး ကြီး တယ်

လက်တွေ့ဘဝက ရုပ်ရှပ်မဟုတ်တော့
အမြဲအဆင်ပြေသာယာနေဖို့တော့ မလွယ်ဘူးပေါ့
ရုန်းနိုင်သူတွေသာ လွတ်မြောက်နိုင်ပြီး
လှမ်းနိုင်သူတွေသာ ရှေ့ရောက်ပါလ်ိမ့်မယ်

အမြဲတမ်းပျော်နေဖို့ မဖြစ်နိုင်ပေမယ့်
အချိန်တော်တော်များများမှာ ပျော်ဖို့တော့
ဖြစ်နိုင်ပါတယ် , အရေးကြီးတာက
ကိုယ်တကယ် ပျော်ချင်စိတ် ရှိဖို့ပါဘဲ

ဥပမာ အလုပ်ကို ပျော်အောင်လုပ်မယ်ဆိုပါစို့
ဒါဆို အချိန်အများစုမှာ မင်း ပျော်ရမှာပါ
ဘာလို့လဲဆိုတော့ လူ့ဘဝရဲ့၈၀ရာခိုင်နှုန်းက
စား ဝတ် နေရေး လုပ်ကိုင်ရှာဖွေခြင်းဆိုတဲ့
အလုပ်တွေနဲ့ ဖွဲ့စည်းထားလို့ပါဘဲ

နောက်ထပ် ပျော်စေမယ့်အရာတွေကတော့
မလိုတာတွေကို ခေါင်းထဲမထည့်တက်တာ
အဖြစ်အပျတ်တွေအပေါ် ခံစားမလွယ်တာ
အတိတ်ကို ပြန်ပြန်သွားပြီးတော့
နာကျင်စရာတွေကို ပြန်မတွေးဘဲမေ့ပစ်လိုက်တာ
အရမ်းကြီး စိတ်နစ်ပြီး ပုံချစ်မထားတက်တာ
အများကြီး မျော်လင့်ချက်တွေ မထားတက်တာ
ကိုယ့်တန်ဖိုးနားမလည်တဲ့သူတွေနားမှာ
အချိန်အကြာကြီး တွယ်ကပ်မနေတက်တာ
နောက် ပြီး တော့
ပြီးခဲ့တာတွေကို တစ်ဖန်နောင်တ ရမနေဘဲ
စိတ်ကို လေးလံစေတဲ့အရာမှန်သမျှကို
ပြတ်ပြတ်သားသား လွှတ်ချထားနိုင်ခဲ့တာ
ဒါတွေဟာ ကိုယ်မပူလောင်စေဖို့အတွက်နဲ့
အချိန်အများစုမှာ ပျော်နေနိုင်ဖို့အတွက်ပါ

ဘ ဝ မှာ
နေရာကောင်းကောင်း ရဖို့ထက်
ရောက်တဲ့နေရာမှာ ကောင်းအောင်နေဖို့က
ပိုပြီး အရေးကြီးပါတယ်

ဘယ်သူ့ကိုမှ အားကျနေစရာ မလိုသလို
ကိုယ့်ဘဝကို သူများနဲ့နှိုင်ယှဉ်ပြီးတော့လည်း
အားငယ် စိတ်ပျက်နေစရာ မလိုဘူး
ရှိတာလေးနဲ့ လှအောင် ဝတ်မယ်
ရတာလေးနဲ့ ဝအောင် စားမယ်
ပြောင်းလဲသွားတာတွေကို လက်ခံပြီး
ကိုယ့်ဖြစ်တည်မှုကို ကိုယ့်ချစ်ပြီးတော့
ကိုယ့်ဘဝအတွက်သာ ကိုယ်ရှိနေဖို့ပါဘဲ

ဒီအခက်အခဲပြီးသွားရင်
နောက်အခက်အခဲတစ်ခု လာဦးမှာဘဲ
ဒီပြဿနာတစ်ခု ဖြေရှင်းပြီးသွားရင်လဲ
ပုံစံမတူတဲ့ နောက်ပြဿနာတစ်ခုလာဦးမှာပါ
ဘဝကြီးက အရာရာအဆင်ပြေနေမှဆိုရင်တော့
ဘယ်တော့မှ အဆင်ပြေလာမှာမဟုတ်သလို
ဘယ်တော့မှလဲ ပျော်ရမှာမဟုတ်ဘူး

အမှားတွေထဲက သင်ခန်းစာယူ
လဲကျသွားရင် ကိုယ့်ဘာသာ ပြန်ထ
ခက်ခက်ခဲခဲရှင်သန်မှုတွေထဲကနေပြီးတော့
အားတင်းပြီး ပြုံးထားနိုင်မှသာ
ဘဝဟာ ပြိုလဲမသွားဘဲ ရှေ့ဆက်နိုင်မှာပါ

တစ်ခါတလေကျတော့
အဆိုးဆုံးအခြေအနေတွေကို
ကြိုကြိုတင်တင် လက်ခံဖို့ တွေးထားရတယ်

အဆိုးဆုံးတွေကိုတောင် လက်ခံနိုင်တဲ့အတွက်
ကိုယ့်မှာ နောက်ထပ်
ဘာမှ ဆုံးရှုံးစရာ ထပ်မရှိတော့ပါဘူး
အခါခါပြိုလဲရ အကြိမ်ကြိမ်ကျရှုံးရ
လောကဓံတရားတွေအောက်မှာ
နာကျင် ကြေကွဲ ဝမ်းနည်းခြင်းတွေဟာ
ကိုယ်နဲ့ရင်းနှီးပြီး နေသားကျလာတဲ့အခါ
တကယ်တမ်း အဆိုးတွေနဲ့ကြုံလာတော့
ကိုယ်ဟာ သန်မာနေပြီးသား
ရင်ဆိုင်ဖို့ အသင့်ရှိနေပြီးသား ဖြစ်နေပါလိမ့်မယ်

တန်းဖိုးမသိလို့ စွန့်ပစ်ခံလိုက်ရပေမယ့်
တန်ဖိုးထားတက်သူလက်ထဲမှာတော့
ကိုယ်ဟာ အဖိုးတန်ရတနာ ဖြစ်နေပါလ်ိမ့်မယ်

သူ့ကြောင့်ငိုရလွန်းလို့
နာကျင်နေရတဲ့ မျက်ဝန်းတွေဟာလဲ
တစ်ခြားသူရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်
အလှပဆုံး ပြုံးပျော်လာနိုင်ပါသေးတယ်

အဆိုးဆုံးတွေဆိုတာ
ကိုယ်က ရုန်းမထွက်သေးလို့ပါ
တကယ်တမ်း ကိုယ်ကလက်မခံတော့တဲ့အခါ
ဘယ်လိုအရာတွေကမှ
ကိုယ့်ကိုပြိုလဲသွားအောင် အနိုင်မယူနိုင်ပါဘူး

ကိုယ့်နာမည်ကို
ကိုယ့်စိတ်ထဲကနေ အခါခါပြန်ရွတ်ပါ
ပြီးရင် ကိုယ့်ကိုယ်ကို ဒီလိုသေချာပြောပြပါ

ကဲ ငါဟာ ဒီနေ့ကစပြီး
လူသစ် စိတ်သစ်နဲ့ ရှင်သန်မယ်
အကောင်းဆုံးတွေကို ရှာဖွေပြီး
အဆိုးတွေကနေ ရုန်းထွက်မယ်

ငါဟာ ငါဘဲမို့
ငါ့ကိုယ်ငါ နားလည်ရမယ်
ငါ့ကိုယ်ငါ ချစ်တဲ့စိတ် မွေးရမယ်
ငါ့အတွက်ဘဲ ငါအကောင်းဆုံး ရှင်သန်မယ်

ခွင့်လွှတ်သင့်တာတွေကို ငါခွင့်လွှတ်ပြီး
စွန့်လွှတ်သင့်တာတွေကို ငါ စွန့်လွှတ်မယ်
မေ့ပြစ်လိုက်ခြင်းကသာ
ဒဏ်ရာကို သက်သာစေမယ့်
အကောင်းဆုံးနည်းလို့ ငါထင်တယ်

ဘယ်လောက်ခက်ခက် ငါစိတ်မပျက်ဘူး
မိသားစုအတွက် ငါအကောင်းဆုံးရပ်တည်မယ်
ချစ်တဲ့သူတွေကို ငါ တန်ဖိုးထားတယ်
မုန်းတဲ့သူတွေကို လျစ်လျူရှုလိုက်မယ်
မေတ္တာတရားကသာ အေးချမ်းစေနိုင်ပြီးတော့
ရိုးသားခြင်းကသာ လူပီသမှုဖြစ်တယ်

ပျက်နေတဲ့စိတ်နဲ့တော့
အိမ်မက်ဟာ လက်တွေ့ဖြစ်မလာနိုင်သလို
ကျနေတဲ့စိတ်ဓာတ်နဲ့လဲ
ဘဝဟာ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး

ဖြစ်ချင်တာတွေ များစွာရှိနေပေမယ့်
ဖြစ်သင့်တာလောက်ကိုဘဲ
လောကကြီးက အခွင့်အရေးပေးပါတယ်

လုပ်တိုင်းမဖြစ်တဲ့အရာတွေကို စိတ်ညစ်ပြီး
အချိန်တွေ မဖြုန်းတီးပါနဲ့
အားအင်တွေကို အလကားမလုပ်ပါနဲ့
ကိုယ့်ကိုယ်ကိုလဲ မနှိပ်စက်ပါနဲ့

တ ကယ် တော့
စိတ်ညစ်တာ အဖြေမဟုတ်ပါဘူး
ဘာဆက်လုပ်မလဲဆိုတာကသာ အဖြေပါခင်ဗျာ။


#လူငယ်တွေအောင်မြင်ဖို့
#ဘဝအတွက်စာဖတ်ပါ

Address

194/27 Street Upper Block
Yangon

Website

Alerts

Be the first to know and let us send you an email when KK hotpot စပ်မှစပ် Yangon Pabedan by ma hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category