19/06/2026
"Escape the ordinary with May Thet" ✨
မင်္ဂလာပါရှင်... 🌿
နေ့စဉ်ဖြတ်သန်းနေရတဲ့ အလုပ်တွေ၊ တာဝန်တွေနဲ့ စိတ်ဖိစီးမှုတွေကြားထဲမှာ စိတ်အပန်းပြေဖို့နဲ့ ခဏတာ ရုန်းထွက်ဖို့ (Escape လုပ်ဖို့) လိုအပ်နေပြီလား။
ခရီးသွားခြင်းဆိုတာ နေရာသစ်တစ်ခုကို ရောက်သွားရုံတင်မကဘဲ မောပန်းသမျှတွေကို လွှတ်ချပြီး ဘဝအတွက် ခွန်အားသစ်တွေ ပြန်ဖြည့်တင်းတာလည်း ဖြစ်ပါတယ်။ 🥰
ဒါကြောင့်မို့လို့ ရိုးအီနေတဲ့ နေ့ရက်တွေကနေ ရုန်းထွက်ပြီး စိတ်လွတ်ကိုယ်လွတ် အပန်းဖြေနိုင်မယ့်၊ အမှတ်တရကောင်းတွေနဲ့ ပြည့်နှက်နေမယ့် ခရီးစဉ်တွေကို ဖော်ဆောင်ပေးဖို့အတွက် "May Thet’s Escapes" ခရီးသွားစာမျက်နှာလေးကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်ရှင်။ 🎒🗺️
Freelance Tour Operator တစ်ဦးအနေနဲ့ မိသားစုပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် Solo Traveler အနေနဲ့ပဲဖြစ်ဖြစ် အဆင်ပြေဆုံးနဲ့ စိတ်အချရဆုံး ဖြစ်အောင် ခရီးစဉ်တွေကို စနစ်တကျ သေချာလေး ရေးဆွဲပြီး ဝန်ဆောင်မှုပေးသွားမှာပါ။
မကြာခင်မှာလည်း စိတ်လှုပ်ရှားစရာ ပြည်တွင်း ခရီးစဉ်အသစ်တွေကို အသေးစိတ် တင်ပေးသွားမှာမို့လို့ May Thet’s Escapes Page လေးကို Like & See First လုပ်ထားပြီး စောင့်မျှော်ပေးကြပါဦးနော်။ 🤍
✨ ဘဝရဲ့ အမောတွေကို ခဏမေ့ပြီး မေသက်နဲ့အတူ ခရီးထွက်ဖို့ အဆင်သင့်ပဲလားရှင်... 😉