Ko Than Soe S.C.M

Ko Than Soe S.C.M မဂ်လာပါ တိုင်းရင်းသား ညီးအကို၊မောင်နှမများအားလုံးကိုကြိုဆိုပါတယ်ခဗျာ

04/01/2025

Rest assured, I will never give up on you.

😗😗😗
26/06/2024

😗😗😗

တစ်ခုခုလုပ်ရင်1. အရင်ပန်းတိုင်ချ မဟုတ်ရင် ဦးတည်ချက်မရှိပဲ လျှောက်သွားသလို ဖြစ်နေမှာဘယ်မှမရောက်ဘူး2. ဘာကြောင့်လုပ်သင့်တာလ...
14/10/2023

တစ်ခုခုလုပ်ရင်

1. အရင်ပန်းတိုင်ချ

မဟုတ်ရင် ဦးတည်ချက်မရှိပဲ
လျှောက်သွားသလို ဖြစ်နေမှာ
ဘယ်မှမရောက်ဘူး

2. ဘာကြောင့်လုပ်သင့်တာလဲစဉ်းစား

မဟုတ်ရင် အဓိပ္ပာယ်မဲ့တာတွေ
လုပ်မိနေတတ်တယ်

3. အတားအဆီးတွေက ဘာတွေလဲ သိအောင်လုပ်

မဟုတ်ရင် မရောင်ရာ ဆီလူးဖြစ်နေတတ်တယ်

4. လုပ်မည့်ဟာတွေ အစီအစဉ်ချ

အစီအစဉ်မရှိရင် ဗရမ်းဗတာဖြစ်ကုန်ရော

5. ရေရှည်လုပ်

မဟုတ်ရင် ဘယ်မှမရောက်ဘူး

6. လုပ်နေတာတွေကို ပြန်စမ်းစစ်

မဟုတ်ရင် ဘယ်ဟာက အလုပ်ဖြစ်နေလဲ
မဖြစ်ဘူးလဲ မသိတော့ဘူး

7. လိုအပ်ရင် တန်းပြောင်း

မဟုတ်ရင် တစ်လွဲရေရှည် လုပ်မိနေရင် ကြာလေလွဲလေ

8. ပိုကောင်းတဲ့နည်း အမြဲရှာနေ

မဟုတ်ရင် တစ်ချိန်ချိန်မှာ
သူများနောက်ကျသွားမှာ

ဒါပဲ

T. S

လောကကြီးမှာ မင်းဟာ သန်မာနေဖို့လိုတယ်=============================တစ်ခါတစ်လေမှာ မင်းဟာ လဲကျတဲ့အခါလည်းရှိမယ်ပြင်မရတဲ့ အမှာ...
14/10/2023

လောကကြီးမှာ မင်းဟာ သန်မာနေဖို့လိုတယ်
=============================

တစ်ခါတစ်လေမှာ မင်းဟာ လဲကျတဲ့အခါလည်းရှိမယ်
ပြင်မရတဲ့ အမှားတွေလည်း လုပ်မိချင်လုပ်ခဲ့ လိမ့်မယ်
မင်းမှာ အားနည်းချက်တွေလည်း
အများကြီးရှိချင်ရှိနေမှာပဲလေ
မင်းမှာ တော်တဲ့အပိုင်းတွေရှိသလို
အတတ ဖြစ်တဲ့အခါလည်းရှိမယ်
အရာရာတိုင်းမှာတော့ မင်းဟာမတော်နိုင်ဘူးလေ

ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ်
လဲကျတိုင်းပြန်ထရမှာပဲ
ဝမ်းနည်းနေလို့မရဘူး

မင်းချစ်ရတဲ့သူက မင်းကိုထားချင်ထားခဲ့မှာပဲ
တစ်ခါတစ်လေလည်း အသည်းကွဲချင် ကွဲမှာပဲလေ
မင်းဟာ ခပ်တုံးတုံးတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်
မင်းရုပ်က ဆိုးချင်ဆိုးနေပါလိမ့်မယ်
မင်းဟာ ဆင်းရဲချင်ဆင်းရဲနေလိမ့်မယ်

ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ်
လဲကျတိုင်းပြန်ထရမှာပဲ
မင်းကို အထင်သေး လှောင်ပြောင်ခဲ့တဲ့သူတွေကို
အံ့သြသွားအောင် လုပ်ပြလိုက်စမ်းပါ

မင်းမှာ ဖြေရှင်းမရတဲ့ ဒုက္ခပေါင်းစုံလည်း ရှိချင်ရှိနေမယ်
လူတွေက မင်းကို အပြစ်တွေဘယ်လောက်ပဲ ပြောပြော
လူတွေက မင်းကို ဘယ်လောက်နှိမ်နှိမ်
အခုအချိန်မှာ မင်းဘယ်လောက်နာကျင်နေပါစေ
မင်းလျှောက်ရမယ့် လမ်းကို ဆက်သွားရမှာပဲလေ

မင်းဟာ သန်မာနေတဲ့သူဖြစ်ဖို့ ဆိုရင် တစ်ချို့လူတွေရဲ့
အမြင်တွေ၊ ဝေဖန်မှုတွေကို ဂရုမစိုက်နဲ့
သူတို့တွေက မင်းကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေ၊
မင်းလဲကျခဲ့ရတာတွေကို မသိကြဘူးလေ
္ဖသူတို့တွေက မင်းဘဝကို မပြောင်းလဲနိုင်ဘူး
မင်းဘဝကို မင်းကိုယ်တိုင် ပြောင်းလဲရမှာ

ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့လိုတယ်
ငေးမှိုင်လွမ်းဆွေးနေလို့ မရဘူး
ဆက်သွားနေရအုံးမှာ

လောကမှာ မင်းရဲ့တန်ဖိုးကို မင်းဘာလုပ်နိုင်လဲ
ဆိုတာကိုကြည့်ပြီး ဆုံးဖြတ်ကြမှာ
မင်းရဲ့ တန်ဖိုးက မင်းဘယ်လောက်လှတယ်၊ မလှဘူး
ဆိုတာနဲ့ မဆုံးဖြတ်ဘူး
မင်းဘယ်လောက် ချမ်းသာသာလဲ ဆိုတာနဲ့ မဆိုင်ဘူး
တန်ဖိုးရှိတဲ့ အရာတွေကို မင်းလုပ်နိုင်ရင် မင်းတန်ဖိုးဟာလည်း
မြှင့်လာမှာပဲ

မင်းဟာ တန်ဖိုးရှိကြောင်း သက်သေပြလိုက်စမ်းပါ
ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုပါတယ်
မင်းကို မလုပ်နိုင်ဘူးလို့ ထင်နေတဲ့သူတွေကို ဆွံ့အ
သွားအောင် လုပ်ပြလိုက်စမ်းပါ

မင်းဟာ ဘဝမှာ ရှင်သန်ဖို့ဆိုရင် အခက်အခဲတွေ
ကြားမှာ ရုန်းကန်နေရအုံးမှာပဲလေ
တစ်ချို့အရာတွေကို မင်းဟာ လုပ်နိုင်ပေမယ့်
တစ်ချို့အရာတွေကိုတော့ မင်းလုပ်နိုင်ချင်မှ လုပ်နိုင်မှာ
မင်းဟာ အရာအားလုံးကို လုပ်နိုင်ဖို့မလိုဘူး
မင်းလုပ်နိုင်တာတွေကိုပဲ လုပ်ရမှာလေ

မင်းဟာ သန်မာတဲ့သူပါ
ဒါပေမယ့် မင်းဟာ အမြဲတမ်း မသန်မာနိုင်ဘူး
အရာရာတိုင်းမှာလည်း သန်မာနေစရာမလိုဘူးလေ
မင်းမှာ အားပျော့တဲ့ အပိုင်းတွေလည်း ရှိနေမှာပဲ
ဒါတွေကို လက်မခံနိုင်ရင်တော့ မင်းဟာ သန်မာတဲ့
အပိုင်းတွေကို ရှာတွေ့မှာမဟုတ်ဘူး

ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုတယ်

အခက်ခဲတွေနဲ့ ဆုံတွေ့တိုင်းဒရန်းမာခင်းfeelနေသေးတယ်ဆိုရင် သေချာတယ် မရင့်ကျက်သေးတာ အခက်ခဲပြသာနာတွေဆိုတာ ဘ၀အတွက်ကြိုးစားရုန်...
13/10/2023

အခက်ခဲတွေနဲ့ ဆုံတွေ့တိုင်း
ဒရန်းမာခင်းfeelနေသေးတယ်

ဆိုရင် သေချာတယ် မရင့်ကျက်သေးတာ
အခက်ခဲပြသာနာတွေဆိုတာ ဘ၀အတွက်

ကြိုးစားရုန်းကန်နေကြတဲ့ လူတိုင်းဆုံတွေ့
နေရတယ် အရာဖြစ်တယ် ဒါကို သိထားဖို့
လိုတယ်

အခက်ခဲတွေနဲ့ကြုံလေရာတိုင်း ထုတ်ဖော်ပြ
ခံစားနေရမှာ မဟုတ်ဘူး ဘယ်လိုမျိးရင်ဆိုင်ဖြေရှင်း
ဖြတ်သန်းရမလဲဆိုတာကို စဉ်စားရမှာပါ

တစ်ခါတစ်လေမှာ ကိုယ်ဘ၀အတွက်သန်မာဖို့
လေ့ကျင်ပေးတာ ဆိုတာ သိထားပါ

ဘ၀လောက်ကဓံတွေ များများကြုံရာလေလေ
ရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်လာလေလေပဲ...

ကိုယ်တွေးလေးဖြင့် ရေးသားခဲ့စေတာနာများစွာ
...ချစ်မိတ်ဆွေတိုခဗျာ

ဝန်ထမ်းက ငွေရှာပညာသင်တယ်၊လုပ်ငန်းရှင်ကငွေကိုခိုင်းစားတဲ့ပညာသင်တယ်။ဝန်ထမ်းကငွေစုတယ်၊လုပ်ငန်းရှင်ကရင်းနှီးမြုပ်နှံတယ်။ဝန်ထ...
13/10/2023

ဝန်ထမ်းက ငွေရှာပညာသင်တယ်၊

လုပ်ငန်းရှင်ကငွေကိုခိုင်းစားတဲ့ပညာသင်တယ်။

ဝန်ထမ်းကငွေစုတယ်၊

လုပ်ငန်းရှင်ကရင်းနှီးမြုပ်နှံတယ်။

ဝန်ထမ်းကဘဏ်ကိုငွေချေးပြီးအတိုးယူတယ်၊

လုပ်ငန်းရှင်ကဘဏ်ကအတိုးနဲ့ချေးပြီး

တိုးတက်ချမ်းသာဖို့ကြိုးစားတယ်။

ဝန်ထမ်းက လစာတိုးရဖို့ကြိုးစားတယ်၊

လုပ်ငန်းရှင်က အမြတ်စွန်း ပိုရဖို့ကြိုးစားတယ်။

သင်တကယ်ချမ်းသာချင်ရင်

၁။ပိုက်ဆံရှာတဲ့ ပညာသင်ပါ

၂။ပိုက်ဆံကိုအုပ်ချုပ်တဲ့ ပညာသင်ပါ

၃။ပိုက်ဆံရှာပေးမဲ့ သူငှားပါ

ခင်ဗျားတို့ ကျွန်တော်တို့ ဆင်းရဲတာ

ပိုက်ဆံကိုစနစ်တကျ မအုပ်ချုပ်နိုင်လို့ပဲ

အရမ်းကောင်းတဲ့စားသား ဖတ်ကြည့်ပါအတိတ်ကို ပြင်လို့မရပေမယ့် အနာဂတ်ကိုတော့ ပြင်လို့ ရပါတယ်__________________________________...
13/10/2023

အရမ်းကောင်းတဲ့စားသား ဖတ်ကြည့်ပါ

အတိတ်ကို ပြင်လို့မရပေမယ့် အနာဂတ်ကိုတော့ ပြင်လို့ ရပါတယ်
____________________________________________

တနေ့မှာ လူတစ်ယောက်ဟာ စာပေဟောပြောပွဲတစ်ခုကို သွားပြီး ဟောပြောတယ်။ တခြားဆရာတွေအသီးသီးပြောကြားပြီးလို့ သူပြောရမယ့် အလှည့်လည်းကျရော စင်ပေါ်တက်လိုက်တာ ခြေထောက်နဲ့ ပုဆိုးစနဲ့ညိပြီး ပုဆိုးကျွတ်ကျပါလေရော။

သူအဲ့လိုပုဆိုးကျွတ်ကျတာကို အပေါင်းအသင်းမိတ်ဆွေတွေရော ဟောပြောပွဲလာနားထောင်တဲ့လူတွေရော အကုန်လုံး မြင်လိုက်ကြတယ်။

သူ ချက်ချင်းပဲ အိမ်ပြန်ပြေးတယ်။

နောက်နေ့တွေလည်းကျရော သူဟာ ပုဆိုးစီးတဲ့အခါတိုင်း ခါးပတ်ပတ်ပြီးမှပဲ စီးလေ့ရှိတော့တယ်။ သူအဲ့လို စီးတာကို သူငယ်ချင်းတွေကမြင်တော့

"လုပ်မနေစမ်းပါနဲ့ကွာ မင်းပုဆိုးကျွတ်ကျတာကို လူတိုင်းသိတယ် လူတိုင်းလည်း မြင်တယ်၊ အတိတ်ဆိုတာ ပြင်လို့ မရပါဘူးကွာ" ဆိုပြီး တဟားဟားနဲ့ စကြတယ်။

အဲ့လိုအစခံရတော့ သူက တစ်ခွန်းပဲ ပြန်ပြောတယ်။

"မှန်တယ်၊ အတိတ်ကို ပြင်လို့မရဘူး။ ဒါပေမဲ့ အနာဂတ်ကိုတော့ ပြင်လို့ရတယ်။ ကျုပ်အတိတ်ကို ပြင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး အနာဂတ်ကို ပြင်ဖို့ ကြိုးစားနေတာ"ဆိုပြီး ပြောလိုက်တော့တယ်။

ရယ်စရာအဖြစ်အပျက်ကလေးဆိုပေမယ့် သင်ခန်းစာယူစရာတွေ ရှိပါတယ်။ အဲ့ဒီသင်ခန်းစာကတော့ ကျွန်တော်တို့ အနေနဲ့ အတိတ်ကို ပြင်လို့မရပေမယ့် အနာဂတ်ကိုတော့ ပြင်လို့ရတယ်ဆိုတာပါပဲ။

ရောက် ချင် ရင်  လျှောက်ရမယ် ရချင်ရင် ကြိုးစားရမယ်ပို တော်ချင် ရင်  ပို လေ့ကျင့်ရမယ်သူများထက် ပို သိချင်ရင်  ပို လေ့လာရမယ...
07/10/2023

ရောက် ချင် ရင် လျှောက်ရမယ်

ရချင်ရင် ကြိုးစားရမယ်

ပို တော်ချင် ရင် ပို လေ့ကျင့်ရမယ်

သူများထက် ပို သိချင်ရင် ပို လေ့လာရမယ်

ဘယ်အရာပဲ ဖစ်ဖစ် တန်ရာတန်ရာတော့ ပေးရတာပါပဲ

လိုချင်တာတစ်ခု ရရှိ ဖို့ အခက် အခဲ များစွာကို ကျော် ဖြတ်ရသလို့

ပန်းတိုင် ရောက်ရှိဖို့ကလဲ အတားအဆီး တွေ ကို
ရင်ဆိုင် ဖြေရှင်းပီး ဇွဲ လုံးလ နဲ သွားနိုင်မ ရနိုင်မာပါခဗျာCredit # S

Address

Kuala Lumpur

Alerts

Be the first to know and let us send you an email when Ko Than Soe S.C.M posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category