Iron Fist Myanmar MMA

Iron Fist Myanmar MMA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Iron Fist Myanmar MMA, Grocers, Kuala Lumpur.

11/03/2026

Conor McGregor BMFခါးပါတ်လုပွဲနဲ့ပတ်သတ်ပြီး သပ်ကျေနပ်ပုံမရဘူး

🥊 ကျော်စွာဝင်း VS မူဂါဆီတို - ဘယ်သူက အရှင်သခင်ဖြစ်မလဲ?ONE Championship ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲစဉ်တစ်ပွဲ ဖြစ်...
20/01/2026

🥊 ကျော်စွာဝင်း VS မူဂါဆီတို - ဘယ်သူက အရှင်သခင်ဖြစ်မလဲ?
ONE Championship ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲစဉ်တစ်ပွဲ ဖြစ်လာမယ့် ကျော်စွာဝင်း နဲ့ မူဂါဆီတို တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု!
🔥 ကျော်စွာဝင်း (Kyaw Swa Win)
• တိုက်စစ်: မြန်မာ့ရိုးရာ လက်ဝှေ့အခြေခံနဲ့ တိုးတိုက်တတ်တဲ့ "Heavy Hitter" တစ်ယောက်ပါ။
• အားသာချက်: ပြင်းထန်တဲ့ လက်သီးချက်တွေနဲ့ ပွဲကို အဆုံးသတ်နိုင်စွမ်းရှိပါတယ်။
🔥 မူဂါဆီတို (Mougacito)
• တိုက်စစ်: နည်းစနစ်ပိုင်း ကျွမ်းကျင်ပြီး အကွက်မြင်မြင်နဲ့ တုံ့ပြန်တတ်သူပါ။
• အားသာချက်: အလျင်အမြန် လှုပ်ရှားနိုင်စွမ်းနဲ့ တိကျတဲ့ တန်ပြန်တိုက်စစ်တွေက သူ့ရဲ့ လက်နက်ကောင်းတွေပါပဲ။
💡 သုံးသပ်ချက်
ကျော်စွာဝင်းရဲ့ အဖျက်စွမ်းအား နဲ့ မူဂါဆီတိုရဲ့ နည်းစနစ် ဘယ်သူက အသာရမလဲ? ကျော်စွာဝင်းအနေနဲ့ ပွဲအစမှာတင် ဖိအားပေးနိုင်မလား၊ ဒါမှမဟုတ် မူဂါဆီတိုကပဲ အကွက်ကျကျနဲ့ ထိန်းချုပ်သွားမလားဆိုတာ ရင်ခုန်စရာပါ။
ခန့်မှန်းချက်: ၅၀-၅၀ ပွဲဖြစ်ပြီး တစ်ချက်မှားတာနဲ့ ပွဲပြီးသွားနိုင်တဲ့ အခြေအနေပါ။

မြန်မာ့ဂုဏ်ဆောင် ကျော်စွာဝင်း အနိုင်ရရှိမလား?"

ကွန်းမန့်မှာ ခန့်မှန်းပေးခဲ့ကြပါဦး! 👇

"ဂျော့ရှ်ဝါဗန်ရဲ့ ယူအက်ဖ်စီ ၃၂၃ ခန့်မှန်းထိုးသတ်ကြေး"ပွဲထိုးသတ်ကြေး - အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ မှ ၅၀၀,၀၀၀ ကြားဗီနမ်စပွန်ဆာ...
18/12/2025

"ဂျော့ရှ်ဝါဗန်ရဲ့ ယူအက်ဖ်စီ ၃၂၃ ခန့်မှန်းထိုးသတ်ကြေး"

ပွဲထိုးသတ်ကြေး - အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ မှ ၅၀၀,၀၀၀ ကြား
ဗီနမ်စပွန်ဆာခွဲတမ်း - အမေရိကန်ဒေါ်လာ ၃၂,၀၀၀

ဖြစ်နိုင်ဖွယ်ရှိသောအနိမ့်ဆုံးခန့်မှန်းဝင်ငွေ - အမေရိကန်ဒေါ်လာ ၄၅၇,၀၀၀ (ထိုင်းဘတ် ၁၄,၄၇၇,၇၆၀၊ မြန်မာကျပ် ၁,၈၃၅,၀၅၆,၀၈၀)

👑2025 SEA Games ပြိုင်ပွဲ၊ မွေထိုင်းအားကစားနည်း ဆီမီးဖိုင်နယ် ဒုတိယနေ့ ယှဉ်ပြိုင်ကစားကြမယ့် ရိုးရာလက်ဝှေ့သမားများရဲ့ ပွဲ...
15/12/2025

👑2025 SEA Games ပြိုင်ပွဲ၊ မွေထိုင်းအားကစားနည်း ဆီမီးဖိုင်နယ် ဒုတိယနေ့ ယှဉ်ပြိုင်ကစားကြမယ့် ရိုးရာလက်ဝှေ့သမားများရဲ့ ပွဲစဉ်များ

🥊 အမျိုးသား ၆၃.၅ ကီလို
စူပါရေချမ်း VS Ruthaiphan Sapmanee (ထိုင်း)

🥊 အမျိုးသား ၅၇ ကီလို
သွေးလင်းထက် VS Sirilun Suphakon (ထိုင်း)

🥊 အမျိုးသား ၅၁ ကီလို
ထန်ခွီးရှိန်း VS Rumijam Insyad (မလေးရှား)

🥊 အမျိုးသား ၄၅ ကီလို
စောမြတ်မိုး VS Jamborillo Tyron (ဖိလစ်ပိုင်)

🏟️ ဆီမီးဖိုင်နယ်ပွဲစဉ်တွေဖြစ်ပါတယ်။ ပရိသတ်သိပြီးသား ကြယ်ပွင့်တွေဖြစ်လို့ အကောင်းဆုံးလုပ်ပြနိုင်မယ်လို့ ယုံကြည်တယ်။

14/12/2025

(ဟေး.. ဂျော်ရှုဝါဗန်! မင်းပြောတော့ ဘရန်ဒန်ရွယ်ဝေါက ကျွန်တော့်ကို တစ်ခုခုလုပ်ပြသွားလိမ့်မယ်ဆို၊ အခုမင်းက ငါ့ရဲ့ခါးပတ်ကိုယူထားတယ်၊ တကယ်လို့ကျွန်တော်သာ ဇူလိုင်လမှာ ခြေထောက်မနာခဲ့ဘူးဆိုရင် အခုချိန်ချန်ပီယံဖြစ်နေပြီ၊

ဟေး.. ကလေးလေး သေချာနားထောင် ငါဒီမှာ!
မင်းအဖေငါက ဒီမှာ၊ မင်းကို အရှင်လတ်လတ်
ဒိုင်ပါယူပစ်မယ့် မင်းအဖေလာပြီ၊ မင်းအခု ဟူစတန်မှာမလား၊ ဖေဖော်ဝါရီလမှာ ဟူစတန်မှာကစားချင်လဲရတယ်၊ ဘယ်မှာကစားချင်လဲ နေရာသာရွေးလိုက်၊ စာချုပ်လက်မှတ်ထိုးလိုက်၊ မင်း အဆင်သင့်သာပြင်ထား၊

UFC မှာ ပထမဦးဆုံးအနိုင်ရထားတဲ့ ကျွန်တော့်ရဲ့ ဒူးပျံအကွက်ကို မင်းပြန်တွေ့ရမှာပါ၊ ချန်ပီယံခါးပတ်ယူဖို့ ကျွန်တော်လာပြီ၊ အဲဒါကျွန့်တော့်ရဲ့ခါးပတ်ပါ၊ ဒီဝိတ်တန်းမှာ အကောင်းဆုံးဖိုက်တာက ကျွန်တော်ပါ၊ )

🗣️မာနေးကက်

😁💥😆😆 ဒီကောင်လေတိုက်ကြမ်းချက်ကတော့ ရယ်နေရတယ်၊ သူပထမဦးဆုံး UFC မှာ ကစားထားတဲ့ပွဲမှာ ပန်တိုဂျာကိုအမှတ်နဲ့ရှုံးထားတာပါ၊ အဲဒါတော့ ထည့်မပြောသွားဘူး၊ Fly knee နဲ့အနိုင်ရတဲ့ပွဲပဲထည့်ပြောသွားတယ်၊😁😆💥ဟာသပဲ

#ဂျော်ရှုဝါဗန်

“ အခု ငါတို့ စကားပြောလို့ရပြီ၊ Joshua Van မင်းက Brandon Royval က ငါ့ကို အနိုင်ယူမယ်ပြောတယ်၊ ဘာလို့လဲဆိုတော့ မင်းက ငါ့နေရ...
14/12/2025

“ အခု ငါတို့ စကားပြောလို့ရပြီ၊ Joshua Van မင်းက Brandon Royval က ငါ့ကို အနိုင်ယူမယ်ပြောတယ်၊ ဘာလို့လဲဆိုတော့ မင်းက ငါ့နေရာ အစားဝင်ပြီး ငါ့ခါးပတ်ကို ရထားတာ၊ ဇူလိုင်လတုန်းက ငါ့ခြေထောက်သာ မကျိုးရင် ငါအခု ချန်ပီယံဖြစ်နေပြီ။ ကလေးရေ (Van ကို ဆိုလို ) မင်း ဒက်ဒီ ဒီမှာ ရှိနေပြီ။ မင်းဒက်ဒီက Paramount နဲ့ စာချုပ်အသစ် ချုပ်ထားတဲ့ ပွဲမှာ မင်းကို အေးဆေးလေး အနိုင်ယူပြမယ်။”

“အဆင်သင့် ပြင်ထားနော်၊ မင်းက ဟောက်စတန်မှာ နေတာမလား၊ ဖေဖော်ဝါရီ မဟုတ်ရင် ကြိုက်တဲ့အချိန် ဟောက်စတန်မှာ တည်လိုက်ကွာ။ စာချုပ်မှာ လက်မှတ်ထိုးလိုက်။”

“ ဟောက်စတန်က ငါ့မြို့ကွ၊ ငါ့ပထမဆုံးနိုင်ပွဲက အဲ့မှာပဲ ဒူးပျံနဲ့ လှလှပပ ပွဲသိမ်းပြီး ရခဲ့တာ။ ငါအဲ့ကို ရောက်အောင်လာမှာမို့ အဆင်သင့် ပြင်ထား။ Manel Kape ကချန်ပီယံဖြစ်ဖို့ လာတာကွ။ ဘယ်သူမှ ငါ့ခါးပတ်ကို ငြင်းလို့မရဘူး။ ငါက ဒီweight တန်းမှာ အကောင်းဆုံးပဲ။”

“Game Plan ဆိုတာလဲ မရှိဘူး၊ Brandon Royval က သံစကာထဲ ဝင်လာတယ်၊ ငါပဲ အကုန်လုပ်သွားတာ၊ ငါပဲ ဖျော်ဖြေသွားတာ၊ ငါပဲ အကွက်ကျကျ အနိုင်ယူသွားတာ၊ အဲ့ဒါက ငါလုပ်နေကျပဲ။ မင်းတို့ကောင်တွေ သံဇကာထဲဝင်ခဲ့ရုံပဲ။ ကျန်တာ ငါပဲ အကုန်လုပ်ပြသွားမယ်”

“ မင်းတို့ကို ငါထိလိုက်တာနဲ့ Tay သွားမယ်၊ ဆေးရုံ ရောက်သွားမယ်။ ဘယ်ကောင်နဲ့ပဲ တည်ပေးပေး ကြိတ်မယ်။ ငါက ဒီဝိတ်တန်းမှာ အန္တရာယ်အရှိဆုံးကောင် စကေးအကောင်းဆုံးကောင်ပဲ၊ ဘယ်သူမှ ငါ့လို မလုပ်နိုင်ဘူး။ ငါက ဘယ်သူနဲ့မှ မတူတဲ့ကောင်ကွ၊ သေချာနားထောင် ငါ့ခါးပတ်အတွက် လာနေပြီ “ ..

- Manel kape -

ဗန် ကို ဝေဖန်ဖို ငြင်းဆန်လိုက်တဲ့ ဘရန်ဒန် ရိုဗာ-----------"ကျနော်တောင် ဘာဖြစ်လို ဖြစ်မှန်းမသိလိုက်လို ခဏခဏ ပြန်ကြည့်ရတယ်...
12/12/2025

ဗန် ကို ဝေဖန်ဖို ငြင်းဆန်လိုက်တဲ့ ဘရန်ဒန် ရိုဗာ
-----------
"ကျနော်တောင် ဘာဖြစ်လို ဖြစ်မှန်းမသိလိုက်လို ခဏခဏ ပြန်ကြည့်ရတယ်။
ဗန် ကိုယ်တိုင်လဲ ဘာဖြစ်လို ဖြစ်မှန်းသိလိုက်မှာ မဟုတ်ဘူး။ သူ အနိုင်ရသွားပြီဆိုတာပဲ သိလိုက်မှာ။

အဲဒီတော့ သူ့ကို ဘယ်နည်းနဲ့မှ ဝေဖန်တိုက်ခိုက်မှာ မဟုတ်ဘူး။ ဒီလို အခိုက်တန့်မျိုးက သူ့ဘ၀ကို အကြီးကျယ်ပြောင်းလဲသွားစေနိုင်တဲ့ အခိုက်တန့်မျိုးပါ။
ဒါပေမယ့် လူတိုင်းမြင်ချင်မိတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့"
ဘရန်ဒန် ရိုဗာ ရဲ့ မှတ်ချက်စကား


ဒေညီချေကို ဝိုင်ရန်ပီးကပ်ပါဒေညီစော် ထိုင်နိုင်ငံ ဖူကပ် မှာ တိတ်ဆိတ်စော်လက်ဝှဲ့ အောင်ပွဲချေ တိနန်  ရခိုင်အလံ ခြုံလို့ အော...
08/12/2025

ဒေညီချေကို ဝိုင်ရန်ပီးကပ်ပါ
ဒေညီစော် ထိုင်နိုင်ငံ
ဖူကပ် မှာ တိတ်ဆိတ်စော်
လက်ဝှဲ့ အောင်ပွဲချေ တိနန်
ရခိုင်အလံ ခြုံလို့ အောင်ပွဲတိ ခမ်းနားစော် ခံနီရေ
အမျိုးရို့ ရခိုင်က ဖိုက်တာ ချေတိ
ကမ္ဘာ ရခိုင်ပိုသိလားအောင် ကျနော်ရို့ ဝိုင်းရန်ကပ်ပါမေ အားပီးစကားချေတိပြောခကပ်ပါ
သူအတွက်




"ငါကွင်းထဲဝင်သွားတော့ ဗန် က ' ဆောရီး...ဒီလိုမျိုးဖြစ်သွားတာ ဆောရီး' ဆိုပြီး တန်းပြောတာပါ။ကျနော်ကလဲ 'ဒီမယ် ချာတိတ်...ဘာဆေ...
07/12/2025

"ငါကွင်းထဲဝင်သွားတော့ ဗန် က ' ဆောရီး...ဒီလိုမျိုးဖြစ်သွားတာ ဆောရီး' ဆိုပြီး တန်းပြောတာပါ။

ကျနော်ကလဲ 'ဒီမယ် ချာတိတ်...ဘာဆောရီးမှ ပြောစရာ မလိုဘူး ၊

ပွဲတစ်ပွဲကို ဒီလို ထင်မှတ်မထားတဲ့ ပုံစံမျိုးတွေနဲ့ အရှုံးပေးလိုက်ရတာမျိုး ရှိပေမယ့် ၊

ထင်မထားတဲ့ ပုံစံနဲ့ အနိုင်ရတယ် ဆိုတာ မရှိဘူး'

ဒီတော့ မင်း နိုင်တာ နိုင်တာပဲ။

ဒါမျိုးတွေက အဌဂံဝိုင်းအတွင်း ဖြစ်တတ်တယ်။

အဲတော့ Congratulations"

ဥက္ကဌကြီး ဒေနာဝှိုက် ရဲ့ ပွဲအပြီး မှတ်ချက်စကား

ကျွန်တော်တို့ ဖိုက်တာ Joshua Van ချန်ပီယံ ဖြစ်ပါပြီ!!! Van က ချန်ပီယံဖြစ်မယ့်ဇာတာ phin မှာကပ်ပါလာတယ်လို့ ပြောရမလားပဲ။ ပထ...
07/12/2025

ကျွန်တော်တို့ ဖိုက်တာ Joshua Van ချန်ပီယံ ဖြစ်ပါပြီ!!!


Van က ချန်ပီယံဖြစ်မယ့်ဇာတာ phin မှာကပ်ပါလာတယ်လို့ ပြောရမလားပဲ။ ပထမအချီ စက္ကန့် (၂၀) မှာပဲ High Kick ကန်တဲ့ Pantoja ရဲ့ ခြေထောက်ကို ဖမ်းဆွဲပြီး ကောင်တာထိုးဖို့ လုပ်တယ်။

Pantoja လက်ထောက် လှိမ့်ထွက်ပြီး ခြေထောက်ကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားချိန်မှာ အကျမတော်ဖြစ်ပြီး ထောက်တဲ့လက်က တံတောင်ကနေ အဆစ်လွဲသွားပါတယ်။

ပွဲကတော့ ပြိုင်ပြိုင်ဆိုင်ဆိုင် မရှိသွားပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံဖွားဖိုက်တာတစ်ယောက်က ကမ္ဘာ့အဆင့်တစ် MMA Promotion ကြီးဖြစ်တဲ့ UFC မှာ ချန်ပီယံ ဖြစ်သွားပါပြီ။ ပြောစရာစကား ရှာမရပါဘူး။ Congratulation ပါ Joshua Van ရေ…

မတော်တဆဖြစ်သွားတဲ့ Alexandre Pantoja အတွက်လည်း စိတ်မကောင်းပါဘူး။ အမြန်ဆုံး သက်သာပါစေလို့ ဆုတောင်းပေးပါတယ်…

Sea Game ပြိုင်ပွဲဝင်ရွှေခါးပတ်ပိုင်ရှင် စူပါရေချမ်းကဒီကနေ့ သူ့မွေးနေ့ အထိမ်းမှတ်ဖြစ်ဘန်ကောက်က ပရိသတ်များကို မုန့်ကျွေးပ...
06/12/2025

Sea Game ပြိုင်ပွဲဝင်

ရွှေခါးပတ်ပိုင်ရှင် စူပါရေချမ်းက

ဒီကနေ့ သူ့မွေးနေ့ အထိမ်းမှတ်ဖြစ်

ဘန်ကောက်က ပရိသတ်များကို မုန့်ကျွေးပါမည်

နေရာက Mega Bang Na ပါ

လာသုံးဆောင်မည့်သူများ

ဒီညနေ ၅:၀၀ နာရီ မတိုင်ခင်

Hero Win Htet Ko နဲ့ Æ Yãy Čhän အကောင့်တွေမှာ

စာရင်း ကြိုပေးထားကြဖို့

မေတ္တာရပ်ခံပါတယ် 🙏

ဟက်ပီးဘတ်ဒေး

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when Iron Fist Myanmar MMA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category