31/01/2026
မြန်မာနိုင်ငံမှာအဓိကရင်းနှီးမြုပ်နှံကြတာ
ရွှေ ငွေ မြေ ကား တိုက်ခန်း
လုပ်ငန်းတွေထဲမှာ ရင်းနှီးမြုပ်နှံထားကြတယ်
ဘယ်အရာမျိုးပဲ ရင်းနှီးမြုပ်နှံကြပါစေ
အားလုံးက အမှန်တွေကြီးပါပဲ
( သို့သော် )အားလုံးအမှန်တွေကြီးထဲမှာမှ
အမှန်ကန်ဆုံးတစ်ခုကို ရွေးချယ်နိုင်ဖို့
ဆိုတာတော့တော်တော်လေးကို ခက်ခဲတဲ့ကိစ္စပဲ
ရင်နှီးမြုပ်နှံ့တဲ့ နေရာမှာ
ရေတိုလား ရေရှည်လားဆိုတာကို
သေသေချာချာ လေးလေးနက်နက်
စဉ်းစားတတ်နိုင်ဖို့တော့လိုတယ်
2002 တုန်းက ရွှေတစ်ကျပ်သားကို = 2သိန်း
2015 မှာ ရွှေတစ်ကျပ်သားကို =7သိန်းခွဲ
2025 မှာ ရွှေတစ်ကျပ်သားကို =76 သိန်း
2002 မှာတုန်းက
Alphard တစ်စီးကို သိန်း 2000 ပေးခဲ့ရတယ်။
2015 ခုနှစ်လောက်မှာ
Alphard က သိန်း 250 လောက်ပြန်ဖြစ်သွားတယ်
2025 ခုနှစ်မှာ လက်ရှိ Alphard စျေးက ၁၅၀၀
၂၀၀၂ ခုနှစ်လောက်တုန်းက
မန္တလေး ၆၂ လမ်းမကြီးပေါ်မှာ ၄၀ ၆၀
မြေတကွက်ကို ၈၅ /၉၀ သိန်း
၂၀၁၅ ခုနှစ်လောက်မှာ သိန်း ၆၀၀၀ လောက်
ဖြစ်သွားပြီ
၂၀၂၅ ခုနှစ်မှာ သိန်းပေါင်း ၇၀၀၀၀ လောက်ဖြစ်သွားပြီ
မန္တလေးမြို့လည်ခေါင်မှာ ၂၀၂၅ လောက်မှာ
တုန်းက ၃လွှာ တိုက်ခန်းကို
သိန်း 400 လောက်ရှိတယ်
အဲဒီအချိန် ၅၃ လမ်းအတင်
အောင်ပင်လယ်ထဲမှာ
30 40 တစ်ကွက်ကို သိန်း 450 ဆိုဝယ်လို့ရပြီ
2025 ခုနှစ်မှာ တိုက်ခန်းက
ပြန်ရောင်းရင်1200 1500 ကြားဆိုရင်
ဝယ်လို့ရပြီ
အခု ၅၃ လမ်း အတင် အောင်ပင်လယ်ထဲမှာ
သိန်း ၈၀၀၀ လောက်ဖြစ်သွားပြီ
ဒီလိုပဲ ၂၀၁၅ ရန်ကုန်မှာ မ/ဒဂုံမှာ ပင်လုံတို့လို
နေရာကောင်းရင် ၄၀ ၆၀ တစ်ကွက်ကို
သိန်း၁၅၀၀လောက်ဆိုရင် ဝယ်လို့ရတယ်
အခု ၂၀၂၅ မှာ မ/ဒဂုံ ပင်လုံလမ်းမှာ မြေကြီးပဲကို
သိန်းပေါင်း ၄သောင်း လောက်ပေးဝယ်ရလိမ့်မယ်
တစ်ချို့လူတွေက Mark || ရွှေငါးစပေါ်ကာစအချိန်မှာ
စီးချင်လို့ဆိုပြီး မြေကွက်ကိုရောင်းပြီးဝယ်စီးခဲ့ကြတဲ့သူတွေလည်းရှိတယ်
အခုချိန်မှာ သူရောင်းခဲ့တဲ့ မြေကွက်ကို
ရွှေငါးကားပေါ်ကနေထိုင်ငေးကြည့်နေရပြီ
မြေကွက်တိုင်းက မြတ်လားဆိုတော့လည်း
ဝယ်တတ်မှ အမျှော်အမြင်ရှိမှရမှာ
တစ်ချို့မြေကွက်တွေက ဝယ်ပြီးပြန်မထွက်
တော့တာမျိုးလည်းရှိတယ်
သူများတွေထောင်နဲ့ချီပြီးတက်နေတဲ့အချိန်မှာ ကိုယ်မြေကွက်က ဆယ်ဂဏန်း
ရာဂဏန်းလောက်တက်ဖို့ကို မလွယ်တာမျိုး
လည်းရှိတယ်
အဓိက ကိုယ်ရဲ့ဆုံးဖြတ်ချက်က
ကိုယ်ရဲ့ရွေးချယ်ပြီး ရင်းနှီးမြုပ်နှံထားခဲ့တဲ့
မြုပ်နှံမှုဟာ နောင်တစ်ချိန်မှာ
ကိုယ်ဘဝရဲ့အပြောင်းအလဲတစ်ခုကို
ဖြစ်သွားစေခဲ့တယ်......
Crd မူရင်းရေးသားသူ (မန်းအင်ပါယာ)
#အိမ်ခြံမြေ နဲ့ပတ်သက်ပြီး ရောင်းမှား ဝယ်းမှား မဖစ်စေရန် အထူးဂရုစိုက်ပါ......!
ဥပဒေပိုင်းဆိုင်ရာ လိုအပ်လာလျင် အချိန်မရွေး ဆက်သွယ်၍ အကူညီတောင်းနိုင်ပါသည်။
မင်းမြန်မာ အိမ်ခြံမြေ ဥပဒေဝန်ဆောင်မှု့လုပ်ငန်း
Like & Share ထားချင်းဖြင့် လူကြီးမင်းတို့ လိုအပ်တဲ့အချိန်တိုင်းမှာ အမြဲအသင့်ရှိနေပေးမှာပါ ခင်ဗျာ..
#မင်းမြန်မာ
09 7766 50038
09 50 6189